UPDATE - အညွှန်းသီးသန့်
7.2K subscribers
12 links
Download Telegram
3AM Part(2)
===========

၁။ အစိမ်းသေ

၂။ ခေါင်းပြတ်သီလရှင်

၃။ ပုံပြောသူ

ဒီအခန်းမှာလဲ အရင် Part 1 တုန်းကလိုဇာတ်လမ်းတို
၃ပိုင်းပါဝင်ပါတယ်။

အစိမ်းသေ
=========

အရာတစ်ခုခုကို စွဲလန်းပြီး သေသွားတဲ့ လူတစ်ယောက်ဟာသူ စွဲလန်း နေတဲ့ အရာတစ်ခုခု အတွက် ကျန်တဲ့သူတွေကိုပါကောင်းကောင်းမနေရအောင် ဒုက္ခလိုက်ပေးတက်တဲ့သူ...

ခေါင်းပြတ်သီလရှင်
================

ဘုရားကျောင်းပျက် တစ်ခုထဲမှာ စန္ဒရား တစ်ခု ရှိပြီး
အဲ့ဒီ စန္ဒရား ကို မကြောက်မလန့် သွားတီးခဲ့ရင်
ခေါင်းပြတ်သီလရှင် က လာခေါ်တယ်ဆိုတဲ့ ယုံတမ်း ပုံပြင် တစ်ခုနဲ့ အချစ်အတွက် အရူးလုပ်ခံလိုက်ရတဲ့
တွမ်ဘွိုင်းလေး....

ပုံပြောသူ
========

အထက်ပါ ခေါင်းစဉ် ၂ခုကို ဒီပုံပြောသူတွေက ပြောခဲ့တာဖြစ်ပြီးပုံပြောပြီးတဲ့နောက် အဲ့ဒီ ပုံပြင်တွေက သူတို့ အနောက်ကိုကပ်ပါလာခဲ့သော အခါ.....
3 A.M. PART 3 [2018]

ဒါရိုက်တာ  Nitivat Cholvanichsiri, Phawat Panangkasiri တိုက ရိုက်ကူးထား၍ Sukosin Akkrapat, Ruttanaporn Pakpried တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ...

Vorakarn Rojjanavatchra, Akarin Akaranitimaytharatt, Passornkorn Chirativat တို့ ပါဝင်သရုပ်ဆောင်ထားသော...

Horror ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

ကြယ်ငါးပွင့်ကနေ မနက် ၃ နာရီဆို ကြောက်စရာ အကောင်းဆုံးအချိန် အမှောင်ဆုံးအချိန်ကနေ ထွက်ပေါ်လာတဲ့ ကြောက်စရာအသစ်တစ်ခု လူနဲ့ ဝိညာဉ် ရှင်သူနဲ့ သေသူ တစ်ယောက်နဲ့ တစ်ယောက်တွေ့တဲ့အခါ ဘယ်လို ကြောက်စရာတွေ ဖြစ်လာမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြပါ...
Wolves 2014

ဒီကားဟာ Jason Momoa နဲ့ Lucas Till တို့ ပါဝင်ထားတဲ့ သမန်းဝံပုလွေ သတ်ခန်းဖြတ်ခန်းအကြမ်းစားတွေပါဝင်တဲ့ အမိုက်စားကားပါ

အဒမ်ဘက်ချာဆိုတဲ့ လူငယ်လေး
တစ်ယောက်ဟာ ကျောင်းမှာစာတော်ပြီး ကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်

တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်ကသူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်

ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို သူ့ရဲ့စိတ်တွေဟာလည်းအရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်

အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကိုပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်
The Thing (1982)

ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ ကားလေးကတော့ Horror ကားဟောင်းလေးတစ်ကားပါ။ ဇာတ်လမ်းက သွေးထွက်သံယို သည်းထိတ်ရင်ဖို ကောင်းတဲ့ ကားလေးပါ။
ဇာတ်လမ်းအကျဥ်းအနေနဲ့ပြောရရင် မက်စ်ရယ်ဒီ တို့ အဖွဲ့တစ်ခုဟာ ရေခဲ ပြင်မှာ ပစ္စည်းတွေရှာပြီး စမ်းသပ်မှာတွေ လုပ်နေကြတာပါ။ သူတိူ့ရောက်နေတဲ့နေရာက သာမန်မြို့တွေထက် မိုင်းပေါင်း တစ်သောင်းလောက်ဝေးပါတယ်။ သူတို့လေ့လာနေတဲ့ ရေခဲပြင်အာက်မှာ အမျိုးအမည်မသိတဲ့အကောင်တွေ ကိန်းအောင်းနေထိုင်နေကြပါတယ်။ အဲအကောင်တွေဟာ သတ္တဝါတွေရဲ့ အစိတ်အပိုင်းကို စုပ်ယူပြီး ပုံတူကူးပြောင်းနိုင်ပါတယ်။
တစ်နေ့ မက်စ်ရယ်ဒီတို့ စခန်းကိုရောက်လာပြီး သူတို့ထဲက လူတွေကို ပုံတူကူးပြီး ဟန်ဆောင်နေတာပေါ့။ ဒါကိုသိတော့ အချင်းချင်းသံသယဖြစ်ပြီ တိုက်ကြ ခိုက်ကြတွေဖြစ်ကုန်ပါတော့တယ်။ အဲဒီအကောင်းကြီးကို ဘယ်လို ရှာကြမလဲ ။ သူတို့အချင်ချင်းရော ဘယ်လိုတူတူပူးပေါင်လုပ်ဆောင်ကြမလဲ ကတော့စိတ်ဝင်စားစရာပါ။ အသည်းငယ်တဲ့သူတွေ ၊ သွေးထွက်သံယို တွေကြောက်တဲ့သူတွေအဖို့ မကြည့်ဖို့ သတိပေးချင်ပါတယ်။
မိသားစုလိုက် အိမ်ပြောင်းလာကြတဲ့ ကောင်လေး။သူနဲ့ရွယ်တူ သူတို့အိမ်နီးချင်း ဂျူလီ ဆိုတဲ့ ကောင်မလေးက ဘရိုက်ရဲ့ မျက်လုံးလေးတွေ အောက်မှာ ကျရှုံးသွားပါတယ်။
အဲ့လိုနဲ့ ကျောင်းမှာလည်း ဂျူလီက ဘရိုက် နောက်ကို တကောက်ကောက်လိုက်နေခဲ့ပါတယ်...
ဘရိုက် တစ်ယောက် သူ့အဖိုးနဲ့ ဂျူလီတို့ ‌အိမ်ရှေ့မှာ မြက်ရှင်းနေတာကို မြင်တော့ အမြဲတမ်း သူ့‌နောက်ကလိုက်နေတဲ့ ဂျူလီကို ပထမဆုံး အကြိမ် သတိထားမိသွားပါတယ်
အထက်တန်းရောက်တော့ ဂျူလီလည်း တကယ် သဘောကျနေတာ ဟုတ်ရဲ့လားလို့ သူ့ဘာသူ တွေးမိလာပါတယ်။ပြီးတော့ အရင်လိုကြီး ကြိုးစားမနေတော့ဘဲ ပုံမှန် သူ့ဘာသူနေတော့တာပေါ့။တစ်ဖက်က ဘရိုက်ကလည်း ဂျူလီကို သတိထားမိလာပြီး ကျောင်းက ပွဲတစ်ခုမှာ ဘရိုက်က ဂျူလီ အခြားကောင်လေးတစ်ယောက်နဲ့ နေ့လယ်စာ အတူစားနေတာမြင်ပြီး “သူအဲ့ဒီမှာ ထိုင်ပြီး ရယ်နေတာတောင် ဘာလို့အဲ့လောက်လှနေရတာလဲ”လဲလို့တွေးမိပြီး သူ့စိတ်ထဲ ဂျူလီကိုချစ်မိ‌နေပြီဆိုတာ သိသွားပါတယ်။ဒီလိုနဲ့ ဂျူလီရဲ့ ပထမဆုံး အနမ်းလေးကို ဘရိုက်က ရယူသွားမလားဆိုတာကတော့..
Zombie ကားလည်းကြည့်ချင်တယ်။ ရင်တထိတ်ထိတ်လည်းမကြည့်တတ်ဘူး။ မပေါဘဲနဲ့အူနှိပ်ရယ်ရတဲ့ကားလည်းကြည့်ချင်တယ်ဆိုရင်တော့…

ဒီကားလေးကိုညွှန်းချင်ပါတယ်။

ဇွန်ဘီကားကိုမှဟာသပြောင်းရိုက်ထားရုံလေးတင်မဟုတ်ပါဘူး…. ဇာတ်လမ်းအချိုးအကွေ့လေးတွေဟာသိုလောသိုလောနဲ့
တဝါးဝါးရယ်နေတဲ့ ဇာတ်ကားကောင်းလေးပါ။

