UPDATE - အညွှန်းသီးသန့်
4.98K subscribers
9 links
Download Telegram
ကလေးတစ်ဖက် လက်မှာချီရင်းလက်နက်ကိုင်
သူပုန်တွေလိုက်လံပစ်သတ်နေတဲ့ကြားက
အသက်ရှင်အောင်ထွက်ပြေးရတဲ့ Joram
ဆိုတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
IMDB rating 7.4 ရထားပြီး နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်တွေမှာ တစ်ကားလုံး ပျင်းရတဲ့အပိုင်း
မရှိလောက်အောင်ကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ခဲ့ရလို့
ချီးကျူးစကားတွေ ဆုတံဆိပ်တွေရခဲ့တဲ့ Joram ကို
B-Town က ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ မင်းသား Manoj Bajpayee နဲ့ Mohammed Zeeshan Ayyub တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒက်စ်ရူကတော့ ဂျာကန်ရွာက naxal လက်နက်ကိုင် အဖွဲ့အစည်းရဲ့အဖွဲ့အဝင်ဟောင်းဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဖွဲ့ရဲ့လုပ်ရပ်တွေကို စိတ်ကုန်ပြီး မွန်ဘိုင်းသွားပြီး မိသားစုတစ်ခုထူထောင်ကာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ်နဲ့ ဘဝကို အခြေချနေထိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ကျ ဒက်စ်ရူရဲ့ ဇနီးဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရပြီး သတင်းဌာနတွေကလည်း သူ့ကို သူပုန်ဆိုပြီး ကြေညာပစ်ပါတယ်။ ဒက်စ်ရူကိုလည်း လက်နက်ကိုင်အုပ်စုက လိုက်လံသတ်ဖြတ်နေပြီး ဒက်စ်ရူလည်း သုံးလအရွယ်သမီးလေးကို ရင်မှာပိုက်ပြီး မွေးရပ်မြေရွာဆိုရင် လုံခြုံမယ်ထင်ပြီး ဂျာကန်ရွာကို ပြန်ပြေးပါတယ်။ တဖက်မှာလည်း ရဲတွေက ဒက်စ်ရူကို ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေပါတယ်။ မွေးရပ်မြေရွာမှာလည်း ဒက်စ်ရူတို့ မလုံခြုံမှန်း သိလိုက်ရတဲ့အခါမှာတော့ ဒက်စ်ရူကို လိုက်ပစ်မှတ်ထားနေကြတဲ့သူတွေက ဘယ်သူတွေလဲ ဘာကြောင့်လိုက်သတ်နေတာလဲ။ ဒက်စ်ရူနဲ့ သူ့ကလေးလည်း လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ရင်တမမနဲ့ ကြည့်ရှုပေးကြပါဦး

#Credit
Washington's Armor: The Journey (2022)

IMDB:7.2

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ၄၆ ဆက်အထိရှိခဲ့ပြီး

လက်ရှိထမ်းဆောင်နေတာကတော့ သမ္မတဂျိုးဘိုင်ဒန်ဆိုတာကို

တစ်ကမ္ဘာလုံးနီးပါးသိကြမှာပါ။ အခုဇာတ်ကားကတော့

အမေရိကန်ရဲ့ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂျော့ဂျ်ဝါရှင်တန်ရဲ့ ငယ်စဉ်က

အကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပြီး ဝါရှင်တန်ငယ်စဉ်က

အကြောင်းအရာတွေ၊ သမ္မတမဖြစ်ခင် ၁၇၅၃ ခုနှစ်က အမေရိကန်နဲ့

ပြင်သစ်တို့ကြားက တင်းမာမှုတွေကို ပြန်လည်ရိုက်ကူးထားတဲ့

ဇာတ်ကားဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်..
Kla Fun (2024)

