UPDATE - အညွှန်းသီးသန့်
6.27K subscribers
12 links
Download Telegram
Cat And Dog (2024)

စိတ်တွေပင်ပန်းနေတဲ့အချိန်မှာပေါ့ပေါ့ပါးပါးပျော်စရာ ဇာတ်ကားလေးတွေကြည့်ချင်တယ် ကြောင်လေးခွေးလေးတွေကိုချစ်တတ်တဲ့သူလည်းဖြစ်တယ်ဆိုရင်ကြည့်သင့်တဲ့Cat And Dog ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Rating 5.1 ရရှိထားတဲ့အတွက်ထုံးစံအတိုင်းသာမန်အနေအထားလေးနဲ့ကြည့်ပျော်ရှုပျော်ရှိပါတယ်ဇာတ်လမ်းနာမည်အတိုင်းပဲ ကြောင်နဲ့ခွေးကိုအဓိကဇာတ်ကောင်တွေအနေနဲ့ တွေ့ရမှာဖြစ်ပြီး ကြောင်ကတော့ဒီဗာဆိုတဲ့ နာမည်ကြီးInfluencer ‌ကြောင်ပဲ ဖြစ်ပါတယ်။ခွေးကတော့ ဒီအတိုင်းလမ်းဘေး ခွေးလေးတစ်ကောင်သာဖြစ်ပေမဲ့ ဒီဇာတ်ကားမှာဘယ်လိုအရေးပါလာတာလဲ ဆိုတာကိုပြောရရင်တော့ ခွေးကတော့ ဒီအတိုင်းလမ်းဘေး ခွေးလေးတစ်ကောင်သာဖြစ်ပေမဲ့ ဒီဇာတ်ကားမှာဘယ်လိုအရေးပါလာတာလဲ ဆိုတာကိုပြောရရင်တော့သကြားလုံးပန်းသီးလို့ ခေါ်တဲ့ တန်ဖိုးကြီးပတ္တမြားကို ခိုးလာတဲ့သူခိုးဆီကနေ စားမိသွားလို့ပါပဲ။ဒီတော့ ပတ္တမြားပြန်ထွက်လာတာစောင့်ဖို့ တစ်နည်းပဲ ရှိတော့တဲ့အတွက် သေးခံလေးဝတ်ပေးထားတာကလည်း တော်တော်ချစ်စရာကောင်းပါတယ်။အဲ့ဒီ သူခိုးရဲ့နာမည်ကတော့ ဂျက်ခ်လို့ခေါ်ပြီးအဲ့ဒီရတနာကိုခိုးလာတဲ့အတွက်နယူးယောက်ကိုသွားပြီး ခြေရာဖျောက်ဖို့ပတ္တမြားစားထားတဲ့ ခွေးလေးနဲ့လေဆိပ်ကိုထွက်လာတဲ့အချိန်မှာဒီဗာနဲ့ သူ့ပိုင်ရှင်မိုနီကာနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ကြောင်လေးနဲ့ခွေးလေးကသက်သက် ပိုင်ရှင်နှစ်ယောက်ကလည်းသက်သက်စွန့်စားခန်းတွေထွက်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ဟာသတွေနဲ့နှောပြီးကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Griselda (2024)
============
IMDb Rating – 7.5/10

ယခုလက်ရှိမှာ Netflixရဲ့ Series Listထဲ Top-1 နေရာချိတ်နေပြီး
IMDb Rating 7.8/10၊ Rotten Tomatoes 88%ထိရရှိထားတဲ့
(၂၀၂၄)ခုနှစ်ထွက် စီးရီးကောင်းတစ်ခုကို ပရိတ်သတ်ကြီးတို့အတွက်
တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်း
ဂရီဆယ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်
ပြန်ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုးသာမန်ဘဝနဲ့ အမျိုးသမီးတစ်
ယောက်အကြောင်းတော့မဟုတ်လေဘူး။ မိုင်ယာမီကို ပြောင်းလာပြီး
သား၃ယောက်အမေဘဝကနေ မူးယစ်ဆေးအကြီးအကျယ်ဖြန့်တဲ့သူ
ဖြစ်လာတဲ့အမျိုးသမီးဂရီဆယ်ဒါဆိုတဲ့ ဒီအမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပါတယ်။ ၁၉၇၀ကနေ ၂၀၀၀ခုနှစ်အစောပိုင်းကာလတွေအတွင်း မိုင်ယာမီမှာ“Cocaine Godmother”၊ “The Black Widow”၊ “The Lady of
Mafia”ဆိုပြီး ကျော်ကြားခဲ့တဲ့အမျိုးသမီး။ ကျူးဘားကနေ ရွှေ့ပြောင်း
အခြေချလာတဲ့သူတွေကို စုစည်းပြီး မိုင်ယာမီမှာ မူးယစ်ရာဇာဘုရင်မ
အဖြစ်အုပ်စိုးခဲ့သူတစ်ယောက်။ အစက ဂရီဆယ်ဒါက သား၃ယောက်
အမေ၊ သူယူထားတဲ့နောက်ယောက်ျားလုပ်နေတဲ့ မူးယစ်ဆေးတွေမှောင်
ခိုကုန်ကူးတဲ့လုပ်ငန်းကို ကူပေးတယ်။