လူသားတွေရဲ့ လေ့လာစမ်းသပ်မှုတွေလွန်ကျွံပြီး ဘေးထွက်ဆိုးကျိုးတွေထွက်လာတဲ့တစ်နေ့..… ကိုရီးယားနိုင်ငံရဲ့လူသူသိပ်မရောက်တဲ့ချောင်ကျကျမြိုငယ်သေးသေးလေးမှာ နေ့စဉ်ဘ၀တွေဟာပုံမှန်အတိုင်းရိုးရိုးရှင်းရှင်းလေးလည်ပတ်နေစဉ်မှာပဲ...ဗဟုသုတနည်းတဲ့တောင်သူတောင်သားတွေဆီအတွက် ခပ်ကြောင်ကြောင်ပါလိုထင်ရတဲ့
လူငယ်လေးတစ်ယောက်ရောက်လာပါတယ်။

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို... .တစ်မြိုလုံးဒင်းလက်ချက်နဲ့ပွက်လောရိုက်လိုပါပဲ။ အဲ့အပြင်မြင်းကိုချိုတပ်ပေးသလိုဖြစ်ချင်တော့
မြိုကဓာတ်ဆီဆိုင်အစုတ်ပိုင်တဲ့ ပက်မျိုးနွယ်မိသားစုနဲ့သွားပေါင်းလိုက်တဲ့အခါ ငါးပါးတင်မဟုတ်ဘူး သံဃာစင်ပါမှောက်ပုံများ... ရယ်လိုက်ရယ်လိုက်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
Because I Love You (2017)

လီဟွန်းက accident တစ်ခုဖြစ်ပြီးထူးဆန်းတဲ့ကိစ္စတွေနဲ့ကြုံလာရတာပါ။
အချစ်ရေးအဆင်မပြေတဲ့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အဆင်ပြေမှ ပြန်ထွက်ခွင့်ရတာပါ။
ဒီအကြောင်းတွေကို သိတဲ့သူဆိုလို့ “စကာလီ” တစ်ယောက်ပဲရှိပြီး သူ့ကို ကူညီပုံတွေကို ဟာသ၊ဒရာမာချိုးပြီးရိုက်ကူးထားတဲ့ကားကောင်းတစ်ကောင်းပါ။
မထင်မှတ်တဲ့အလှည့်အပြောင်းတွေနဲ့ အူတက်အောင်ရယ်လည်းရယ် ငိုလည်းငိုရတဲ့ကား​လေးပါ
ချစ်ခြင်းမေတ္တာဆိုတာကို ပီပြင်အောင်ဖော်ညွှန်းထားနိုင်လို့အားလုံးအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် ...
Bardejov (2024)

ဒီရုပ်ရှင်ကတော့ ဂျူးလူမျိုးတွေရဲ့ ဖြစ်ရပ်မှန် သမိုင်းအဖြစ်အပျက်တွေထဲကတစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။

အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ဖြစ်ပြီး Bardejov ကတော့ ချက်ကိုစလိုဗားကီးယားနိုင်ငံထဲက မြို့ငယ်လေးတစ်ခုပါ။ Rafuel Lowy ကတော့ ဒီမြို့ငယ်လေးက ဂျူးအသိုင်းအဝိုင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ နာဇီတွေရန်ကြောင့် နေရာအနှံ့အပြားမှာ ဖိနှိပ်‌ခံနေရပြီး ကျီးလန့်စာစားနေရတဲ့အချိန်လည်းဖြစ်တယ်။တစ်ရက်မှာ ချက်ကိုစလိုဗားကီးယားရဲတပ်ဖွဲ့တွေက ဂျာမန်တွေနဲ့လက်ဝါးချင်းရိုက်ပြီး နိုင်ငံတ၀န်းက ဂျူးလူမျိုးတွေကို အလုပ်သွားလုပ်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ချောဆွဲပြီး ‌ဂျာမန်တွေလက်ထဲအပ်ဖို့လုပ်ပါတော့တယ်။ ဒီအဖြစ်ဆိုးကြီးက Bardejov မြို့ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး မြို့ထဲက မိန်းကလေးငယ်တွေကို ဖိနပ်စက်ရုံမှာအလုပ်စေခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးဖို့ကြိုးစားလာကြတဲ့အခါမှာတော့ ဂျူးလူမျိုး အကြီးအကဲဖြစ်တဲ့ Rafuel Lowy ဟာ သူ့ရဲ့မြို့ငယ်လေးက ‌‌ဂျူးလူမျိုးမြို့သူမြို့သားတွေကို ဘယ်လိုအကာအကွယ်ပေးဖို့ ကြံဆကြိုးစားမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။
Teri Baaton Mein Asia Uljiha Jiya (2024)

