MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
🟢 မြိုင်မြို့နယ်ထဲမှာ PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံး

ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၀ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား (၆၀)ကျော်ကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် မင်းသားကျရွာအထွက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခြေလျင်နဲ့ တက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)က ဒီနေ့မနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။

မနေ့ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီခွဲက မိုင်းတွေ တပ်ဆင်ထားပြီး စောင့်ဆိုင်းခဲ့ရာ မိုင်း ၆ လုံးကို ထိထိမိမိ ဆွဲနိုင်ခဲ့ပြီး ဒီမနက် ၉ နာရီမှာ စစ်တပ်ဘက်က ၆ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို PRA၊ မြိုင် (MVRF)နဲ့ Local PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားရာ အနီးနားရှိ စစ်ရှောင်ကျေးရွာခံတွေကို ရဲဘော်တွေက ဝန်းရံကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

#မိုင်းဆွဲတိုက်ခိုက် #PDF #စစ်ကောင်စီ #သေဆုံး #မြိုင်
https://www.facebook.com/451214215694715/posts/1092454731570657/
🟢 မြိုင်မြို့နယ်ထဲမှာ PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံး

ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၀ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား (၆၀)ကျော်ကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် မင်းသားကျရွာအထွက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခြေလျင်နဲ့ တက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)က ဒီနေ့မနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။

မနေ့ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီခွဲက မိုင်းတွေ တပ်ဆင်ထားပြီး စောင့်ဆိုင်းခဲ့ရာ မိုင်း ၆ လုံးကို ထိထိမိမိ ဆွဲနိုင်ခဲ့ပြီး ဒီမနက် ၉ နာရီမှာ စစ်တပ်ဘက်က ၆ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို PRA၊ မြိုင် (MVRF)နဲ့ Local PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားရာ အနီးနားရှိ စစ်ရှောင်ကျေးရွာခံတွေကို ရဲဘော်တွေက ဝန်းရံကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

#မိုင်းဆွဲတိုက်ခိုက် #PDF #စစ်ကောင်စီ #သေဆုံး #မြိုင်
https://www.facebook.com/451214215694715/posts/1092454731570657/
မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ ပြည်သူလူထုပူးပေါင်းကာ ဒီဇင်ဘာ ၁၂ ရက် ယမန်နေ့က စစ်အာဏာရှင်ဆန့်ကျင်ချီတက်ဆန္ဒပြ။
#DVB #News #Photo #မြိုင်
မြောင်မြို့နယ်မှာ စစ်အုပ်စုကတပ်သား၂ယောက်ကို ဖမ်းဆီးရမိပြီးနောက် တစ်မြို့လုံးက သတ်ဖို့အပြေးလာလို့ PDFတွေ တားမြစ်ခဲ့ရ

#မြောင်
#စစ်ကိုင်းတိုင်း
#MilitaryCoupInMyanmar
#DeltaNewsAgency

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၄ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်ကြပ်တစ်ယောက်ကို လုံးထွေးသတ်ပုတ်ပြီး ဖမ်းမိပြီးနောက် မြို့ခံပြည်သူတွေက သတ်ဖို့အပြေးလာခဲ့လို့ PDFတွေက ထိန်းသိမ်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်သားမှန်းသိရော နပန်းလုံးပြီး အရှင်ဖမ်းမိတာ၊ အဲ့လိုဖမ်းမိတယ်လဲကြားရော ဖမ်းထားတဲ့နေရာကို ပြည်သူတွေက ပြေးလာကြပြီး သတ်မယ်ဆိုတာတွေ တောင်းဆိုရော ရာနဲ့ချီပြီးရောက်လာကြတာ၊ နာကျည်းတာများတာကိုး ၊ သူတို့ဒေါသအလျောက် လုပ်မိမှာစိုးလို့ NUGကချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဖို့ မေတ္တာရပ်ခံရတယ်”လို့ မြောင် PDFအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ ဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ပြည်သူတွေအနေနဲ့ နာကျည်းနေကြတာပဲဖြစ်ပါတယ်။
မြောင်မြို့နယ်က မီးဘေးနှင့်စစ်ဘေးရှောင်များကို PDF အဖွဲ့များက ကူညီလှူဒါန်း
DVB

“စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတဲ့ ဆွဲလဲအိုကျေးရွာ အိမ်ထောင်စု ၁၃ စု နဲ့ နဘက်ကျေးရွာမှ အိမ်ထောင်စု ၆ စု၊ စုစုပေါင်း ၁၉ အိမ်ထောင်စုနဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တွေပူးပေါင်းပြီး အိမ်ထောင်စု တစုကို တစ်သိန်းကျပ်စီ လှူဒါန်းကူညီထောက်ပံ့ခဲ့တယ်။ နောက်ထပ်ကျနော်တို့ဆီကို ‌ပြည်အများအပြားက လှူဒါန်းပေးခဲ့တဲ့ ဆန်သုံးအိတ်လည်း အလှူရှင်တွေရဲ့ကိုယ်စား ကျနော်တို့အဖွဲ့တွေက လှူပေးခဲတယ်”
http://burmese.dvb.no/archives/511499
#DVB #News #PDF #ပြည်သူ့ကာကွယ်ရေးတပ် #မြောင် #စစ်ဘေးရှောင်များ #မီးဘေးသင့်ကျေးရွာများ
မြောင်မြို့နယ် ပရိမ္မကျေးရွာမှာရှိတဲ့ PDFစခန်းတစ်ခု စီးနင်းခံရ

#မြောင်
#PDF
#MilitaryCoupInMyanmar
#DeltaNewsAgency

သတင်းစုံ 👇🏻
“ဒရုန်းတပ်မှာ ခေါင်းဆောင်ဖြစ်ဖို့ လေ့လာသင်ယူခဲ့ရတာတွေကတော့ အများကြီးပဲ၊ အောင်မြင်မှု မှတ်တမ်းတွေကတော့ တော်တော်များများကို ရှိပါတယ်….မှတ်မှတ်ရရ ဩဂုတ်လထဲတုန်းက မုံရွာ-မန္တလေး အမြန်လမ်းမှာ အီနာဂါချခဲ့တာဆိုရင် ဗိုလ်ကအစ သေတယ်ပေါ့နော်.. အဲ့လိုမျိုးတွေကျ တကယ် အားရတယ်။”

- မြောင် TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့ ခေါင်း ဆောင် ကျားခင်စိန် -

https://mandalayfreepress.com/news/5832

#စစ်ကိုင်း #မြောင် #ကျားခင်စိန် #TGRအမျိုးသမီးဒရုန်းတပ်ဖွဲ့ #Mandalay_Free_Press #mfp
မြောင်မြို့မရဲစခန်း ဒရုန်းနဲ့ဗုံးကြဲခံရပြီး စစ်သား ၁ ဦးသေ ၂ ဦး လက်ဖြတ်လိုက်ရ (ရုပ်/သံ)

မြောင်၊ ဧပြီ ၁၈၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းကို ဧပြီ ၁၆ ရက် နေ့လယ် ၁၀ နာရီခွဲလောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက Fixed Wings Drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mandalay Drone Force MDF အဖွဲ့ဆီက သိရပါတယ်။

Shar Htoo WAW နည်းပညာနဲ့ Fixed Wings Drone တွေကို ဗုံးသီး ၆ လုံးပစ်ချရာမှာ စခန်းရှိ ဘန်ကာတွေ ကတုတ်ကျင်းတွေပေါ်ကို ကျရောက်ခဲ့တာလို့ Mandalay Drone Force MDF ကျားခင်စိန်က ပြောပါတယ်။

ဗုံးထိမှန်ခဲ့တဲ့သူတွေထဲက ၁ ဦးမှာ ဆေးရုံသွားချိန်မမီခဲ့သလို ကျန် ၂ ဦးကတော့ လက်ဖြတ်လိုက်ရတယ်လို့ ကျားခင်စိန် ကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Mandalay Drone Force MDF၊ စစ်ကိုင်းခရိုင်းအမှတ် ၁ တပ်ရင်း၊ PEACOCK Drone Team ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးနောက် ရဲစခန်းထဲက စစ်ကောင်စီတပ်သားတွေက သေနက်တွေနဲ့မိုးပေါ်ထောင်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#စစ်ကိုင်း #မြောင် #ရဲစခန်း #ဒရုန်း #တိုက်ခိုက် #စစ်ပွဲ

https://youtu.be/dlHnuHli07k
မြိုင်တိုက်ပွဲအတွင်း စစ်သားနှင့်ရဲ ၉ ဦးအရှင်မိ၊ ထိုအထဲမှ၂ ဦး သေဆုံး
======================

