UPDATE - အညွှန်းသီးသန့်
5.74K subscribers
11 links
Download Telegram
My Name Is Khan (2010)
BluRay 4K HEVC Update
==============
IMDb Rating (7.9)
Rotten Tomatoes (83%)
မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့....
Khan ဟာ Asperger's syndrome လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။
Citizen of a Kind(2024)

၂၀၁၆ ခုနှစ် ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ voice phishing အမှုရဲ့ နစ်နာသူ

“အဝတ်လျှော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးဂင်ဆောင်းဂျာ”အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်
– ဇာတ်လမ်းအကျဉ်း –
အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကို

တစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ်
ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့
လက်ထောက်ဆွန်းဆီကို ပိုက်ဆံ‌ပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်း
အချိန်နှောင်းမှ သိလိုက်ရပါတယ်….
ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့
ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်…..
ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါ
ရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်း
ကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့
လုပ်ဖော်ကိုင်ဖက်
La Brea – Season (03)
=================
IMDb Rating – 5.8/10

တွင်းပေါက်ကြီးတွေနဲ့ Time Travel ကို ဇာတ်တည်ပြီး စိတ်ဝင်
စားစရာကောင်းအောင်ရိုက်ပြခဲ့တဲ့ La Brea ရဲ့ Season 3 ထွက်ရှိ
လာပါပြီ။ Season 2 မှာ ဒီတွင်းပေါက်ကြီးတွေ ဘာလို့ပေါ်လာတာ
လဲ၊ သူတို့ရဲ့ ပုံမှန်ဘဝကို ဘယ်လိုပြန်သွားမလဲဆိုတာကို အဖြေရှာ
ဖို့အတွက် အိဗ်တို့သားအမိပျောက်သွားခဲ့ပါတယ်။
ဒီ season 3 မှာတော့ ဆမ်ရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို
ပြန်လည်ရှာဖွေပြီး ဒီအချိန်ခရီးသွားတွင်းပေါက်ကြီးတွေ ဘာလို့ပေါ်
လာနေတာလဲ။ အဲ့ဒီကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို စိတ်ဝင်
တစားဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါ။
𝗠𝗮𝘆𝗵𝗲𝗺! (𝟮𝟬𝟮𝟯)
#Action #Thriller
IMDb - 6.3/10

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး
Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး
အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့
၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။

လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက်
ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။

ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ…

သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။

ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။
Found [2012]

IMDB: 5.8/10

ဒီကား‌က‌တော့ဆု25ဆုရထားပြီး
စံကာတင်8ဆုအထိပါထားတဲ့ Horror ကားလေးဘဲဖြစ်ပါတယ်

Horror ကားတွေကြိုက်တဲ့ကောင်လေးတစ်ယောက် သူအကိုကွင်းဆက်လူသတ်သမားမှန်းမထင်မှတ်ပဲသိလိုက်တဲ့အခါ သူအကိုလှို့ဝှက်ချက်ကိုသူဖုံးကွယ်ထားနိုင်မှာလား သူ့လှို့ဝှက်ချက်ကိုသိသွားတဲ့ညီဖြစ်သူကိုကောအကိုဖြစ်သူကဘယ်လိုတုံ့ပြန်မှာလဲဆိုတာတွေကိုကြည့်ရှူရမှာဘဲဖြစ်ပါတယ်

သတ်ခန်းဖြတ်ခန်းတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်

#Crd
Luck Key (2016)
ယွန်းဂျယ်ဆောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာအလုပ်မှန်သမျှမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူလည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘ၀ကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်… ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်…
သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်…
အ၀တ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့ အရမ်းချမ်းသာပုံရတဲ့လူတစ်ယောက်ကိုဆိုပါတော့… အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာဆေးရုံရောက်သွားတယ်…စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက် လဲကျနေတဲ့သူရဲ့ရေချိုးခန်းအ၀တ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်..တခြားသူက ဆေးရုံရောက်သွားပေမယ့် ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲ...နာရီအကောင်းစား ပိုက်ဆံအိပ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင်ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘိုးကြီးမြင့်လွန်းတဲ့အိမ်ဆီကိုရောက်သွားစေတယ်…
Maksym Osa (2022)
================

