MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
#Taunggyi 🚨🚨⚠️⚠️(11:05 PM)

ညောင်ဖြူစခန်းရပ်ကွက် နမ(၁)
သရေခေတ္တရာလမ်း
ညကြီးမိုးချုပ် မိန်းကလေးတစ်​ယောက်ကို
အိမ်အထဲထိ လက်ထိပ်နဲ့ဝင်ဖမ်းသွားပါတယ်ဟုသိရ
🚨ဒီနေ့ည ညောင်ဖြူ ရတနာသီရိ ပြည်တော်သာ ကျောင်းကြီးစု မှာ ရှောင်နေတဲ့သူတွေရှိရင် သတိထားသင့်ပါတယ် ရပ်ကွက် လမ်းထောင့်တိုင်းမှာ လမ်းလျှောက်ပြီး checkတဲ့သူတွေ၊ ကားတွေနဲ့ပတ်တဲ့ အရပ်ဝတ်တွေ အချို့ဆို လက်နက် အပြည့်အစုံပါတဲ့ အနေထား နဲ့ တွေ့ရပါတယ်။ ညောင်ဖြူ နဲ့ ရတနာသီရိ ကတော့ စခ အပြင် PNO တွေပါ ပါတယ်လို့ ကြားသိရပါတယ်။ မြို့ပြင်ဖက်မှာ လုံခြုရေးအင်အား တော်တော်လျှော့ထားပြီး အများစုက ခရီးသည်တွေဆီက ပိုက်ဆံညစ်စားဖို့လောက်ပဲ တတ်တဲ့ကောင်တွေကို ထားထားပါတယ်။ PNOလည်းပါပါတယ်။ တောင်ကြီးမြို့ထဲကိုတော့ တော်တော်အစစ်ဆေး လုံခြုံရေးတင်းကြပ်ထားပါတယ်။ မြို့ပြင်ပစောက်ကွေ့နား ထက် ပလီလင်း ဖက်ကို ပိုစစ်နေတယ်လို့ မြေပြင်သတင်းပေးသူတွေ ထံကနေသိရပါတယ်။

Taunggyi Nway Oo Telegram Channel
https://t.me/joinchat/ixuTcxrV9DUzMjU9

#25Aug2021 #Tgi #Taunggyi
#tginwayoochannel
အပြင်ထွက်ကဒ် မပါသူတွေကို အမေးအမြန်းမရှိ ဖမ်းဆီးကာ တရားစွဲမှု တောင်ကြီးမြို့၌ လက်ရှိဖြစ်နေ
=================================================

တောင်ကြီးမြို့သို့ လာမည်ဆိုပါက အပြင်ထွက်ကဒ် (သို့မဟုတ်) အုပ်ချုပ်ရေးမှူး၏ထောက်ခံစာ မဖြစ်မနေပါရှိမှသာလျှင် သွားလာကြဖို့ ကိုယ်တိုင်ကြုံခဲ့သူများက သတိပေးနေသည်ကို တွေ့ရသည်။

ဖြစ်စဉ်မှာ ဟိုပုံးမြို့မှ မည်သည့်ကိစ္စနှင့်ဖြစ်စေ အပြင်ထွက်ကဒ်မပါဘဲ သွားလာပါက တောင်ကြီးမြို့အ၀င်စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့၀င်တို့က အမေးအမြန်းမရှိ ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေဒဏ်ဖြစ်စေ(နှစ်ရပ်လုံးဖြစ်စေ)ချမှတ်နိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၃၀(က)ဖြင့် တရားစွဲဖမ်းဆီးမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးထံမှ သိရသည်။

“ဟိုပုံးမြို့ကနေ တောင်ကြီးမြို့ကို တက်မယ့်သူဘယ်သူမဆို အပြင်ထွက်ကဒ်မဟုတ်ရင် အုပ်ချုပ်ရေးမှူးကဒ်ပါမှ သွားလာကြပါ။ အဲဒါတွေမပါဘဲနဲ့တော့ မသွားကြပါနဲ့။ ကဒ်မပါရင် ဖမ်းတယ် ပုဒ်မ-၃၀(က)နဲ့တရားစွဲတယ်။ ကိုဗစ်စစ်ဆေးခ (၁၂၀၀၀)ပေးရတယ်။ အာမခံပေးဖို့ နှစ်ဦး ကို အသည်းသန်ရှာပြီးမှ ပြန်လွှတ်ပေးတယ်ဆိုပေမယ့် အမှုကဖွင့်ထားပြီးပြီ။ ရုံးချိန်းကျရင် ဖုန်းဆက်လှမ်းခေါ်မယ်တဲ့” ဟု ကိုယ်တိုင်ကြုံတွေ့ လာခဲ့သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယင်းအတွက်ကြောင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် စား၀တ်နေရေးအတွက်ကြောင့် မဖြစ်မနေသွားလာရမည့်သူများအတွက် အပြင်ထွက်ကဒ်များထုတ်ပေးသင့်ကြောင်း ဟိုပုံးမြို့နေ ပြည်သူတစ်ဦးကလည်း ပြောသည်။