IMDb – 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီးနှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူအမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက်
အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့
ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)
Review ကိုတော့ အရင် FF ကားတွေကိုကြည့်ပီးတဲ့သူတိုင်းသိမှာဖြစ်တဲ့အတွက်မပေးလိုတော့ပါ သူတို့ရဲ့အကြောင်းပဲ အနည်းအကျဉ်းမိတ်ဆက်ချင်ပါတယ်။

Fantastic Four ဇာတ်လမ်းကို Stan Lee က ဖန်တီးရေးသားခဲ့ပြီး ရေးခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲ့ဒီအချိန်မှာ DC က Justice League of America ဆိုပြီး Superhero အဖွဲ့ ကိုစတင်မိတ်ဆက် နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Stan Lee က Marvel ရဲ့ ပထမဆုံး စူပါဟီးရိုး အသင်းကို ဖန်တီးဖို့ အတွက် စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူက DC လို လိုက်ပြီး မလုပ်ချင်တာရယ်၊ သူ့ရဲ့ Superhero အဖွဲ့ကို တမူထူးခြားအောင် လုပ်ဖို့စီစဉ်ပါတယ်။ ဒီဇာတ်လမ်းကတော့ အရင်တုန်းက ဇာတ်လမ်းလောက်မကောင်းသလို IMDb Rating 4.3 ရရှိထားတာကို
သတိပြုရမှာဖြစ်ပါတယ်…
Sunrise (2024)

Horror,Thriller

(ဘာရက်ဒ်ကုဒ်မှ မရှိဘူး အဲ့ဒါကလေးတွေကိုခြောက်လှန့်ဖို့ လုပ်ထားတဲ့ပုံပြင်ပဲ
အိုး သူရှိပါတယ် သား မင်းကိုစောင့်နေတယ်
ပြီးတော့ သူကဘာကိုစားသုံးလဲသိလား
အကြောက်တရားပဲ )
ငရဲမှအပြန် (天地正气) Righteousness of Heaven and Earth 2024 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

1939 ခုနှစ်, မုဆိုးမလေး ယန်ယောင်က သူ့ခင်ပွန်းအလောင်းကို လဲ့အန်းရွာပြန်သယ်သွားပြီး မြေမြှုပ်နှံဖိုအတွက် အခေါင်းပြုလုပ်သူ စုန့်ကျုံးယိကို အကူအညီတောင်း ငှားရမ်းခဲ့ပါတယ်

လမ်းမှာ အလောင်းလုချင်တဲ့ တာအိုဆရာတစ်ပါးနဲ့တွေ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တော့တာကြောင့် ယန်ယောင်လည်း စုန့်ကျုံးယိကို အမှန်အတိုင်းပြောပြလိုက်ပါတော့တယ်

အမှန်တော့ ယန်ယောင်က ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးက ပညာရှင်ဖြစ်ပြီး အခေါင်းထဲမှာက ခင်ပွန်းဖြစ်သူအလောင်းမဟုတ်ဘဲ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ ထည့်ထားတာပဲဖြစ်ပါတယ်

တိုင်းတပါးက ဂျပန်တွေသိပြီးလုယူမှာစိုးလို လျှိဝှက်ပိုဆောင်နေတာမှန်းသိလိုက်ရတော့ ဇနီးဖြစ်သူကဂျပန်တွေလက်ထဲမှာသေခဲ့ရတာမို စုန့်ကျူံးယိလည်း ယန်ယောင်ကို ကူညီပေးဖို ဆုံးဖြတ်လိုက်ပါတယ်

ဒီလိုနဲ့ ခရီးလမ်းမှာ သူတိုဘာတွေကြုံရမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ဆက်ကြည့်ပေးကြပါဦး
ဓားနတ်ဘုရားနှင့်သစ္စာတော်ခံ (大兽) Sianviathan 2024 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

နိုင်ငံရေးမငြိမ်သက်တဲ့ ဆွေမင်းဆက်ခေတ်မှာ စာမေးပွဲဖြေဖို့ မြို့တော်ကို တက်လာတဲ့စာပေသမားလေး ၀မ်ဖုရှန်းဟာ စစ်ပွဲတွေဖြစ်လို့ စာမေးပွဲမဖြေရသလို ရွာကိုလည်း ပြန်မရဖြစ်နေခဲ့ပါတယ်

