UPDATE - အညွှန်းသီးသန့်
5.26K subscribers
9 links
Download Telegram
Another Cinderella Story (2009)

မင်းသမီး ဆလီနာဂိုးမက်ကြောင့် ဒီဇာတ်ကားကိုကြည့်ဖြစ်တယ်။
သူမ ၁၆ နှစ်သမီးတုန်းက သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင်
သရုပ်ဆောင်သွားပြီး အက ကွက်တွေလဲ သပ်ရပ်ပါတယ်။
ပုံမှန်တော့ စင်ဒရဲလားဇာတ်ကားတွေကို ပျင်းလို့ ကျွန်တော်ကြည့်လေ့မရှိပါ။
ဒါပေမယ့် ဒီဇာတ်ကားကတော့ ခေတ်သစ်စင်ဒရဲလားအဖြစ် ပုံပြင်ထဲက ကွဲထွက်ပြီး
မပျင်းမရိအောင် ခေါ်ဆောင်သွားနိုင်ပါတယ်။
IMDb Rating မှာ (5.9/10) ပဲရရှိထားပေမယ့် Rotten Tomatoes မှာတော့ 75% ထိ Rating ပေးထားပါတယ်။
ဆလီနာဂိုးမက် ပရိတ်သတ်ပဲဖြစ်ဖြစ် Musical ဇာတ်ကားတွေကိုနှစ်သက်သူတွေဖြစ်ဖြစ်
ကြည့်သင့်ပါတယ်။
The Blackout (2019)

2019 ထွက် Action/sci-fi ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီဇာတ်ကားလေးကတော့ The Blackout ဖြစ်ပြီး Rating 6.1/10 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်လက်ပဲဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ ဇာတ်ကားလေးဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပါ။
A Monster Calls (2016)
IMDb – 7.5/10

A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ..ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်.. သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်.. သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ..
အဲ့ဒါက ဘာအတွက်လဲဆိုတော့… …. …
ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး..
ဒီ Fantasy | Drama ကားလေးက စာရေးဆရာ Patrick Ness ရဲ့ “A Monster Calls” စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်.. Budget $43M နဲ့ ရိုက်ကူးထားတဲ့ဒီကားလေးဟာ Worldwide Gross အနေနဲ့ $37M ကျော် ရရှိခဲ့ပါတယ်..
My House (2023) Thriller/Horror အမျိုးအစားဖြစ်ပြီး အိမ်ကြီးတစ်လုံးထဲမှာပဲ ရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းဖြစ်ပါတယ်မိတဆိုးမလေး “ကာလာ” နဲဲ့ သူ့အဖေဖြစ်သူတို့နှစ်ယောက်တည်း အတူနေကြတယ်
အဖေဖြစ်သူကလည်း လျှို့ဝှက်တတ်လွန်းပြီး အိမ်ကို တံခါးဂျက် အထပ်ထပ် လုံခြုံရေးအထပ်ထပ်နဲ့ထားပြီး ကာလာ့ကိုလည်း ဘယ်တော့မှ အပြင်ပေးမထွက်ပါဘူးသူ့အဖေစကားအရ သူ့အဖေက တချိန်က လူတစ်ယောက် ဓားထိုးခံရမှုကို မျက်မြင်သက်သေထွက်ဆိုခဲ့တယ် ဒါ့ကြောင့် ရာဇဝတ်သားတွေ သူတို့မိသားစုကို ရန်ပြုလာမှာစိုးရိမ်ပြီး အိမ်ပြောင်းနေခဲ့တယ်သမီးလေး ကာလာတစ်ယောက် ဗီဒီယိုကင်မရာတစ်လုံးနဲ့ပဲ တစ်အိမ်လုံးလျှောက်ရိုက်ပြီး အချိန်ကုန်လေ့ရှိပြီး… တစ်နေ့ သူ့အဖေ အပြင်သွားနေတုန်း သူတို့အိမ်ဝကို သူစိမ်းတစ်ယောက်ရောက်လာပြီးနောက်ပိုင်းကာလာတစ်ယောက် သူသိထားသမျှတွေကို သံသယစပြီး ဝင်လာခဲ့တယ်အပြစ်ကင်းစင်တဲ့ကောင်မလေး ကာလာရဲ့ ဘဝကလည်း အိပ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပြီးသူဘယ်လိုဆက်အဖြေရှာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ
School of Rock (2003)

