မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ Non CDM မီးရထားဝန်ထမ်းတစ်ဦးပစ်ခတ်ခံရလို့ သေဆုံး
ရန်ကုန်၊အောက်တိုဘာ(၁၃)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊သိမ်ဖြူမီးပွိုင့်မှာ ဒီနေ့မနက်ပိုင်းက မီးရထားဝန်ထမ်းတစ်ဦးကို သေနတ်သမားတစ်ဦးကပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံပြည်သူတွေဆီကသိရပါတယ်။
ပစ်ခတ်ခံရသူမှာမြန်မာ့မီးရထားသတင်းနဲ့ ပြန်ကြားရေးဌာနမှက ဦးထိန်ဝင်း (ခေါ်) ရန်ကင်းမောင် ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထားတိုင်း (၆) ရုံးကိုမော်တော်ယာဉ်နဲ့သွားရောက်နေတဲ့အချိန် သိမ်ဖြူမီးပွိုင့်အရောက်မှာ စီစစ်ဆဲယာဉ်ပေါ်က လူတစ်ဦးဆင်းလာပြီး ဦးထိန်ဝင်းကိုသေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပစါခတ်မှုကြောင့် ဦးထိန်ဝင်း ရင်ဘတ်မှာ ကျည်ထိဒဏ်ရာသုံးချက်ထိမှန်ပြီး အခင်းဖြစ်နေရာမှာဘဲ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
Photo-CJ
#မင်္ဂလာတောင်ညွှန့်မြို့နယ်_C8News #NonCDM_C8News #မီးရထားဝန်ထမ်းတစ်ဦးပစ်ခတ်ခံရ_C8News #သိမ်ဖြူမီးပွိုင့်_C8News

တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲဝင်များကို မဲပေးရန် Non CDM ဝန်ထမ်းများကို စစ်ကောင်စီ ဖိအားပေး
DVB
စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲမှာ စစ်ကောင်စီက Non CDM ဝန်ထမ်းတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးက အဆိုရှင်တွေကို မဖြစ်မနေ မဲပေးဖို့ ဖိအားပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/515701
#DVB #News #NonCDM #တူယှဉ်နွှဲပျော်ဂီတပွဲတော် #စစ်ကောင်စီ

burmese.dvb.no
တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲဝင်များကို မဲပေးရန် Non CDM ဝန်ထမ်းများကို စစ်ကောင်စီ ဖိအားပေး
စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲမှာ စစ်ကောင်စီက Non CDM ဝန်ထမ်းတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးက အဆိုရှင်တွေကို မဖြစ်မနေ မဲပေးဖို့ ဖိအားပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့…
ကျောက်ပန်းတောင်းမြို့ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ
DVB
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်ရုံးနဲ့ စည်ပင်ရုံးကို မနေ့ည ၇ နာရီလောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SPPDF အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
http://burmese.dvb.no/archives/519734
#ကျောက်ပန်းတောင်းလျှပ်စစ်ရုံး #စည်ပင်ရုံး #SPPDF #ပြည်သူ့ကာကွယ်ရေးတပ် #NonCDM #စစ်ကောင်စီ #DVB

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်ရုံးနဲ့ စည်ပင်ရုံးကို မနေ့ည ၇ နာရီလောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SPPDF အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ကျောက်ပန်းတောင်းမြို့ လျှပ်စစ်ရုံးက Non-CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုဆီက…
Forwarded from Ayeyarwaddy Times (Nine)
