Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင် အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊
ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့ သာမန် game တစ်ခုလို ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွတ်ရင်တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။

ဒီကားက Escape Room2019 ရဲ့အဆက်ပေါ့... ပထမကားမှာအောင်မြင်မှုများစွာရခဲ့သလို အခုကားမှာလည်း ပထမကားထက်ပိုသာတဲ့ ဇာတ်ကောင်တွေ ပိုမိုက်လာတဲ့ escape rooms တွေနဲ့ ဇာတ်ကွက်လည်းပိုခိုင်မာ ပိုကောင်းလာပါတယ်။ Setting တွေပိုလန်းလာတယ်....Game ရဲ့ လျှို့ဝက်ချက်တွေပိုမြင့်လာသလို လွှတ်မြောက်ဖို့ ပေးတဲ့ စကားဝှက်တွေက ပိုခက်လာတယ်...
ဇာတ်ကောင်အသစ်တွေထည့်ပေးထားပြီး ပိုထိတ်လန့်စရာကောင်းတဲ့ Plotတွေနဲ့ပေါ့. ဆိုတော့ ဇိုဝီနဲ့ ဘင်န်မီလာတို့ ဟာ ပထမ လူသတ်ပွဲကြီးက ကံဉာဏ်ဖေးမမှုတွေကြောင့် လွတ်မြောက်လာတဲ့(၂)ယောက်ပေါ့..
ဒီဇတ်ကားမှာတော့ သူတို့(၂)ယောက်ဟာ ကိစ္စတစ်ခုဖြေရှင်းရင်း မကြုံချင်ဆုံး ပိုအဆင့်မြင့်ပိုရှုပ်ထွေးပြီးပိုမိုရက်စက်ကြမ်းတမ်းလာတဲ့ လှည့်ကွက်တွေကြားမမျှော်လင့်ဘဲ ထပ်ရောက်သွားပါတယ်... . သူတို့နဲ့အတူရောက်လာတဲ့သူတွေလည်းရှိပါတယ်..
ဒီလူတွေကလည်း ဒီဂိမ်းတွေကိုအတွေ့အကြုံရှိဖူးတဲ့သူတွေ.. မိမိအသက်ရှင်သန်ရေးကို သူတို့ဘယ်လိုရုန်းကန်ကြမလဲ... ဂိမ်းအားလုံးဟာ သူတို့ထင်ထားတာထက်ပိုခက်ပြီး ပိုကြမ်းလာတဲ့အခါမှာတော့....
ဘန်န်နဲ့ ဇိုဝီတို့တစ်သိုက် ပဟေဠိတွေကိုဖြေရှင်းရင်းလွတ်မြောက်နိုင်မလား ဒါတွေကို လုပ်နေတဲ့သူက ဘယ်သူလဲSurvival အရသာကို အပြည့်အဝခံစားနိုင်မယ့်. ..အသက်ရှူမှားစရာဇာတ်ကွက်တွေနဲ့အတူ ကြည့်ရှုရမှာပါ..