Kla Fun (2024)ဒီကားလေးကတော့ MMA နဲ့ Drug crime ရောထားတဲ့ကားလေးပါ။ သုံးယောက်ဖက်စပ်လုပ်ကိုင်တဲ့ မူးယစ်ဆေးလုပ်ငန်းရဲ့ ပိုနေကျလမ်းကြောင်းမှာ ပစ္စည်းကဖြတ်အလုခံလိုက်ရပြီး ကားထဲမှာပါလာတဲ့ အတော်ဆုံး racer လည်း သေသွားခဲ့ပါတယ်။ လက်သည်ရှာမရတာကြောင့် အချင်းချင်းသံသယ၀င်နေကြရင်း ဒုတိယအခေါက်ပိုမယ့်အသုတ်မှာ ပိုသေချာစေဖို VIP တွေကို မျှားခေါ်ပြီး အာရုံလွှဖို MMA ပွဲကိုဆုကြေးကြီးကြီးနဲ့ ကျင်းပလိုက်ပါတယ်။ ဒီပွဲမှာ မိခင်ရဲ့ကျန်းမာရေးအတွက် ငွေမလုံလောက်လို မဖြစ်မနေ၀င်ပြိုင်ရမယ့်မွေ့ထိုင်းချန်ပီယံမလေးလည်း ရှိနေပါတယ်။ ဆေးကို ဖြတ်ခုတ်သွားတဲ့ လက်သည်က ဘယ်သူဖြစ်မလဲ...။ လက်ဝှေ့ပွဲညမှာ အားလုံးကစီစဥ်ထားသလိုဖြစ်လာမှာလား ဆိုတာ....။

#Credit
Pindam (2023) အိမ်ကြီးတစ္ဆေ
=======================
IMDb - 8.7/10 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နောက်ခံသံကောင်းကောင်း
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သရဲကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။
အိန္ဒိယရဲ့တစ်ဦးတည်းသောလို့ဆိုနိုင်တဲ့ သရဲနှိမ်နင်းရေးပညာကို နိုင်ငံခြားအထိတောင်သွားရောက်ပြီးတော့ လိုက်စားထားတဲ့ မစ်အန်နာမာ။ သူ့ရဲ့အဖေကလည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်ရင်း သူ့အဖေလိုက်နေတဲ့ ဝိညာဥ်တစ်ကောင်ကြောင့် သူ့ရဲ့ညီမနဲ့အမေဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ သူ့အဖေကိုယ်တိုင်တောင် အဲဒီဝိညာဥ်ကိုတိုက်ခိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့အဖေမသေဆုံးခင်မှာ ပညာအမွေတွေပေးခဲ့တဲ့အတွက်ကြောင့်နဲ့ မစ်အန်နာမာက သူ့အဖေတိုက်ခိုက်နေတဲ့ ဝိညာဥ်နောက်ကိုလိုက်ရင်း သရဲအပူးခံရသူ အနှောင့်အယှက်ပေးခံရသူတွေကို ကူညီရင်းနေလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူ့ဆီကို လေ့လာဖို့ရောက်လာတဲ့ လော့ခ်နတ်...Read More
Phone Bhoot (2022)
===

Katrina Kaif ရဲ့အသစ်ထွက်တဲ့အိန္ဒိယသရဲဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့မေဂျာနဲ့ဂူလူဟာ အလုပ်မရှိအကိုင်မရှိနဲ့ အမြဲတမ်း သရဲအကြောင်းကိုပဲစိတ်ဝင်စားပြီးတော့
အချိန်ဖြုန်းနေတတ်တဲ့ကောင်လေးနှစ်ယောက်ဖြစ်ပါတယ် ငယ်ငယ်ကတည်းကသရဲအကြောင်းဝိဉာဉ်အကြောင်းကို
စိတ်ဝင်စားပြီးတော့သရဲဖမ်းတဲ့သူတွေ၊ အပနှင်တဲ့သူတွေအဖြစ် အသက်မွေးချင်နေကြတဲ့သူတွေဖြစ်ပါတယ်
ဒီလိုနဲ့တစ်ရက်မှာတော့ဟောလိုးဝင်းပါတီတစ်ခုလုပ်ရင်း မတော်တဆဖြစ်ပြီးမေဂျာနဲ့ဂူလူတို့ဟာသရဲတွေကိုမြင်နိုင်တဲ့အစွမ်းရသွားတဲ့အပြင်
ရာဂီနီဆိုတဲ့သရဲမလေးနဲ့လည်းရင်းနှီးသွားခဲ့ပါတယ် အဲဒီမှာသရဲမလေးရာဂီနီကသူနဲ့အတူပူးပေါင်းပြီးသရဲပူးကပ်ခံရသူတွေ၊ နှောင့်ယှက်ခံရသူတွေကို
ဖြေရှင်းပေးပြီးပိုက်ဆံရှာဖို့အတွက်ကမ်းလှမ်းလာခဲ့ပါတယ် အစကတည်းက ဒီအလုပ်ကိုဝါသနာပါတဲ့၊ ဒီအလုပ်နဲ့
အသက်မွေးချင်နေတဲ့ မေဂျာနဲ့ဂူလူ့အတွက်လည်းအတော်ပဲဖြစ်သွားတာပေါ့...