ဂီတကိုရူးသွပ်တဲ့လူတစ်ယောက်သူ့မှာတီးကွက်ခပ်လှလှသီချင်းစာသားခပ်ရွရွတွေရှိပေမယ့်ကံတရားကြောင့်ပဲလားသူ့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲလားမသိ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့နေနေသာ အိမ်လခတောင်ပေးဖို့အနိုင်နိုင်ကံကဆက်ဆိုးချင်တော့တီးဝိုင်းအဖွဲ့ကလည်း သူ့ကို ထုတ်ပစ်လိုက်တယ်လေလွင့်နေတဲ့သူဟာ အစားထိုးစာသင်ဖို့ကျောင်းဆရာအဖြစ်နဲ့လုပ်ရဖို့အကြောင်းဖန်လာတယ်…ကျောင်းရောက်တော့ကျောင်းသားကျောင်းသူတွေကိုသူတတ်တဲ့ဂီတပညာတွေသင်ပေးမိတယ် ဒီလိုနဲ့ ပါရီမီရှိတဲ့ကလေးတွေနဲ့သူဂီတပြိုင်ပွဲ တစ်ခုအတွက်ကျောင်းမှာကြိုးစားလေကျင်ရင်းပြင်ဆင်ကြတယ်
Abigail (2019)

2019 ခုနစ်ထွက် Adventure/Fantasy ကားသစ်လေးဖြစ်ပါတယ်

IMDB 6.2/10 တောင်ရရှိထားပါတယ်…

ဇာတ်လမ်းအကျဉ်းကတော့ အက်ဘီဂေးဆိုတဲ့ကလေးမလေးဟာ

ကပ်ရောဂါဆိုးကြီးကြောင့် နယ်နိမိတ်တွေကိုအလုံပိတ်ထားတဲ့

မြို့လေးတစ်မြို့မှာ မိဘတွေနဲ့အတူနေထိုင်ပါတယ်…

တစ်ညမှာတော့ အက်ဘီဂေးရဲ့ဖခင်ကို ရောဂါကူးစက်ခံထားရပြီဟုဆိုကာ
အာဏာပိုင်တွေက လာရောက်ဖမ်းဆီးသွားကြပါတယ်…

ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာသွားသ့ည့်တိုင် ရောဂါဆိုးကြီးက

ပပျောက်မသွားပဲ ပိုဆိုးလာပါတယ်…

အရွယ်ရောက်လာတဲ့ အက်ဘီဂေးတစ်ယောက်

ဖခင်ဖြစ်သူကို ရှာပုံတော်ထွက်တဲ့အခါမှာတော့

သူမ တစ်သက်နဲ့တစ်ကိုယ်မထင်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်….

ဂရပ်ဖစ်ကောင်းကောင်း effect ကောင်းကောင်းသုံးထားပြီး

ဇာတ်လမ်းကျောရိုးက စိတ်ဝင်စားစရာကောင်းတာမို့ကြည့်ပျော်ပါတယ်လို့တိုက်တွန်းရင်း….
Bleeding Steel [2017]

မင်းသားကြီးဂျက်ကီချန်းရဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ဝန်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံး၀ မခံပဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သူ့အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ်ဒါပေမဲ့ သက်သေကော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ်
အဲ့ဒီနောက်မှာတော့ ဘာတွေဘလိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ...
The Last Wife (2023)
================
(IMDb 6.2/10)

ဒီတစ်ခါ အာရှရုပ်ရှင်ပရိသတ်ကြီးအတွက် ငယ်ငယ်တုန်းက
သနားစရာထိုင်းကားတွေ ဖိလစ်ပိုင်ကားတွေလိုမျိုး
သနားဖို့အရမ်းကောင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျရမယ့်
ဗီယက်နမ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်

ဒီကားထဲမှာ ကေတီငုယင်လို ဗီယက်နမ်ရဲ့တက်သစ်စ မင်းသမီးချောလေးက ဦးဆောင်ပါဝင်ထားပြီး
ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရင်းနဲ့ မင်းသမီးလေးကို သနားရမဲ့ဇာတ်ကားလေးပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါ
တစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်…
ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူး
အဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူး
အဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာ
အတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့
လင်းတို့ချစ်သူနှစ်ဦး
Acid (2023)

