UPDATE - အညွှန်းသီးသန့်
5.26K subscribers
9 links
Download Telegram
Doctor Who : The Day Of The Doctor (2013)

IMDB (8.0/10)

ဒီဇာတ်ကားလေးဟာဆိုရင် ဗြိတိန်သိပ္ပံရုပ်ရှင်တစ်ခုဖြစ်တဲ့ Doctor Who ရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အထူးရိုက်ကူးခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်

အချိန်ခရီးသွားရုပ်ရှင်အဆန်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် လုံးဝ လက်လွှတ်မခံသင့်ပါဘူး

ဒီကားထဲမှာ War Doctor က စကြဝဠာကို ကယ်တင်ဖို ကိုယ့်လူတွေအပါအဝင် ကျူးကျော်လာတဲ့သူတွေကို အသေခံပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်

ဒါပေမယ့် ဒီဆုံးဖြတ်ချက်က မှန်လား၊ မမှန်လားဆိုတာကို The Moment လိုခေါ်တဲ့ လက်နက်က လမ်းပြပေးခဲ့ပြီးနောက် ကျူးကျော်လာတဲ့သူတွေကို ဘယ်လိုအနိုင်ယူသွားမလဲ..ဘယ်လိုလှည့်ကွက်တွေ သုံးသွားမလဲဆိုတာကိုတော့

#Credit
FAN (2016)

IMDB: 7.0/10

မင်းသားကြီး ရှရွတ်ခန်း နှစ်ကိုယ်ခွဲ
သရုပ်ဆောင်ထားတဲ့ Action, Drama, Thriller
ဇာတ်ကားလေးပါ။

နာမည်ကျော်မင်းသားကြီးတစ်ယောက် နဲ့
အဲဒီမင်းသားကို အသည်းအသန်ကြိုက်တဲ့
Hardcore Fan လူငယ်လေးနေရာ
နှစ်နေရာကနေ သရုပ်ဆောင်ထားတာပါ။

မင်းသားကို ကြိုက်လွန်းလို့ လုံးဝကို
ပုံတူကူးပြီး တစ်ထပ်တည်း သရုပ်ဆောင်ပြ
နိုင်တဲ့အထိကို ရူးသွပ်တာပါ။

သရုပ်ဆောင်ပြိုင်ပွဲတစ်ခုမှာ ပထမဆုရခဲ့ပြီး
အဲဒီဆုကို သူ့ရဲ့ မင်းသားမွေးနေ့အမီ ပြနိုင်ဖို့
ကြိုးစားပြီး တွေ့ဖြစ်သွားတဲ့အချိန်မှာတော့
Idol တွေနဲ့ Fan တွေနဲ့ တွေ့တဲ့ထုံးစံအတိုင်း
သူ့ရဲ့စိတ်ကူးထဲက အတိုင်း ဖြစ်မလာဘူးပေါ့။

နောက်ထပ် Action တွေ Thriller တွေ
ဆက်ဖြစ်လာတာကို ဇာတ်ကားထဲမှာ ကြည့်ပါတော့။

တစ်ယောက်တည်းက လုံးဝ မတူညီတဲ့
ဇာတ်ရုပ်နှစ်ခုကို လုံးဝ သရုပ်ဆောင်နှစ်ယောက်
သရုပ်ဆောင်ထားသလို ပီပြင်အောင်
သရုပ်ဆောင်ထားတာပါ။

အသက်ချင်းထက်ဝက်လောက်ကွာတဲ့
နေရာနှစ်ခုကနေ ပီပြင်အောင် သရုပ်ဆောင်
ထားနိုင်တယ်ဆိုတဲ့ ရှရွတ်ခန်းရဲ့ အရည်အချင်း
ကတော့ထူးချွန်တယ်ဆိုတာထက်
ပိုတော်တယ်လို့ ပြောနိုင်ကောင်းပါရဲ့

ဒီဇာတ်ကားရဲ့ IMDb Rating ကတော့ 7/10 ရရှိထားပါတယ်။ 

#Credit
၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ်

အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့

လူငယ်မင်းသားလေး   Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်…
စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင်

ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို

မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်..

တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်..

လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ်

အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့်

တင့်ကားတစ်စီးနဲ့နင့်  ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ်

ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။

သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့်

တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ

အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့

စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ  ဘာတွေဖြစ်လာကြမလဲ………………

ဒီကားမှာ အဓိက အသက်ဝင်တာကတော့

အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို

ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ်

စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ

ဟာသတွေ လူတစ်ဦးနှင့်တစ်ဦးကြားက သံယောဇဉ်တွေ ကို ဒါရိုက်တာက ပေါ်လွင်အောင်ရိုက်ပြသွားပါတယ်….