ကန့်ဘလူမြို့နယ်မှ မြေတိုင်းဝန်ထမ်း ဖမ်းဆီးခံရမှုသည် မိသားစုထံ ပြန်သည့်အတွက် ကာယကံရှင်၏ တာဝန်သာ ဖြစ်ကြောင်း စစ်ကောင်စီ ဝန်ကြီး၏ မှတ်ချက်သည် Non CDM များအပေါ် တာဝန်မယူသည့် အပြင် အကာအကွယ်မပေးနိုင်ကြောင်းပေါ်လွင်
ဧရာဝတီတိုင်းမ်
(ကန့်ဘလူ)၊ ဇွန်လ ၂၃ ရက်
ကန့်ဘလူမြို့နယ်မှ မြေတိုင်းဝန်ထမ်း ဖမ်းဆီးခံရမှုသည် မိသားစုထံ ပြန်သည့်အတွက် ကာယကံရှင်၏ တာဝန်သာ ဖြစ်ကြောင်း စစ်ကောင်စီ ဝန်ကြီး၏ မှတ်ချက်သည် Non CDM များအပေါ် တာဝန်မယူသည့် အပြင် အကာအကွယ်မပေးနိုင်မှု ပေါ်လွင်ကြောင်း ဝန်ထမ်းအသိုင်းထံက သတင်းရရှိသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းစာရေးဖြစ်သူ ဦးကျော်မျိုးထွေးသည် ပြီးခဲ့သည့်ဇွန်လ ၂ ရက်နေ့က ရုံးမှ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာရှိ မိသားစုနေအိမ်သို့ ပြန်ရာတွင် PDF များ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်သည်။
ဦးကျော်မျိုးထွေးဖမ်းဆီးခံကြောင်းကို ဇနီးဖြစ်သူက ဇွန်လ ၃ ရက်နေ့တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ဖုန်းဖြင့်တိုင်ကြားလာမှုအရ ထူးခြားဖြစ်စဉ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာမှ ပြည်ထောင်စုဝန်ကြီးဆီသို့ တင်ပြခဲ့ရာ ကာယကံရှင်၏ တာဝန်သာ ရှိသည်ဟု မှတ်ချက်ပေးခဲ့ကြောင်း လူမှုကွန်ယက်သို့ ပေါက်ကြားလာသည့် စာအရ သိရသည်။
ပြည်ထောင်စုဝန်ကြီးမင်းနောင်ကိုတင်ပြရာ "ကိုယ်ချင်းစာပါသည်။ သို့သော် ကန့်ဘလူတွင် မနေပဲ ချပ်သင်းသို့ ပြန်ခြင်းဖြစ်၍ ကာလကြာရှည် အားလုံးသိနေ၍ ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်။ မိမိကိုယ် မိမိ အသိ၊ သတိဖြင့် မနေဘဲ သောကြာနေ့ မိန်းမထံပြန်ခြင်းဖြစ်၍ ကာယကံရှင်၏ တာဝန်သာဖြစ်။ အကြိမ်ကြိမ် သတိပေး မှာကြားပြီးဖြစ်။" စသည့်မှတ်ချက်များသာ ပြန်ပေးခဲ့သည်။
"ဒီစာမှာ ဖော်ပြထားတဲ့ ဝန်ကြီးရဲ့ မှတ်ချက်ကို ချုပ်ပြောရရင်ရင် တာဝန်မဲ့တဲ့လုပ်ရပ်ပေါ့။ လက်အောက်ငယ်သားကိုမငဲ့ဘူး။ စစ်ကောင်စီလက်အောင်ခံ ဝန်ထမ်းတွေရဲ့လုံခြုံရေးကို သက်ဆိုင်ရာဌာနက တာဝန်မယူဘူးဆိုတာတွေ့ရတယ်။ ဒီလိုဖမ်းခံရတာကို ခံရတဲ့သူကိုအပစ်တင်တဲ့ 'victim blaming' သဘောနဲ့ ပြောထားတာကိုတွေ့ရတယ်။ ခြုံငုံသုံးသပ်ရရင် NonCDMဝန်ထမ်းတွေအနေနဲ့ ဘဝလုံခြုံမှုမရှိဘူး။ ဌာနတွေက လည်း လုံခြုံရေးနဲ့ပါတ်သတ်ရင် ကိုယ်ဖြစ်ခံကိုယ်ခံ ဆိုတဲ့သဘောထားကိုသေသေချာချာတွေ့နေရတယ် " ဟု ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပါတ်သတ်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဝန်ထမ်းများ လုံခြုံရေး အသိဖြင့် နေထိုင်သွားလာရန် ကြပ်မတ်ဆောင်ရွက်ပြီး လုံခြုံရေးအတွက် သီးခြားညွှန်ကြားချက်များ ထုတ်ပြန်ရန်လည်း ပေါက်ကြားလာသည့်စာအရ သိရသည်။
"အခုဖြစ်စဉ်က ဝန်ထမ်းမှာ မြေတိုင်းဝန်ထမ်းဖြစ်တယ်။ ကွင်းဆင်းရတဲ့ဝန်ထမ်းဖြစ်တယ်။ ညွှန်ကြားချက်အရ ရုံးထဲက ရုံးပြင်မထွက်ရဘူးဆိုတော့ ဒီဝန်ထမ်းကဘာလုပ်မှာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပြီ။ ဒီဌာနရဲ့ လုပ်ငန်းဆောင်တာတွေက မအောင်မြင်နိုင်ဘူး။ ဌာနနဲ့ဝန်ထမ်းတွေရှိကြောင်း နံမည်ခံ သက်သက်နဲ့ ရုံးထဲပုန်းနေကြမယ်လို့ ယူဆရမယ်။ ဒီအချိန်မှာ Non CDMတွေအနေနဲ့ ကိုယ့်ရဲ့ အသက်နဲ့လုံခြုံရေးကို အာမမခံပေးတဲ့ဌာနမျိုးမှာ ကိုယ့်ရဲ့အသက်ကိုစတေးပြီး