UPDATE - အညွှန်းသီးသန့်
6.27K subscribers
12 links
Download Telegram
This Is Me…Now (2024)
================

ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me... Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။

ဇာတ်လမ်းအကျဉ်းကတော့

JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ခံယူချက်ကတော့ လက်တွဲဖော်တစ်‌ယောက်နဲ့ ဘဝကို ဖြတ်သန်းချင်တာ ဘာများ မှားလို့လဲ ဆိုတာပါပဲ။ ဒီလိုနဲ့ JLo ဟာ သူများကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ် Sign ပို့ပေးပေး အဆင်မပြေတဲ့ မ JLo ကို ရာသီခွင်နတ်ဘုရားကြီးများက selflove lesson လေး ပို့ချပေးတဲ့အကြောင်းကို သူ့ရဲ့ album အသစ်ထဲက သီချင်းလေးတွေနဲ့ ရောကာယှက်ကာ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။

ဇာတ်လမ်းလေးက တစ်မျိုးလေး entertaining ဖြစ်ပြီး စိတ်အပန်းပြေစေလို့ ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်။
Ruthless (2023)

ဒီ Action, Thriller ရုပ်ရှင်ကားဟာ အထက်တန်းကျောင်း နပန်းနည်းပြတစ်ယောက်ရဲ့ အကြောင်းပါ။

Harry Sumnerက နပန်းနည်းပြ လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူက အိုလံပစ် အားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အားလည်း အရမ်းသန်ပါတယ်။ တစ်ရက် ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ ဖုန်းတစ်call ဝင်လာပါတယ်။ သူ့သမီးရဲ့ ဖုန်းကနေ စုံထောက်တစ်ယောက် ဆက်လာပြီး သမီးဖြစ်သူဟာ မုဒိန်းကျင့်ပြီး အသတ်ခံလိုက်ရကြောင်း ပြောလာပါတယ်။

ကျူးလွန်သူကို ဖမ်းပြီး ထောင်ချခဲ့ပေမယ့် Harryက သူ့သမီး ဖြစ်ရပ်အပြီး လေးနှစ်အကြာမှာ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသူလေး Catia နဲ့ ဆုံပါတယ်။ Catia က Harryရဲ့ အတန်းမှာ နပန်းသင်နေတဲ့ ကလေးမလေးပါ။ ပထွေးဆီကနေ အိမ်တွင်း အကြမ်းဖက်မှု ခံနေရတဲ့ Catia လေးကို နည်းပြ Harryက သနားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ Catiaက ပြန်ပေးဆွဲ ခံရပြီး ပျောက်သွားတဲ့အကြောင်း Harry သိသွားပြီးနောက်မှာ ကိုယ်တိုင် ရေဆုံးမြေဆုံး လိုက်ရှာပါတော့တယ်။
The Battle of Jangsari (2019)

IMDb Rating 6.1 ထိ ရရှိထားသော Action, Drama, War
ဖြစ်ရပ်မှန်ပေါ်အခြေခံ ရိုက်ကူးထားပီးအထူးတလည်ညွှန်းစရာမလိုအောင်ထူးထူးခြားခြားကောင်းပါတယ်

ထူးထူးခြားခြားလဲ မျက်ရည်ကျရပါမယ်

ဇာတ်လမ်းအညွှန်း

ဂျန်ဆာရီကမ်းခြေမှာတပ်စွဲထားတဲ့ မြောက်ပိုင်းတပ်တွေကိုတိုက်ထုတ်ဖို့အခုမှသင်တန်းသားပဲရှိသေးတဲ့ ခြေပြတ်လတ်ပြတ်တွေ အပြည့်နဲ့
စစ်ရဲ့ အနံ့အသက်ဆိုးတွေကိုမခံစားဖူးသေးတဲ့ လူငယ်စစ်သား
၇၀၀ကျော် ကို မလွှဲမရှောင်သာ ဖွဲ့စည်းပြီး mission တစ်ခုလုပ်ခဲ့ကြတယ်