IMDB: 6.7/10

AD ၁၆၀၀ ကျော်လောက်မှာ နာမည်ကြီးတဲ့ စစ်သည်တော်အုပ်စုတွေရှိခဲ့တယ်…သူတိုကတော့ ဆစ်ခ်ျမှာအခြေစိုက်တဲ့ ကာ့ဆက်ဇ်စစ်သည်တော်တွေပါပဲ…မဟုတ်မခံ ဆတ်ဆတ်ကြဲ အပေအတေလိုနေထိုင်တတ်ကြပေမယ့် လက်ရုံးရည်အရာမှာ
အရမ်းတော်ကြတဲ့ ကာ့ဆက်ဇ်စစ်သည်တွေကို တစ်နေ့မှာ ဘုရင်ဖြစ်သူက ရွှေတွေချီးမြှင့်ခဲ့တယ်….ဝါးဆောမြိုတော်ကနေ ဆစ်ခ်ျအခြေစိုက်စခန်းအထိ ရွှေတွေကိူသယ်ဖို ဝာာဝန်ကျတာကတော့ ဆံဖြူတိုတပ်ဖွဲပေါ့ဒါပေမယ့် လမ်းမှာ သမန်းဝံပုလွေနဲ့တွေ့ပြီး တစ်ဖွဲလုံးအသတ်ခံရ ရွှေတွေအလုခံလိုက်ရပါတော့တယ်…သူတိုတပ်ဖွဲရဲ့ရွှေသယ်ခရီးမှာ မပါလာတဲ့ ဇာတ်လိုက် မက်ဆင်အိုဆာတစ်ယောက်ဟာဒီအကြောင်းကိုကြားပြီး သူ့သူငယ်ချင်းတွေကိုသတ်တဲ့သူကိုစုံစမ်း ရွှေတွေကိုပြန်ရှာဖိုလုပ်ပါတော့တယ်..အိုဆာရဲ့သူငယ်ချင်းတွေကို တကယ်ပဲသမန်းဝံပုလွေသတ်တာလား…ရွှေတွေဘယ်ပျောက်သွားတာလဲဆိုတာကို မက်ဆန်အိုဆာနဲ့တူတူ ရင်ခုန်စွာစီးမြောကြည့်ရှူရမှာဖြစ်ပါတယ်….
Abraham Ozler (2024)

ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Indian Thriller/ Crime အမျိုးအစားလေးဖြစ်တဲ့ Abraham Ozler ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Ozler တစ်ယောက်မိသားစုနဲ့ခရီးထွက်လာရင်း ရန်ညှိုးရန်စရှိတဲ့လူတစ်ယောက်က သမီးနဲ့ဇနီးကို ပြန်ပေးဆွဲကာ သတ်ဖြတ်လိုက်ပါတယ် လူသတ်သမားဟာ လူသတ်မှုကျူးလွန်နေတဲ့အချိန်အတွင်း မူးယစ်ဆေးမတရားသုံးစွဲထားမှုကြောင့် အလောင်းတည်နေရာကို မပြောပြနိုင်ခဲ့ပါဘူး Ozler ကတော့ ဒီကိစ္စကြောင့် အကြီးအကျယ်စိတ်ကျရောဂါရနေခဲ့ပါတယ် အဲ့အချိန်မှာပဲ မြို့ထဲက တစ်နေရာမှာမတော်တဆမှုဖြစ်ရာကနေ ကွင်းဆက်လူသတ်မှုလိုမျိုးဖြစ်လာတော့ ဒီနှစ်မှုကိုချိတ်ဆက်ပြီး ရဲတွေဘယ်လိုစုံစမ်းကြမလဲ ဒီကွင်းဆက်လူသတ်သမားရဲ့ရည်ရွယ်ချက်ကရောဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..
French Girl (2024) ဇာတ်ကားသစ်
***
ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့က
စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦး
ဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့
ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက်
ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ်
ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်…
ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူး
ဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူး
နေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့
အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့
ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာ
အကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့
ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့…….
ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ?
ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ?
ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား?
ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား?
ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး….
Trading Places (1983)
————————————
ဒီဇာတ်ကားက ဟာသဆိုတာထက် သရော်တဲ့ဇာတ်ကားပါ။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုတွေကြားမှာ မလူးသာရတဲ့ကြားထဲ ဩဇာရှိ ပွဲစားကြီးတွေရဲ့ မသမာလုပ်မှုကြားမှာ ချမ်းသာပြီးသားသူတွေပဲ ချမ်းသာရတဲ့အကြောင်း ပညာပေးရိုက်ပြထားသလိုပါပဲ။ ဇာတ်ကားက ကြည့်သူရော ဝေဖန်သူရော အကြိုက်တွေ့ခဲ့ပြီး အမြတ်အစွန်းကြီးတဲ့ဇာတ်ကားတွေထဲလည်း ပါခဲ့ပါတယ်။ဇာတ်လမ်းကတော့ ပွဲစားညီနောင်နှစ်ယောက်က သူတိုအချင်းချင်း အပျော်သဘော လောင်းကစားလုပ်ကြတယ်။ သူတိုငြင်းခုန်နေတာက လူတစ်ယောက် ကောင်းစားရေးဟာ မျိုးရိုးဗီဇနဲ့ဆိုင်သတဲ့။ ပြိုင်မြင်းတွေလိုပဲ မွေးကတည်းက အပြေးမြန်နေတဲ့ကောင်မျိုးတွေပေါ့။ တစ်ယောက်ကတော့ မျိူးရိုးဗီဇနဲ့မဆိုင် ပတ်ဝန်းကျင်နဲ့ဆိုင်သတဲ့။ဒီတော့ သူတိုလုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာတစ်ယောက်ကို လမ်းဘေးမှာ လိမ်ညာတောင်းစားနေတဲ့ သတောင်းစားတစ်ယောက်နဲ့ နေရာချင်းလဲပစ်လိုက်ပါလေရော။ မျိုးရိုးကောင်းတဲ့ မန်နေဂျာကောင်ကို လမ်းဘေးပိုလိုက်လို ရာဇဝတ်ကောင်ဖြစ်သွားရင်၊ သူတောင်းစား ကုမ္ပဏီထဲရောက်လာပြီး လုပ်ငန်းတွေ လည်ပတ်နေနိုင်ရင် ပတ်ဝန်းကျင်သမားက နိုင်မယ်ပေါ့လေ။
Freeze [2022]

အင်္ဂလန်ရေတပ်စစ်သ‌င်္ဘောကြီး
HMS Innsmouth ရဲ့ ကပ္ပတိန် Mortimer ဦးစီးတဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကအာတိတ်ဒေသမှာ ပျောက်ဆုံးသွားတဲ့ မိတ်ဆွေဖြစ်သူ ကပ္ပတိန် Striener နဲ့အပေါင်းအပါတွေကို ရှာဖွေဖို့ အာတိတ်ဒေသကိုရွက်လွှင့်ခဲ့ကြပါတယ်

အလိုရှိရာဒေသကိုမရောက်ခင်မှာပဲ သင်္ဘောပေါ်ကို မိန်းမတစ်ယောက်ခိုးလိုက်လာတာ သိလိုက်ရပြီး မကြာခင်မှာပဲ HMS Innsmouth သင်္ဘောကြီးလည်း ရေခဲနဲ့တိုက်မိပြီးရပ်သွားရပါတယ်

သင်္ဘောရပ်နေချိန်မှာ အဖွဲ့သားတွေဟာ ထူးဆန်းတဲ့သတ္တဝါတွေကို ကြုံတွေ့ရတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် အသက်ရှင်နိုင်ရေးအတွက် ရုန်းကန်ဖို့ဖြစ်လာ
ရပါတော့တယ်