#Credit
Kung Fu Yoga (2017)

ဒီဇာတ်ကားမှာတော့ တရုတ် နဲ့ အိန္ဒိယသရုပ်ဆောင်တွေ ပူးပေါင်း
တင်ဆက်ထားကြပြီး
ဟာသ အက်ရှင် အမျိုးအစားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
တရုတ်ပြည်ရဲ့ ကျောက်စာပညာရှင် ဂျက်ကီနဲ့ တပည့်တွေဆီကို အိန္ဒိယပြည်မှ ပါမောက္ခချောချောလေး တစ်ယောက်ရောက်လာပြီး
တန်မင်းဆက်ခေတ် ပျောက်ဆုံးနေတဲ့
မာဂဒတိုင်းရတနာတွေကို ရှာဖို့အကူအညီလာတောင်းရာကနေ နယ်စပ်၊ ဒူဘိုင်း နဲ့ အိန္ဒိယတွေမှာ စွန့်စားခန်းတွေ ဖွင့်ကြပုံပါပဲ။
တရုတ်ကွန်ဖူးနဲ့ အိန္ဒိယယောဂနည်းစနစ်တွေကို ပေါင်းစပ်ပြသသွားတာကို တွေ့ရပါလိမ့်မယ်။

#Credit
Dark Asset (2023)

Action, Thriller

Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီးလူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီးရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီးကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက်မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူကဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက်ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကိုဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

#Credit
Chabak: The Night Of Murder And Romance (2023)

သည်းထိတ်ရင်ဖို Horror ကားတွေကို ကြိုက်တဲ့သူတွေအတွက် ဇာတ်ကားအသစ်လေးကို တင်ပေးလိုက်ပါပြီနော်။

ဆူဝန်း(Danny Ahn) နဲ့ မီယူ(Kim Min Chae)က လက်ထပ်ထားတာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး အရမ်းချစ်ကြတဲ့ ကြင်စဦးမောင်နှံပါ။ဒါပေမယ့် မီယူက ဆူဝန်းပေါ် လျှို့ဝှက်ထားတဲ့အချက်တစ်ခုရှိနေသလို ဆူဝန်းကလည်း တစ်ယောက်ယောက်ဆီကနေ မီယူနဲ့ပတ်သက်ပြီး မေးလ်တွေကို ရနေခဲ့ပါတယ်။

တစ်ရက်မှာတော့ သူတို့လင်မယားနှစ်ယောက်ဟာ တစ်နှစ်ပြည့်အနေနဲ့ ကားပျော်ပွဲစားထွက်ဖို့ ထွက်လာခဲ့ကြပါတယ်။သူတို့သွားတဲ့ တောင်က ဖြစ်ချင်တော့ ထူးဆန်းတဲ့ လူပျောက်မှုတွေဖြစ်ပေါ်နေတဲ့နေရာဖြစ်နေတဲ့အခါ.....
သူတို့လည်း ပျောက်သွားတဲ့သူလိုမျိုး အန္တရာယ်ကျရောက်လာမှာလား။

မီယူ့ရဲ့ လျှို့ဝှက်ချက်နဲ့ အဲ့တာကိုသိသွားတဲ့အခါ ဆူဝန်းရဲ့ တုံ့ပြန်မှုတွေက ဘယ်လိုဖြစ်မှာလဲဆိုတာကို အသည်းတယားယားနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

#Credit
Kruty 1918 (2019)

ယူကရိန်းကို ကမ္ဘာက လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့
အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် လွတ်လပ်ရေးလမ်းကြောင်းကို
အနှောင့်အယှက်ပေးနေတဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်းမြို့တွေကို
တစ်မြို့ပြီးတစ်မြို့သိမ်းယူရင်း မြို့တော် ကီဗီ ကိုသိမ်းဖို့အထိစီစဉ်
ထားခဲ့ပါတယ်။

နိုင်ငံရဲ့စစ်အင်အားချိနဲ့လာချိန်မှာ ယူကရိန်းမြို့တော်ကီဗီမှာပဲ အကြီး
အကဲတွေဟာ ခြေကုပ်ပြီးခုခံဖို့ပြင်ဆင်လာခဲ့တယ်။

တစ်ဖက်မှာလည်း
စစ်အင်အားလိုအပ်တဲ့အတွက် မြို့တွင်းစည်းရုံးရေးတွေ ဆက်တိုက်
ဆိုသလိုလုပ်နေခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မှာ ရုရှားတွေကိုခုခံတိုက်ခိုက်
ဖို့အတွက် ယူကရိန်းတက္ကသိုလ်ကကျောင်းသားအများစုဟာစစ်ထဲကို
ဝင်ရောက်ခဲ့ပါတယ်။