စိတ်ဓာတ်ကျတဲ့ စာကြမ်းပိုးလေး၀မ်ဖုရှန်းဟာ တနေ့ မြစ်ဘေးကဆိပ်ကမ်းမှာ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရပါတယ်

အဲဒီနောက်ပိုင်းကစပြီး ဒဏ္ဍာရီလာ ဓားနတ်ဘုရားဆိုတဲ့ အရှုပ်တော်ပုံထဲ၀င်ရောက်သွားပြီး စစ်သားများ မိစ္ဆာသားရဲများ သတ္တိရှိသစ္စာမူးမတ်များ ဆိုတဲ့ စမ်းသပ်မှုတွေ အမျိုးမျိုးကြုံလာရတဲ့အခါ.......

စာကြမ်းပိုးလေး၀မ်ဖုရှန်းနဲ့အတူ ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေနဲ့ စမ်းသပ်မှုတွေကို အတူကျော်ဖြတ်လိုက်ကြရအောင်
Godzilla x Kong The New Empire 2024 Cam Version မြန်မာစာတန်းထိုး

ဒါကတော့ လတ်တလော ရုံတင်နေတဲ့ ပူပူနွေးနွေး monster ကားသစ်လေး Godzilla x Kong: The New Empire ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ အရင်ကားမှာ Mechagodzilla ကို နှိမ်နင်းပြီးတဲ့နောက် ဂေါ်ကြီးက ထုံးစံအတိုင်းပဲ ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ လှည့်ပတ်နေထိုင်နေပြီး Kong ကတော့ အသစ်ရှာတွေ့ထားတဲ့ Hollow Earth ဆိုတဲ့ ကမ္ဘာ့တွင်းနက်ထဲမှာ ပိုင်နက်သတ်မှတ်လို့ ကိုယ်စီမင်းမူနေကြပါတယ်။ ဒီလိုနဲ့  MonsterVerse ရဲ့ ထုံးစံအတိုင်း ဂေါ်ကြီးတစ်ယောက် အန္တရာယ်အသစ်တစ်ခု ရောက်လာတော့မှာကို ခံစားမိတဲ့အခါ... ဂေါ်ကြီးနဲ့ Kong တို့ပေါင်းပြီး ရန်စွယ်အသစ်ကို ဘယ်လိုနှိမ်နင်းကြမလဲဆိုတာတွေကို တိုင်တန်ကြီးတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲတွေနဲ့အတူ မြင်တွေ့ရမှာဖြစ်ပါတယ်။ စပွိုင်းပါသွားမှာစိုးလို့ အများကြီးတော့မပြောတော့ပါဘူး။ လက်ရှိရုံတင်နေဆဲမို့ အကြည်တော့မရသေးပေမဲ့ ကြည့်ချင်သူများကြည့်လို့ရအောင် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ...
Monster Hunter (2020)
--------------------------------
IMDB: (6.0/10)

(Milla Jovovich) နဲ့ (Tony Jaa) တို့ အဓိကဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ထားပါတယ်

ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေးထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်..မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်

ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်

နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေ မြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာဖြစ်ပါတယ်
The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို
အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။
Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့
Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။
စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊
စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊
ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။
အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။
အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့
ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။
အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့
စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင်
ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ
မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့
ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် စစ်မေးခန်းထဲထည့်ပြီး
သီးသန့်စာမေးပွဲ ဖြေရတဲ့ဘဝ ရောက်သွားပါတော့တယ်။
စာစစ်ခန်းမှာ စာမေးပွဲဖြေဆိုပြီးချိန်မှာတော့ ကျောင်းသားတစ်ယောက် ရုတ်တရက်လဲကျရာကနေ
ပူတယ် ပူတယ်ဆိုတဲ့ညည်းတွားသံနဲ့အတူ ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် သရဲပူးခံရပြီးတော့ လူသတ်ပွဲကြီးစတင်လာတဲ့အခါ…ခေါ်ထားတဲ့အပနှင်ဆရာအာယုကလည်းမရောက်လာသေး၊
ကြောက်လန့်နေတဲ့ကျောင်းသားတွေကလည်း ကျောင်းပြင်ကိုထွက်ပြေးဖို့ကြိုးစားနေရင်း
သရဲကဝင်ပူးပြီး သတ်ကြဖြတ်ကြနဲ့ အုတ်အော်သောင်းနင်းဖြစ်နေပေမဲ့
ခိုးချထားတဲ့ဆရာသမား ၄ ယောက်ကတော့ တခြားနေရာမှာခွဲဖြေနေတာဖြစ်လို့ ဒါတွေကို မသိနေပါဘူး။
ဒါပေမဲ့ ဆရာမကြီးအမန်ဒါကလည်း ဆရာအာယုမလာမချင်း ကျောင်းသားတွေကိုထွက်ခွင့်မပေးတော့
သရဲပူးတဲ့လူတွေ လူသေအလောင်းတွေ တစ်စတစ်စများလာတဲ့ကြားက
အာရီရယ် ပါရှာ အင်ကာနဲ့ နာလာတို့နဲ့ ကျန်နေတဲ့ကျောင်းသားတွေ
ဘယ်လိုအလွတ်ရုန်းကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
Parallel (2024)
ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့
ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်…။ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ…။
သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကိုလမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ပါတယ်။ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်းအိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာသူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်…။မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့်ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။
Voldemort: Origins of the Heir (2018)
------------------------------