အေးခဲလှတဲ့ အာတိတ်ဒေသမှာ Innsmouth သင်္ဘောကြီးရဲ့အမှုထမ်းတွေ ရာသီဥတု အငတ်ဘေးနဲ့ ထူးဆန် တဲ့အကောင်တွေရဲ့ရန်ကို ဖြတ်ကျော်ဖို့ကြိုးစားကြတာကို ကြည့်ရှုရမှာပါ
Janaki Jaane [2023 ]

အသစ်ထွက်လာတဲ့ မာလေယာလမ်စကားပြော ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဂျာနာကီဆိုတာ နယ်မြို့လေးကကောင်မလေးတစ်ယောက်။
ငယ်ငယ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကြောင့် ထရော်မာဝင်ပြီးတစ်ယောက်ထဲမနေရဲတာ အမှောင်ကြောက်တတ်တာမျိုးကို အလွန်အကျွံခံစားနေရရှာသူလေး။
သစ်ကိုင်းခြောက်ကလေး ပြုတ်ကျတာတောင်သတိလစ်သွားတဲ့အထိအသဲငယ်ရှာသူလေး။
အဲဒီလို အသည်းငယ်တာကြောင့် အိမ်ထောင်ဖက်တွေ့တိုင်း
အဆင်မပြေဘဲ အပျိုကြီးဖြစ်နေရတယ်။
အဲဒီလိုအသည်းငယ်တဲ့သူ့ကို
ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ ပါလေရာငပိဇာတ်လိုက်ကျော်က
မြင်မြင်ချင်းကြွေသွားပြီး လူကြီးတွေကနေတဆင့်နားဖောက်ဖို့ကြိုးစားပါတော့တယ်။
တောင်ပိုင်းအချစ်ကားတွေ ကောင်းပြီဆိုရင် တော်ရုံကားလိုက်မမီတာကြောင့် ဒီဂျာနာကီရဲ့ အချစ်ဇာတ်လမ်းကရောပရိသတ်တွေကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ရှုမြင်ခံစားလိုက်ရအောင်လား ....
Rakshasi (2017)

"အမူရာ နတ်ဆိုး"

ဇာတ်လမ်းအညွှန်း...

မိသားစုတစ်ခု နေရာသစ်မှာ အိမ်တစ်လုံးဝယ်လိုက်ပြီး
လင်မယားနှစ်ယောက်ရယ်သူတို့အဖွားရယ်
သူတို့ကလေးနှစ်ယောက်နဲ့ ပြောင်းလာကြတယ်

စရောက်တဲ့နေ့ညပိုင်းမှာပဲ သူတို့အဖွားက ဒီအိမ်ကိုနည်းနည်းမသင်ကာဖြစ်လာတယ်

နောက်ရက်ကျတော့ အဖွားကြီးက ဒီအိမ်မှာသရဲရှိတယ်ထင်ပြီး မြေးမကိုပြောတော့ အိမ်အသစ်မို့လို့စိတ်ထင်တာပါဆိုပြီး လက်မခံတာနဲ့

အဖွားကြီးက နာမည်ကြီး ပုဏ္ဏားတစ်ပါးဆီသွားပြီးအကူညီတောင်းတယ်၊ ပုဏ္ဏားက အဲ့ဒါနဲ့အစီအရင်တွေလုပ်ခိုင်းလိုက်တယ်

နောက်နေ့ကျအဖွားကြီးပြန်သွားပြီး ပုဏ္ဏားလုပ်ခိုင်းတဲ့အစီအရင်ပစ္စည်းကိုပြန်ပြတော့ ပုဏ္ဏားက ခင်ဗျားအိမ်မှာ အားကြီးတဲ့သရဲရှိနေတယ်ဆိုပြိး

ဘယ်လိုသရဲမျိုးမဆို နှိမ်နင်းနိုင်တဲ့ ပုဏ္ဏားတစ်ပါးကိုမနက်ဖြန်ကျတော့ အဖွားကြီးအိမ်ကိုလွှတ်လိုက်တယ်

