UPDATE - အညွှန်းသီးသန့်
5.25K subscribers
9 links
Download Telegram
Walden (2023)
***
ဝေါလ်ဒန်ဆိုသူကတော့ တရားရုံးမှာ ကြားနာသမျှအမှုတွေကို
လက်ရေးတိုစက်လေးနဲ့ မှတ်တမ်းတင်ရေးမှတ်ရတဲ့ လက်ရေးတိုသမားလေးပေါ့...။
ဒီအလုပ်ကို ၁၄နှစ်လုံးလုံးလုပ်လာခဲ့ပြီး တရားခွင်မှာ ဘယ်လိုပြစ်ဒဏ်တွေပဲ
ချမှတ်ချမှတ်၊ တရားခံကပဲလွတ်သွားသွား၊ သူ့တာဝန်က ရေးမှတ်နေဖို့ပါပဲ...။
တကယ်တမ်း အပြစ်ရှိတဲ့သူတွေ ပြစ်ဒဏ်ကျခံရတာလည်းမြင်ရသလို
ရက်စက်ပါပေ့ဆိုတဲ့ ရာဇဝတ်သားတွေ ကွင်းလုံးကျွတ်လွတ်သွားတာလည်း
မြင်တွေ့ဖူးသူပါ ဒီလိုသာမန်ဘဝကို ဖြတ်သန်းရင်းနဲ့ ဝေါလ်ဒန်ဟာ ဦးနှောက်
အကျိတ်ဝေဒနာကိုခံစားရပြီး သေဆုံးရမယ့်ရက်ကိုနီးလာခဲ့ပါတယ်...။
ဘဝမှာ လက်ရေးတိုရေးတာကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့ပြီး အခြားဘာတစ်ခုမှ
ထူးထူးခြားခြားမလုပ်ဖူးခဲ့တဲ့ ဝေါလ်ဒန်တစ်ယောက် သေခါနီးပြီဆိုတာ
သိလိုက်တော့ အသစ်အဆန်းတစ်ခုကို လက်တည့်စမ်းမိသွားပါတယ်...။
အဲ့ဒါကတော့ ရာဇဝတ်သားတွေကို သူတို့ပြစ်မှုအတိုင်းခံစားရအောင်
တိတ်တဆိတ်လက်တုန့်ပြန်တာပါပဲ...။
သေခါနီးလူတစ်ယောက်မို့ ဘာမှကြောက်စရာမရှိတဲ့ ဝေါလ်ဒန်ဟာ...
Dark Asset (2023)

Action, Thriller

Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီးလူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီးရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီးကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက်မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူကဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက်ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကိုဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

#Credit
Eileen (2023)

အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။

ရုပ်ရှင်ကတော့ အစပိုင်းမှာ Family Guy ထဲက ဟာသလိုပဲ “ရုပ်ချောချောလူတွေ ဆေးလိပ်သောက်ပြနေတိုင်း ရုပ်ရှင်မဖြစ်ဘူးလို့ ပြင်သစ်တွေကို ပြောလိုက်” ဆိုသလိုပါပဲ။ ဘဝမှာ စိတ်ဒဏ်ရာတွေနဲ့ ကြေကွဲလူငယ် ကောင်မလေးနှစ်ယောက် ထောင်ထဲကအလုပ်မှာ တွေ့ပြီး ဆေးလိပ်အတူသောက် အရက်အတူသောက်ကြရင်း ရင်းနှီးလာတယ်။ သူတို့နှစ်ယောက် အချင်းချင်း နားလည်သလို ရင်းနှီးမှုကနေ မှုခင်းကြီးတစ်ခုဆီ တစ်ဆစ်ချိုးပြောင်းသွားပြီး ဒရာမာကနေ သည်းထိပ်ရင်ဖိုဖြစ်သွားတဲ့ဇာတ်ကြောင်းကိုကြည့်ရမှာပါ။
The Bricklayer (2023)