ခုမှ သင်တန်းဆင်းကျောင်းသားတွေနဲ့ စစ်တိုက်မယ်ဆိုကတည်းကဒီစစ်ပွဲရဲ့ အောင်မြင်မှုဟာ ပြန်လမ်းမဲ့ကျွန်းကိုလွှတ်တယ်လို့တောင်ဆိုရပါ့မယ်

ကိုရီးယားထုံးစံအတိုင်း dialogue တွေအရမ်းကောင်းတယ်

suspense လုပ်သွားတာ တော်တော် tempo တက်တယ်

လူငယ်စစ်သားလေးတွေကို သဘာဝကျကျ ရိုက်သွားတာ infomation ပိုင်းမှာပဲလုပ်ဖူးပြီး စစ်ပွဲကိုစာတွေ့ပဲရှိပြီး တိုက်ပွဲအတွေ့အကြုံမရှိတဲ့ခေါင်းဆောင်ရဲ့အမိန့်တွေနဲ့ ချီတက်သွားကြတာဟာ လုံးဝ mission impossible ကြီးပါပဲ။
"Circle Line 2023"

စင်္ကာပူရုပ်ရှင်လောကရဲ့ ပထမဆုံးခေတ်သစ်ထူးဆန်းသတ္တဝါကားလို့ဆိုတဲ့
Circle Line ကို တင်ဆက်ပေးလိုက်ပါတယ်။
စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့
တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့

-ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကို
ကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက်
-အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနဲ့တဲ့ အဖေနဲ့သမီး
မြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါ

System ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာ
မရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။
Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာ
ချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီး
အသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။

အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ......
မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ......
အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာ
သားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကို
ဆက်လက်ကြည့်ရှုပြီး စင်္ကာပူရဲ့ပထမဆုံးသောခေတ်သစ်ထူးဆန်းသတ္တဝါကားဟာ
ဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်......
Mad Max: Fury Road (2015)

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။

Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး....
Air Force One Down (2024)
*
Air Force One ဆိုတဲ့အမေရိကန်သမ္မတစီးတဲ့

လေယာဉ်ကြီးကို ပြန်ပေးဆွဲကြတဲ့ ဝင်စီးကြတဲ့

ဇာတ်ကားတွေလည်း ရှေ့မှာအများကြီးထွက်ခဲ့ပြီးပေမဲ့

တကယ်တမ်း အဲ့လိုလုပ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။

ဒီတော့အဲ့ဒီလေယာဉ်နဲ့ပတ်သတ်ပြီး အခု ၂၀၂၄ မှာလည်း

စိတ်ကူးယဉ် ဇာတ်ကားတစ်ကားထပ်ထွက်လာပြန်လာပြီ။

ဇာတ်လမ်းအစမှာတော့ မရိန်းတပ်ထဲမှာ

တာဝန်ထမ်းဆောင်နေတဲ့ အယ်လစ်ဆန်ကိုတွေ့ရမှာဖြစ်ပြီး

ဦးလေးရဲ့ ကျေးဇူးနဲ့သမ္မတရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲ

ဝင်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမေရိကန်သမ္မတက

အက်စ်တိုဗီယန်နိုင်ငံနဲ့ ရေနံကိစ္စသဘောတူညီချက် ယူဖို့လုပ်နေ

ခဲ့တာဖြစ်ပြီး သမိုင်းဝင်ဖြစ်လာမဲ့ စာချုပ်တစ်ခုကို အက်စ်တို

ဗီယန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်နိုင်ငံကရေနံကို အမေရိကန်ကို

မပေးချင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သမ္မတစီးနင်းလိုက်ပါလာမဲ့

Air Force One လေယာဉ်ကိုဝင်စီးပြီး စာချုပ်ကိုဖျက်သိမ်းခိုင်းဖို့

ကြိုးစားပုံတွေနဲ့ မနေ့တစ်နေ့ကမှရောက်လာတဲ့ အယ်လစ်ဆန်က

သမ္မတကြီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားပုံတွေကို တွေ့ရမှာပဲ