ကဲ သူတို့သုံးယောက် သရဲနှင်ကြရင်းနဲ့ ဘယ်လိုအလွဲတွေဖြစ်ကြဦးမလဲ၊
မေဂျာနဲ့ ဂူလူ့ဆီကိုရောက်လာတဲ့ သရဲမလေးရာဂီနီရဲ့ ရည်ရွယ်ချက်ကရောသမာရိုးကျဟုတ်ရဲ့လား၊
ဘယ်လိုကြံစည်မှုတွေရှိနေဦးမလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

#Credit
The Animal Kingdom (2023)

အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာ

လူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီး

လူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်....။

ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊

တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ...။

ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့

စိတ်မကောင်းစရာပဲပေါ့...။

ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်...။

ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့

‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့

ကြုံတွေ့လာရတဲ့အခါ....။

Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစား

ရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမို

တင်ဆက်ပေးလိုက်ပါဗျာ...။
Dunki (2023)

Dunki ဆိုတာကတော့ ပန်ဂျာပီဘာသာစကားနဲ့ တစ်နေရာကတစ်နေရာကိုရွှေ့ပြောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီကားလေးကတော့ အိန္ဒိယမှာ အခက်အခဲအမျိုးမျိုးကြောင့် ယူကေ အင်္ဂလန်ကိုရွှေ့ပြောင်းလုပ်သားအနေနဲ့ သွားရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားလေးတွေရဲ့ဘ၀ကို ဟာသလေးနှောပြီး ရိုက်ကူးထားတာပါ။ ဟာသလေးပါသော်ငြားလည်း ဒရာမာတော့ ရောပါသေးတယ်နော်။

ပန်ဂျပ်ရွာလေးက မန်နူ ဘာလီ ဘန်ဂူတို့ သူငယ်ချင်းသုံးယောက်ဟာ အခက်အခဲကိုယ်စီကြားက အင်္ဂလန်ကိုပြည်၀င်ခွင့်ရဖို့ မျိုးစုံကြိုးစားကြပေမဲ့လည်း ငွေတွေ အလိမ်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ မန်နူတို့ဘ၀ထဲကို တထောင့်တနေရာကပါလာကြသူတွေကတော့ ဟာဒီနဲ့ဆူခီပါ..။

ဒီလိုနဲ့…
မန်နူတို့သုံးယောက်ရဲ့ အင်္ဂလန်အိပ်မက်ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ…

နှလုံးသားနဲ့ ဘ၀ကြားက လွန်ဆွဲပွဲမှာ သူတို့ဘယ်လိုရွေးချယ်မှုတွေ လုပ်သွားကြမလဲ…

အိပ်မက်တွေ ရည်မှန်းချက်တွေက သူတို့အတွက်တကယ်ပြည့်၀ခဲ့ရဲ့လားဆိုတာ….

သေချာတာကတော့ ဒီကားလေးထဲကတချို့ဟာသလေးတွေကတကယ့်ကို အူလှိုက်သည်းလိုက်ရယ်ရတာပါပဲ ။ ပါ၀င်သူတွေကလည်း Shah Ruah Khan.. Taapsee...Vicky Kaushal တို့လိုထိတ်ထိတ်ကြဲတွေကခေါင်းဆောင် ပါ၀င်ထားပြီး ၂၀၂၃ ရဲ့ဟစ်အဖြစ်ဆုံး ဘောလိ၀ုဒ်ကားအဖြစ် တန်း၀င်ခဲ့တာမို့ ကားကောင်းတစ်ကားဖြစ်တာအသေအချာပါပဲ။

IMdM 7.2 ရထားပါတယ်..။ သေချာတာကတော့ Shah Rukh Khan..Taapsee..Vicky တို့နဲ့တင်ကြည့်ရတာအရမ်းတန်နေပါပြီ။ ကြည့်ရှုခံစားပေးကြပါဦး။
Naa Saami Ranga (2024)
===============
"ရွာလူမိုက်"