စစ်ရေးလိုအပ်ချက်အရစစ်ပညာတစ်ပတ်သာ သင်ကြားပြီးရှေ့တန်းကို တက်ကြရမှာဖြစ်တဲ့အတွက်စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားအင်အားစုဟာ ကရူတီရထားဘူတာရုံမှာ ခြေကုပ်ပြီး ရုရှားစစ်တပ်တွေကို အောင်မြင်စွာခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်ကြည့်ရှုပေးကြပါဦး။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo
Lwin ဖြစ်ပါတယ်)

#Credit
ကလေးတစ်ဖက် လက်မှာချီရင်းလက်နက်ကိုင်
သူပုန်တွေလိုက်လံပစ်သတ်နေတဲ့ကြားက
အသက်ရှင်အောင်ထွက်ပြေးရတဲ့ Joram
ဆိုတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
IMDB rating 7.4 ရထားပြီး နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်တွေမှာ တစ်ကားလုံး ပျင်းရတဲ့အပိုင်း
မရှိလောက်အောင်ကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ခဲ့ရလို့
ချီးကျူးစကားတွေ ဆုတံဆိပ်တွေရခဲ့တဲ့ Joram ကို
B-Town က ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ မင်းသား Manoj Bajpayee နဲ့ Mohammed Zeeshan Ayyub တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒက်စ်ရူကတော့ ဂျာကန်ရွာက naxal လက်နက်ကိုင် အဖွဲ့အစည်းရဲ့အဖွဲ့အဝင်ဟောင်းဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဖွဲ့ရဲ့လုပ်ရပ်တွေကို စိတ်ကုန်ပြီး မွန်ဘိုင်းသွားပြီး မိသားစုတစ်ခုထူထောင်ကာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ်နဲ့ ဘဝကို အခြေချနေထိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ကျ ဒက်စ်ရူရဲ့ ဇနီးဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရပြီး သတင်းဌာနတွေကလည်း သူ့ကို သူပုန်ဆိုပြီး ကြေညာပစ်ပါတယ်။ ဒက်စ်ရူကိုလည်း လက်နက်ကိုင်အုပ်စုက လိုက်လံသတ်ဖြတ်နေပြီး ဒက်စ်ရူလည်း သုံးလအရွယ်သမီးလေးကို ရင်မှာပိုက်ပြီး မွေးရပ်မြေရွာဆိုရင် လုံခြုံမယ်ထင်ပြီး ဂျာကန်ရွာကို ပြန်ပြေးပါတယ်။ တဖက်မှာလည်း ရဲတွေက ဒက်စ်ရူကို ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေပါတယ်။ မွေးရပ်မြေရွာမှာလည်း ဒက်စ်ရူတို့ မလုံခြုံမှန်း သိလိုက်ရတဲ့အခါမှာတော့ ဒက်စ်ရူကို လိုက်ပစ်မှတ်ထားနေကြတဲ့သူတွေက ဘယ်သူတွေလဲ ဘာကြောင့်လိုက်သတ်နေတာလဲ။ ဒက်စ်ရူနဲ့ သူ့ကလေးလည်း လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ရင်တမမနဲ့ ကြည့်ရှုပေးကြပါဦး

#Credit
Kla Fun (2024)

Kla Fun (2024)ဒီကားလေးကတော့ MMA နဲ့ Drug crime ရောထားတဲ့ကားလေးပါ။ သုံးယောက်ဖက်စပ်လုပ်ကိုင်တဲ့ မူးယစ်ဆေးလုပ်ငန်းရဲ့ ပိုနေကျလမ်းကြောင်းမှာ ပစ္စည်းကဖြတ်အလုခံလိုက်ရပြီး ကားထဲမှာပါလာတဲ့ အတော်ဆုံး racer လည်း သေသွားခဲ့ပါတယ်။ လက်သည်ရှာမရတာကြောင့် အချင်းချင်းသံသယ၀င်နေကြရင်း ဒုတိယအခေါက်ပိုမယ့်အသုတ်မှာ ပိုသေချာစေဖို VIP တွေကို မျှားခေါ်ပြီး အာရုံလွှဖို MMA ပွဲကိုဆုကြေးကြီးကြီးနဲ့ ကျင်းပလိုက်ပါတယ်။ ဒီပွဲမှာ မိခင်ရဲ့ကျန်းမာရေးအတွက် ငွေမလုံလောက်လို မဖြစ်မနေ၀င်ပြိုင်ရမယ့်မွေ့ထိုင်းချန်ပီယံမလေးလည်း ရှိနေပါတယ်။ ဆေးကို ဖြတ်ခုတ်သွားတဲ့ လက်သည်က ဘယ်သူဖြစ်မလဲ...။ လက်ဝှေ့ပွဲညမှာ အားလုံးကစီစဥ်ထားသလိုဖြစ်လာမှာလား ဆိုတာ....။