ဖြစ်ပါတယ်..
Men in Black: International IV (2019)

အမ်အိုင်ဘီ အသစ်ထွက်လာလို့ တင်ပေးထားပါတယ်။ အမ်အိုင်ဘီဆိုတာ

ကလေးကတည်းက ရင်းနှီးပြီးသား လျို့ဝှက်အဖွဲ့ပါပဲ။ ဂြိုလ်သားတွေရန်က ကာကွယ်ဖို့ လျို့ဝှက်ဖွဲ့စည်းထားတာပါ။

သူတို့ရဲ့ မှတ်ဉာဏ်ဖျောက်တဲ့ ကင်မရာလိုအရာလေးတွေကို အားလုံးမှတ်မိနေကြမှာပါ။

မင်းသားနဲ့ မင်းသမီးကိုတော့ စူပါဟီးရိုးဖန်တွေ သိပြီးသားပါ။ သောရ်နဲ့ ဗယ်ခရီ တို့ပါပဲ။
Singapore Saloon (2024) .(စင်္ကာပူဆံသဆိုင်)

imdb 7.1/10

ဘုရားသခင်ရဲ့ အလုပ်အကိုင်က ဘာလဲသိလား ကြိုးစားပြီးအောင်မြင်လာတဲ့သူတွေကို
ရွေးချယ်ပြီး သူတို့ကိုနှိပ်စက်ဖို့ပဲတဲ့.....

ပရိသတ်တွေရော အဲ့လိုခံစားချက်မျိုးရှိဖူးကြလား ကိုယ့်ဝါသနာ ကိုယ့်အလုပ်တစ်ခုကို ကြိုးစားပမ်းစား
စိတ်ပါလက်ပါလုပ်နေချိန်မှာ အဘက်ဘက်ကပြသနာတက်နေတာမျိူးပေါ့

ဒီတမီလ်ဇာတ်ကားလေးထဲမှာ ကာသီရ်ဆိုတဲ့ကောင်လေးက သူတို့ရွာက အဘိုးကြီး ချာချာရဲ့ စင်္ကာပူဆလွန်းဆိုတဲ့
ဆံသဆိုင်လေးကို အရမ်းသဘောကျလို့ သူအရွယ်ရောက်လာတဲ့အခါမှာ ဆံသဆရာတစ်ယောက်အဖြစ်
အလုပ်လုပ်ဖို့အတွက် အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီး သူ့ရဲ့အိပ်မက်ဆံသဆိုင်ကြီး စင်္ကာပူဆလွန်းကို
မြို့ပေါ်မှာသွားဖွင့်တဲ့အချိန်မှာ ပြဿနာပေါင်းစုံတက် အတိုက်အခိုက်မျိုးစုံတွေ သတ်သေချင်လောက်အောင်
စိတ်ဓာတ်ကျဆင်းမှုတွေကြားထဲမှာ အဲ့လိုလောကဓံတွေကို ဘယ်လိုရင်ဆိုင်တွန်းလှန်ခဲ့လဲဆိုတာ ရိုးရိုးလေးပဲ တင်ဆက်ပြထားပါတယ်