တေလဂူး အက်ရှင်/ဒရာမာ ဇာတ်ကားကြမ်းကြမ်းလေး တင်ပေးလိုက်ပါတယ် ၂၀၁၉ က
မလေယာလမ် ရုပ်ရှင် Porinju Mariam Jose ကို ပြန်ပြီးရိုက်ထားတာ ဖြစ်ပါတယ်
၂၀၂၄ ရဲ့ ဝင်ငွေအကောင်းဆုံး ၇ ကားမြောက်အိန္ဒိယရုပ်ရှင် ဖြစ်ခဲ့ပြီး တတိယ ဝင်ငွေအများဆုံး တေလဂူးကား ဖြစ်ပါတယ်

ဇာလ်လမ်းအကျဥ်းကတော့ ၁၉၆၃ ရွာတစ်ရွာမှာ ကစ်ရှ်တေယာ ဆိုတဲ့ မိဘမဲ့ကောင်လေးကို အန်ဂျီရဲ့
အမေက မွေးစားခဲ့ပြီး သူတို့နှစ်ယောက် ညီအစ်ကိုရင်းပမာ အတူတူကြီးပြင်းခဲ့ပါတယ်

တစ်နေ့ သူတို့အမေ ဆုံးတော့ အလောင်းမချသေးခင် အကြွေးနဲ့အိမ်လာသိမ်းတဲ့ ကြွေးရှင်ရဲ့ ရန်ကနေ
"ပက်ဒေယာ" ဆိုတဲ့ ကျေးရွာခေါင်းဆောင်က ကယ်တင်ပေးခဲ့တဲ့နေ့ကစပြီး ကစ်ရှ်တေယာ တစ်ယောက်
ရွာသူကြီးကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားခဲ့ပါတယ်

ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးကိုလည်း အကြောင်းကြောင်းကြောင့်
လက်မထပ်နိုင်သေးပဲ သူကြီးခိုင်းတာမှန်သမျှ ပြဿနာအဝဝကို လူယုံတစ်ယောက်လို ဖြေရှင်းပေးနေရပါတယ်
ဒီလို ကစ်ရှ်တေယာကို အရေးပေးခြင်းအပေါ် သူကြီးရဲ့သားအရင်းတွေက မနာလိုကြပါဘူး

တစ်နေ့တော့ သူချစ်ခင်တွယ်တာတဲ့ သူတွေအပေါ်
အန္တရာယ်ကျရောက်လာတဲ့ အချိန်မှာ မားမားမတ်မတ်ဘယ်လို ကာကွယ်ပေးသွားမလဲ
ဆယ်နှစ်တာချစ်ခဲ့ရတဲ့ ကောင်မလေးနဲ့ရော ကံကြမ္မာက ဆုံဆည်းခွင့်ပေးပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး
Attack of the Meth Gator (2023)