တစ်နေ့ကျပြဿနာတက်တော့ ကလေး၃ယောက်ကိုခေါပြီး မိုင်ယာမီကို
ထွက်ပြေးဖို့ဖြစ်လာတယ်။ မိုင်ယာမီမှာ ဘဝသစ်စမယ်လို့တွေးထားပေမဲ့
ဂရီဆယ်ဒါ့ခမျာ လက်မဲ့ခြေမဲ့ဖြစ်နေတုန်း ကလေး၃ယောက်ကို ကျွေးမွေးဖို့
ဒုတိယဘုရားသခင်ကို လိုလေတော့ သူ့အရင်အလုပ်ကိုပဲ ပြန်လုပ်ရပါလေ
ရော။ မိုင်ယာမီဆိုတာ သူ့အတွက်စားကျက်သစ်၊ နယ်ပယ်သစ်။ သူ့အရင်
အုပ်စိုးနေတဲ့ ကျားတွေ‌ ခြင်္သေ့တွေရှိပြီးသားနေရာတစ်ခု။ အဲလိုဆိုပြီး ဂရီ
ဆယ်ဒါက နွဲ့နွဲ့နှောင်းနှောင်းမိန်းမကောင်း လုပ်နေလို့မရ။ သူ မလုပ်ရင်
သူ့ကလေးတွေငတ်မယ်။ ဒါနဲ့ပဲ ဂရီဆယ်ဒါတစ်ယောက် ဒီချောက်နက်ထဲကိုပဲ
တစ်ခါခုန်ဆင်းရပြန်တယ်။ ဂရီဆယ်ဒါကို ဗဟိုပြုပြီး မိုင်ယာမီရဲ့မြေအောက်
မူးယစ်ဆေးလောကအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်စီးရီးကောင်း
တစ်ခုဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဗျာ။
Road House (2024)

ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီးUFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။

ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာUFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကိုလေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာအကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီးလမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့

ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ ရှယ်ကြိတ်တာတွေသာကြည့်လိုက်ကြပါ။
စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။

ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။

အဓိကကတော့ စွန့်စားခန်းတွေပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။

ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာနေပြီးလေ့လာရေးလုပ်ကြပါတယ်။

ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။

တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီးသူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။

ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။

ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။
Dain The Bermuda Triangle : Explore The World (2014)

National GEO Graphic Channel မှ ထုတ်လွှွင့်ခဲ့သော ဘာမြူဒါတြိဂံ ဒေသ အကြောင်းသိပ္ပံပညာရှင်များမှ အဖြေရှာခဲ့သော Documentary အား Channel Myanmar ပရိတ်သက်များဗဟုသုတ ရရှိစေရန် အတွက် CM Translator တစ်ဦးဖြစ်သူ Min Thet Oo မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်…

ဘာမြူဒါ ဒေသ အတွင်း စစ်တိုက်လေယဉ်များ ၊ သင်္ဘောများ များစွာ အကြောင်းကိစ္စ မရှိပျောက်ဆုံးသွားခဲ့ပြီးအကြောင်းအရင်းအား ရှာဖွေ ဖော်ထုတ်ခဲ့သော မှတ်တမ်း ဖြစ်ပါတယ်…
Jonah (2023)

Jonah 2023 ဇာတ်ကားက လျှို့ဝှက်သည်းဖို ဇာတ်လမ်းပါ။ ဂြိုလ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုနိုင် ၊ မပြုနိုင်အပေါ်တခြား လျှို့ဝှတ်ထားတဲ့ ရှုထောင့်တွေကနေ စိတ်ဝင်တစားဖြစ်လာအောင် ဖန်တီးထားတာပါ။

လူသားတွေရဲ့ သဘာဝ အရင်းအမြစ်တွေအပေါ် လျစ်လျူရှုမှု ၊ ဖျက်လိုဖျက်ဆီးလုပ်မှုတွေကို ထည့်ဝင်ပြီးတော့ ရိုက်ကူထားတာမို့ ဇာတ်လမ်းနဲ့သိပ်မဆိုင်သလိုခံစားမိနိုင်ပေမယ့် စဥ်းစားရမယ့် ကိစ္စကိုယ်၌ကအဲဒီလိုဖြစ်နေတာကြောင့် Mystery တွေရဲ့ ပုံစံအတိုင်းစဥ်းစားရကျပ်တာတွေ ခံစားရမှာပါ။