ဒီဇာတ်ကားလေးကို တစ်ခုသဘောကျမိတဲ့အချက်က ဒီထဲမှာ ရိုက်ကူးပြထားတဲ့ မင်းသားရဲ့ ကလေးဘဝကြီးပြင်းလာပုံ
ဇာတ်ဝင်ခန်းတွေမှာ ငယ်ငယ်က ကျောင်းပိတ်ရက်သွားလည်ဖူးတဲ့ ဆံပင်ညှပ်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ
ကိုယ့်မိဘတွေပြီးရင် အခင်ဆုံးဖြစ်ခဲ့တဲ့ ရပ်ကွက်ထဲက သဘောကောင်းတဲ့ ဦးလေးကြီးတွေကို
ပြန်မြင်ယောင်မိမှာ ဖြစ်ပြီး တချို့နေရာလေးတွေမှာ ကိုယ့်အဖြစ်နဲ့ယှဉ်တွေးမိပြီး ပြုံးစိစိလေးဖြစ်ရင်းနဲ့
ဇာတ်လမ်းလေးကို ခံစားကြည့်ရှုနိုင်မှာဖြစ်လို့ ဒီလိုဒရာမာကားကောင်းတွေ ကြိုက်နှစ်သက်တဲ့
ကိုယ့်ငယ်ဘဝကို ခဏလောက်ပဲဖြစ်ဖြစ် စိတ်ကူးလေးပြန်ယဉ်ချင်တဲ့ ပရိသတ်တွေအတွက်
တင်ဆက်ပေးလိုက်ပါတယ်
Young Detective Dee: Rise of the Sea Dragon (2013)

ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် …ဒါကြောင့် စုံထောက်တီ(ဒီး)ကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။

မင်းသား Mark Chao ကစုံထောက်တီ(ဒီး)အဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။

တီ(ဒီး)တစ်ယောက် စုံထောက်မဖြစ်ခင် အလုပ်လာလျှောက်ကတည်းက တိုင်းပြည်ရဲ့ သေရေးရှင်ရေးပြသနာတစ်ခုကို ဖြေရှင်းဖို့တိုက်ဆိုင်လာတဲ့အခါမှာ……..။

ဇာတ်လမ်းကတော့ အဆန်းကြီးဖြစ်ပြီး နဂါးတွေ အဆိပ်ကောင်တွေ ကိုယ်ဖော့သိုင်းတွေ ရေထဲသွားမြင်းတွေ လျှို့ဝှက်ချက်တွေနဲ့ကြည့်ရမှာပါ။

ဒီဇာတ်လမ်းကို ကျွန်တော်ကတော့ ကြိုက်ပါတယ်။ ကင်မရာရိုက်ချက်တွေ Special Effects ကလဲ ကြည့်ရှုသူတွေကို တဝိုးဝိုးဖြစ်ရမှာပါ….

IMDb Rating (6.5/10) ရရှိထားပြီး Action,Adventure စုံထောက်ဇာတ်ကားကြိုက်သူတွေ လက်မလွတ်သင့်ပါ။
At Cafe 6 (3016) Taiwan

IMDb 6.4/10

လူတိုင်းမှာ ဘဝရဲ့တမ်းတမက်မောစရာ ဇာတ်လမ်းလေးတွေရှိကြမယ်….တခြားလူတွေအတွက်တော့ ပုံပြင်လေးတွေပေါ့…ဒီဇာတ်လမ်းက ပုံပြင်တချို့ကိုပြောပြနေလိမ့်မယ်…တိုက်ဆိုင်ရင်တော့ ကိုယ့်ရင်တစ်ခုလုံး ပျော်ဝင်သွားနိုင်တယ်…
အချစ်ကိုအပ်ဖျားမှာတပ်ပြီး မျှားနေတယ်လို့ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမိလိမ့်မယ်…..တကယ်က အချစ်က ကျွန်တော်တို့ကို အပ်ဖျားမှာတပ်ပြီး မျှားနေတာ။လွမ်းမောဖွယ် ကြမ်းရှရှတချို့နဲ့ ဒီဇာတ်လမ်းလေးဟာ IMDb (6.4) ရရှိထားတဲ့ ထိုင်ဝမ်ဇာတ်ကားလေးပါ။နူးညံ့လိုက်ဖို့ စိတ်မရှိဘူးဆိုရင် ကြည့်ရှုခံစားသင့်ပါတယ်။
Malaikottai Vaaliban (2024) "ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး"
IMDb - 7/10
Drishyamမလေယာလမ်းရုပ်ရှင်တွေနဲ့ မကြာသေးခင်ကမှ
တင်ဆက်ပေးခဲ့တဲ့ Neru(2023)မှာ ရှေ့နေအဖြစ်သရုပ်ဆောင်ထားတဲ့
မင်းသားကြီး Mohanlalရဲ့ အသစ်ထွက်ရှိလာတဲ့ နန်းတွင်းရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒဏ္ဍာရီလာလူသားတစ်ယောက်ရဲ့ ရုန်းကန်ကြိုးစားရပုံနဲ့ အောင်ပွဲတွေကိုတွေ့မြင်ကြရမှာပါ။
သားအဖနှစ်ယောက်နဲ့အတူ လှည်းတစ်စီးနဲ့ နယ်တကာလှည့်ပြီး ပြိုင်ဘက်မရှိသူရဲကောင်းဆိုသူတွေကို
လိုက်ပြီးယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူနေခဲ့တဲ့ မာလာကိုတိုင်ဗာလီဘန်။
မိန်းမပျိုလေးတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ပြီး သူ့ရဲ့ခရီးစဉ်မှာ အတူခေါ်ဆောင်ခဲ့ကာ
သူရဲကောင်းဆိုသူတွေနဲ့ ဆက်လက်ယှဉ်ပြိုင် တိုက်ခိုက်နေခဲ့ပါတယ်။
ဒီမှာပဲ ချာမာသာကန်ဆိုတဲ့ သူရဲကောင်းတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာမှာ
သူအနိုင်ရရှိခဲ့ပြီထင်ပေမဲ့ ချာမာသာကန်ရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့...။
Noryang Deadly Sea (2023)