❤1
အခုမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ DisneyNature ရဲ့ Documentary Filmတစ်ခုပါပဲ။ ပစိဖိတ်သမုဒ္ဒရာထဲမှာ လူသားတွေနဲ့ တစ်ခြားသတ္တဝါတွေနဲ့ ကွာခြားကာတည်ရှိနေတဲ့ အရောင်အသွေးစုံလင်လှပစွာတည်ရှိနေတဲ့ ဂလာပဂိုစ့်ကျွန်းတွေတည်ရှိနေပါတယ်။
ဒီဇာတ်လမ်းလေးကတော့ ဂလာပဂို့စ်ကျွန်းတွေပေါ်က ကျွန်းတစ်ခုမှာမွေးဖွားလာတဲ့ ပင်လယ်ခြင်္သေ့ဖျံပေါက်လေး လီယိုရဲ့ စွန့်စားခန်းတွေပါပဲ။အကောင်ပေါက်လေးဘဝ သူ့မိခင် ရေကူးသင်ရာကနေ စလို့ အရွယ်ရောက်စအချိန်မှာ သူက မွေးဖွာရာအိမ်ကနေ ထွက်သွားပြီး ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရပါတော့တယ်။
ပင်လယ်ခြင်္သေ့ဖျံအထီးတွေအတွက် ခေါင်းဆောင်နေရာကို ပိုင်ဆိုင်ပြီး အုပ်စုတစ်ခု၊ အိမ်တစ်အိမ်ကို ပိုင်ဆိုင်လာနိုင်ဖို့ဆိုတာ ကိုယ်တိုင်တိုက်ခိုက်ယူရမယ့်အရာပါ။အဲ့အတွက်လီယိုက အိမ်ကနေစွန့်ခွာပြီး ပင်လယ်ပြင်တစ်လျှောက်စွန့်စားသွားလာကာ ကြီးထွားလာခဲ့ပါတယ်။
သူ့ခရီးစဥ်တစ်လျှောက်မှာ ရေအောက်လောကအလှအပတွေသာမက တစ်ခြားမျိုးစိတ်တွေ့နဲ့ တွေ့ဆုံကြုံကြိုက်မှုတွေလည်း ပါဝင်လို့နေပါတယ်။အဲ့လိုနဲ့ လီယိုတစ်ယောက် ပင်လယ်ပြင်ကျွန်းစုတွေကြား သွားလာရင် ရင့်ကျက်ကြီးထွားသန်မာလာပါတော့တယ်။
လှည့်လည်သွားလာရင်း ခိုနားစရာအိမ်ရှာဖွေနေခဲ့တဲ့ ဒီဖျံကောင်ငယ်လေးက သူ့ရည်ရွယ်ချက်ဖြစ်တဲ့အိမ်တစ်ခု မိသားစုအုပ်စုတစ်ခုကို ပိုင်ဆိုင်လာဖို့ ကြိုးစားပုံတွေကို သဘာဝအလှအပတွေနဲ့အတူ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ သဘာဝ မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစားပါ။ production ကို apple က တာဝန်ယူ ထုတ်လုပ်ခဲ့တာပါ။ ဇာတ်ကားရဲ့နောက်ခံ စကားပြောသူကတော့ David Attenborough ဖြစ်ပါတယ်။ ဒေးဗစ် အက်တန်ဘောရိုးကိုတော့ nature documentary အမျိုးအစားကြည့်ဖူးသူတွေအနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။
အသက်ကိုးဆယ်ကျော်ပြီဖြစ်တဲ့ ဆရာကြီး အက်တန်ဘောရိုးဟာ နာမည်ကြီး Our planet , A life on our planet မှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေမှာ နောက်ခံစကား ပြောလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာရှင်သက်သက်မဟုတ်ဘဲ ဖျော်ဖြေရေးဘက်မှာ သိပ္ပံနည်းကျ သဘာဝတရားအကြောင်းကို လူတွေသိလာအောင် ကြိုးစားလျက်ရှိတဲ့ ဇီဝဗေဒသိပ္ပပညာရှင်နဲ့သဘာဝထိန်းသိမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။
ကျနော်ကတော့ သဘာဝသမိုင်း မှတ်တမ်းတင်ရုပ်ရှင်တွေမှာ ဆရာကြီး အက်တန်ဘောရိုး အသံမှ မဟုတ်ရင် နားမထောင်ချင် မကြည့်ချင်တော့တဲ့ အထိ ဖြစ်ရအောင် သူ့နောက်ခံစကားပြောဟန်ကို အတော်လေး အားကျနှစ်ခြိုက်ရသူပါ။
ဒီဇာတ်လမ်းမှာ သိပ္ပံအချက်အလက်တွေအပေါ်အခြေခံပြီး လူသားမတိုင်မီ ခေတ်ဦးကမ္ဘာက ဒိုင်နိုဆောတွေ အကြောင်းကို ဂရပ်ဖစ် အမိုက်စား နောက်ခံစကားပြော ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်နောက်ဆုံးပေါ် ရုပ်လုံးဖော်နည်းပညာနဲ့ လူသားမတိုင်မီခေတ်က ဒိုင်နိုဆော မျိုးစိတ် အမျိုးမျိုးရဲ့ ရှင်သန် စားသောက် မိတ်လိုက်တဲ့ အဖြစ်အပျက်တွေကို သဘာဝကျစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားမို့ မိခင်သဘာဝတရားကြီးနဲ့ သက်ရှိကွင်းဆက်အကြောင်း စိတ်ဝင်စားသူတွေအဖို့ ကြည့်ကို ကြည့်ရမယ့် edutainment ရုပ်ရှင်အမျိုးအစား တစ်ခုပါ