ဇာတ်လမ်းကျောရိုးကတော့ စိတ်ဝင်စားစရာဇာတ်လမ်းတွေရှာဖွေထုတ်လုပ်တတ်တဲ့ရိုက်ကူးရေးလုပ်ငန်းက ဂြိုလ်သားရဲ့ပြန်ပေးဆွဲမှုကို ခံရတယ်လို့ ပြောလာတဲ့ သားအမိနှစ်ယောက်ရဲ့အခြေအနေကို စုံစမ်းရင်းက သူ့ကိုယ်သူပါ ဂြိုလ်သားပြန်ပေးဆွဲမှုဆိုတာမျိုးကြုံဖူးသလို ခံစားမိရင်း ကြုံရတဲ့ဒုက္ခတွေကိုတင်ပြထားတာပါ။
Frankensteins Army (2013)

2013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer ​တွေကြား ရွံစရာ​​ ​ကြောက်စရာ မနှစ်မြို့စရာ​​ကောင်းတယ်ဆိုတဲ့ Review ​တွေရထားတဲ့ Frankenstein’s Army ဆိုတဲ့ကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ဗျ

ဇာတ်လမ်းအညွှန်း ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သား​တွေ ဂျာမနီရွာ​လေးတစ်​ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှား​ခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်​ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်း​တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါ​တော့တယ်

ဒါ​ပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှား​​ခေါ်ခဲ့တာလဲ ဒီဟာ​တွေရဲ့​နောက်ကွယ်မှာ ဘာရည်ရွယ်ချက်​တွေရှိလဲဆိုတာ​တွေကိုဘယ်သူမှ မသိခဲ့ရပါဘူး

သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အ​ဖေ​တွေရဲ့ နည်း​တွေက​နေ ​​သွေဖယ်ပြီး ဘာရည်ရွယ်ချက်​ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာ​တွေကို တီထွင်​​နေရလဲဆိုတာ​တွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ။
Jumper (2008)

မျက်စိနဲ့မြင်ဖူးတဲ့ ဘယ်နေရာကိုမဆို တမုဟုတ်ချင်းသွားနိုင်တဲ့ Jumper လိုစွမ်းအားရှိတဲ့ လူသားက ဒီဇာတ်ကားကို ဦးဆောင်ပါတယ်။ စွမ်းအားရှင်လူစွမ်းကောင်းဖက်ကို ဦးတည်ရင်ပိုကောင်းမယ့်ဇာတ်အိမ်မျိုးဖြစ်ပေမယ့် ဒါရိုက်တာကတော့ သမားရိုးကျပဲ ဇာတ်လမ်းကိုတည်ဆောက်လိုက်ပါတယ်။ ခံစားကြည့်ပါဦး။ IMDb Rating(6.1/10) ရရှိထားတဲ့ Action, Adventure, Sci-Fi အမျိုးအစားဇာတ်ကားပါ။
Terlalu Tampan ( 2019 )

ဒီဇာတ်ကားလေးကတော့ IMDb မှာလည်း 7.1 အထိရထားပြီ Niflix မှာလည်း 8.6/10 ထိရထားတဲ့ အင်ဒိုနီးရှားဆယ်ကျော်သက် ပေါ့ပေါ့ပါးပါးအချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ရုပ်ရှည်ချောပြီးခန့်ညားလှပြီဆိုပြီးအရာရာအဆင်ပြေပြီလိုထင်ကြတဲ့သူတွေရှိကြပေမယ့်

ဒီမှာတော့မျိုးရိုးလိုက်ရုပ်ချောတဲ့ အချောကြီးမိသားစုကပေါက်ဖွားလာလို စော်ကြည်ဘဲဖြစ်နေတဲ့ ကောင်လေးတစ်ယောက်….. တွေ့သမျှမိန်းမတိုင်းက သဲသဲလှုပ်ကြလွန်းလိုအပြင်တောင်မထွက်ရဲအောင်ဖြစ်ရပြီး ချောလွန်းလိုဒုက္ခရောက်နေရတဲ့ ကူလင်းတစ်ယောက်…..

မိဘတွေနဲ့အစ်ကိုဖြစ်သူတိုပေါင်းပြီးဂျင်းထည့်လိုက်လို မဖြစ်မနေအပြင်ကျောင်းစတက်ရတဲ့အခါ.. လောကကြီးထဲ တကယ်စပြီးတိုးဝင်မိတဲ့အခါမှာတော့ သူ့ကြောက်နေတဲ့အရာတွေ…. သူလက်ခံထားတဲ့စံသတ်မှတ်ချက်တွေ… အားလုံးပြောင်းလဲသွားပါတယ်။