စစ်သူကြီးလီဆွန်းရှင်းနှင့် သေမင်းပင်လယ်

စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရော

စစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့

ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....

ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့

တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်

၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..

ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့

Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ..

အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...

အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာ

ဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့

တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..
First Girl I Loved (2016)
+++++++++++++++++++

IMDb 6.1 Rotten Tomatoes 90%

ဒီတစ်ခါမှာတော့2016 Sundance Film Festival မှာ

Audience Award ရရှိခဲ့တဲ့ LGBTQ+ကားကောင်းလေး
တင်ဆက်ပေးလိုက်ရပါတယ် ။

ဇာတ်လမ်းလေးကတော့ လူတောသိပ်မတိုးတဲ့

ကျောင်းမှတ်တမ်းဌာနက ကျောင်းသူလေး Anne နဲ့ နာမည်ကြီး

Softball စတား ဖြစ်တဲ့ Sasha တို့ နှစ်ယောက်ကြားထဲက

ဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးပါပဲ ။ ကျောင်းမှတ်တမ်း

စာအုပ်အတွက် မှတ်တမ်းယူပေးဖို့ Softball ပွဲ လိုက်ကြည့်ရာကနေ

Sasha ကို ကြွေသွားတဲ့ Anne ဟာ ဒီအကြောင်းတွေကို

သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Cliffton ကို ရင်ဖွင့်ခဲ့ပါတယ် ။

ဒီလိုကနေ “လိင်တူချင်းကြိုက်တယ်”ဆိုတာကို လက်ခံနိုင်ပုံမရတဲ့

Cliffton က Anne နဲ့ Sasha တို့ကြားထဲမှာ ခလုတ်ကန်သင်း

တစ်ခုလိုဖြစ်လာပါတော့တယ် ။ ဒါပေမယ့် သူတို့နှစ်ယောက်

ဆက်ဆံရေးမှာ...
 