❤4
၂၀၂၄ ရဲ့ Rating ကောင်းတဲ့တရုတ်ဒဏ္ဍာရီဇာတ်လမ်း Fantasy Animation ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်ချစ်သူများနေ့ဒဏ္ဍာရီဖြစ်တဲ့ နတ်သမီးလေးကျစ်နွီနဲ့ လူသားလေးညိုလန်ရဲ့ဇာတ်လမ်းကိုအခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။
ကြယ်တာရာ(၂၈)ခုကိုတာဝန်ယူရတဲ့ နတ်သမီးကျစ်နွီဟာတာဝန်ပေါ့ဆတဲ့အတွက်ကြောင့် လူပြည့်ကိုဆင်းသက်ခဲ့ရတယ်လို့ဆိုတယ်။ကြယ်တာရာတွေကပြစ်ဒဏ်ပြန်ခတ်လို့ ကျစ်နွီဟာချစ်သူနဲ့ကလေးတွေကိုပါဆုံးရှုံးခဲ့ရတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ကျစ်နွီရဲ့သားကျင်းဖုန်းဟာသူ့အမေရဲ့အပြစ်တွေကိုပြန်ပေးဆပ်ဖို့အတွက် လူ့ပြည်ကိုပြန်သွားပြီး ပျောက်ဆုံးနေတဲ့ကြယ်တာရာတွေကိုပြန်စုစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။
လူ့ပြည်ကိုသွားတဲ့အချိန်မှာ မထင်မှတ်ပဲ နတ်ပြည်ကိုသွားပြီးအမေရှာချင်တဲ့ ကလေးမလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်လက်တွဲပြီး ကြယ်တာရာတွေကိုရှာဖွေရင်း အတိတ်ကဖြစ်ရပ်မှန်တွေကို သိလိုက်ရတဲ့အခါ အရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာ ကျစ်နွီကို နူးညံ့သိမ်မွေ့ပြီးအချစ်ကိုပဲအလေးထားတာမျိုးမဟုတ်ပဲ ကြယ်တာရာတွေကိုတာဝန်ယူရတဲ့ ရဲရင့်ပြီးအရည်အချင်းရှိတဲ့နတ်သမီးတစ်ပါးအဖြစ် ဒဏ္ဍာရီထဲဇာတ်ရုပ်နဲ့ကွဲထွက်အောင်ပုံဖော်ထားပါတယ်။ဒါကအချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပဲ အိမ်ပြန်လမ်းကိုရှာဖွေတဲ့ ဘဝရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Jason Momoa ကြီးပါဝင်တဲ့ Slumberland ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူနေလာရင်း တစ်နေ့မှာ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။
ငယ်ငယ်တည်းက အမေဆုံးပါးခဲ့တာဖြစ်ပြီး အဖေပါမရှိတော့တဲ့ နီမိုဟာ တစ်ယောက်တည်းကျန်ခဲ့ကာ သူ့အဖေမသေခင်က ဆန္ဒအတိုင်း မြိုကြီးပေါ်က သူ့ဦးလေးဆီမှာ သွားနေရပါတယ်။ ဒါပေမဲ့ နီမိုဟာ သူ့ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိခဲ့တာကြောင့် အိပ်မက်ထဲမှာ သူ့အဖေနဲ့ ပြန်တွေ့ချင်နေရှာပါတယ်။
ဒီအပြင့် သူ့အဖေထားခဲ့တဲ့ လျှိဝှက်မြေပုံတစ်ခုရှိပါသေးတယ်။ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး အဲဒီပုလဲရရှိသူဟာ လိုရာဆုတစ်ခုတောင်းရင် အိပ်မက်ကမ္ဘာထဲမှာ ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။
ဒီတော့ နီမိုဟာ မြေပုံနဲ့အတူ သူ့အဖေသူငယ်ချင်း ဝရမ်းပြေးကြီးဖလစ်အကူအညီနဲ့ အိပ်မက်တစ်ခုကနေ တစ်ခုဆီ ခုန်ကူးရင်း ပုလဲကိုလိုက်ရှာတဲ့အခါ …ကျန်တဲ့ နီမိုရဲ့ စွန့်စားခန်းနဲ့ အလွဲလေးတွေကိုတော့ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။)