တကယ်အဲလိုဖြစ်သွားစေရအောင် ကျောင်းစတက်ကတည်း ဘယ်လိုတွေဖြစ်ခဲ့လဲ… ဘာတွေကအဓိကဖြစ်စေခဲ့လဲဆို တာတော့.လူငယ်အချစ်ဟာသကားလေးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းစေမှာပါ။
Half Heaven (2023)
တစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဇာတ်အကွေ့အပြောင်းမြန်မြန်ဆန်ဆန်နဲ့ ကြည့်ရမယ့် Drama ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာတစ်ယောက်က ဘာသာရေးကင်းမဲ့ဇုန်မှာ တရားဟောပြောဖို့အတွက် မိုဘိုကိုဆိုတဲ့ ဘာသာရေးကင်းမဲ့ပြီး လုံးဝကိုအန္တရာယ်များတဲ့နေရာဒေတစ်ခုကို ရောက်လာခဲ့ပါတယ်။
ဘဝတစ်လျှောက်လုံးမှန်မှန်ကန်ကန်နေထိုင်ခဲ့တဲ့ ဖာသာတစ်ယောက် ရောက်‌ရောက်ချင်းချင်း ဓားပြတိုက်ခံရပြီးတော့ ပြည့်တန်ဆာတွေနေထိုင်တဲ့နေရာမှာ ခဏတာအကူအညီယူပြီးနေထိုင်ဖို့ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဘာသာရေးကင်းမဲ့ပြီး ပြစ်မှုတွေပြည့်နှက်နေတဲ့နေရာကို ဖာသာတစ်ယောက်ဘယ်လိုကြိုးစားရုန်းကန်ပြီး ပြန်လည်တည်ဆောက်သွားမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
Brother’s Keeper (2021)
တူရကီ နိုင်ငံရဲ့ အရှေ့ဘက်အစွန် ဆီနှင်းတွေထူထပ်နေတဲ့နေရာမှာ အထီးကျန်စွာတည်ရှိနေတဲ့ ယောက်ျား‌လေးဘော်ဒါကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို အငြိမ်လေး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေကြားက အေးစက်ပြီး ဗျုရိုကရေစီဆန်တဲ့ ဆက်ဆံရေးကို ရိုက်ပြထားပြီး ဇာတ်လမ်းတစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားရ‌စေမှာပါ။ ဒါရိုက်တာ Ferit Karahan က သူ့ရဲ့ မသာယာတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရိုက်ထားတယ်လို့ သိရပါတယ်။ဇာတ်လမ်းကတော့
မယ်မတ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ သေလုမျောပါးနေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း ယူဆုဖ်က သူ့ကိုပြုစုစောင့်ရှောက်ရင်းနဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေကိုအသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတဲ့အခါ ကလေးဟာ အပြစ်ပေးခံရလို့ ဒီလိုဖြစ်သွားတာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ဘာလို့ အပြစ်ပေးခံရတာလဲ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူလဲ၊ ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။
Boundary (2013)

ဇာတ်လမ်းအကျဥ်း...
ဒီရုပ်ရှင်လေးကတော့ ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံကြားမှာရှိခဲ့တဲ့ နယ်စပ်စစ်သားတွေကြားက ပဋိပက္ခတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ နှစ်နိုင်ငံရဲ့နယ်စပ်အနီးတစ်ဝိုက်မှာနေကြတဲ့ ရွာသားတွေဟာ ဆန္ဒပြပွဲတစ်ခုကနေစခဲ့တဲ့စစ်ပွဲကြောင့် အထိအခိုက်တွေ ဖြစ်သွားခဲ့ရပါတယ်။ ပဋိပက္ခအားလုံးရဲ့ပြဿနာအစကတော့ ဖရာဝိဟန်ဘုန်းတော်ကြီးကျောင်းကို ကိုယ့်အပိုင်သူ့အပိုင်ဆိုပြီး လုတာကနေစခဲ့တာပါ။ အဲ့ဒီပိုင်နက်ကိစ္စကြောင့်ပဲ ထိုင်းလူမျိုးတွေထဲမှာ အုပ်စုနှစ်စုကွဲသွားခဲ့ပါတယ်။
အုပ်စုတစ်စုကတော့ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ဖရာဝိဟန်ဘုန်းတော်ကြီးကျောင်းကို ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ်အဖြစ် ကမ္ဘောဒီးယားပိုင်ဆိုပြီး သတ်မှတ်တာကို သဘောမတူခဲ့ပါဘူး။ အဲ့လိုနဲ့ ဆန္ဒပြရာကနေ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကြားကရွာတွေမှာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ ကမ္ဘောဒီးယားနယ်ခြားစောင့်တပ်တို့တွေ အပြန်အလှန်ပစ်ခတ်ကြပါတယ်။ ဘုန်းကျောင်းနဲ့ပက်သက်ပြီး မကျေနပ်ကြတဲ့အဖွဲ့က ထိုင်းအစိုးရကို ဖရာဝိဟန်ဘုန်းကျောင်းကို ကမ္ဘောဒီးယားတွေပိုင်သွားတာက 'ထိုင်းနိုင်ငံရဲ့ပိုက်နက်ဆုံးရှုံးမှု' အဖြစ်ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးဆန္ဒပြပွဲကြီးတစ်ခုမှာ ထိုင်းအစိုးရက ထိုင်းစစ်တပ်ကိုသုံးပြီးတော့ လူထုဖြိုခွင်းရေးလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။
Signal The Movie 2021