လုပ်နေအုံးမှာလားဆိုတာ စဉ်းစရာဖြစ်နေပြီ " ဟု ဝန်ထမ်းအကြီးအကဲဟောင်း တစ်ဦးက မှတ်ချက်ပေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား အရပ်သား ပညာရှင်အချို့ ကို တာဝန်ပေး စေခိုင်းခဲ့သော်လည်း နောက်ပိုင်းတွင် အရပ်သားများကို ဖြုတ်ပစ်ကာ စစ်ဗိုလ်ချုပ် တစ်ဦးကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ပြည့် ပြန်လည်ဖွဲ့ စည်းသည့် စစ်ကောင်စီ အစိုးရအဖွဲ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်ကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူထားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနများနှင့် ဝန်ထမ်းများအနေဖြင့်လည်း ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကိုလိုက်နာရန်၊ ဝန်ထမ်းအိမ်ရာများတွင်သာနေထိုင်ရန်၊ သာရေး၊နာရေး ကိစ္စများရှိလာပါက ခွင့်ပြုချက်ရယူပြီးမှ သွားလာရန်၊ ရုံးချိန်အတွင်း တာဝန်မှအပ အပြင်သို့ထွက်ခြင်းမပြုရန်၊ နယ်မြေလုံခြံရေးအခြေအနေအရ ရုံးယူနီဖောင်းဝတ်ဆင်ခြင်းမပြုရန်၊ PDFများမှ သတိပေးလာပါကလည်း ရုံးကိုအမြန်ဆုံးသတင်းပို့ရန် တို့ကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးဌာနမှ ပေါက်ကြားလာသည့် စာအရသိရသည်။
#ဆည်မြောင်းဝန်ကြီးဌာန #ကန့်ဘလူ #noncdm #ဖမ်းဆီးခံရ #Ayeyarwaddy_Times

ခံဝန်နဲ့ နေရပ်ပြန်ခွင့်ရတဲ့ လွိုင်ကော်တက္ကသိုလ် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက ရန်ကုန်တိုင်းသို့ ပြောင်းရွေ့ခွင့်ပေး
ဖက်ဒရယ် FM | ဒီဇင်ဘာလ ၁၃ ရက်
ကရင်နီပြည် ၁၁၁၁ စစ်ဆင်ရေးမှာ တိုက်ပွဲအတွင်းကနေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်ပြီး နေရပ်ပြန်ပို့ပေးခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းက တက္ကသိုလ်တွေကို ပြောင်းရွေ့ခွင့်ပေးထားတယ်လို့ တက္ကသိုလ် ဆရာမအသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။
"သူတို့ကို အခွင့်ထူးပေးပြီးတော့ ရန်ကုန်ထဲက ကြိုက်တဲ့ တက္ကသိုလ်ကို ပြောင်းရွှေ့ခွင့်ပေးထားတယ်” လို့ တက္ကသိုလ်ဆရာမတစ်ဦးက ပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်အပါအဝင် ၈ ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့က ဖရူဆိုမြို့နယ်တရားရုံးမှာ စီရင်ချက်ချ ဒဏ်ငွေရိုက်ပြီး လွတ်ပေးခဲ့သလို နိုဝင်ဘာလအတွင်းမှာလည်း ဝန်ထမ်းနဲ့ မိသားစုဝင် ၁၉၇ ဦးကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။
"ဒီစီရင်မှုမှာ သာမန် Non-CDM တွေကိုတော့ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံမှုကို အတည်ပြုပြီးတော့မှပဲ IEC အနေနဲ့ ခံဝန်ကတိနဲ့ ပြန်လွတ်လိုက်တဲ့ဟာ ရှိတယ်ပေါ့နော်။ အဲ့ဒီခံဝန်ကတိအတိုင်းကို စောင့်ထိန်းဖို့ပေါ့။ တကယ်လို့များ မစောင့်ထိန်းဘူးဆိုရင်တော့ တရားဥပဒေအရ ပြန်အရေးယူရမယ်ဆိုတဲ့ အနေအထားမျိုးတော့ တစ်ပိုင်းရှိလာမယ်ပေါ့နော်" လို့ IEC ရဲ့ အထွေထွေအတွင်းရေးမှူးက ဖက်ဒရယ် FM ကို ပြောဆိုထားပါတယ်။
လွိုင်ကော်တက္ကသိုလ်က Non-CDM တွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နေရပ်ပြန်ပို့လိုက်ခြင်းကို CDM ဝန်ထမ်းအများစုက ပြင်းပြင်းထန်ထန်အရေးယူခြင်းမရှိလို့ ဝေဖန်မှုပြောဆိုနေကြပါတယ်။