ထူးထူးဆန်းဆန်း ဘက်ဂျက်ကားလေးကြည့်ချင်တဲ့

သူတွေအတွက် Attack Of The Meth Gator လို့ခေါ်တဲ့

ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

နိုင်ငံခြားမှာ Meth(မက်သ်) လို့ခေါ်တဲ့မူးယစ်ဆေးတွေကို

လူသုံးများကြပြီး ဒီကားထဲမှာပါတဲ့ မိကျောင်းက အဲ့ဒီမက်သ်တွေ

အများကြီးကို စားလိုက်တဲ့အတွက် ဟိုက်ပြီးတော့ လူတွေ

လိုက်သတ် မက်သ်တွေလိုက်ရှာနေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

ဘယ်ကနေဘယ်လိုစဖြစ်တာလည်းဆိုတော့ ဖလော်ရီဒါမှာရှိတဲ့

ကျွန်းတစ်ကျွန်းမှာ မက်သ်တွေကို ကိုယ်တိုင်ချက်လုပ်ပြီး

ရောင်းနေတဲ့ လူနှစ်ယောက်ကို ရဲတွေလိုက်ဖမ်းရာကနေ

ရေကန်ထဲကို ဆင်းပြေးရင်း မိကျောင်းအစားခံလိုက်ရတာ

ဖြစ်ပါတယ်။မိကျောင်းစားထားတဲ့အထဲမှာ မက်သ်တွေပါ ပါပြီး

ထူးထူးဆန်းဆန်း အဲ့ဒါကြောင့်ပဲ မိကျောင်းကြီးက အကောင်ကြီး

လာပြီး ပိုလည်း အားကြီးလာပါတော့တယ်။ဒါပေမယ့် မူးယစ်ဆေး

တွေရဲ့ ထုံးစံအတိုင်းပဲ အဲ့ဒီမိကျောင်းကြီးက မက်သ်တွေကို

ထပ်တောင့်တလာပြီး ကျွန်းပေါ်မှာရောနေရာအနှံ့မှာပါ လိုက်ရှာ

ပါတော့တယ်။အဲ့ဒါကြောင့် ဒီလိုကြီးမားတဲ့ မိကျောင်းကြီးကို

ရှင်းပစ်ဖို့အတွက် ကျွန်းပေါ်ကရဲမှူးက တခြားတစ်နေရာမှာ တာဝန်

ထမ်းဆောင်နေတဲ့ DEA အရာရှိဖြစ်တဲ့ သူ့သားဒန်တေးကိုပြန်ခေါ်

ခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီမိကျောင်းကြီးကို ရှင်းပစ်ဖို့အပြင် ဒီလို

ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ မက်သ်ချက်တဲ့ဓာတ်ခွဲခန်းတွေ

ကိုပါ ဘယ်လိုအမြစ်ဖြတ်သွားမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားပဲ

ဖြစ်ပါတယ်..
Suncoast (2024)

ကားလေးကတော့ အခုနှစ်အစပိုင်းမှာ ထွက်ရှိလာတဲ့ ဟာသဒရာမာကားကောင်းလေးပါပဲ။ သရုပ်ဆောင်အနေနဲ့ဆိုရင် True Detective, Now You See Me, Zombieland တို့နဲ့ လူသိများတဲ့ မင်းသားကြီး Woody Harrelson ပါ၀င်ထားပါတယ်။
ဆန်းကို့စ်ဆိုတာ နာတာရှည်လူနာတွေအတွက် ဆေးရုံပါ။ ဒိုးရစ်ရဲ့အစ်ကိုဖြစ်သူက စကားလည်းမပြောနိုင် အသိစိတ်လည်းမရှိတော့ဘဲ သေဖို့အချိန်ကို ထိုင်စောင့်နေရတဲ့သူပါ။ သူ့အမေကလည်း သူ့အစ်ကိုကိုပဲ ဂရုစိုက်လို့ ဒိုးရစ်က သိပ်အချစ်မခံရသလိုခံစားနေရတဲ့အတွက် အစ်ကိုဖြစ်သူကို မုန်းတီးနေတဲ့သူပါ။ ငယ်ငယ်ကတည်းက နာမကျန်းဖြစ်တဲ့အစ်ကိုကိုပြုစုခဲ့ရတဲ့ ဒိုးရစ်တစ်ယောက် သူလိုချင်တာက သာမန်ဆယ်ကျော်သက်ဘ၀လေးပါပဲတဲ့။ သူ့အမေက သူ့အစ်ကိုကိုအဖော်ပြုပြီး ဆန်းကို့စ်ဆေးရုံမှာ သွားအိပ်တဲ့အခါမှာတော့ ဒိုးရစ် သာမန်ဆယ်ကျော်သက်ဘ၀မှာ ပျော်ဖို့ကြိုးစားပါတော့တယ်။
ဒီကားလေးကတော့ ဒိုးရစ်ဖက်က ခံစားချက်တွေ မိခင်ဖြစ်သူရဲ့ခံစားချက်တွေကို အချိုးညီညီပေါင်းစပ်ပြီး ကွဲပြားတဲ့အမြင်နဲ့ မျဉ်းပြိုင်လိုလူနှစ်ယောက် နောက်ဆုံးမှာဘယ်လိုခံစားချက်တွေနဲ့ ထပ်တူညီသွားမလဲဆိုတာကို မျက်ရည်တွေကြားထဲခံစားရမယ့်ကားလေးပါပဲ
The Perfect Dinner (2022)

တစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးက အီတာလျံ
အစားအစာတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ အီတလီနိုင်ငံ
နာပိုလီမြို့နဲ့ ရောမမြို့ကို အခြေပြုရိုက်ကူးထားတဲ့
ဟာသ၊ ဒရာမာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
အီတလီနိုင်ငံ နာပိုလီမြို့မှာ ကမ်မီလိုလို့ ခေါ်တဲ့ မာဖီးယားဂိုဏ်းက
အုပ်စိုးနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု နဲ့ တခြားဒုစရိုက်မှု
မျိုးစုံကို လုပ်နေပါတယ်။
ကားမီရဲဆိုတဲ့ ကောင်လေးက ဖခင်ဆုံးပါးပြီးကတည်းက
ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ကမ်မီလိုဂိုဏ်းခေါင်းဆောင်က
ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ နေခဲ့တာပါ။
နဂိုစိတ်ကောင်းရှိတဲ့ ကားမီရဲက သူ့ပတ်ဝန်းကျင်က မကောင်းမှု
လုပ်သူတွေနဲ့ သဟဇာတမဖြစ်တာ မထူးဆန်းပါဘူး။ တနေ့တော့
သူငယ်ချင်းဟောင်းကို သေနတ်နဲ့ ပစ်သတ်ဖို့ ငြင်းဆန်ခဲ့တဲ့
ကားမီရဲကို အပြစ်ပေးတဲ့အနေနဲ့ ရောမမြို့က ငွေကြေးခဝါချတဲ့
စားသောက်ဆိုင်ကို ဟန်ပြဦးစီးဖို့ လွှတ်လိုက်ပါတယ်။
ဟင်းလျာချက်ပြုတ်မှုမှာ တော်ပေမယ့် ခေါင်းမာပြီး လုပ်ချင်ရာ
လုပ်တတ်တဲ့ စားဖိုမှူး ကွန်ဆွယ်လို ဆိုတဲ့ မိန်းကလေးနဲ့
ရောမမြို့မှာ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။
မစ်ရှီလင်ကြယ်ပွင့်ရဖို့အထိ ရည်မှန်းချက်ကြီးတဲ့ ကွန်ဆွယ်လိုကို
ကြိုက်မိသွားတဲ့ ကားမီရဲတစ်ယောက် ဘယ်လိုဘယ်ပုံ
ရှေ့ဆက်ကြမလဲ ဆိုတာကို ဟာသလေးတွေနှောပြီး ရိုက်ကူး
တင်ဆက်ထားတာကို ကြည့်ရှုရမှာပါ..
Marry My Husband
(2024)

အားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့
Lee Yi Kyung တို့ရဲ့ Marry My Husband

နာမည်ကြီး Webtoonကို ပြန်ရိုက်ထားတာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့

ကင်ဆာနဲ့ အသက်လုနေရတဲ့ သေခါနီးအမျိုးသမီးတစ်ယောက်ဟာ
တစ်ရက်မှာတော့ သူငယ်ချင်းအရင်းကြီးနဲ့ သူ့အမျိုးသားတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။
ပိုဆိုးတာကတော့ အမျိုးသားဖြစ်သူက သူသေသွားရင် ကျန်ခဲ့မယ့် သူ့ရဲ့ အာမခံငွေတွေကို
အပိုင်သိမ်းဖို့ ကြိုတင်ကြံစည်ထားတာကိုပါ သိလိုက်ရပြီး အမျိုးသားဆီကပါ အသတ်ခံလိုက်ရပါတယ်။

ဒါပေမယ့် ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ time slip ဖြစ်ပြီး
လွန်ခဲ့တဲ့ 10နှစ်ကို ပြန်ရောက်နေခဲ့ပါတယ်။ သူနဲ့သူ့အမျိုးသားတို့ ရည်းစားဖြစ်နေတဲ့ ကာလကို
ပြန်ရောက်သွားပြီး ဖောက်ပြန်တဲ့သူ့အမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကို
ဘယ်လိုပုံစံနဲ့ လက်စားချေသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်……
Land of Bad 2024

ဒီကားလေးကတော့ စစ်အက်ရှင်ကကြမ်းကြမ်းကို သဘောကျသူများအကြိုက်တွေ့မယ့်ကားလေးပါ။

စီအိုင်အေအေးဂျင့်တစ်ယောက် ပြန်ပေးဆွဲခံရတာကို ကယ်ဆယ်ဖို့ လေတပ်ကအထူးတပ်သားတစ်စုနဲ့အတူ အတွေ့အကြုံနုသေးတဲ့တပ်သားသစ်လေး ကန်နီပါ ပူးတွဲပါ၀င်ခဲ့ပါတယ်။

ကန်နီတို့အဖွဲ့ဟာ အထက်ကဝေဟင်မြင်ကွင်းနဲ့ အော်ပရေးရှင်းကို ထိန်းချုပ်နေတဲ့ ရီပါ-၁ ရဲ့ အထောက်အကူနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နယ်မြေထဲဆင်းသက်ခဲ့ကြတဲ့အချိန် အော်ပရေးရှင်းတန်းလန်းမှာတင် စစ်စတမ်ချို့ယွင်းမှုကြောင့် ခဏတာအဆက်အသွယ်ပြတ်ချိန်..မြေပြင်က သူတို့လူတသိုက်နဲ့ နယ်ခံလူဆိုးတစ်အုပ်ကြား... သူတို့ဘယ်လိုဆက်ပြီး ရုန်းကန်တိုက်ကြမယ်ဆိုတာ....