ဇာတ်လမ်းအစ အသံတိတ် လူသတ်သမားတွေရဲ့ လက်ချက်ကြောင့်
သေသွားခဲ့တဲ့ ခေါင်းဆောင် ဆာကူရာဂီ ရဲ့ တပည့်ဖြစ်သူ ဆယ်ဂူဆာ ဟာ သူတို့ ခေါင်းဆောင် ကို သတ်သွားတဲ့ လူသတ်သမားကို လိုက်ရှာဖို့အတွက် အိုယာမီ အဖွဲ့နဲ့ပူးပေါင်းခဲ့တယ်

ဒါပေမယ့် အိုယာမီ ဟာလည်း လူသတ်သမားတွေ လိုက်သတ်လို့ ထွက်ပြေးရင်းနဲ့ ဇာတ်မြုပ်သွားခဲ့ပါတယ်

ဒါကြောင့် ဆယ်ဂူဆာ ဟာ အိုယာမီ ကို လူသတ်သမားတွေ ဘာကြောင့် လိုက်သတ်တာလဲဆိုတာ စုံစမ်းရင်း လူသတ်သမားတွေဟာ တခြားလူတွေမဟုတ်ဘဲ အထက်လူကြီးတွေရဲ့ ခိုင်းစေမှာကြောင့်ဆိုတာ သိသွားခဲ့ရာမှာတော့

အထက်လူကြီးတွေရဲ့ မကောင်းတဲ့ ဒုစရိုက်လုပ်ငန်းတွေကို အိုယာမီ သိသွားခဲ့လို့ လိုက်သတ်ခဲ့တာလား?

စုံထောက်လေး ဆယ်ဂူဆာက ရော အထက်လူကြီးတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလား?