နာမည်ကြီး rapper 50 cent ရဲ့ ဖြစ်ရပ်မှန် တကယ့်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အမေဆုံးသွားပြီးနောက်ပိုင်း 12 နှစ်အရွယ်မှာ drug dealer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရာကနေ Rapper တစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တဲ့ Marcus ရဲ့ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားပြီးတော့ 50 Cent ရဲ့ ဘဝဇာတ်ကြောင်းကို သိမြင်စေနိုင်မဲ့ Autobiography/ Crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
လူမဲရပ်ကွက်က gangsta တွေ အဖွဲ့ဂိုဏ်းတွေနဲ့ နယ်မြေစွဲပြီး territory ဆန်တဲ့ ဂိုဏ်းတွေကြားက ရန်ငြိုးနဲ့ပစ်ခတ်မှုတွေပါဝင်ပြီး Marcusရဲ့ ကြမ်းတမ်းတဲ့ဘဝကနေ အရှုံးမပေးဘဲ ဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ရှားရှားပါးပါး ဂျပန်နင်ဂျာ စီးရီးလေးပါ
ရှေးခေတ်နင်ဂျာကားတွေနဲ့ မင်းသား the rain ရဲ့ နင်ဂျာကားနောက်ပိုင်းမှာ မထွက်တာ အတော်ကြာပါပြီ။ ဒီစီးရီးမှာတော့ နင်ဂျာတွေ ပေါပေါလောလော ပါလာပါပြီ။
အဓိကဇာတ်လိုက်တွေဖြစ်တဲ့ တာဝါရာ မိသားစုဟာ ရှီနိုဘီ ခေါ် နင်ဂျာ မိသားစုပါ။ ဖေဖေနင်ဂျာ မေမေနင်ဂျာ သားသားမီးမီး အကုန်နင်ဂျာပါ။ သူတို့က နိုင်ငံကာကွယ်ရေးတာဝန်တွေကို လျို့ဝှက်ထမ်းဆောင်ခဲ့တဲ့ နင်ဂျာတွေဖြစ်ပြီး အနားယူနေကြတာပါ။ သူတို့ရဲ့ ရန်သူ ဖူမာ နင်ဂျာတွေကိုလည်း အပြတ်ရှင်းခဲ့ပြီမို့ အလုပ်မရှိတော့ဘူးလို့ ထင်နေကြတဲ့သူတွေပါ။
ဒါပေမဲ့ နင်ဂျာ အန္တရာယ်တွေနဲ့ ရန်သူဟောင်းတွေ ပြန်ပေါ်လာပြီး သူတို့ရဲ့ အရင်အဆက်အသွယ်တွေကလည်း နင်ဂျာအဖြစ် စစ်ဆင်ရေးတွေလုပ်ဖို့ ပြန်လာခေါ်တဲ့အခါ တာဝါရာ မိသားစု လက်ရှိဘဝနဲ့ လျှို့ဝှက် နင်ဂျာတွေဘဝကြားမှာ ဘာတွေဖြစ်လာမလဲကြည့်ရတော့မှာ ဖြစ်ပါတယ်။