#Credit
Phone Bhoot (2022)
===

Katrina Kaif ရဲ့အသစ်ထွက်တဲ့အိန္ဒိယသရဲဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့မေဂျာနဲ့ဂူလူဟာ အလုပ်မရှိအကိုင်မရှိနဲ့ အမြဲတမ်း သရဲအကြောင်းကိုပဲစိတ်ဝင်စားပြီးတော့
အချိန်ဖြုန်းနေတတ်တဲ့ကောင်လေးနှစ်ယောက်ဖြစ်ပါတယ် ငယ်ငယ်ကတည်းကသရဲအကြောင်းဝိဉာဉ်အကြောင်းကို
စိတ်ဝင်စားပြီးတော့သရဲဖမ်းတဲ့သူတွေ၊ အပနှင်တဲ့သူတွေအဖြစ် အသက်မွေးချင်နေကြတဲ့သူတွေဖြစ်ပါတယ်
ဒီလိုနဲ့တစ်ရက်မှာတော့ဟောလိုးဝင်းပါတီတစ်ခုလုပ်ရင်း မတော်တဆဖြစ်ပြီးမေဂျာနဲ့ဂူလူတို့ဟာသရဲတွေကိုမြင်နိုင်တဲ့အစွမ်းရသွားတဲ့အပြင်
ရာဂီနီဆိုတဲ့သရဲမလေးနဲ့လည်းရင်းနှီးသွားခဲ့ပါတယ် အဲဒီမှာသရဲမလေးရာဂီနီကသူနဲ့အတူပူးပေါင်းပြီးသရဲပူးကပ်ခံရသူတွေ၊ နှောင့်ယှက်ခံရသူတွေကို
ဖြေရှင်းပေးပြီးပိုက်ဆံရှာဖို့အတွက်ကမ်းလှမ်းလာခဲ့ပါတယ် အစကတည်းက ဒီအလုပ်ကိုဝါသနာပါတဲ့၊ ဒီအလုပ်နဲ့
အသက်မွေးချင်နေတဲ့ မေဂျာနဲ့ဂူလူ့အတွက်လည်းအတော်ပဲဖြစ်သွားတာပေါ့...

ကဲ သူတို့သုံးယောက် သရဲနှင်ကြရင်းနဲ့ ဘယ်လိုအလွဲတွေဖြစ်ကြဦးမလဲ၊
မေဂျာနဲ့ ဂူလူ့ဆီကိုရောက်လာတဲ့ သရဲမလေးရာဂီနီရဲ့ ရည်ရွယ်ချက်ကရောသမာရိုးကျဟုတ်ရဲ့လား၊
ဘယ်လိုကြံစည်မှုတွေရှိနေဦးမလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

#Credit
The Devil’s Rejects (2005)

Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကို
ပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့
တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

#Credit
Dragonball Evolution (2009)

Dragonball ဆိုတာနဲ့ Goku ကိုပြေးမြင်ကြမယ်ထင်ပါတယ်…
ဒီဇာတ်ကားမှာတော့  ဟောလိဝုဒ် က ရုပ်ရှင် အဖြစ်ပြန်လည်
ရိုက်ကူးပြီး တင်ဆက်ပေးထားတာပါဇာတ်လမ်းအကျဉ်းအနေနဲ့
—————————-လူစွမ်းကောင်းလေး ဆန်းဂိုခုက အချိန်ကိုလုယက်ပြီး အငြိုးကြီးတဲ့ ပီကလိုကို ရင်ဆိုင်ကာ
ရှာဖွေမှုတစ်ခု စတင်ခဲ့ပါတယ်။ အဲဒီရှာဖွေမှု ကတော့ တန်ခိုး အနန္တ ရရှိစေတဲ့ နဂါးဒြပ်လုံး ၇လုံးကို
တစ်နေရာတည်းမှာ စုစည်းပြီး တော့ဘာတွေဆက်ဖြစ်မယ်ဆိုတာ BS ကပရိတ်သတ်ကြီးဆက်သာရှုစားပေးပါဗျ

#Credit
Cities of Last Things (2018)