အိုယာမီ ကရော ဘယ်ချိန်မှ ပြန်ဖော်
လာပြီး အထက်လူကြီးတွေ ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မလဲ ဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ရအောင်
The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler’s list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကိုနာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler’s List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The Pianist နဲ့အတူ ပြန်လာခဲ့ပြီဘဲဖြစ်ပါတယ်။ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပီးရိုက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Wladyslaw Szpilman ကလဲ ဒီရုပ်ရှင်မထွက်ခင် ၂ နှစ်အလိုကဘဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
~~~
The Pianist ဟာ ဒုတိယကမ္ဘာစစ်တွင်းက ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Szpilman တယောက် ဂျာမန်လက်ထဲကနေ လွတ်မြောက်ပီး ဝါဆောမြို့မှာ ပုန်းအောင်းရင်းအသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ခဲ့ရတဲ့အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းရဲ့အစမှာတော့ Szpliman တစ်ယောက် ဝါဆောမြို့ရေဒီယိုစခန်းတခုမှာ piano တီးနေခဲ့တယ်။အဲ့အချိန်မှာဘဲ ပထမဆုံးဂျာမန်ဗုံးတွေ ပိုလန်မြို့ပေါ် ကြဲကျတော့ အဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဘေးလွတ်ရာပြေးကြတယ်။ စစ်ရဲ့အစပေါ့…
အင်္ဂလန်နဲ့ ပြင်သစ်တို့ စစ်ကြေညာကြောင်းထုတ်ပြန်တော့ မြို့ကနေ ထွက်ခွါတဲ့သူတွေက ထွက်ကြတယ်။ဒါပေမဲ့ Szpilman တို့မိသားစုကတော့ ဝါဆောမြို့ကနေထွက်မပြေးခဲ့ဘဲ အခြေအနေကောင်းဖြစ်လာမှာကိုဘဲ စောင့်မျှော်နေခဲ့ကြတယ်။
ဒါပေမဲ့ ရလာဒ်ကထင်ထားသလိုဖြစ်မလာဘဲ ဂျာမန်တွေ ပိုအာဏာရ အင်အားကြီးလာပြီး ပိုလန်နိုင်ငံကို ဝါးမြိုလာပါတော့တယ်။
မြို့ထဲမှာရှိတဲ့ဂျူးမှန်သမျှ Ghetto ထဲကိုပြောင်းရွှေ့နေခိုင်းတယ်။ဂျာမန်တွေဟာ ဂျူးတွေကို လူလိုမသတ်မှတ်ဘဲ ညှင်းပန်းနှိပ်စက်ကြတယ်။အဲ့ဒါပြီး ကမ္ဘာ့သမိုင်းမှာအရက်စက်ဆုံးဖြစ်တဲ့ဂျူးအားလုံးကိုအမြစ်ပြတ်သတ်ဖြတ်မဲ့ Auschwitz ကိုရထားတွေနဲ့ ပို့ပါတော့တယ်။
အဲ့ထဲမှာလဲ ဂျူးမိသားစုဖြစ်တဲ့ Szpilman တို့မိသားစုကလဲ အပါအဝင်ပေါ့။
ကံကောင်းချင်တော့ ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတယောက်က Szpilman ကိုကယ်လိုက်တယ်။ ဒီလိုနဲ့ဘဲ Szpilman တစ်ယောက် သေကံမရောက် သက်မပျောက်ဘဲ ဝါဆောမြို့မှာ တစ်ယောက်ထဲ အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။
ဒါပေမဲ့ အဲ့လိုရှင်သန်ရတာလဲ မလွယ်ကူပါဘူး။အသက်မသေရုံတမယ်ပါဘဲ။သူချစ်တဲ့သူ့မိသားစုကိုလဲ ဆုံးရှုံးခဲ့ရတယ်၊ သူသိပ်ဝါသနာပါတဲ့ Pianist အလုပ်ကိုလဲစွန့်လွှတ်ရတယ်၊သူနေတဲ့ တမြို့လုံးလဲ အနိဋ္ဌာရုံဖြစ်သွားခဲ့ရတယ်။
ဒီရုပ်ရှင်ဟာ ဂျာမန်တို့ဝါဆောကို စသိမ်းတဲ့ ၁၉၃၉လောက်ကနေ ဆိုဗီယက်တပ်နီတော်ကြီး ပိုလန်ကိုပြန်သိမ်းယူတဲ့ ၁၉၄၅ လောက်အထိအတွင်းမှာ ယိုယွင်းပျက်စီးပြီး လူသူမဲ့နေတဲ့ ဝါဆောမြို့လယ်ထဲမှာ Pianist Szpilman တစ်ယောက် ဘယ်လိုအသက်ရှင်ဖို့ကြိုးစားခဲ့ရပုံကို ရင်တလှပ်လှပ်နဲ့ကြည့်ရှူရမာဘဲ ဖြစ်ပါတယ်။Szpilman နေရာကသရုပ်ဆောင်တဲ့ Adrien Brody ကလဲ သူ့ဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်သွားနိုင်ခဲ့တယ်။ ဒီဇာတ်ကားနဲ့ဘဲ သူ့အသက်၂၉ မှာ ပထမဆုံး Oscar ရခဲ့တယ်။(ဒါတင်မက Szpilman ဟာ နာဇီဗိုလ်ချုပ်ကြီးကို Piano တီးပြတဲ့ ဇာတ်ဝင်ခန်းဟာ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းတွေထဲ က တစ်ခုပါတဲ့လေ)