❤2
X-Men တွေ ပျောက်ကွယ်သွားပြီးနောက် Mutant (မျိုးဗီဇပြောင်းလဲသူ) တွေ ဖိနှိပ်ခံနေရတဲ့ လောကမှာ အစိုးရရှေ့နေ Reed Strucker ရဲ့ ကလေးနှစ်ယောက်မှာ စွမ်းအားတွေ ရှိနေမှန်း သိလိုက်ရတဲ့အခါ မိသားစုလိုက် ထွက်ပြေးရပါတော့တယ်။ အစိုးရရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်ဖို့အတွက် Mutant Underground အဖွဲ့နဲ့ ပူးပေါင်းပြီး မိသားစုလုံခြုံရေးနဲ့ မျိုးနွယ်စုရှင်သန်ရေးအတွက် တိုက်ပွဲဝင်ပုံကို ရိုက်ကူးထားတဲ့ Sci-Fi Drama ဇာတ်လမ်းတွဲဖြစ်ပါတယ်။
The Dinosaurs" ဟာ အပိုင်း (၄) ပိုင်းပါဝင်တဲ့ Netflix ရဲ့ မှတ်တမ်းရုပ်ရှင်တွဲဖြစ်ပါတယ်။ နာမည်ကျော်ဒါရိုက်တာ Steven Spielberg (Amblin Entertainment) က ထုတ်လုပ်သူအဖြစ် ပါဝင်ထားပြီး၊ CGI အထူးပြုလုပ်ချက်တွေကိုတော့ Industrial Light & Magic (ILM) က ဖန်တီးပေးထားပါတယ်။ အထူးခြားဆုံးကတော့ ဟောလိဝုဒ်မင်းသားကြီး Morgan Freeman က နောက်ခံစကားပြော (Narrator) အနေနဲ့ ပါဝင်အားဖြည့်ထားတာပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ရုပ်ထွက်နဲ့ CGI နည်းပညာပဲ ဖြစ်ပါတယ်။ သမိုင်းမတင်မီခေတ်က သဘာဝပတ်ဝန်းကျင်နဲ့ ဒိုင်နိုဆောတွေကို တကယ်အသက်ဝင်နေသလို မြင်တွေ့ရမှာပါ။ Morgan Freeman ရဲ့ အသံသြသြနဲ့ ဇာတ်ကြောင်းပြောပြမှုက ပရိသတ်ကို ဆွဲဆောင်မှုအပြည့်အဝ ပေးစွမ်းနိုင်ပြီး ရုပ်ရှင်ဆန်ဆန် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲကို "Rise", "Conquest", "Empire", နဲ့ "Fall" ဆိုပြီး အပိုင်း ၄ ပိုင်း ခွဲခြားထားပါတယ်။ Triassic, Jurassic နဲ့ Cretaceous ခေတ်တွေတစ်လျှောက် ဒိုင်နိုဆောတွေ ဘယ်လိုပေါ်ပေါက်လာလဲ၊ ဘယ်လို ကြီးစိုးခဲ့လဲဆိုတာကနေ နောက်ဆုံး ဥက္ကာပျံကြီးကျရောက်ပြီး မျိုးသုဉ်းပျောက်ကွယ်သွားတဲ့အထိ သမိုင်းကြောင်းကို အဆင့်ဆင့် တင်ဆက်ထားပါတယ်။
မိသားစုလိုက် ကြည့်လို့ တော်တော်လေးကောင်းပါတယ်။ ဒိုင်နိုဆောတွေအကြောင်း စတင်လေ့လာမယ့် ကလေးငယ်တွေနဲ့ သာမန်ပရိသတ်တွေအတွက် ဇာတ်လမ်းအသွားအလာက ရိုးရှင်းပြီး နားလည်ရလွယ်ကူပါတယ်။
"The Dinosaurs" ဟာ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ ဖျော်ဖြေရေးမှတ်တမ်းရုပ်ရှင်ကောင်း တစ်ခုပါ။ သင်ဟာ တိကျနက်နဲတဲ့ သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ အချက်အလက်တွေထက် ရုပ်ရှင်ဆန်ဆန် ကြည့်ကောင်းမယ့် ဒိုင်နိုဆောမှတ်တမ်းရုပ်ရှင်ကို ရှာနေတယ်ဆိုရင်တော့ သေချာပေါက် သဘောကျမိမှာပါ။

ရဲအရာရှိ ဆဒ်ရဟာ မိမိရဲ့တာဝန်ကိုအကောင်းဆုံးထမ်းဆောင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ချစ်သူဟာ ရိုးရှင်းတဲ့မိသားစုဘ၀လေး တစ်ခုကို တည်ဆောက်ပြီးတည်ငြိမ်ချင်တဲ့သူဖြစ်ပေမယ့် ဆဒ်ရဟာလည်း ရဲတပ်ဖွဲကိုအလွန်ချစ်တဲ့လူဖြစ်တာကြောင့် အထမမြောက်ခဲ့ပါဘူး ဒီအချိန်မှာပဲ သူ့အပိုင်နယ်မှာ မိန်းကလေးတွေပျောက်ပျောက်နေတဲ့အမှုကိုလိုက်ရင်း ဒိတ်ဒိတ်ကြဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ ဆဒ်ရတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ။
ဇာတ်ကားရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဘေဘီဂျွန်ဆိုတာကရော ဘယ်သူဖြစ်မှာလဲ။ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦးခင်ဗျာ။

ဂိမ်းမင်းမျိုးဆက် လို ခေါ်ခံရပြီးဂိမ်းကစားနည်းတွေကို ထုတ်လုပ်တဲ့ ချမ်းသာပြီး လျိုဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိပါတယ်။
အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။ မင်္ဂလာဆောင်တဲ့ ညမှာပဲ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းတဲ့အနေနဲ့ မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို Game Random တစ်ခု ရွေးပြီးဆော့ရပါတယ်။
Grace ဆွဲလိုက်တဲ့ Card က တူတူပုန်းတမ်း ကစားနည်းဖြစ်တဲ့အတွက် သတိုသမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ။ ဒီလိုကစားဖို ပျော်ရွှင်နေတဲ့သတိုသမီးလေး တစ်ယောက် ဒီညမှာ ဘယ်သူမှ မတွေ့အောင်ပုန်းနိုင်မလား ?
ဘာတွေ ဆက်ဖြစ်မလဲ ? ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြရအောင်...
ထိတ်လန့်သည်းဖို Scene တွေပါလို အသဲငယ်သူများ ၊ အသက်မပြည့်သေးသူများ၊နှလုံးရောဂါရှင် နှင့်ကိုယ်ဝန်ဆောင်သည် များ ကြည့်ရှုရန် မသင့်တော်ပါ။