ဒီကားဟာ စိတ်စင်စားစရာ ခပ်ကြမ်းကြမ်းတရစပ်ရိုက်ချက်တွေ ဝေဟင်မြင်ကွင်းတွေ လက်ရုံးချင်းယှဥ်တိုက်ရမယ့်တိုက်ကွက်တွေ ဖောက်ခွဲရေးအထူးပြုလုပ်ချက်တွေအစုံအလင်နဲ့ မရိုးနိုင်အောင်ရှုစားရမယ့် စစ်အက်ရှင်ကားလေးပါ..။

နောက်ပြီး သရုပ်ဆောင်တွေအနေနဲ့လည်း ဝေဟင်က အော်ပရေတာကြီး ရီပါအဖြစ် မင်းသားကြီး Russell Crowe ....

လူသစ်လေး ကန်နီအဖြစ် Liam Hemsworth... နဲ့

Luke Hamsworth... Milo Ventimiglia ..Ricky Whittle တို့က အထူးတပ်ဖွဲ့၀င်တွေအဖြစ် အသီးသီး ပါ၀င်အားဖြည့်ပေးထားပါတယ်။

IMDB 6.4 ရသမျိုးစုံနဲ့ စိတ်​ကျေနပ်လောက်စရာရှုစားရမယ့် ကားကောင်းတစ်ကားအဖြစ်လည်း Review ကောင်းတွေပိုင်ဆိုင်ထားပါတယ်။ ရှုစားကြည့်ကြပါဦး။
Wolf Pack (2023)