အဲ့တော့ဒါဟာ ကမ္ဘာ့ rating အများဆုံး ဇာတ်ကားတွေထဲမှာ အဆင့် ၃၅ နေရာကနေ ရပ်တည်နေတဲ့ Polanski ရဲ့ The Pianist ဘဲဖြစ်ပါတယ်။Oscar Nomi 7 ဆုမှာ 3 ဆုထိရရှိထားပြီး တခြားဆုပေါင်းများစွာလဲရရှိထားပါသေးတယ်။
အကယ်၍ခများဟာ ရသမျိုးစုံပေးနိုင်တဲ့ စစ်ကားကောင်းကောင်းတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ The Pianist ကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Braveheart (1995)

IMDb 8.4 ရထားတဲ့ သမိုင်းနောက်ခံ အမေရိကန် ရှေးစစ်ကားတစ်ခု တင်ပေးထားပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်ကတော့ စကော့ စစ်သူရဲကောင်းကြီး ဝီလီယမ် ဝေါလေ့စ် နေရာကနေ သရုပ်ဆောင်ထားခဲ့တာပါ။
အော်စကာ ဆန်ကာတင် ၁၀ နေရာ ပါဝင်ခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာ ဆု အပါပအဝင် ၅ ဆု တိတိ ဆွတ်ခူးသွားခဲ့တာပါ။ ပထမ စကော့တလန် လွတ်မြောက်ရေး စစ်ပွဲ ဦးဆောင်ခဲ့ တဲ့ စစ်သူရဲကောင်း ဝီလီယံ အကြောင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာ ( Blind Harry’s epic poem The Actes and Deidis of the Illustre and Vallyeant Campioun Schir William Wallace) ကို အခြေခံပြီး ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။
၁၃ ရာစု အင်္ဂလန်ဘုရင် ပထမအက်ဒ်ဝက် လက်ထက်မှာ ပဲ ဖြစ်ပါတယ်။ အတော်ကြီးကို ကောင်းတဲ့ ရုပ်ရှင်ကားကြီးတစ်ခုမို့ ကြည့်နိုင်ကြဖို့ တင်ပေးထားလိုက်ပါတယ်။
The Dead Lands (2014)

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကို ပြန်ဖောက်မယ်ဆိုရင် ကမ္ဘာကြီးက မျက်ကန်းတို့ပျော်စံရာဖြစ်သွားမှာပေါ့လေ။ အိန္ဒိယလူထုခေါင်းဆောင်ကြီး ဂန္ဓီပြောခဲ့တဲ့စကားလေးပါ။ လက်စားချေခြင်းဟာ သတ်ဖြတ်ခြင်းသံသရာကိုပဲ ဆက်လည်ပတ်စေမှာဖြစ်လို့ စိတ်ဓာတ်အင်အားနဲ့ နှလုံးသားကြီးမြတ်သူတို့ကပဲ သံသရာစက်ကွင်းကို ခါးလယ်က ဖြတ်နိုင်ကြပါတယ်။
သူ့မြေ ကိုယ့်မြေခွဲပြီး သူတစ်လူငါတစ်မင်း နေခဲ့ကြတုန်းက ကြီးကျယ်တဲ့စစ်ပွဲကြီးတွေ ခဏခဏ ဖြစ်ပွားခဲ့ဖူးတယ်။ နောက်တော့ ငြိမ်းချမ်းရေးအတွက် မျိုးနွယ်စုတွေအားလုံး အာဃာတတွေ သင်ပုန်းချေအပြီး တည့်တည့်ရှုရှုနေချိန်ရောက်တော့မှပဲ စစ်ပွဲနတ်ဘုရားက လူသားတွေကို လက်ဆောင်ပေးလိုက်တဲ့ တိုက်ပွဲတစ်ပွဲကို ဖော်ကျူးတဲ့ဇာတ်ကားပါ။
ဘိုးဘွားတို့အမွေ၊ အစာနဲ့ရေကိုပေးတဲ့မြေ၊ ခိုလှုံရာအမိမြေက ကိုယ့်မျိုးနွယ်ကို သစ္စာဖောက် ကျောခိုင်းခဲ့သူ နတ်ဆိုးကြီးအမည်တွင် မကောင်းဆိုးဝါးကြီး…
ငြိမ်းချမ်းရေးကြီးစိုးနေတဲ့မြေမှာ ယောက်ျားတို့ဂုဏ်သရေထွန်းပြောင်ချင်တဲ့ဆန္ဒသက်သက်နဲ့ စစ်ပွဲကို အတင်းခေါ်သွင်းလာသူ ဂုဏ်မက်သူကြီး ဝီရပါ…
အန္တရာယ်တို့ကြီးစိုးလေသော
Geocentric Crisis (2023) အသစ်စက်စက်

ဇာတ်လမ်းအကျဥ်း

ဒီဇာတ်လမ်းလေးက အခြား Sci-Fi ကားတွေလိုပဲ အနာဂတ်ရဲ့အချိန်ကာလတစ်ခုကို ဇာတ်အိမ်တည်ထားပါတယ်

~ နောက်နှစ်ပေါင်းများစွာကြာပြီးတဲ့ အနာဂတ်မှာတော့ ကမ္ဘာမြေကြီးရဲ့ ဖန်လုံအိမ်အာနိသင်ဟာ ပိုမိုဆိုးရွားလာတဲ့အတွက် ပတ်ဝန်းကျင်ယိုယွင်းလာပြီး  လူတွေဟာ ရှင်သန်ဖိုအတွက် မြေအောက်မြိုတော်ကို ပြောင်းရွှေ့နေထိုင်ရပါတယ်

~ ဒါပေမဲ့ နေထိုင်တာ ကြာမြင့်လာတဲ့အခါမှာတော့ မြေအောက်မြိုတော်ရဲ့ စွမ်းအင်အရင်းအမြစ်တွေဟာ တစ်နေ့တခြား ဆုတ်ယုတ်လာပြီး မြေအောက်ရဲ့ သက်ရှိဦးရေ  အဆမတန်တိုးပွားလာမှုကြောင့် လူတွေဟာ မြေအောက်မှာလည်း နေထိုင်လိုမရတော့ပဲ ကမ္ဘာမြေပြင်ပေါ်သို ပြန်လည်အခြေချနေထိုင်ဖို နည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်