Girl with a Gun”သေနတ်နှင့်မိန်းကလေး”
တစ်နေ့မှာတော့ တိုမီဆိုတဲ့ကောင်မလေးဆီကို
ဖုန်းတစ်လုံးဝင်လာပါတယ်…။
ဖုန်းထဲကပြောစကားကြောင့် တိုမီရဲ့မိခင်ဖြစ်သူဟာ
ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်ပြီးနောက် ကိုယ့်ကိုယ်ကို
အဆုံးစီရင်သွားမှန်းသိလိုက်ရပါတယ်။
မိဘတွေနဲ့လည်းမတွေ့ရတာကြာလေတော့ ဖြစ်စဥ်ကိုမယုံ
ကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ တိုမီတစ်ယောက်
မိဘတွေရှိရာ မွေးရပ်မြေမြိုလေးဆီပြန်ခဲ့ပါတော့တယ်။
သိုပေမယ့် တိုမီရဲ့မြိုလေးဟာ အရင်နဲ့မတူဘဲ
ရာဇဝတ်မှုခင်းတွေ ဖြစ်ပျက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့….
တိုမီတစ်ယောက် မိဘတွေရဲ့အမှုကို ဘယ်လိုအဖြေရှာမလဲ၊
ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ရှုရမယ့်
အက်ရှင်ကားလေးပဲဖြစ်ပါတယ်…
Mission Raniganj (2023)
=====================
(Netflix အကြည်ဗားရှင်းထွက်ထွက်ချင်း တင်ဆက်ပေးထားပါတယ်)
IMDb-7.7/10
မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ
နောက်ထပ်ရုံတင်ကားကြီး
တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။
ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ
ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့
အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။
ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး
အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့
နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။
ချာနိုဘိုင်း,The Dam, စသည်ဖြင့် ..
Tales of Babylon (2023)
2023 မှာထွက်ရှိထားပြီး ဆု​တွေအများကြီးရရှိထားတဲ့ Action, Thriller ကား​လေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်​ပေးပါ​ရ​စေ။
~ ဇာတ်လမ်းအညွှန်း ~
ကြေးစား​လူသတ်သမားလေး​ယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်​နေမှန်းမသိဘဲ မူးယစ်​ဆေး​ငွေ​ကြေးကိစ္စ​တွေနဲ့ ရှုပ်​​ထွေး​နေတဲ့ လန်ဒန်မှာ မစ်ရှင်​ဆောင်ရွက်​နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။
လန်ဒန်ရဲ့မူးယစ်​ဂိုဏ်း​ခေါင်း​ဆောင် ​ဆေးဗားဒရာဂွန်ရဲ့ ​မြေးဖြစ်သူနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​အေးဂျင့် ​အိတ်စ်နဲ့ဝိုင် အဖွဲ့…
တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်း​စေမှုနဲ့ ​မြေးနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​​ကြေးစားတစ်​ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ​သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်း စဗက်လားနားတို့ မစ်ရှင်​တစ်ခုတည်းကို လိုက်​နေမှန်းမသိ လုပ်​ဆောင်​နေရာက​နေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်​နေတာကို တစ်ဦးချင်းစီဘက်က​နေ ရိုက်ကူးပြထားတဲ့ဇာတ်ကား​လေးပဲဖြစ်ပါတယ်
A Soweto Love Story (2024)