ဇာတ်လမ်းနာမည်အတိုင်း ဗေးဆိုတဲ့ မင်းသားက ပန်းရံလုပ်တာပါ။
ဒါပေမဲ့ စီအိုင်အေက အနားယူထားတဲ့ ဆရာကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ ရန်သူဟောင်း သေပြီထင်နေတဲ့ ရာဒက်ဆိုတဲ့သူ ပြန်ပေါ်လာပြီး စီအိုင်အေကိုရော အမေရိကန်တစ်ခုလုံးကိုပါ ချောက်ချပြီး ကမ္ဘာစစ်ပါ ဖြစ်မဲ့ကိစ္စကို လုပ်ပါတော့တယ်။

စီအိုင်အေက သတင်းပေါက်ကြားပြီး သူ့နောက်ကိုလိုက်ခိုင်းဖို့ စိတ်ချရတဲ့သူမရှိတာကြောင့် အနားယူသွားတဲ့ မင်းသားကို ပြန်ခေါ်ပြီး အေးဂျင့်အသစ်ကောင်မလေးနဲ့အတူ ဂရိကို
လွှတ်လိုက်ပါတော့တယ်။

အမေရိကန်ကိုတောင် ဒုက္ခရောက်သွားစေနိုင်တဲ့ ကိစ္စကဘာလဲ၊ ရာဒက်နဲ့ဗေးနဲ့ စီအိုင်အေရဲ့ ရာဇဝင်ဟောင်းကဘာလဲ
ဆိုတာကို အဖြေရှာရင်း၊ ရာဒက်ရဲ့ အကြံအစည်ကြီးကို တားဖို့ကြိုးစားကြတာကို ကြည့်ရမှာပါ....
Chabak: The Night Of Murder And Romance (2023)

သည်းထိတ်ရင်ဖို Horror ကားတွေကို ကြိုက်တဲ့သူတွေအတွက် ဇာတ်ကားအသစ်လေးကို တင်ပေးလိုက်ပါပြီနော်။

ဆူဝန်း(Danny Ahn) နဲ့ မီယူ(Kim Min Chae)က လက်ထပ်ထားတာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး အရမ်းချစ်ကြတဲ့ ကြင်စဦးမောင်နှံပါ။ဒါပေမယ့် မီယူက ဆူဝန်းပေါ် လျှို့ဝှက်ထားတဲ့အချက်တစ်ခုရှိနေသလို ဆူဝန်းကလည်း တစ်ယောက်ယောက်ဆီကနေ မီယူနဲ့ပတ်သက်ပြီး မေးလ်တွေကို ရနေခဲ့ပါတယ်။

တစ်ရက်မှာတော့ သူတို့လင်မယားနှစ်ယောက်ဟာ တစ်နှစ်ပြည့်အနေနဲ့ ကားပျော်ပွဲစားထွက်ဖို့ ထွက်လာခဲ့ကြပါတယ်။သူတို့သွားတဲ့ တောင်က ဖြစ်ချင်တော့ ထူးဆန်းတဲ့ လူပျောက်မှုတွေဖြစ်ပေါ်နေတဲ့နေရာဖြစ်နေတဲ့အခါ.....
သူတို့လည်း ပျောက်သွားတဲ့သူလိုမျိုး အန္တရာယ်ကျရောက်လာမှာလား။

မီယူ့ရဲ့ လျှို့ဝှက်ချက်နဲ့ အဲ့တာကိုသိသွားတဲ့အခါ ဆူဝန်းရဲ့ တုံ့ပြန်မှုတွေက ဘယ်လိုဖြစ်မှာလဲဆိုတာကို အသည်းတယားယားနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

#Credit
I Heard the Bells (2022)