ဓာတ်ပုံ - IEC/ ခံဝန်ကတိလက်မှတ်ထိုးစေပြီး IEC က ပြန်လွတ်ပေးခဲ့သော လွိုင်ကော်တက္ကသိုလ်က Non-CDM များနဲ့ မိသားစုဝင်များကို တွေ့ရစဉ်
#NonCDM #လွိုင်ကော်တက္ကသိုလ် #စစ်ကောင်စီ #IEC #ကရင်နီ #Karenni #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists

Forwarded from Taunggyi NwayOo Channel
ဒါ့အပြင် စစ်ကောင်စီတပ်က တောင်ကြီးမြို့က အထက်တန်းကျောင်းတွေကို လာပြီး စာရွက်စာတမ်းအချို့ကို ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက လာသိမ်းပြီးနောက် ဝန်ထမ်းတွေကို အထုပ်အပိုးတွေပြင်ထားဖို့ မှာသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“သူတို့ဆရာမတွေတောင် တခါမှမမြင်ဖူးတဲ့ စာရွက်စာတမ်းတွေလာသိမ်းတာတဲ့။ ပြီးတော့တခုခုဆို အထုပ်အပိုးတွေပြင်ထား ပြောတယ်တဲ့။ အရေးအကြောင်းဆို ကျောင်းကိုပြေးလာကြ ပြောတယ်ဆိုဘဲ။ အပြင်ကိုလည်း မပေါက်ကြားစေနဲ့ဆိုပြီး ပြောသွားတယ်တဲ့” လို့ တောင်ကြီးမြို့ အထက်တန်းကျောင်းတစ်ကျောင်းက ဆရာမတစ်ဦးနဲ့နီးစပ်သူတစ်ဦးက တောင်ကြီးနွေဦးကို ပြောပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ အထက်တန်းကျောင်းတွေမှာ စစ်ရေးအခြေအနေပေါ်မူတည်ပြီး ကျောင်းလာပိတ်တော့မှာလို့ စစ်တပ်ကပြောကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
CDM ဆရာမတစ်ဦးက “တောင်ကြီး အထက၂မှာ ဆရာမတွေကို ဆားဗစ်ဘုတ် (Service Book )တွေထုတ်ပေးတယ်။ နယ်ပြောင်းချင်ပြောင်းလို့ရအောင်လို့တဲ့။” လို့ ပြောပါတယ်။
ဆားဗစ်ဘုတ် (Service Book )ဟာ ဝန်ထမ်းတစ်ဦးစီရဲ့ အလုပ်ဝင်ချိန်ကစ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အချိန်အတွင်း လစာနှုန်းထားတွေ၊နှစ်တိုးတွေ၊ အပြောင်းအရွှေ့မှတ်တမ်းတွေ ပြုလုပ်တဲ့မှတ်တမ်းစာအုပ်ဖြစ်ပြီး ဝန်ထမ်းရဲ့လက်ဝယ်သိမ်းထားခွင့်မရှိဘဲ မိမိတို့သက်ဆိုင်ရာ ပညာရေးမှူးရုံးမှာပဲ ထားရတာဖြစ်ပါတယ်။
တခြားဒေသကို ပြောင်းပြီးတာဝန်ထမ်းဆောင်ရတဲ့အခါ ပညာရေးရုံးကနေ ထုတ်ယူသွားစရာမလိုဘဲ မိမိသဘောနဲ့မိမိ ပြောင်းရွှေ့နိုင်အောင် အရေးပေါ်အခြေအနေအရ ထုတ်ပေးတာဖြစ်ပါတယ်။
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာ အထက်တန်းကျောင်းကတော့ ပြီးခဲ့တဲ့ သောကြာနေ့(ဇန်နဝါရီ ၂၆)က စပြီး တပတ်တိတိကျောင်းပိတ်ထားတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာ ဆီဆိုင်၊ ဟိုပုံးက ဝန်ထမ်းတွေလည်း ရုံးတွေပိတ်ထားရတာကြောင့် တောင်ကြီးက သက်ဆိုင်ရာရုံးတွေမှာ စုပြုံရောက်နေပြီး ဆီဆိုင်ရဲစခန်းက ရဲနဲ့မိသားစုတွေကို တောင်ကြီး ပလီလင်းဘုန်းကြီးကျောင်းက နေစရာပေးထားတယ်လို့လည်း သိရပါတယ်။
ဆီဆိုင်မြို့ကို ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော် PNLA နဲ့ မဟာမိတ်တပ်တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ခမရ ၄၂၄ တပ်ကို (PNLA)က သိမ်းပိုက်ခဲ့ပြီး လက် နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆီဆိုင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း ၊ ထွေ/အုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း PNLA က ထုတ်ပြန်ထားပါတယ်။
TNOCJ-003
#တောင်ကြီး
#အထက်တန်းကျောင်း
#NonCDM
#ရှမ်းပြည်နယ်
#ကျောင်းပိတ်
#တောင်ကြီးနွေဦးချန်နယ်
#tginwayoochannel