အဆင်သင့်ဖြစ်ပြီလား၊ မဖြစ်ဘူးလား (READY OR NOT)။ ဂိမ်း က ပြီးဆုံး သွားပြီလို ထင်ခဲ့ပေမယ့် ဒုတိယ အပိုင်း (HERE I COME) မှာ မင်္ဂလာပွဲ ဟာ နောက်တစ်ကြိမ် ငရဲ ဖြစ်ဖို ပြန်လာပြီ။
READY OR NOT 2: HERE I COME... ထိတ်လန့်စရာ ဟာသ Thriller ရဲ့ နောက်ဆက်တွဲ ။ ရှင်သန်နိုင်သူ ဟာ အသစ် နဲ့ ပိုဆိုးတဲ့ ဂိမ်းတစ်ခုကို ရင်ဆိုင်ရတော့မယ်။ ဒီတစ်ကြိမ်မှာ အမဲလိုက်ခံရသူ က အမဲလိုက်တဲ့သူ ပြန်ဖြစ်လာမလား။ သွေးထွက်သံယို အက်ရှင်၊ ရယ်စရာကောင်းတဲ့ အခြေအနေများ နဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မိသားစု ။ ဒီ Official Trailer ကို ကြည့်ပြီးရင် ကြောက်စရာ ဂိမ်း ရဲ့ နောက်ဆုံး အလှည့်အပြောင်း ကို သင်ရင်ခုန်စွာ စောင့်မျှော်နေမိပါလိမ့်မယ်။

Thet ဖြတ်တာတွေ အကြမ်းစားမြင်ရမယ့် အက်ရှင်ကား
ဇာတ်လမ်းအကျဉ်းကတော့-
ပျောက်ဆုံးသွားတဲ့ ညီမလေးဖြစ်သူကို ရှာဖိုအတွက် သူ့ညီမ နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့ ဟိုတယ် ကို ရောက်လာခဲ့ပါတယ် ။ အဲ့ဒီဟိုတယ်ဟာ ရိုးရိုးဟော်တယ်မဟုတ်ဘဲ တစ်ခုလုံးက သူဌေးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။
ထိုသူဌေးတွေကော အလုပ်သမားတွေကောက စေတန် ကို ကိုးကွယ်ကြသူတွေဖြစ်ပြီး ဘယ်လောက်သတ်သတ် မသေမျိုးတဲ့ ဖြစ်နေတဲ့အခါမှာတော့

အမဲလိုက်ခံရသူတို့ရဲ့ လက်စားချေကမ္ဘာ ပြင်သစ်တောအုပ်တစ်ခုရဲ့ အေးစိမ့်တဲ့ အငွေ့အသက်တွေကြားမှာ
ရိုက်ကူးထားတဲ့ "The Hunt" ဟာ ရိုးရှင်းတဲ့ အမဲလိုက်ခရီးစဉ်တစ်ခုကနေ တစ်ခဏအတွင်း
သေရေးရှင်ရေးတိုက်ပွဲအဖြစ် ပြောင်းလဲသွားပုံကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမယ့် Series တစ်ခုပဲဖြစ်ပါတယ်....

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၃ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ဘယ်လ်ဂျီယံ ရုပ်ရှင် The Memory of a Killer
(De Zaak Alzheimer) ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime Thriller ဇာတ်လမ်းတွဲအသစ် ဖြစ်ပါတယ်။
မင်းသားကြီး Liam Neeson ရိုက်ခဲ့တဲ့ Memory (2022) ရုပ်ရှင်နဲ့ ဇာတ်လမ်းသွားတူပေမဲ့ ဒီစီးရီးမှာတော့
Grey’s Anatomy မင်းသားကြီး Patrick Dempsey က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါတယ်။