အဲ့ပုဏ္ဏားလဲ အဖွားကြီးအိမ်ရောက်တော့ သရဲသတ်တာခံလိုက်ရတယ်

ဒီလိုပုဏ္ဏားမျိုးတောင်အသတ်ခံလိုက်ရတယ်ဆိုတော့
ဘယ်လို သရဲမျိုးလဲ
ဒီအိမ်မှာရော ဘယ်လိုအကြောင်းတွေကြောင့်ရှိနေတာလဲ ဒီသရဲကိုရောနှိမ်နင်းနိုင်မလား

အဖွားကြီးတို့ မိသားစုရော ဒီသရဲလက်ကနေလွတ်ပါ့မလား ဆိုတာကတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါအုန်းခင်ဗျာ...
The Con-Heartist (2020)

အီနာ အဖြစ် - Baifern
တိုဝါ အဖြစ် - Nadech
ဖေဒ် အဖြစ်- Bank Thiti

ဇာတ်လမ်အကျဥ်း...

''အီနာ''ဆိုတဲ့ ကောင်မလေးက ရည်းစားဟောင်း ဖေဒ်ကနေ လိမ်တာကိုခံထားရတဲ့သူဖြစ်ပြီး
You Tube မှာ အကြွေးတင်နေတဲ့ ဘတ် 5 သိန်းပြသနာကို နေ့စဥ်ဘဝကိုရှစ်ချုံ့ပြီးနေထိုင်ရတဲ့ Review တင်ရင် အလှူငွေကောက်တဲ့ Youtuber တစ်ယောက်ဖြစ်တယ်

''တိုဝါ''ဆိုတဲ့ လူလိမ်မင်းသားက အီနာဘဏ်ငွေကို လိမ်ဖို့ကြိုးစားရင်းမိသွားရာမှ သူ့ အသံဖိုင်ကို Post မတင်ပေးဖို့တောင်းဆိုရင်း အပြန်အလှန် အပေးယူလုပ်ကြတယ် . အပေးအယူကတော့ သူ့ရည်းစားဟောင်း ''ဖေဒ်''
ရဲ့ခရီးသွားလုပ်ငန်းဆီကနေ ဘတ် ငွေ 1,000,000 အတိ လိမ်ပေးရင် ရှိနေတဲ့ အသံဖိုင် ရဲလက်မအပ်တော့ဘူး ပြောရင်း လိမ်လည်မှု Mission တွေက level တိုးသလို ''ခွန်နုံနွတ်''ဆိုတဲ့ တရုတ်စာသင်တဲ့ ဆရာမနဲ့ ''ခွန်ကျိုန် ' ဆိုတဲ့ လူတွေထပ်ဖြည့်ရင်း အုပ်စုဖွဲ့ လိမ်လည်မှာဖြစ်ပါတယ်....

အီနာစိတ်ထဲမှာ သူကနှစ်ခါအလိမ်ခံရမှာလား ? သူကရော ဒီလိုလူလိမ်အဖွဲ့နဲ့ သူ့ရည်းစားဟောင်း ကို ပြန်လိမ်ရတာ တန်သလားဆိုတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်တထိတ်ထိတ် ဖြတ်သန်းရတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်...
Ivanna (2022)