အကယ်၍များဆိုတဲ့ စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။
အကယ်၍များ ကမ္ဘာကြီးပျက်ခဲ့ရင်တို့
အကယ်၍များ မီးမိုးတွေရွာခဲ့ရင်တို့
အကယ်၍များ အကုန်ရေခဲသွားရင်တို့
အကယ်၍များ အက်စစ်မိုးတွေရွာခဲ့ရင်တို့ပေါ့။

ဒီလိုမျိုး ဘေးအန္တရာယ်တွေကျရောက်လာရင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးလဲ စိတ်ကူးပြီးစဉ်းစားမိခဲ့ကြဖူးမှာပါ။
ဒါကိုကလဲ ကမ္ဘာ့ကပ်ဘေးဇာတ်လမ်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။
နောက်ဆုံးထွက်ထားတဲ့ Moon Fall ဇာတ်ကား သိပ်ပြီးမအောင်မြင်ခဲ့ပေမဲ့ လူကြည့်တော့များတုန်းပါပဲ။
ဒါပေမဲ့နောက်ပိုင်း ခုလို World Apocalypse ဇာတ်လမ်းတွေရှားပါးနေချိန်မှာ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို
ပြင်သစ်ကရိုက်ထားတဲ့ Apocalypse ကမ္ဘာပျက်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
ကမ္ဘာကြီးရဲ့ ဖန်လုံအာနိသင်ကြောင့် အပူချိန်တွေမြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
အခြားဓာတုပစ္စည်းတွေ လေထုထဲကို စွန့်ပစ်မှုများလာတဲ့အတွက်
တိမ်ထုထဲက မိုးရေတွေမှာ အက်စစ်ပါဝင်လာမှုပမာဏ မြင့်မားလာပါတယ်။
Curse of the Golden Flower (2006)

ဒီကားလေးရဲ့အစမှာ တရုတ်အင်ပါယာရဲ့ ဧကရာဇ်ကြီးဖင်းဟာ ဂန္ဓမာပွဲတော်ကျင်းပဖို့အတွက် သူ့သားတော် မင်းသားကျိုင်းနဲ့အတူ စစ်ပွဲကနေ နန်းတော်ဆီပြန်လာခဲ့ပါတယ်

ဧကရာဇ်ကြီးမှာ သားသုံးယောက်ရှိပြီး အကြီးဆုံးသားတော် အိမ်ရှေ့မင်းသားဝမ်က လက်ရှိ မိဖုရားကြီးနဲ့ရထားတဲ့သားတော့ မဟုတ်ပါဘူး

အဲဒီ မင်းသားဝမ်နဲ့ လက်ရှိမိဖုရားနဲ့ကလည်း ဖောက်ပြန်နေကြပါသေးတယ် ဒါပေမဲ့ နန်းတွင်းသူတစ်ယောက်နဲ့လည်း ထပ်ကြိုက်မိတဲ့ ဝမ်ကတော့ နန်းတော်ထဲကနေ ထွက်ချင်စိတ်ပဲရှိပါတယ်

ဧကရာဇ်ကြီးပြန်လာတဲ့အခါ သွေးအားနည်းရောဂါရှိတဲ့ သူ့မိဖုရားသောက်နေကျဆေးထဲကို တဖြည်းဖြည်းရူးသွားစေမဲ့ဆေးတစ်မျိုးကို ရောပြီးတိုက်ပါတော့တယ်

နဂိုတည်းက ဧကရာဇ်လုပ်နိုင်ဖို့အတွက်ကြံစည်ပြီး လျန်နိုင်ငံရဲ့ ဘုရင့်သမီးကို ယူထားတာမို့လို့ အချင်းချင်း အဆင်လည်း မပြေကြပါဘူး

အဲဒီလိုနဲ့ အဆိပ်ခတ်နေတယ်ဆိုတာကို သိသွားတဲ့ ဧကရီကြီးက ဘုရင်ကြီးကို ပုန်ကန်ဖို့ ကြိုးစားပါတော့တယ်
Dunkirk (2017)🔺🔺
__

IMDB: (7.9/10)

ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်

ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူးကျော်ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင်ပေါင်းများစွာသော စစ်သားတွေဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် mကမ်းခြေဘက်ကနေ တပ်စခန်းတွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်

အကျအဆုံးများပြီး အင်အားတဖြည်းဖြည်းလျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့်ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်

နောက်တော့ ဗြိတိန်နဲ့ ပြင်သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေ စုစည်းပြီး ဗျူဟာကျကျနဲ့ ဒန်ကာ့ခ်ကမ်းခြေကို ပြန်တိုက်ခိုက်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်

ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီးနောက်မှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ ဒတ်ချ်စစ်သားပေါင်းသုံးသိန်း ကျော်ဟာ အန္တရာယ်ရှိတဲ့ အရပ်ကနေ ဘေးကင်းစွာနဲ့ စွန့်ခွာနိုင်ခဲ့ကြပါတယ်
Attraction (2017)

ဒီတစ်ခါတော့ သိပ္ပံကားတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဇာတ်အိမ်ကောင်းတဲ့ သိပ္ပံကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာကြီးမှာ ဘယ်အရာပဲဖြစ်ဖြစ် အမေရိကန်မှာပဲဖြစ်တယ်ဆိုပြီး အမြင်ကပ်နေတဲ့သူတွေ မပူပါနဲ့ဒီတစ်ခါ ရုရှားမှာဖြစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။

ဇာတ်လမ်းလေးကတော့ လူသားတွေကို လေ့လာဖို့ ရောက်လာခဲ့တဲ့ဂြိုလ်သားနဲ့ ဂြိုလ်သားတွေကို လေ့လာချင်နေတဲ့လူသားတို့ တွေ့ဆုံကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။

ဇာတ်လမ်းဇတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပြီး ချိမတို့အတွက် ဂြိုလ်သားလေးကလည်းချောတော့ ဒေါင်းလုတ်ဆွဲပြီး ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်…။
A Bag of Marbles (2017)

လူသားတိုင်း အသက်ရှင်ခွင့်ရဖို့ ထိုက်တန်ပါတယ်အဖေကျွန်တော့်ကို မေးတယ်
ဂျိုး..
မင်း ဂျူးလား…ကျွန်တော်က ခပ်ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်
မဟုတ်ပါဘူး
ဖြောင်း……..အနားမှာရပ်နေတဲ့ ကျွန်တော့်အမေ၊
ဘေးနားမှာထိုင်နေတဲ့ အစ်ကိုအားလုံး ကြောင်သွားပြီး
အခြေနေကို နားမလည်နိုင်တဲ့အမှုရာတွေနဲ့။ကျွန်တော်လည်း ပါးကိုလက်နဲ့အုပ်ပြီး
အံသြသွားတာရော ရုတ်ရက်ကြီးဆိုတော့ မှင်သက်သွားတယ်။
ဘာလို့လဲ..ဘာလို့..အဖေကဒီတစ်ခေါက် ဂျူးလိုထပ်မေးတယ်
မင်းဂျူးလား
ကျွန်တော် ကြောင်တောင်တောင်နဲ့ပဲ
မဟုတ်ဘူးလို့ ထပ်ဖြေလိုက်တယ်ဖြောင်းးးရုတ်တရတ် အားနဲ့လွဲပြီး ကျွန်တော့်ပါးကို ရိုက်ချပလိုက်တယ်ဂျူးလိုမေးရင် ပြန်မဖြေနဲ့ကွလို့  အဖေ ပြောနေတယ်အဖေ ထပ်ပြီး မေးတယ်မင်းဂျူးမှန်းငါသိတယ်
မှန်မှန်ဖြေစမ်းမဟုတ်ဘူး…..
စကားတောင်မဆုံးသေးဘူးဖြောင်း …ခပ်မြန်မြန် ကျွန်တော့်ပါးကို ရိုက်ပလိုက်တယ်အမေလည်း အံ့သြပြီး မျက်ရည်တွေလည်းကျနေတယ်အစ်ကိုကလည်း ဘာတွေဖြစ်ကုန်တာလဲဆိုတဲ့မျက်နှာနဲ့ ကြည့်နေတယ်အဖေ ထပ်မေးတယ်
မင်းဂျူးလားကျွန်တော်မျက်ရည်တွေကျလာပြီး
မဟုတ်ဘူး မဟုတ်ဘူး ….
Run Hide Fight (2020)

ဒီတစ်ခါတော့ ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့
မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူ
ဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန်
အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။
အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏ
ကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။
Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက်
စကြနောက်ကြပါတယ်။
ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။
ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်း
ခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို လက်နက်တွေနဲ့
၀င်လာပြီး လူသတ် ခြိမ်းခြောက်မှုတွေလုပ်ပါတော့တယ် …. ဒါကို သိသွားတဲ့ ဇိုအီဟာ မသိသေးတဲ့ ကျောင်းသား
တွေကို သတိပေးနိုင်အောင် သူကိုယ်တိုင်လည်း မသမာသူတွေလက်က လွတ်အောင် ကြိုးစားရပါတော့တယ် ….
The Day the Earth Stood Still (2008)