ကိုမာဝေဒနာကိုအချိန်အတော်ကြာအောင်ခံစားနေရတဲ့ Rickတစ်ယောက်
နောက်ဆုံးတော့ လူသူကင်းမဲ့ပြီးသွေးပျက်ဖွယ်ကောင်းတဲ့ ဆေးရုံတစ်ခုကနေ ကိုမာဝင်ပြီး
ပြန်လည်နိုးထလာခဲ့တယ်
အရင်တုန်းက ကမ္ဘာကြီးဟာ ပုံမှန်အတိုင်းလည်ပတ်နေတာဖြစ်ပေမဲ့ Rick ကိုမာဝင်ပြီးပြန်လည်နိူးထလာတဲ့ ကမ္ဘာကြီးဟာ ပျက်ဆီးနေပြီး နေရာတိုင်းမှာလည်း လူသေကောင်တွေနဲ့ ပြည့်နှံနေခဲ့တယ်
Rick လည်း အစပိုင်းတော့ထူးဆန်းနေပေမဲ့ လက်ရှိဖြစ်နေတဲ့အခြေနေတွေကိုသဘောပေါက်ရန် လူသေကောင်တွေကြားလဲ လျှောက်ပတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့တယ်
ဒဏ်ရာတွေနဲ့ Rick တစ်ယောက် လမ်းမကြီးထဲ လိုက်သွားနေတုန်း ထိုလူသေကောင်တွေက လမ်းထလျှောက်ကာ Rickကို စားသုံးရန်စပြီး တိုက်ခိုက်ကြပါတော့တယ်
နောက်ဆုံး Rickလည်း ထိုလူသေကောင်တွေဟာ ဇွန်ဘီတွေဆိုတာသဘောပေါက်လိုက်ပြီး ပုန်းဖို့နေရာရှာရင်း မော်ဂန်ဆိုတဲ့ သားအဖနှစ်ဦးနဲ့ တွေ့ဆုံခဲ့ကြတယ်

2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။
Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။
အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။
၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ဒုက္ခရောက်ရချိန်မှာ ရိုးသားတဲ့ဒုရဲအုပ်ကြီးရဲ့ ကျေးဇူးနဲ့ အချုပ်ထဲကလွတ်လာတော့ အရင်က ရိုးသားမှုဆိုတာ ဘာတန်ဖိုးမှမရှိဘူးဆိုတဲ့ စိတ်ကနေ ရိုးသားမှုနဲ့ အာဏာပေါင်းလိုက်ရင်တော့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။
ဒီကနေပဲ ရဲအရာရှိတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ ဒုက္ခအဖုံဖုံကိုရိုက်ကူးပုံဖော်ထားတာမို့ ဘောလိ၀ုဒ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

၁၉၁၄ ဂျူလိုင် ၁၈ကနေ ၁၉၁၈နို၀င်ဘာ၁၁ အထိကြာညောင်းခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးအတွင်းမှာနောက်ဆုံးမိိနစ်အထိတိုက်ပွဲ၀င်ခဲ့သူတစ်ယောက်ရှိတယ် ၁၉၁၈ နို၀င်ဘာ ၁၁ရက် မနက်၁၁နာရီအချိန်မှာ ဂျာမနီကအပစ်ခတ်ရပ်စဲမယ်လိုကြေညာလိုက်သော်ငြားလည်း မဟာစစ်ကြီးမပြီးဆုံးခင် အဲ့၁၁လ မြောက်ရဲ့ ၁၁ရက်နေ့ မနက်၁၁ နာရီမတိုင်မချင်းမှာ အင်အားကြီးပြင်သစ်တွေက အမေရီကန်ကိုဆက်လက်တိုက်ခိုက်ဖိုတွန်းအားပေးခဲ့တယ်
ပြင်သစ်တွေအတွက်နယ်နိမိတ်တချိုရလိုရငြားပေါ့ ဒါပေမယ့်ဂျာမနီဖက်ကလဲ သူ့မြေတွေမပါချင်ဘူး ဆိုတော့ကာအပစ်ခတ်ရပ်စဲကြပြီဖြစ်ပေမယ်လို နောက်ဆုံးမိနစ်မတိုင်ခင်ထိ အတိုက်အခိုက်တွေရှိကြတုန်းပဲ
ထိုအချိန်မှာ ရန်သူ့စစ်ကြောင်းထဲထိရောက်နေတဲ့လူမဲစစ်သားတပ်စုကို ပြန်လည်ခေါ်ယူဖို့ အထက်ကအမိန့်အရ စာသင်ကြီးဝီလီယမ်ရေဗာစ်ဆိုင်းပြင်းရတော့တယ် ဒီလူမဲစစ်သားတွေကိုပြန်ခေါ်ဖို့ မစ်ရှင်က ရေဗာစ်အတွက်နောက်ဆုံးမစ်ရှင်ပဲ… ဒါပေမယ့်လူဖြူလူမဲညီညွတ်မှုမရှိသေးခင်ကာလဖြစ်လို့ မကြာခင်ပြီးဆုံးတော့မယ့်စစ်ကြီးအတွင်းမှာ ရေဗာစ့်ရဲဘော်တွေဟာ မလုပ်ပေးချင်ကြပါဘူး …
ကဲ plot ကတော့ လူမဲတွေကိုကြည့်မရတဲ့တပ်စုခေါင်းဆောင်စာသင်ကြီးရေဗာစ် သူဘယ်အချိန်ထိဆက်တိုက်ခိုက်သွားမှာ လူမဲစစ်သားတွေကိုအသက်ရှင်ရက်ပြန်ကယ်ထုတ်နိုင်မှာလား ပရိတ်သတ်ကြီးပဲကိုယ်တိုက် ကြည့်ရှုခံစားကြည့်ကြပါ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်……..