အခုတင်ဆက်ပေးရမယ့် movie လေးကတော့ ပရိသတ်တွေရဲ့ ကလေးဘဝကတည်းက ဇာတ်လိုက်ကျော် ဟယ်ရီပေါ်တာ ဖန်များအားလုံးသိကြမယ့် မှော်နက်ဂိုဏ်းချုပ်ကြီး Voldemort(ဗိုဒမော့)အကြောင်းကို ရိုက်ကူးထားတာပါ

ဒီဇာတ်ကားလေးကိုရှုစားပြီးတော့ ဟယ်ရီနဲ့ပတ်သက်တဲ့ Facts တွေကို သေချာသိနိုင်မှာဖြစ်ပါတယ်

ဟယ်ရီပေါ်တာရဲ့ရန်သူတော်ကြီး ဗိုဒမော့ရဲ့ ငယ်ဘဝ တွန်ရစ်ဒယ် တစ်ယောက် ဒီလို မှော်နက် ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်ခဲ့တဲ့ ငယ်ဘဝ ကြိုးပမ်းမှုတွေကို စိတ်ဝင်စားဖွယ် ဘယ်လိုတွေများတင်ဆက်ထားသလဲ

ပရိသတ်တွေနဲ့ မစိမ်းတဲ့ စလေးသရင်း, ဂရစ်ဖင်းဒေါ, ဟက်ပ်ဖက် နဲ့ ရာဗင်ခလော ဆိုတဲ့ ဟော့ဂ်ဝက် မှော်ကျောင်းကြီးလေးကျောင်းရဲ့ ဆက်ခံသူတွေ ဒီဇာတ်ကားထဲမှာ ဘယ်လိုများပါဝင်ထားကြမလဲဆိုတာကို ဟယ်ရီပေါ်တာပရိတ်သတ်များအားလုံးလက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးလို့
Imaginary (2024)

ဒီကားလေးကတော့ ဂျက်ဆီကာဆိုတဲ့ အတိတ်ကအဖြစ်ဆိုးတွေ ရှိခဲ့တဲ့အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာတို့ရဲ့ အကြောင်းပဲဖြစ်ပါတယ်။အိမ်မက်ဆိုးတွေမက်တတ်တဲ့ ဂျက်ဆီကာတစ်ယောက် ယောကျ်ားဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အရင်နေခဲ့တဲ့သူ့ရဲ့အိမ်အဟောင်းကြီးဆီကို သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာပြီးတော့ယောက်ျားဖြစ်တဲ့ မက်စ်တို့နှင့်အတူ ပြောင်းရွှေ့လာခဲ့ပါတယ်။

အိမ်ပြောင်းပြီးမကြာခင်မှာပဲ အဲလစ်က ချောင်ဆေးဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းအသစ်တစ်ယောက်ရခဲ့ပါတယ်။ချောင်ဆေးက အဲလစ်ကို တဖြည်းဖြည်းထိန်းချုပ်လာပြီး အန္တရာယ်များတဲ့အရာတွေ လုပ်ခိုင်းလာတဲ့အခါမှာတော့ ဂျက်ဆီကာတစ်ယောက် သူ့ရဲ့သမီးလေးတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဘဲ ဖြစ်ပါတယ်။
We Have Never Been
ဇာတ်လမ်းအကျဉ်းကတော့ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစက‌လေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။
ဆေးပညာနဲ့နီးစပ်ပြီး‌ ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်က‌ရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။