ဟိုပုံးကနေလာတဲ့သူတွေအပြင် ကဒ်မပေးထားတဲ့ တောင်ကြီးမြို့ပြင်က ရွာတွေဖြစ်တဲ့ နောင်ကား၊ ပန်သခွါးတို့ဖက်က လာတဲ့သူတွေလည်း ကဒ်စစ်ခံရတာတွေ မပါလာလို့ ဒဏ်ငွေဆောင်ရတာတွေ ရှိနေပါတယ်။

“ကျွန်တော့်သူငယ်ချင်းဆို အပြင်ထွက်ခွင့် ကဒ်မပေးတဲ့ ဟဲဟိုးကနေတောင်ကြီးကိုလာတာ အောင်သပြေ စစ်ဆေးရေးဂိတ်မှာ ကဒ်မပါလို့ ဒဏ်ငွေ နှစ်သောင်း အတင်းဆောင်ခိုင်းတယ်၊ ဟဲဟိုးကကဒ်မထုတ်ပေးဘူး ပြောလည်းမရဘူး။ ငါးသောင်းတောင်းတာ တောင်းတောင်းပန်ပန်နဲ့ ညှိနှိုင်းလို့ နှစ်သောင်းတော့ ပေးလိုက်ရတယ်” လို့ ကာယကံရှင်၏ မိတ်ဆွေဖြစ်သူတစ်ဦးက ဆိုသည်။

“ကဒ်မပါဘဲနဲ့ လိုင်းကားနဲ့ဖြစ်ဖြစ် ကုန်ကားနဲ့ဖြစ်ဖြစ်လိုက်သွားလည်း စစ်ဆေးပြီးဖမ်းဆီးခံရတာပဲ။ အုပ်ချုပ်ရေးမှူး ထောက်ခံစာပါတယ်ဆိုရင်တောင် သွားလာရတဲ့အကြောင်းရင်းကိစ္စ ရေးထားမှရတယ်” ဟု ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးကလည်း ပြောသည်။

##27Aug2021 #Tgi #Taunggyi #tginwayoochannel
တောင်ကြီး ( ရှမ်း တောင် )

မြို့သစ်မှာလည်း လူငယ် ၅ယောက် ထပ်ဖမ်းခံရပါတယ်။
ရှောင်ရမယ့်သူတွေ ဒီညအထူးသတိထားပါ ရှောင်သာရှောင် အဖမ်းမခံရစေနဲ့

#9Sep2021 #Tgi #Taunggyi
#tginwayoochannel
Forwarded from Taunggyi NwayOo Channel
Breaking‼️ ဒီညနေက တောင်ကြီးမြို့တွင် မဝင်းပပ၊ ကျွဲရီးနှင့် ကိုသူရိန်ဝင်းတို့ကို ၎င်းရှောင်တိမ်းနေကြတဲ့အိမ်တွေဆီကို ဝင်ရောက်ဖမ်းဆီးခဲ့ကြပြီး ယခု 9:45PMမှာ ဟဲဟိုးနဲ့အောင်ပန်းက ဆက်စပ်သူတွေကို နာမည်စာရင်းနှင့်တကွ လိုက်ဖမ်းဖို့ဆင်းသွားတယ်လို့ သိထားရပါတယ်။

https://t.me/tgispringchannel

#3March2022 #Tgi #Taunggyi #တောင်ကြီး
#tginwayoochannel #တောင်ကြီးနွေဦးချန်နယ်
MSI - MYANMAR SOCIETY INFORMATIONS
Photo
"အာရှနိုင်ငံတွေအထိပျံ့နှံ့လာတဲ့ Monkeypox (ခေါ်) မျောက်ကျောက်ရောဂါ "

Monkeypox လို့ခေါ်တဲ့ မျောက်ကနေကူးစက်တဲ့ကျောက်ရောဂါဟာ အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများမှာ စတင်တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသည့်တိရစ္ဆာန်/ ကူးစက်ခံထားရသူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိပါက ကူးစက်နိုင်သကဲ့သို့ ရောဂါပိုးများကပ်တင်ကျန်နေနိုင်သည့် အသုံးအဆောင်ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဒါဆို မျောက်ကျောက်ရောဂါရှိ၊မရှိဘယ်လိုသိနိုင်မလဲ