ခရစ်စမတ်နဲ့ပတ်သတ်ပြီး ခရစ်ယာန်ဘာသာကလွဲပြီး လူသိနည်းတဲ့
တစ်ချက်ကတော့ ကျွန်တော်တို့ newyear တို့လို ည၁၂ ကျော်တာနဲ့
ခရစ်စမတ်နေ့ကိုရောက်တာမျိုးမဟုတ်ပဲ church ကျောင်းက ခေါင်း
လောင်းထိုးမှသာ ခရစ်စမတ်နေ့ကိုရောက်တာဖြစ်ပါတယ်။ ဇာတ်ကား
နာမည် I Heard The Bells ဆိုတာက ဒါကိုဆိုလိုထားခြင်းဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ ခရစ်စမတ်နေ့မှာ သီဆိုရတဲ့
ခရစ်စမတ်သီချင်းတွေထဲက တစ်ပုဒ်ကို ရေးသားခဲ့တဲ့သူကတော့1800
ပြည့်နှစ်တွေရဲ့ ကမ္ဘာကျော် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ဆရာကြီး Longfellow ပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးမှာတော့ ဒီခရစ်စမတ်သီချင်းကို ဆရာကြီး Longfellow ဘယ်ဘယ်လိုခံစားချက်တွေကြောင့် ဖန်တီးဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်းအရာကို ဖြစ်ရပ်မှန်အနေနဲ့ရိုက်ကူးပြသထားပေးတာပဲဖြစ်ပါတယ်။
Ghost Hunters On Icy Trails (2015)

ဇာတ်လမ်းအကျဥ်း
==============

Tom ဆိုတဲ့ကလေးလေးတစ်ယောက်ဟာ အင်မတန်မှသရဲကြောက်တတ်သူဖြစ်ပြီးမြေအောက်ခန်းတွေ မှောင်မည်းတဲ့နေရာတွေဆို လုံးဝမသွားရဲပါဘူး။
သရဲကြောက်ချက်က လက်လန်လွန်းလို့ အစ်မဖြစ်သူကကပါ သူ့ကိုကြောင်တောင်တောင်တစ်ယောက်လို့သတ်မှတ်ထားခြင်းခံခဲ့ရပါတယ်။
တစ်နေ့မှာတော့ Tom တစ်ယောက် Hugo ဆိုတဲ့အစိမ်းရောင်တစ္ဆေတစ်​ကောင်နဲ့တွေ့ရှိပြီးမိတ်ဆွေဖြစ်သွားပါတော့တယ်။ အလွန်ဆိုးဝါးတဲ့ရေခဲမိစ္ဆာဝိညာဥ်ကို  Tom နဲ့ Hugo ပေါင်းပြီး ဘယ်လိုနှိမ်နင်းကြမလဲ?
၎င်းတို့နဲ့အတူ သရဲရှာဖွေနှိမ်နှင်းရေးအဖွဲ့က တစ်ကိုယ်တော်လှုပ်ရှားတတ်တဲ့ သရဲရှာမုဆိုးတစ်ယောက်ပါပူးပေါင်းလာတဲ့အခါမှာတော့.....

သရဲကားလေးဆိုပေမယ့် ကြမ်းကြမ်းတမ်းတမ်းကြီးမဟုတ်ဘဲ မိသားစုနဲ့အတူကြည့်လို့ရတဲ့ဟာသသရဲကားမျိုးလေးဖြစ်တာမလို့ပရိတ်သတ်ကြီးအကြိုက်တွေ့ကြမယ်ထင်ပါတယ်။❤️
Orion and the Dark (2024)

~ IMDb - 6.7/10, RT - 87%, Meta - 74% ~

ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ 

လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။
The Simpsons Movie (2007)

စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိုက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။အဲ့ဒါကို မြို့သူမြို့သားတွေက သတိပြုမိလာပြီး ရေကန်ကြီးထဲကို ဘာအမှိုက်အညစ်အကြေးမှ မစွန့်ပစ်ဖို့ သဘောတူညီလိုက်ကြပါတယ်။ဒါပေမယ့် Simpsons မိသားစုရဲ့ ကပျက်ကချော်လုပ်တတ်တဲ့ ထုံးစံအတိုင်း အဖေဖြစ်သူ ဟိုမာဆစ်ပ်ဆန်က ရေကန်ထဲကို မတော်တဆ အမှိုက်ပစ်လိုက်မိပါတယ်။အဲ့ဒီအခါမှာ အစိုးရက ဒီအဆိပ်အတောက်တွေ တခြားမြို့တွေကို မကူးစက်အောင် စပရင်းဖီးလ်မြို့ကို မှန်ခုံးကြီးတစ်ခု လာအုပ်သွားပါတော့တယ်။ဆစ်ပ်ဆန်မိသားစုက ဒီအဖြစ်အပျက်ရဲ့တရားခံတွေဖြစ်ခဲ့ရပြီး သူတို့ဘယ်လိုရှောင်ပြေးကြရမလဲ၊ ဒီမှန်ခုံးကြီးထဲက လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။The Simpsons Movie ရဲ့ အကောင်းဆုံးအချက်ကတော့ ဇာတ်လမ်းဇာတ်အိမ်ကို ရှူထောင့်ပေါင်းစုံကနေ သရော်ပြနိုင်တာပါ။ဒီဇာတ်ကားထဲမှာ နိုင်ငံရေး၊ ဘာသာရေး သရော်တာတွေပါဝင်ပြီး ဟာသလေးတွေကလဲ အတော်ထိပါတယ်။ပြီးတော့ ဒီကားမှာ အနာဂတ်ခန့်မှန်းချက်တစ်ခုပါသေးတယ်နော်။ဘာလဲဆိုတာတော့ သေချာလေးကြည့်ကြည့်ရင်
Percy Jackson and the Olympians (2024)


အခုတစ်ခါ တင်ဆက်ပေးမှာကတော့ ဇာတ်ကားမထွက်ခင်တည်းက အကြောင်းအမျိုးမျိုးနဲ့ နာမည်ကြီးခဲ့ပြီး IMDb 7.5 အထိရထားတဲ့ Percy Jackson and the Olympians series လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ Percy Jackson and the Olympians movies တွေကို Disney+ ကနေ series တစ်ခုအဖြစ် ပြန်အသက်သွင်းလိုက်တာဖြစ်လို့ movies ထဲမှာမမြင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေကိုပါ မြင်တွေ့ရဦးမှာပါ။

ဇာတ်လမ်းအကျဉ်းကတော့ သွေးနှောနတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Percy တစ်ယောက် အသက်ပြည့်ချိန်မှာ ထူးထူးဆန်းဆန်းတွေ စကြုံလာရပြီး သူ့ဘဝမှာ အစစ်အမှန်လို့ မတွေးခဲ့ဖူးတဲ့ ပုံပြင်ဇာတ်လမ်းတွေက အစစ်အမှန်ဖြစ်လာတဲ့အခါ အသက်မသေဖို့ကြိုးစားရင်း Percy၊ Grover နဲ့ Annabeth တို့ သူငယ်ချင်းသုံးယောက် စွန့်စားခန်းဖွင့်ပုံတွေ ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေ မိစ္ဆာတွေကို တစ်ဝကြီးမြင်တွေ့ရမှာမို့ စောင့်ကြည့်ဖို့မမေ့နဲ့နော်...
Brother Bear (2003)

IMDB (6.8/10)