ဒီတခါတော့ ပရိသတ်ကြီးကို IMDB 5.8 ရှိတဲ့ သမန်းဝံပုလွေအလန်းစားဇာတ်လမ်းတွဲလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် သွေးစုပ်ဖုတ်ကောင်တွေချည်းကြည့်နေရလို့ ငြီးငွေ့နေသူတွေအတွက် အသစ်အဆန်းလေးအနေနဲ့ ကြည့်လို့ကောင်းမဲ့ ကားကောင်းလေးပါပဲ ဇာတ်လမ်းကတော့ စစချင်းမှာပဲ လော့အိန်ဂျလိစ်မှာ ၁၈နှစ်အတွင်း ပထမဆုံးလောင်တဲ့ တောင်မီးကြီးလောင်တာကနေစတာပါ အမြန်လမ်းတွေပေါ်မှာ ကားတွေပိတ်နေတုန်း တောထဲက တောကောင်တွေ ထွက်ပြေးရင်း လူတွေသေကြေ ကြ ကားတွေပျက်စီးကြ နဲ့ပေါ့ အဲဒီထဲမှာမှ အဲဗားရတ်ဆိုတဲ့ ကောင်လေးနဲ့ ဘလိတ်ခ်ဆိုတဲ့ ကောင်မလေးကို ဝံပုလွေတစ်ကောင်က ကိုက်သွားပါလေရော အဲဒါနဲ့ ဘလိတ်ခ်က အိမ်ပြန်ပြေး အဲဗားရတ် ကတော့ ဆေးရုံသွားပြခဲ့တာပါ ဆေးရုံရောက်ပြီးမကြာခင်မှာပဲ အဲဗားရတ်ဆီဖုန်းလာပြီး အကောင်တစ်ကောင်ကောင်က သူ့ကိုလိုက်သတ်နေတဲ့အကြောင်း သတိပေးလိုက်တဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ အကိုက်ခံလိုက်ရတဲ့သူတို့နှစ်ယောက်နောက်ကရော ဘာဖြစ်သွားမလဲ သူတို့နောက်ကို လိုက်နေတာကရော ဘာကြီးလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး…
Scammy Boys (2024) (အပေအတေလေးများ)
ဒီတစ်ခေါက်ကတော့ လူညစ်လေးတွေဇာတ်လမ်းပေါ့။
ပိုက်ဆံရဖို့အတွက် ဘာမဆိုအသင့်ဖြစ်နေတဲ့ အနေအထားလေးနဲ့
ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ရဲ့ဇာတ်လမ်းပေါ့ဗျာ။
ငွေကိုရေလိုသုံးဖူးသွားတော့ ငွေရဖို့အတွက် အလုပ်အားလုံးလုပ်ကြမယ့်ကောင်လေးတွေပေါ့။
ပီယွရှ်နဲ့ ပန်ကချ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးနှစ်ယောက်ရှိတယ်။
သူတို့တွေဟာ တိုင်းတစ်ပါးက အကြမ်းဖက်သမားတွေနဲ့ အလုပ်အတူတူလုပ်ရင်း
သက်စွန့်ဆံဖျား ငွေရှာကြတယ်။ ဟိုကလည်း သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားတဲ့ သဘောပေါ့။
ဒီလူတွေဟာလည်း ရဲတွေနဲ့ပေါင်းစားရိုက်စားလုပ်နေကြတာပေါ့။
ဒီလိုလုပ်ရင်းနဲ့ တစ်ရက်မှာ သူတို့ကိုလွှတ်ပေးမယ် ဒါပေမဲ့ နောက်ဆုံးအလုပ်တစ်ခုလုပ်ပေးရမယ်လို့
အကြမ်းဖက်သမားတွေက အကြပ်ကိုင်လာတဲ့အခါမှာတော့...
Route No.17 (2023) " မရဏလမ်း "
IMDb-7.8/10
Horror ကားကိုမှ မှုခင်းတွေဖြေရှင်းပြီး ရင်ခုန်စိတ်လှုပ်ရှားကြည့်ချင်သူများအကြိုက်ဇာတ်လမ်းတစ်ပုဒ်.....။
ကာသစ်ခ်နဲ့ အန်ဂျနာတို့က သူငယ်ချင်းမွေးနေ့သွားကြရင်း ဖုန်းစက်ပိတ်
အားလုံးနဲ့အဆက်ဖြတ်ပြီး တောအုပ်ထဲသွားပျော်ပါးကြတဲ့ အချစ်ငှက်လေးတွေပေါ့
ချစ်စိတ်တွေမွှန်နေကြတော့ လမ်းမှာမဝင်ရဆိုင်းဘုတ်ကိုပါ မမြင်မိဘဲ တောတွင်းလမ်းတစ်ခုကိုဝင်သွားမိကြတယ်
အဲဒီတောလမ်းထဲမှာ ကြည်နူးနေကြရင်း ရုတ်တရက်တွေ့ကြုံလာတဲ့ ခြောက်ခြားဖွယ်ကိစ္စတစ်ခု...
The Time Machine (2002)
အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။
ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ
ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက်
ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ
ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ
စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ
ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့
အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။
The Devil’s Rejects (2005)

Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကို
ပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့
တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

#Credit
Infiltration (2022)
**
စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltration

လို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူ

ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့

အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့

တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေ

တောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာ

မရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့

အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေ

ဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့က

အခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်က

ပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျ

သွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။

စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့

အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။

အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ

အဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကို

ကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက်

လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ

ဖြစ်ပါတယ်...
Lights Out (2024)

Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး
ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။
ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။
Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။
ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။
တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။

ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။
သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။
သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။
ဘားတစ်ခုမှာ ဖဲရိုက်ရင်း ဝိုင်းထဲက လူတွေနဲ့ ရန်ဖြစ်ကြလို့ ဒက်ဖ်က အကုန်လုံးကို အမှောက်သိပ်လိုက်ပါတယ်။
အဲဒါကို မက်စ်က အစအဆုံးမြင်လိုက်ပါတယ်။
DogMan(2023)

dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။ ဒေါက်ဂလပ်ရဲ့ ကလေးဘဝကနေ လူကြီးဘဝအထိ ရုန်းကန်လာရပုံတွေ ခွေးတွေကို ဂေဟာဖွင့်ပြီး စောင့်ရှောက်ထားရင်း ပိုက်ဆံမရှိတော့လို့ သူ့ခွေးတွေရဲ့အကူအညီနဲ့ ခိုးရဝှက်ရပုံတွေ၊ လူတွေကိုကူညီရင်းနဲ့ နောက်ဆုံးမှာ လူမိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပုံတွေကို အမေးအဖြေတလှည့် ဇာတ်ကွက်တစ်လှည့်ပြသသွားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်လိုက်ကြပါဦး