ဒီတစ်ခါမှာတော့ ၂၀၁၈က ထွက်ရှိထားတဲ့ ထိုင်ဝမ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ

ဒီဇာတ်ကားလေးဟာ တခြားကားတွေနဲ့ မတူဘဲ ကွဲထွက်နေတာကတော့ ဇာတ်ဆောင်ရဲ့ အလှည့်အပြောင်းကို ခေတ်သုံးခေတ် ရိုက်ပြထားခြင်းဖြစ်ပါတယ်

IMDb မှာ 6.2 ထိရရှိထားတဲ့ကားကောင်းလေးဖြစ်တာကြောင့် မလွှတ်တမ်းကြည့်ရှုသင့်ပါတယ်နော်

လူ့လောကမှာ ထူးခြားတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့နေရတဲ့ ကျန်းတုန်းလင်တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်အနည်းငယ်တုန်းက

မတရားခံရတာတွေကို ဘယ်လို လက်စားလိုက်ချေမလဲဆိုတာ Cities of last things ဆိုတဲ့ ဇာတ်ကားလမ်းမှာ ကြည့်ရှုအားပေးကြပါဦးနော်

#Credit
The Green Mile [1999]

Paul Edgecombe လို့အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးကသူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင်ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ချွတ်ချော်တိမ်းပါးမှုတွေ ၊အကျဉ်းသားတွေနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန်ဇာတ်လမ်းတည်ထားတယ်။

ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။

သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကိုသေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။

အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ဥပဒေနဲ့လူ့နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြားအလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ်ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။

ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါလိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။

အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှသက်သေအထောကိအထားခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။

လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။တခါတလေမှာ စစ်မှန်တဲ့ တရားမျှတမှုဆိုတာ

#Credit
JUNG_E (2022)

၂၂ ရာစုအရောက်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကြီးမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။ ဒီအတွက်လည်း အာကာသဟင်းလင်ပြင်မှာ လူနေအာကာသစခန်းတွေ ဆောက်လုပ်ပြီး အသက်ဆက်ခဲ့ကြရပါတယ်။ တစ်နေ့မှာတော့ ဒီအာကာသစခန်းမှာနေထိုင်ကြတဲ့ လူသားတွေ အချင်းချင်း ကတောက်ကဆဖြစ်ရာကနေ စစ်ပွဲကြီးဆီကိုပါ ဦးတည်လာပါတော့တယ်။

#Credit
The Vatican Tapes
================
ပျော်ရွှင်သာယာနေတဲ့မိန်းမငယ်လေး တစ်ယောက်ဖြစ်တဲ့ အန်ဂျယ်လာဟုမ်း တစ်ယောက်မထင်မှတ်ပဲ ဂြိုလ်ဆိုးဝင်တယ်ဆိုသလို မွေးနေ့မှစပြီး လက်ကိုဓါးထိရာကနေသူ့ရဲ့ အပြုအမူတွေက အရမ်းကို ထူးဆန်းလာပြီးမကောင်းဆိုးဝါး ပူးကပ်ခြင်းကိုခံ
ရပါတော့တယ်။

အချိန်မှာတော့ သူ့ဖခင်ဖြစ်သူနဲ့ချစ်သူတို့ဟာ သူ့ကိုတတ်နိုင်သမျှခေတ်မီဆေးပညာတွေနဲ့ ကုသပေးပေမယ့် မရတော့တဲ့အဆုံးမှာတော့ဘယ်လိုမှမတတ်နိုင်တော့ပဲ သူတို့နဲ့ သိကျွမ်းတဲ့ ဖာသာလိုဇနို ရဲ့အကူအညီကို ရယူကာ မစ္စဟုမ်း(စ်) ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မကောင်းဆိုးဝါးကို နှိမ်နင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။အဲ့ဒီလို နှိမ်နင်းနိုင်ဖို့အတွက် Vatican က ဘုန်းတော်ကြီးတစ်ပါးကို ပင့်ခေါ်
ခဲ့ကြပါတယ်။

သူတို့ ရဲ့ မကောင်းဆိုးဝါးနှင်ထုတ်မှုက အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့.....

#Credit
The Final Girls (2015)

ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့
မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။
မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။
မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။

နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့…
သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကို
သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

#Credit
Musudan [2016]

ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို တောင်ကိုရီးယားက အထူးတပ်ဖွဲဖွဲပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတပ်ဖွဲ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

#Credit
KKN, Curse of the Dancing Village (2022)

IMDB – 6.2/10
ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P
ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက်
ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။
အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ
ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။
အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။

#Credit
Self Reliance (2023)
===============

သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မ‌လေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။

ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

#Credit