IMDb - 5.5/10
Genre - Sci-fi, Thriller

Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ။ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်။ ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီး တာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တ၀ါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီး ကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်။ ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ သူတစ်ဦးဖြစ်ပြီး
ကမ္ဘာဖျက်မယ့် အစီအစဉ်ကို ရပ်တန့်သွားမလား ဒါမှမဟုတ် မူလပထမ အစီအစဉ်တိုင်း ကမ္ဘာဖျက်ပြီး အားလုံးကို သတ်မလားဆိုတာတော့..
The Happening (2008)

IMDb - 5/10
Genre - Sci-fi, Thriller

မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီကားတော်တော်ဝင်ငွေကောင်းသလို အဲ့ဒီနောက်ပိုင်းထွက်ရှိခဲ့တဲ့ A Quiet Place , Bird Box တို့လို့ ဇာတ်ကားတွေကိုတော့ အတော်များများသိကြမှာပါ။ တစ်မျိုးစီကောင်းကြတယ်ဆိုပေမယ့် The Happening(2008) ရဲ့ လူသေခန်းတွေနဲ့ဖြစ်ရပ်တွေဟာ အတော်ကြောက်စရာကောင်းပါတယ်..ကြည့်နေရင်း ကြက်သီးမွေးညင်းတွေထောင်ထလောက်အောင်ပါပဲ။ ဆိုတော့ဒီကားဘယ်လိုအမျိုးအစားလဲ ခန့်မှန်းမိလောက်မှာပါ….A Quiet Palace ကတော့ မြင်လို့မရ BirdBox ကတော့ ကြည့်လို့မရ အမျိုးအစားပေါ့။ ဒီကားကိုတော့ စပွိုင်လာဖြစ်နေမှာစိုးလို့ တခြားအရာတွေမညွှန်းတော့ပါဘူး

Mark Wahlberg လည်းပါတယ်..Suspense, thrill အဆန်ဆုံးစာရင်းဝင်လို့ဒီလိုကားမျိုးနှစ်သက်တဲ့သူတွေအတွက်တော့  KBZ Atm မှာ ၂သိန်းထုတ်တုန်း၁၀သိန်းလောက်တစ်ခါထဲထွက်တဲ့ ခံစားချက်မျိုးကို ရရှိစေမှာမို့လက်မလွှတ်သင့်ပါကြောင်..
Mirror (1975)

IMDb - 8/10
Genre - Drama

ထုတ်ပြောမထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်တဲ့..ကောင်မလေးတစ်ယောက်ကို ခင်ဗျား ချစ်နေတယ်ထား။ ခင်ဗျား သူ့နဲ့ စကားတွေ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပြောဖြစ်နေမယ်..ခင်ဗျား သူ့ကိုချစ်နေတယ်ဆိုတဲ့ အချက်ကို အသေပြောချင်နေပေမယ့် အကြောင်း‌ကြောင်းနဲ့ ခင်ဗျားမပြောဖြစ်ဘူး။ သူလည်းသိချင်သိမယ် မသိချင်မသိဘူး..ခင်ဗျားကတော့ မပြောဖြစ်ဘူး..ဒီလိုအခြေအနေမျိုးကို လူတစ်ဝက်လောက်တော့ ကြုံဖူးကြမယ်ထင်တာပဲ။ ဖြစ်ဖူးရင်တော့ အဲ့ဒီအချိန်မှာ ခင်ဗျား ခံစားရတဲ့ခံစားမှုကို စကားလုံးနဲ့ ဖော်ပြကြည့်..ကျွန်တော်တော့ မဖော်ပြတတ်ဘူး..သေချာတာကတော့ အဲ့ဒီခံစားမှုဟာ အ‌တော်လေးသိပ်သည်း ပြင်းထန်တယ်။ ဒါပေမယ့် အဲ့ဒီခံစားမှုကို စကားလုံးနဲ့ ဖော်ပြဖို့ကျ မရတော့ဘူး..စကားလုံးတွေဟာ လူသားရဲ့အမှန်စင်စစ် ခံစားမှုကို ဖော်ပြဖို့ရာ မလုံလောက်တဲ့ အရာတွေပဲ။ ခံစားမှုတွေကို ဖော်ပြဖို့ စကားလုံးတွေက မတတ်နိုင်ဘူး.. မော်ဒန် Art တွေမှာတော့ ရုပ်ပုံတွေဟာ ရုပ်ပုံမဟုတ်တော့ဘူး..စကားလုံးတွေဟာ စကားလုံးတွေမဟုတ်တော့ဘူး
The Banker (2020)