ခေါင်းပြတ်သရဲမဇာတ်ကား

မိဘတွေသေဆုံးသွားပြီးနောက်မှာ အမ်ဘာနဲ့ဒီကာ မောင်နှမနှစ်ယောက်ဟာ သူတို့အဘွားရဲ့မိတ်ဆွေတစ်ယောက် တည်ထောင်ထားတဲ့ လူအိုရုံသဘောမျိုး အသက်ကြီးသူတွေရဲ့အသိုက်အဝန်းလေးမှာ သွားရောက်နေထိုင်ရပါတယ်။ အချင်းချင်းနွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်အေးချမ်းနေတဲ့ သူတို့ဘဝလေးထဲကို ပိတ်ထားတဲ့ဂိုထောင်တစ်လုံးရဲ့ မြေအောက်ခန်းထဲကပစ္စည်းတချို့ကို အိမ်ပေါ်သယ်လာမိတဲ့အချိန်မှာပဲ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ အမ်ဘာက မျက်စိအားနည်းသူဖြစ်ပြီး မကန်းရုံတမယ် ဝိုးတိုးဝါးတားသာမြင်နိုင်သူဖြစ်ပါတယ်။ ဒါပေမဲ့ မျက်စိခွဲစိတ်မှုကြောင့် သာမန်လူတွေမမြင်ရတဲ့အရာတွေကို မြင်နိုင်သူဖြစ်ပြီး ဒီအချက်ကပဲ ဇာတ်လမ်းတစ်ခုလုံးကို ရုပ်လုံးပေါ်လာစေပါတယ်။ အရာအားလုံးရဲ့အစကဘာလဲ သူတို့ဆီဝင်လာတဲ့ဂြိုဟ်ဆိုးက ဘယ်သူလဲဆိုတာ‌ကိုတော့ အမ်ဘာနဲ့အတူတူပဲ လိုက်လံကြည့်ရှုရင်း စောင်လေးခြုံရင်း သရဲ‌ကားကောင်းလေးတစ်ကား ခံစားကြည့်ကြပါဦးနော်
(2014)ခုနှစ်ကထွက်ရှိခဲ့ပြီး သဲထိပ်ရင်ဖို ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ပုံမှန် horror တို့ရဲ့ ထုံးစံအတိုင်းပဲ rating ကတော့တော်တော်လေး နည်းနေတာကိုတွေ့ရပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့ ပုံမှန် ပျံသန်းနေကြခရီး စဉ်အတိုင်းပဲ L.A မှ Japan သို့ ၁ဝနာကြာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံသန်းရာမှာ ကြမ္မာတိုက်ဆိုင်လွန်းလှတဲ့ လူတစုဟာ လေယာဉ်ပေါ်မှာ မယုံနိုင်ဖွယ်ရာ သဘာဝလွန် ကိစ္စတွေကိုကြုံတွေ့မိရာမှ ဘယ်လိုတွေများဆက်လက်ဖြစ်ပျက်ကြမလဲ

အားလုံးလွတ်‌ မြောက်ပီးလိုရာခရီး ကိုပဲရောက်သွား နိုင်မလားဆိုတာကို ဆက်လက်ရှုစားရမှာပါ
Central Intelligence (2016)