ပေါ့ပေါ့ပါးပါးမိသားစုနဲ့ အပန်းဖြေကြည့်လို့ရတဲ့
ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ..
2024 V day မှာတင် လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့
A Soweto love Story ဆိုတဲ့အာဖရိကန်ကားကောင်းလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့
မိသားစုထဲမှာ သားတွေချည်းသုံးယာက်မွေးထားပြီး
တစ်ယောက်မှ မိန်းမမရသေးလို့ စိတ်ပူနေရတဲ့မုဆိုးမအိုအမေကြီးနဲ့
ဇာတ်လမ်းတည်ထားပါတယ်..
သားအကြီးကလည်း လူတွေနဲ့မပေါင်းတတ်မသင်းတတ်
ဇီဇာကြောင်တတ်တဲ့ လူပျိုသိုးကြီး သားလတ်ကလည်း
ဆော်မြင်ရင် ကြာပစ်တတ်တဲ့အကျင့်ကြောင့် ဆော်ကမယုံကြည်
အငယ်ဆုံးသားလေးကလည်း သူ့ကိုသူဇွတ်ကျားပါပြောပေမဲ့
အရမ်းနွဲ့တဲ့ fashion designer ဖြစ်နေလို့ လက်လျော့ထားတာပါ
နောက်ဆုံး ဒီသားသုံးယောက်လုံးကိုစိတ်မရှည်တဲ့ မုဆိုးမအမေက
နှစ်မကုန်ခင် ပထမဆုံးလက်ထပ်နိုင်တဲ့သူကိုမိသားစုအိမ်ကြီး
အမွေပေးမယ် မဟုတ်ရင်ရောင်းပစ်မယ်ဆိုပြီးကြိမ်းလိုက်တဲ့
အခါကျမှ သားသုံးယောက်လုံး မျက်ကလူးဆန်ပြာနဲ့မိန်းမထရှာတဲ့
အခါ ဖြစ်လာတဲ့အလွဲတွေ လူ့သဘာဝရီစရာလေးတွေကို
ပေါ့ပေါ့ပါးပါးကြည့်ရမှာပါ သာမန်မိသားစုကားလေးပေမဲ့ ပုံမှန်
ဇာတ်လမ်းတွေလိုဘာဖြစ်လာမှာလဲတွေ ကြိုသိနေရတာမျိုးတွေမရှိပဲ
လှည့်ကွက်ကောင်းကောင်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့
ကားမလို့ ကြည့်ရတာတန်တဲ့ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ပါတယ်.
Alienoid : Return to the Future (2024)

Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့
ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီ

ဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့
ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါ

ဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို
အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့
ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်

Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင်
Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့
Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်
Cracks (2009) ဒီကားလေးကတော့ Miss-G လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်၊ တနေ့တော့ သူ့ဘဝထဲကို ကျောင်းပြောင်းလာတဲ့ကျောင်းသူလေးတယောက်ရောက်လာခဲ့တယ်။ အဲ့ဒီကျောင်းသူလေးကတော့ သူ့ကို စိတ်မဝင်စားပေမယ့် သူကတော့ လုံးဝကို ချစ်ကြွမ်းဝင်သွားပြီး သူ့ရဲ့ တဖက်သတ်ဆန်တဲ့ အချစ်တွေကို ဘယ်လိုချပြမလဲ? ဒီကားလေးဟာ psychological thriller drama အမျိုးအစားဖြစ်လို့ စိတ္တဇ ဆန်ဆန် ဇာတ်လမ်းအချိုးအကွေ့တွေနဲ့မို့လို့ ကြည့်ကောင်းမယ့် ကားလည်းဖြစ်ပါတယ်။
Ready or Not (2019)

ချမ်းသာပြီး လျို့ဝှက်တတ်တဲ့ မိသားစုတစ်စု ရှိတယ်..သူတို့ဟာ ဂိမ်းမင်းမျိုးဆက်လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ်

သူတို့ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်လိုစံအိမ်ကြီးမှာနေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့

အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ (အဲလစ်) ကတော့ တစ်နေ့မှာ (ဂရေ့စ်) ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်

ဒီမိသားစုအကြောင်း ဘာမှမသိပဲ မောင့်တစ်မျက်နှာ တစ်ရွာထင်ပြီးလိုက်လာခဲ့တဲ့ (ဂရေ့စ်) ကတော့ ဒီမိသားစုနဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ

မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစုဟာ အစဉ်အလာတစ်ခုကို ထိန်းသိမ်းထားပြီး ဂိမ်းတစ်ခုကို ကစားရမှာဖြစ်ပါတယ်

မိသားစုထဲ လူအသစ်ဝင်လာရင် ဒီမိသားစုနဲ့ ထိုက်တန်လားဆိုတာ ဆုံးဖြတ်ကြဖို့အတွက် သတို့သမီးက ပုန်းရမှာဖြစ်ပြီး မိသားစုများက လိုက်ရှာရမှာပါ

ဒီလို တူတူပုန်းတမ်းကစားနည်းကို ဘလိုပုံစံတွေနဲ့ ကစားသွားကြမလဲဆိုတာကိုတော့...