~ ပညာရှင်တိုရဲ့ အမျိုးမျိုးတွက်ချက်မှုတွေ ပြီးသွားတဲ့နောက်မှာ လူသားတွေကို မြေပြင်ပေါ်သိုပိုဆောင်နိုင်မယ့် ပရောဂျက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ကြပါတယ်

~ ဒါပေမဲ့ စတင်စမ်းသပ်သည့်နေ့မှာပဲ အဆိပ်ရှိတဲ့ ဓာတ်ငွေ့တွေ လွတ်ထွက်လာပြီး မြေအောက် မို‌ဒေါ် အိမ်မြှောင်တွေဟာ ချက်ချင်းဆိုသလို ကြီးမားသော သားရဲကောင်များအဖြစ်သို ပြောင်းလဲသွားတဲ့ အခါမှာ  .  .  .

မြေအောက်ပြည်သူတွေဟာ အဲ့ဒီသားရဲကောင်ကြီးတွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား?

မြေပြင်ပေါ်ကို ဦးတည်တဲ့ တစ်စီးတည်းသော ရထားခရီးစဥ်ကြီးက‌ရော အဆုံးသတ်မှာ အဆင်ပြေပြေနဲ့ ကမ္ဘာမြေပြင်ပေါ်ကို ရောက်ရှိသွားမလား?

စတာတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုရမယ့်ကားလေးပဲ  ဖြစ်ပါတယ်
မင်းသားကြီး Vin Diesel ရဲ့ နာမည်ကျော် အာကာသဖိုက်တာ Riddick ဇာတ်ကားတွေပါ။Sci-Fi အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Action အသားပေးအနေနဲ့ အမြဲအမှတ်ရနေမိမယ့်ဇာတ်ကားမျိုးတွေပါ။ဒီဇာတ်ကားတွေကို ကြည့်မိတိုင်း ကျွန်တော်ဟာ အာခေါင်ခြောက်ကပ်ပြီး အနာဂတ်ကိုလှမ်းမြင်နေရသလို ရင်ထိတ်လာတယ်။ အထွေထွေပျက်စီးနေတာကို တရားကျရင်း ဘာအတွက်မှန်းမသိတဲ့ အတ္တတွေ အစဉ်အဆက်ကြီးထွားနေတာကို ရွံ့မုန်းလာမိရဲ့။တစ်ခါတစ်ခါတော့ ရှင်သန်ခြင်းကို ဇယားချကြည့်တယ်…သေခြင်းကလွဲလို့အားလုံးက မှုန်ဝါးနေရော။ဒီလိုအချိန်မှာ Riddick ရဲ့ ဝိဉာဉ်ကို မြင်မိတာအကြိမ်ကြိမ်အခါခါ။Riddick ဟာ တစ်စုံတစ်ခုကို ဆုပ်ကိုင်လမ်းပြထားတယ်..ကျွန်တော်တို့ ခံစားကြည့်ပါစို့။
အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို
ဂန္ထဝင်မင်းသားကြီး Gene Wilder နဲ့ Johnny Depp တို့ရဲ့ အရင်နှစ်ကားက Willy Wonka အတိတ်ဘဝဇာတ်ကြောင်းအစစ်ရယ်မဟုတ်ဘဲ Standalone ခွဲထွက်ထားတာဖြစ်လို့ ဒါကြည့်ဖို့ အရင်ကားတွေကို ကြည့်စရာမလိုပါဘူး။ အဲဒီတော့ ဒီအတိုင်း Musical ကားတစ်ကားအနေနဲ့ပဲ အကအလှတွေ ခံစားနားဆင်လိုက်ကြပါဦး။အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။
မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် တင်ဆက်ထားပြီး ဟောလိဝုဒ်ရဲ့ အ‌ကျော်အမော်တွေဖြစ်တဲ့ အော်စကာဆုရှင် Olivia Colman, မင်းသားကြီး Rowan Atkinson နဲ့ Hugh Grant တို့အပြင် ဟာသမင်းသား Keegan-Michael Key ကလည်း ဇာတ်ရံနေရာကနေ အကောင်းဆုံးပါဝင်အားဖြည့်ပေးထားပါသေးတယ်။
3AM part (1)

2012 ထွက်ရှိခဲ့တဲ ထိုင်းသရဲ ရုပ်ရှင်ဖြစ်ပြီး ဇတ်လမ်း ၃ မျိုး ပါ၀င်ပါတယ်..
၁. ဆံပင်တုလုပ်သူ
၂.အသုဘ အလောင်းပြင်သူ
၃. အစအနောက်သန်သူ

ဆံပင်တု လုပ်တဲ့နေရာသို့ သင်းချိုင်းကုန်းမှ အလောင်းဆီကနေဆံပင်ဖြတ် လာရောင်း တာကို ၀ယ်လိုက်မိပြီး ဒုက္ခများသွားတဲ့ညီအစ်မ နှစ်ယောက်….အသုဘ အလောင်းပြင်ဖို့ တာ၀န်နဲ့ အသုဘ အလောင်းနှစ်ခုကိုညအိပ်စောင့်ရင်း စပ်စုတက်တဲ့ စိတ်ရယ် သနားစိတ်ရယ်အချစ်စိတ်ရယ် ပေါင်းပြီး သေသူ ကိုကြိုက်မိသူ တစ်ဦး….နည်းပညာ Co.Ltd တစ်ခုရဲ့ မန်းနေးဂျင်းဒါရိုက်တာ နှစ်ဦးမှအလုပ်တွင် ရေသာချောင်ခိုလိုက်ပြီး ညဘက် OT ဆင်းတယ်ဆိုပြီးအချိန်ပိုကြေးတွေ ညာယူနေတဲ့ ၀န်ထမ်းတွေကို စနောက်ရင်းကနေအလုပ်အတွင်း လူသေမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တဲ့အခါ…ဇတ်ကား သုံးကားလုံး ရဲ့ အချိန်ကြာမြင့်ချိန်၁ နာရီခွဲခန့် ရှိပြီး နှလုံးရောဂါရှိသူများ ကြည့်ရှုရန်မသင့်တော်ပါ…