ရောဂါပိုးစတင်ဝင်ရောက်ပြီး ၅ရက်မှ၂၁ ရက် (အများအားဖြင့် ၆-၁၆ ရက်)အတွင်း
▪️ခေါင်းကိုက်ဖျားနာခြင်း၊
▪️အနီစက်များထွက်ခြင်း၊
▪️ကြွက်သားနာကျင်ခြင်း၊
▪️အရည်ကြည်ဖုထွက်ခြင်း၊
▪️ပြန်ရည်ကြိတ်များကြီးခြင်းစတဲ့ ရောဂါလက္ခဏာများခံစားရနိုင်ပါတယ်။

ရောဂါမကူးစက်အောင် ဘယ်လို‌နေထိုင်ကြမလဲ

✔️ ဦးစွာအနေနဲ့ တိရစ္ဆာန်တွေနဲ့ထိတွေ့မှု (အထူးသဖြင့် အာဖရိကတိုက်နဲ့ရောဂါဖြစ်နေတဲ့ နိုင်ငံများမှတိရိစ္ဆာန်များ) ကို ရှောင်ကြဉ်ပါ။

✔️ ရောဂါဖြစ်ပွားရာဒေသမှ ပြည်တွင်းသို့ ပြန်လာသူများကိုစောင့်ကြည့်ပြီး အကယ်၍ ဖျားနာလာပါက သီးခြားနေထိုင်ပါ။

✔️ လက်ကို မကြာခဏဆေးကြောပါ။

✔️ ရောဂါပိုးရှိသူအသုံးပြုထားသည့် အဝတ်အစား၊ မျက်နှာသုတ်ပုဝါ (သို့မဟုတ်) အိပ်ယာများနှင့် ထိတွေ့ခြင်း၊ မျှဝေခြင်းမှ ရှောင်ကြဉ်ပါ။

✔️ အိမ်ရှိအိမ်သာ (သို့မဟုတ်) ရေပိုက်များနှင့် ရောဂါပိုးရှိသူထိတွေ့မိပါက မကြာခဏသန့်ရှင်းပြီး ပိုးသတ်ပါ။

ဒါ့အပြင် ရေကျောက်ဗိုင်းရပ်စ်နှင့်ဆင်တူတဲ့အတွက် ရေကျောက်ကာကွယ်ဆေးထိုးထားပါက အနည်းဆုံး ၈၅% ထိ ကာကွယ်နိုင်တယ်လို့ CDC ကဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ရဲ့ ဇွန်လအထိ စစ်တမ်းတွေအရ မျောက်ကျောက်ရောဂါ (Monkeypox) လူနာပေါင်း ၃၄၀၀ ကျော်အထိ တွေ့ရှိထားပြီး၊ ကူးစက်သူ‌တွေ ထပ်ပြီးတိုးပွားလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့ကြောင့် "Prevention is better than Cure" ဆိုတဲ့အတိုင်း ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးကုသခြင်းဖြစ်လို့ ယခုအချိန်တည်းက တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက်၊အနေအထိုင်၊
ကိုယ်လက်လေ့ကျင့်ခန်းများလုပ်၍ ကျန်းမာရေးကိုဂရုစိုက်သင့်ကြောင်း အသိပညာလေးပါးလိုက်ပါတယ်ရှင့်...

#monkeypox
#AungMyintMoSpecialistClinic
#Taunggyi
Forwarded from Taunggyi NwayOo Channel
PNO အမိန့်ပေးစေခိုင်းမှုကြောင့် PDF ကန့်ကွက်ပွဲကို တစ်အိမ်တစ်ယောက်နှုန်း လာရောက်ကြရ
***********************************************
မတ်၊၁၅ တောင်ကြီးနွေဦး။

စစ်ကောင်စီလက်အောက်ခံ ဦးအောင်ခမ်းထီ ခေါင်းဆောင်တဲ့ PNO လက်နက်ကိုင်တပ်ရဲ့ မတရားလုပ်ဆောင်မှုကြောင့် အလိုက်တသင့် ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်ပြီး ပအိုဝ်းလူမျိုးတွေကို မမုန်းကြဖို့ ပအိုဝ်းတိုင်းရင်းသားတစ်ယောက်ကလည်း ပန်ကြားလာပါတယ်။

အဲဒီပွဲမှာ ပအိုဝ်းပြည်သူ ၃၀ နဲ့ ဘုန်းကြီး ၃ ပါးကို အစုအပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကို KNDF နဲ့ PDF တွေက ကျူးလွန်ခဲ့တာလို့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) က ဝါဒဖြန့်ပြောကြားခဲ့တယ် လို့သိရပါတယ်။

#15Mar2023
#ပအိုဝ်း #တပေါင်းကွင်း #ဆန္ဒပြ #ကန့်ကွက် #PNO #Tgi #Taunggyi #တောင်ကြီး #tginwayoochannel #တောင်ကြီးနွေဦးချန်နယ်

https://youtu.be/9yHW3qfB5Zw