ဒီဇာတ်ကားက Comedy ကြီးသက်သက်ကို ဒီတိုင်းပြရင်တောင် ဒီလောက်ရီရမှာမဟုတ်ပဲ အခုလို CIA Agent တစ်ယောက်ကသူငယ်ငယ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို သူ့Case ထဲအတင်းဆွဲသွင်းပြီး ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပါလုပ်တာကြောင့် ကြည့်ရှုတဲ့လူကိုတော်တော် Entertain ဖြစ်စေတာအမှန်ပါပဲ။ ဒါပေမဲ့လဲ Central Intelligence မှာဇာတ်လမ်းကတော့ ဘာမှသိပ်မရှိပါဘူး။ Central Intelligence ဟာ သူ့ရဲ့ဇာတ်လမ်းအတိုလေးကိုဆွဲဆန့်ထားပြီး ဟာသတွေနဲ တွဲရိုက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ Dwayne Johnson နဲ့ Kevin Hart တို့နှစ်ယောက်ကြားက Chemistry ကလဲတော်တော်လိုက်ဖက်ညီပါတယ်။ ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ Chemistry က Simon Pegg နဲ့ Nick Frost တို့နှစ်ယောက်ရဲ့ Chemistry ကိုတော့မမှီဘူးလို့ထင်တယ်။ နှစ်ယောက်စလုံးရဲ့ Acting ကတော့ဘာမှသိပ်ပြောစရာမလိုပါဘူး.ဒီဇာတ်ကားမှာတကယ့် Star ကတော့ Dwayne Johnson ပါပဲ။သူ့ရဲ့ ဗလကြီးကြီး Body ကြီးနဲ့ Unicorn ပုံပါတဲ့ အင်္ကျီတွေဝတ် ၊ ဖိနပ်အဝါကြီးစီးပြီး ရုပ်တည်ကြီးနဲ့ဟာသတွေလုပ်နေတာကတော့ တော်တော်ရီရပါတယ်။ Dwayne Johnson အနေနဲ့ 2016 ရဲ့ဝင်ငွေအများဆုံးမင်းသားစာရင်းထဲမှာပါခဲ့တာလဲသိပ်တော့မဆန်းဘူးလို့တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ Acting ကအရင်ထက်စာရင်တော်တော်ကိုကောင်းမွန်နေပြီး ဇာတ်ရုပ်တွေနဲ့လိုက်ဖက်အောင်သရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားရဲ့ အားနည်းချက်တွေထဲကတစ်ခုကတော့ တစ်ချို့အခန်းတွေကတော့ ဇာတ်လမ်းပိုင်းမှာယုတ်တိသိပ်မရှိတာတွေပါနေပြီး တစ်ချို့အခန်းတွေကတော့ မလိုအပ်တဲ့ နဲနဲခပ်ပေါပေါဟာသလုပ်ကွက်တွေပါနေတာတွေရှိပါတယ်။အချုပ်ပြောရရင်တော့ Central Intelligence ဟာကြည့်ရှုသူကိုပေါ့ပေါ့ပါးပါးနဲ့ရီစရာတွေပေးပြီး Entertain ဖြစ်စေမဲ့ဇာတ်ကားတစ်ကားထက်တော့မပိုပါဘူး။ ကြည့်နေတုန်းရီစရာတွေ ပျော်စရာတွေပေးတဲ့အတွက်ကြောင့် အလုပ်တွေပင်ပန်းလို့ ပေါ့ပေါ့ပါးပါးနဲ့ရီစရာကောင်းတဲ့ဇာတ်ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ Central Intelligence ကအချိန်ပေးရကျိုးနပ်မဲ့ဟာသကားတစ်ကားပါပဲ။
တစ်ချိန်က နဂါးစီးသူရဲကောင်းတွေ တရားမျှတစွာအုပ်ချုပ်ခဲ့တဲ့

အလီဂေးရှားဆိုတဲ့တိုင်းပြည်ကြီးမှာ အာဏာရှင်ဘုရင်တစ်ပါးဟာ နဂါးစီးသူရဲကောင်းတွေကိုသတ်ဖြတ်ပြီး တိုင်းပြည်ကြီးကို လက်ဝါးကြီးအုပ်ထားခဲ့ပါတယ် အဲ့ဒါကို ဘယ်လိုလူမျိုးတွေက ပြန်တော်လှန်ကြမလဲ ဘယ်လိုအဖြစ်အပျက်မျိုးတွေနဲ့ကြုံရမယ်ဆိုတာကတော့

ဇာတ်လမ်းမှာပဲ ဆက်ပြီးခံစားလိုက်ကြပါ

သည်ဇာတ်လမ်းကိုတော်တော်များများလဲကြည့်ဖူးကြမှာပါ

ဒါပေမယ့် လွန်ခဲ့တဲ့၁၀နှစ် လောက် ကျနော်တို့ကျောင်းသားဘဝကကြိုက်နှစ်သက်ခဲ့ရတဲ့ဇာတ်ကားကောင်းလေးဆိုတော့

ကြည့်ပြီးသူတွေလဲသိမ်းထားနိုင်အောင်

မကြည့်ရသေးသူတွေလဲ ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်သည်
Rubikon (2022)MM SUB