ရွာတစ်ရွာမှာ ညီအကို ၃ ယောက်ရှိပါတယ်
စီကာ နှင့် သူ၏ ညီ နှစ်ယောက် ဖြစ်တဲ့ ဒီနိုင်း နဲ့ ကီနိုင်း တို့
ဖြစ်ကြပါတယ်
သိပ်မကြာခင် အချိန်တွင်းမှာ ကီနိုင်း ဟာ အရွယ်ရောက်လာသော ယောကျၤားတစ်ယောက်အဖြစ်
မိုးကောင်းကင်က ချပေးသော နိမိတ်ပုံ ကို ရယူရမယ့် ပွဲကို တက်ရတော့မှာပါ
ဒီနိုင်း ကေတာ့ အရာရာကို ဆင်ခြင်တက်သူ ဖြစ်သော်လဲ
ကီနိုင်း ဟာ ငယ်ရွယ်သွတ်လတ်ပြီး
လုပ်ချင်ရာကို တဇွတ်ထိုး လုပ်တတ်သူ တစ်ဦး ဖြစ်၍ အကိုကြီးဖြစ်သူ
စီကာ မွာ ညီဖြစ်သူကို ဘယ်သော အခါမှာ စိတ်မချတက်ပါ
တစ်ရက်မှာတော့ သူတို့ ညီအကို သုံးဦး ကြားထဲသို့ ကံကြမ္မာဆိုးကြီး တစ္ခု
မဖိတ်ခေါ်ရပဲ နဲ့
၀င်ရောက်လာခဲ့လေသော အခါ..
La Brea (2021) Season 1 Complete

အချိန်ခရီးသွားဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် La Brea ဆိုတဲ့ underrated စီးရီးကောင်းလေးတစ်ခု
တင်ဆက်ပေးချင်ပါတယ်ဗျ။ ဒီစီးရီးဟာဆိုရင် အချိန်ခရီးသွားဇာတ်လမ်းတွေထဲမှာ စံလို့ပြောရမယ့် Dark လောက်
မ dark ပေမဲ့ သူ့ဟာနဲ့သူ အလှည့်အပြောင်းတွေ plot twist တွေနဲ့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။
Dark ထက် ပိုပြီး family drama လေးတွေ ပိုပြီးပါပေမဲ့ ပရိတ်သတ်ကို လုံးဝ အီမသွားအောင် ဆက်တိုက်ဆွဲခေါ်သွားတာကို တွေ့ကြရမှာပါ။

ဇာတ်လမ်းအကျဉ်းကတော့…

အိဗ် ဟားရစ်ဟာ သူမရဲ့သားနဲ့သမီးဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ တစ်မနက်မှာ အယ်လ်အေမြို့ရဲ့ လမ်းမထထိုမြေကျွံမှုထဲပါသွားခဲ့ရနောက်မှာ
ကားပိတ်နေတာနဲ့ ကြုံခဲ့ရပါတယ်။ ထိုအချိန်မှာပဲ ရုတ်တရက် မြေကျွံမှုတစ်ခု စတင်ဖြစ်ပွားလာခဲ့ပြီးတော့ အနီးအနားပတ်ဝန်းကျင်မှာ
ရှိတဲ့အရာတွေအားလုံး ကျွံကျပျက်စီးကုန်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။

ထိုဘေးအန္တရာယ်ကြားမှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဂျော့ရှ် ဟားရစ်ကြောင့် အိဗ်နဲ့ ဂျော့ရှ်တို့နှစ်ဦးစလုံး
သမီးဖြစ်သူ အစ်ဇီ ဟားရစ်တစ်ယောက်သာ အယ်လ်အေမြို့ရဲ့မြေပေါ်မှာ ကျန်ရစ်နေခဲ့ပါတော့တယ်။

မြေကျွံမှု ကပ်ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားတဲ့အချိန် အယ်လ်အေမြို့ပေါ်မှာ တွင်းပေါက်ကြီးတစ်ခု ဖြစ်ကျန်နေခဲ့ပြီး
ထိုတွင်းပေါက်ထဲကနေ ကြီးမားလှတဲ့ ငှက်တချို့ပျံတက်လာခဲ့တာကြောင့် လူတွေက အံ့သြတကြီးဖြစ်ခဲ့ရပါသေးတယ်။

ထိုအခိုက်မှာပဲ တွင်းပေါက်ထဲကို ပြုတ်ကျလာခဲ့တဲ့ အိဗ် ဟားရစ်ဟာ အလင်းတန်းတစ်ခုဆီကို ဖြတ်သန်းတိုးဝင်သွားခဲ့ပြီး
တောတွင်းနေရာတစ်ခုမှာ နိုးလာခဲ့ပါတယ်။