Myanmar Now
April 24, 2024

မကွေးတိုင်းအတွင်း ဗုံးတပ်ဒရုန်းများသုံးသည့် တော်လှန်ရေးအင်အားစုက စစ်ကြောင်းတစ်ခုကို တိုက်ခိုက်စဉ် သုံ့ပန်းတချို့ ရရှိခဲ့သည်။

တစ်ပတ်ကြာ တိုက်ပွဲများအတွင်း စစ်ကြောင်းမှ အဖွဲ့ကွဲသွားသော စစ်သားနှင့်ရဲ ၉ ဦး လက်နက်များဖြင့် ဖမ်း ဆီးခံရပြီး ဒဏ်ရာပြင်းထန်သည့် ဒုရဲမှူးနှင့် ရဲတပ်ကြပ် သေဆုံးသွားသည်။

တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် မြိုင်မြို့အနီးရှိ စစ်တပ်အခြေစိုက်ရာ စက်ရုံဝင်းအတွင်း ပြန်ဝင်ရောက်သွားသော်လည်း ဒေသကာကွယ်ရေးအဖွဲ့များက အဖွဲ့ကွဲသွားသော စစ်သားနှင့်ရဲများ ရှိမရှိ ဆက်လက်ရှာဖွေနေသည်။

ပုံစာ- မြိုင်ပကဖအဖွဲ့မှ ထုတ်ပြန်ထားသည့် ဖမ်းဆီးခံရဲများ နှင့် လက်နက်များ။

#MyanmarNow #မြိုင်

သတင်းအပြည့်အစုံ 👇👇👇
MDF အဖွဲ့က Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီး ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မြောင်၊ မေ ၁၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ Myaung Drone Force MDF အဖွဲ့က Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီးကို အခုနှစ်ဧပြီလဆန်းပိုင်းမှာထုတ်လုပ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ် ။

နည်းပညာပိုင်းကိုတော့ စစ်ကိုင်းခရိုင် Drone တပ်ရင်းဆီမှာ တက်ရောက်သင်ကြားခဲ့ပြီး Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီးတွေကို ထုတ်လာနိုင်ခဲ့တယ်လို့ Myaung Drone Force MDF မှ ကျားခင်စိန်က ပြောပါတယ်။

၂၀၂၄ ခုနှစ် ၂ လပိုင်းလောက်မှာ သင်တန်းပြီးခဲ့ပြီး ၄ လပိုင်းမှာ Fixed Wings Drone တွေနဲ့ တိုက်ပွဲ ၇ ပွဲကိုလည်း ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့က သင်တန်းတက်ပြီး ကိုယ်တိုင်ပြန်လုပ်ကြတာ။ ကျနော်တို့ ရဲမေတွေကို သင်တန်းပြန်ပို့ချတယ်။ Drone မှာတပ်တဲ့ အီနာဂါဗုံးသီးပါ ကျနော်တို့က ကိုယ်တိုင်ထုတ်လုပ်နေပါပြီ။ ကျနော်တို့ တိုက်ပွဲ ၇ ပွဲလောက်ဆင်နွှဲပြီးပြီ။ အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့က ပွဲမတိုးခင်မှာ ပိုပြီးသေချာတိကျအောင် လေ့ကျင့်မှုတွေအများကြီး လုပ်ခဲ့တယ်" လို့ ဆိုပါတယ်။

Fixed Wings Drone တွေဟာ မကြာခဏ ပျက်ကျတာတွေဖြစ်တတ်တာကြောင့် အရံထားဖို့အတွက် Fixed Wings Drone တွေကို စုဆောင်းနေသလိုထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေက ရှားပါးနေပြီး ဝယ်ယူရေးမှာလည်း ငွေကြေးအခက်အခဲဖြစ်တာတွေ ရှိတယ်လို့ ကျားခင်စိန်က ပြောပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မြောင် #FixedWingsDrone #အီနာဂါဗုံးသီး #MyaungDroneForce #MDF

https://youtu.be/vhCGI_gl7O8