အနာဂတ်မှာ စစ်ပွဲတွေဖြစ်ပြီး စစ်ပွဲမှာသုံးတဲ့ ဓာတုလက်နက်တွေရဲ့
ဘေးထွက်ဆိုးကျိုးတွေ‌ကြောင့် ကမ္ဘာကြီးမှာ ကပ်ဘေးရော အငတ်ဘေးပါ
ကြုံနေတဲ့အချိန်၊ အဲ့အချိန်ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဩစတြီးယား
Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။တပ်မှူး ဝက်ဂ်နာ နဲ ဓာတုဗေဒပညာရှင် ဒေါက်တာ ကရိုင်လို တိုနှစ်ယောက်
အာကာသစခန်းဆီ သွားဖိုအတွက် ယာဉ်ပျံနဲ့ထွက်လာပေမယ့်။ လမ်းပျောက်
သွားလို ဝက်ဂ်နာ က လက်စွမ်းပြပြီး ကိုယ်တိုင်မောင်းပေးလိုက်လို စခန်းကို
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်ပေါ့။ နောက်ရက်နည်းနည်းကြာတော့
ကမ္ဘာနားမှာ မြူတွေဖုံးနေလို စုံစမ်းကြည့်ဖို ယာဉ်တစ်စင်းလွှတ်လိုက်ပေမဲ့
အဲဒီယာဉ်က မြူတွေထဲပိတ် အဆက်အသွယ်ပျက်သွားလို ဝက်ဂ်နာတိုနှစ်ယောက်
မြူတွေကြောင့် အသက်ရှူကြပ်နေတဲ့ ယာဉ်ပေါ်ကလူကို ကယ်ပေးလိုက်ရတယ်။ကမ္ဘာကြီးမှာလည်း ခံတပ်တွေထဲ‌ဝင်ပုန်းပြီး ရှင်တဲ့သူကရှင် အပြင်မှာသေတဲ့လူ
ကလည်းသေကုန်ကြပြီ ကံကကောင်းချင်တော့ ဒေါက်တာ ကရိုင်လိုက အောက်စီဂျင်
ထုတ်ပေးတဲ့ရေညှိတွေကိုစမ်းသပ်ထုတ်နေတာဆိုတော့ သူတို ကမ္ဘာကိုပြန်ပြီး
အသက်ရှင်နေတဲ့လူတွေကို ကူညီမလား။
A Haunting in Venice (2023)

ဒီရုပ်ရှင်ကတော့ အဝေးပြေးရထား လူသတ်မှု၊ နိုင်းမြစ်လူသတ်မှု ရုပ်ရှင်တွေအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ စုံထောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တွေလိုပဲ

ကောင်းပါတယ်။ အပြင်လူမလာနိုင်တဲ့ ပိတ်မိနေ တဲ့နေရာတစ်ခုမှာ သံသယရှိသူတွေကိုတစ်ယောက် ချင်း စုံစမ်းရပြီး အဖြေရတာမျိုးပါပဲ။ဒီရုပ်ရှင်ထဲ မှာတော့ စုံထောက်ကြီး ပွာရိုးဟာ စုံထောက်အလုပ် ကနေအငြိမ်းစားယူပြီးဗင်းနစ်မှာ အနားယူနေပါ ပြီ။ သူ့ဆီကို အမှုလာအပ်တဲ့သူတွေနဲ့အတွေ့မခံ ချင်လို့သက်တော်စောင့်တစ်ယောက်တောင် ငှား ထားရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့မိတ်ဆွေ ဟောင်း နာမည်ကျော် စာရေးဆရာမ ရောက်လာပြီး အကူအညီတစ်ခုတောင်းလာပါတော့။ အဲဒါကတော့ နာမည်ကျော် ဝိညာဉ်ဟောဆရာမ (မီရှဲယို)တစ် ယောက်ရဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက ဝိညာဉ်ခေါ် ပွဲကို တက်ပေးဖို့ပါပဲ။အဲဒီဝိညာဉ်ဟောဆရာမ လုပ် ပြနေတာတွေကို စာရေးဆရာမက ဘယ်လိုမှလိမ် နေကြောင်းသက်သေမပြနိုင်တာမို့ စုံထောက်ကြီး က ဖော်ထုတ်ပေးဖို့ လာအကူအညီတောင်းတာပါ။ဒါပေမဲ့ စုံထောက်ကြီးကိုယ်တိုင် သရဲခြောက်တဲ့အိမ် ကြီးထဲမှာ ပိတ်မိနေပြီးလူသတ်မှုတွေ ဖြစ်ပေါ်လာပါ တယ်။