UPDATE - အညွှန်းသီးသန့်
6.27K subscribers
12 links
Download Telegram
The New Daughter (2009)

#Crime #Horror #Thriller

IMDb - 5.3/10

Horror ကား ကြည့်ချင်နေကြသူတွေအတွက် ၂၀၀၉ မှာ ထွက်ရှိခဲ့တဲ့ The New Daughterဆိုတဲ့ ဇာတ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်ဗျာ။

ဇနီးဖြစ်သူနဲ့ ကွာရှင်းထားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဂျွန်ဂျိမ်းစ်ဟာ သားနဲ့သမီးကို ခေါ်ပြီး လူသူနည်းပါးတဲ့ အိမ်လေးတစ်အိမ်ကို
ပြောင်းရွှေ့လာခဲ့ပါတယ်။

တစ်နေ့မှာတော့ သားဖြစ်သူ ဆမ်နဲ့
သမီးဖြစ်သူ လူဝီဆာ တို့ဟာ ဆော့ကစားကြရင်း အမှတ်တမဲ့ ခြံနောက်ဖေးမှာ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုကိုတွေ့ခဲ့ကြပါတယ်။

ဒီတောင်ပို့ကို ရှာတွေ့အပြီးမှာပဲ အိမ်ကြီးမှာ ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး လူဝီဆာရဲ့ အပြုအမူတွေဟာလည်း တစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို မသင်္ကာတဲ့ ဂျွန်ဂျိမ်းစ်ဟာ ဒီအိမ်ကြီးရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာတော့ ခြံနောက်ဖေးကတောင်ပို့ဟာ သွေးရိုးသားရိုးမဟုတ်ပဲ လူသေတွေကိုမြှုပ်နှံတဲ့ ရှေးဟောင်း သုဿန်တောင်ပို့တစ်ခု ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။

အဲ့လို သိလိုက်ရတဲ့အချိန်မှာတော့ သူတို့မိသားစု ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

ဒီအိမ်ကြီးမှာ ဘယ်လိုရှုပ်ထွေးတဲ့
သမိုင်းကြောင်းတွေရှိနေမလဲ၊ လူဝီဆာတစ်ယောက်ရော ဘာတွေဖြစ်နေသလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် Horror drama ကားကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။
𝗧𝗵𝗲 𝗗𝗲𝘃𝗼𝘁𝗶𝗼𝗻 𝗼𝗳 𝗦𝘂𝘀𝗽𝗲𝗰𝘁 𝗫 (𝟮𝟬𝟭𝟳)

#Crime #Thriller
IMDb - 6.2/10

2017 တုန်းက ထွက်ခဲ့တဲ့ The Devotion of Suspect X ဇာတ်ကားဖြစ်ပါတယ်

သူများနဲ့မတူ တမူထူးခြားတဲ့ ဉာဏ်ကြီးရှင်တွေ မြင်ဖူး ကြားဖူးကြမယ် ထင်ပါရဲ့…

တကယ်လို့များ ဒီလိုလူတွေက ပြစ်မှု ကျူးလွန်မယ်ဆိုရင်…

ဘယ်လိုတွေ ထူးခြားပြောင်မြောက်တဲ့ ပြစ်မှုကြီး ဖြစ်သွားမယ်ထင်လဲ…

အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချာပါရမီရှင်ကြီးရဲ့ကာကွယ်ပေးချင်တဲ့သူကို ကာကွယ်ဖို့ အမှုဆင်ပုံနဲ့ ဒီဆင်ထားတာတွေကို ပြန်ဖြေရှင်းမယ့်

မိတ်ဆွေဟောင်းပရော်ဖက်ဆာတို့ရဲ့ သူမတူတဲ့ တွက်ချက်မှန်းဆတတ်ပုံတွေ စဉ်းစားပုံတွေကို ဒီကားလေးထဲမှာ ခံစားမိမှာပါ

ဇာတ်လမ်းထဲမှာ မျောပြီး အတော်ကြည့်ကောင်းတဲ့ ဇာတ်ကားမျိုးပါပဲ...
𝗠𝗮𝘆𝗵𝗲𝗺! (𝟮𝟬𝟮𝟯)
#Action #Thriller
IMDb - 6.3/10

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး
Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး
အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့
၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။

လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက်
ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။

ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ…

သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။

ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။