သားဖြစ်သူကို ဂျော့ရှ်ကို လိုက်ရှာရင်း သာယာလှပတဲ့ရှုခင်းတွေကိုကျော်ဖြတ်ပြီး တောတွင်း လေဟာပြင်တစ်ခုကို
ရောက်သွားတဲ့ အိဗ်ဟာ ထိုနေရာမှာ သူမနဲ့နည်းတူ ပြုတ်ကျလာတဲ့ လူတွေ ၊ ကားတွေ ၊ အပျက်အဆီးတွေကို မြင်လိုက်ရပါတော့တယ်။

အိဗ်ဟာ ဘယ်နေရာကို ရောက်သွားတာများလဲ။ ဘာတွေကြုံရလိမ့်ဦးမလဲ..။

အယ်လ်အေမှာကျန်နေခဲ့တဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ လေတပ်အရာရှိဟောင်း ဂေဗင် ဟားရစ်ရဲ့
တကယ်မရှိတဲ့အရာတွေကို မြင်ယောင်နေရတဲ့အကြောင်းအရင်းကရော ဘာများဖြစ်လိမ့်မလဲ။

တစ်ချိန်တည်းမှာပဲ တောတွင်းမှာ ရှင်သန်ဖို့ကြိုးစားနေရတဲ့ အိဗ်နဲ့ လူတစ်စုတို့ မျိုးသုဉ်းသွားပြီဖြစ်တဲ့
အစွယ်ရှည်ကျားတစ်ကောင်ကို တွေ့လိုက်ရတဲ့အခါ….။

လာဘရီယာတွင်းပေါက်နဲ့ အလင်းတန်းတို့ရဲ့ မတူညီတဲ့ကာလ ပဟေဠိတွေကို အဖြေရှာနိုင်ဖို့
La Brea (2022) Season 2

NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ်
ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။
ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ
အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး
ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို
ရောက်လာခဲ့ကြပါတယ်။

စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့
မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။
season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ
အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင်
အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး
သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ
အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။
ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊
ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊
ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော
ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။
Guillermo del Toro’s Pinocchio (2022)

သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။
ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။
မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး
အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။
ပုံမှန် Animation မဟပထမကမ္ဘာစစ်အပြီးn အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။
ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့
လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကလေးပုံပြင်တစ်ခုက
Pan’s Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို
ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။
ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။
မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။
Fantastic Mr. Fox (2009)

Mr. Foxဟာ သတင်းစာဆရာတစ်ယောက်အဖြစ် အသက်မွေးပြီး သိပ်ချစ်စရာကောင်း အမျိုသမီး နဲ့သားလေး Ashတို့နဲ့အတူ
ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတယ်အိမ်ထောင်ရက်သားမကျခင်တုန်းတုန်းကMr. Foxဟာ အပေအတေ သူခိုးဖြစ်ခဲ့ပုံရတယ်
တစ်နေ့ သူ့တူဖြစ်သူအိမ်ကိုအလည်လာ ရောက်လာတဲ့ အချိန်မှာ Mister fox ဟာ အရင်ဗီဇတွေပြန်ပေါ်လာပုံရတယ်
သူ့တူရောက်လာတာခြင်းဟာ သူ့အတွက်လက်ထောက်ကောင်းရပြီဆိုး အရင်က ကြက်ခြံ ဘဲခြံတွေကို ဝင်မွှေခဲ့ဘူးတဲ့ စွန့်စားခန်း အချိန်တွေ ပြန်ရအောင်ကြိုးစားပါတော့တယ်အင်မတန် ရက်စက်ပါတယ်ဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင် ၃ယောက်နားမှာ အိမ်ဝယ်ပြီး Mister Fox ရဲ့စွန့်စားခန်းတွေနဲ့စတင်သောအခါ
Rating 7.8 ရထားပြီး Comedy Adventure အမျိုးအစား Animation ကားကောင်းလေးဖြစ်ပါတယ်
Animation ကားကောင်းကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးတစ်ကားပါ
Magic Arch 3D 2020