၂၀၂၃ တုန်းက ပရိသတ်တွေကြား အရမ်းရေပန်းစားခဲ့တဲ့ The Super Mario Bros. Movie ရဲ့ အဆက်အနေနဲ့ ဒီနှစ် ၂၀၂၆ ဧပြီလမှာ "The Super Mario Galaxy Movie" ဆိုပြီး ထွက်ရှိလာပါပြီ။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာမြေပေါ်မှာတင် မဟုတ်တော့ဘဲ အာကာသထဲအထိ သွားပြီး စွန့်စားကြမယ့် ပုံစံလေးပါ။ ဝေဖန်ရေးဆရာတွေက သိပ်သဘောမကျပေမဲ့ ပရိသတ်တွေကတော့ အရမ်းကြိုက်ကြလို့ ရုံတင်ပြီး သိပ်မကြာခင်မှာပဲ ဝင်ငွေ ဒေါ်လာ ၄၆၃ သန်းကျော်အထိ ရရှိထားပြီး အောင်မြင်နေတဲ့ ကားလေးပါ။
ဇာတ်လမ်းအကျဉ်း အရင်ကားမှာ Mario တို့ နှိမ်နင်းလိုက်လို့ သေးသေးလေးဖြစ်သွားတဲ့ Bowser ကို ကယ်ဖို့ သူ့ရဲ့သား Bowser Jr. က ကြံစည်ရာကနေ စတာပါ။ Bowser Jr. က အာကာသထဲက ကြယ်လေးတွေရဲ့ မိခင် မင်းသမီး Rosalina ကို ဖမ်းသွားပါတယ်။ ဒီတော့ Rosalina ကို ဖမ်းသွားတဲ့ ပြန်ပေးသမား Bowser Jr. ကို တားဆီးဖို့နဲ့ အာကာသကြီးကို ကယ်တင်ဖို့ Mario, Luigi, Princess Peach, Toad နဲ့ အသစ်ပါလာတဲ့ ဒိုင်နိုဆောလေး Yoshi တို့ အာကာသထဲကို သွားပြီး စွန့်စားကြရတဲ့ အကြောင်းလေးပါ။
ပါဝင်တဲ့ ဇာတ်ကောင်တွေအရင်ကားက Mario (Chris Pratt), Luigi (Charlie Day), Peach (Anya Taylor-Joy) နဲ့ Bowser (Jack Black) တို့ ပြန်ပါလာတဲ့အပြင် အသစ်အနေနဲ့ Bowser Jr. (Benny Safdie) နဲ့ မင်းသမီး Rosalina (Brie Larson) တို့ ထပ်တိုးပါဝင်လာပါတယ်။ ဒါ့အပြင် Star Fox ဂိမ်းထဲက Fox McCloud အဖြစ် Glen Powell လည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်လာလို့ ဂိမ်းပရိသတ်တွေအတွက်တော့ တကယ့်ကို အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းက အရမ်းကြီး လေးလေးနက်နက် တွေးနေစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်လို့ကောင်းတဲ့ ကားမျိုးပါ။ ဂိမ်းထဲက ကမ္ဘာတွေကို အပြင်မှာ မြင်ရသလိုမျိုး ဖန်တီးထားတာတွေ၊ ဇာတ်ကောင် အသစ်တွေနဲ့ အက်ရှင်အခန်းတွေကလည်း ပိုမိုက်လာပါတယ်။ ကြည့်လိုက်ကြပါဦး။