IMDb - 7.3/10
Genres - Drama, Action

ကလေးဘဝကတက်ဆက်ဇ်မြို့မှာ ဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဉာဏ်စွမ်းဉာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်။ သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမားလွန်းပါတယ်။ သူတို့ (၂) ဘယ်လို ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး။ ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါ
Dead Mine (2012)

=========

ရာမာရှီတာရဲ့ရွှေဇာတ်လမ်းဒဏ္ဏာရီက ရတာနာသိုက်ရှာသူနဲ့ သူ့အဖွဲ့ကိုဆွဲဆောင်နေပါတယ်။ဒီလိုနဲ့သူတို့သွားရင်းသွားရင် အင်ဒိုနီးရှားတောအုပ်ထဲကိုရောက်သွားပါတယ်။

အဲ့မှာဒုတိယကမ္ဘာစစ်က စွန့်ပစ်ထားတဲ့ဂျပန်ဗုံးခိုကျင်းကြီးထဲကို ရောက်သွားပါတယ်။သူတို့အဲ့ထဲကထွက်နိုင်မဲ့ နည်းလမ်းကတော့ အဲ့မိုင်းတွင်းထဲကိုဆက်သွားဖို့ပါဘဲ။

သူတို့ထွက်နိုင်ပါ့မလား.....

ကြောက်စရာမကောင်းဆိုးဝါးတွေနဲ့ရော တွေ့သွားမလား.....

သူတို့ရှာနေတဲ့ရတနာတွေကိုရော ရှာတွေနိုင်ပါ့မလားဆိုတာကတော့.....
Pandorum (2009)

အတိတ်မေ့သွားပြီး ထူးဆန်းတဲ့သတ္တဝါတွေရှိတဲ့ဂြိုလ်ကြီးပေါ်ရောက်သွားသောအခါ..

၂၁၇၄ ခုနှစ် မှာ ကမ္ဘာကြီးရဲ့ သဘာ၀ ရင်းမြစ်တွေ ဟာ ကုန်ဆုံးသွားခဲ့ပြီး
လူသားတွေနေထိုင်ဖို့ နေရာမလုံလောက်တော့ပါဘူး။လူသားတွေဟာ
အခြေချစရာ အိမ် အသစ် ကိုရှာဖွေ ရတော့တာပေါ့။ဒီလိုအခြေအနေတွေကြောင့်
လူသားတွေဟာ Tanis ဂြိုလ်ဆီကို အာကသယာဉ်တစ်စီးကို လွှတ်ပြီး နေထိုင်ဖို့
အဆင်ပြေမပြေ လေ့လာပါတော့တယ်။လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက်
လေးတစ်ခုပေါ့။ဒီလို သွားတဲ့အခါ ခရီးက ဝေးကွာလွန်းတဲ့အတွက် hyper-sleep
လို့ခေါ်တဲ့ နည်းပညာနဲ့ အိပ်စက်စေပြီး ခရီးသွားခိုင်းပါတယ်။ခရီးသွားနေစဉ်မှာပဲ
တပ်ကြပ် ဘောင်ဝါရဲ့ အခန်းဟာ စက်ချို့ယွင်းမှု့ဖြစ်ပြီး တပ်ကြပ်ဘောင်ဝါ တစ်ယောက်
နိုးထလာခဲ့ပါတယ်။ဒါပေမဲ့ ကြာမြင့်စွာအိပ်စက်မှု့ကြောင့် သူဟာ ဝေခွဲမရဖြစ်ပြီး
မှတ်ဉာဏ်ပျောက်ဆုံးနေပါတယ်။မကြာခင်မှာ သူသိလာတာက ဓာတ်ပေါင်းဖို
ချို့ယွင်းမှု့ဖြစ်နေပြီး စွမ်းအင် အရမ်းကို တိုးလွန်းနေပါတယ်။ မကြာခင်မှာပဲ
တစ်ခြားသူတွေ အသီးသီး နိုးထလာခဲ့ ပါတယ်။