ရေနေသတ္တဝါတွေစုပေါင်းပြီးနေထိုင်တဲ့ ရေအောက်မြို့လေးတစ်မြို့မှာ အခြားငါးတွေလိုကိုယ်ခံပညာတွေလေ့ကျင့်ရတာထက်ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရတာကြိုက်တဲ့ ဒယ်လ်ဖီ ဆိုတဲ့လင်းပိုင်လေးတစ်ကောင်ရှိပါတယ်

တစ်နေ့မှာ ဒယ်လ်ဖီနဲ့သူငယ်ချင်း
ဖြစ်သူငါးလေးဟာ ရေအောက်ထဲထိမြုပ်နေတဲ့ခံတပ်ဟောင်းကြီးတစ်ခုဆီဝင်သွားမိဖို့အကြောင်းဖန်လာပါတယ်

ခံတပ်ကြီးထဲမှာသတ္တဝါတစ်ကောင်ရဲ့နာမည်ကိုပြောလိုက်ရုံနဲ့ ထိုသတ္တဝါပုံပြောင်းသွားစေမယ့် မှော်ဝင်မုခ်ဝတစ်ခုကိုတွေ့ခဲ့ပါတယ်

ဒါပေမယ့်အနီးအနားမှာလည်း ငါးမြို့တော်ကိုသိမ်းချင်တဲ့ငါးရှဉ့်တွေကအဲဒါကိုမြင်သွားကြပါတယ်

တာဝန်သိတဲ့ဒယ်လ်ဖီဟာ မြို့တော်ဝန်ကိုမှော်မုခ်ဝအကြောင်းပြောဖို့ပြန်လာခဲ့ပေမယ့် မြို့အဝင်ဝကအစောင့်တွေဟာ စကားဝှက်မပြောနိုင်တဲ့ဒယ်လ်ဖီ့ကိုဝင်ခွင့်မပေးလို့မုခ်ဝကြီးရှိတဲ့ဆီကိုပြန်သွားတဲ့အခါမှာသူတွေ့လိုက်ရတဲ့မြင်ကွင်းကတော့

ဒီကားလေးက ကြည့်လေကြည့်လေဇာတ်ရှိန်တက်လေလေပါပဲ အစပိုင်းမှာအနည်းငယ်ဇာတ်အေးသလိုရှိပေမယ့်

ဇာတ်လမ်းအလယ်နဲ့နောက်ဆုံးမှာတော့ ရှေ့ကိုဘာဆက်ဖြစ်မယ်မသိပဲစိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီး လျှို့ဝှက်ချက်လေးတွေလည်းပါဝင်လို့အပျင်းပြေမှာ
Duma (2005)

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော်
သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊

​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို

ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb

7.2နဲ့ RT 95% ရထားပါတယ်။

ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရ​​ရေတည်းက
​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝသူကိုယ်တို
ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင်
လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေသူတို့​မိသားစုရဲ့အိမလသာ

ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လသားလေးပဲဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲ
ဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြသူကိုယ်တိုင်ါတယ်။
ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲ
ပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာ
ဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့်
အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာ
House of the Dragon (2022) (Season -1)

Game of Thrones စီးရီးရဲ့ ခေတ်ကာလ မတိုင်ခင်ဖြစ်ပျက်ခဲ့တဲ့ တာဂေးရီးယန်းအိမ်တော်ဇာတ်လမ်းအကြောင်း စီးရီးအသစ် ထွက်ရှိလာပါပြီ၊ Game of Thrones ကို မကြည့်ဖူးရင်တောင် ဒီကနေ စကြည့်လို့ရပြီး အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်

BAC 12000 (အေဂွန်မလာခင် နှစ်ပိုင်း ၁၂၀၀၀) မှာ အနောက်တိုင်းကို ရှေးဦးလူတွေ လာရောက်အခြေချခဲ့ပါတယ်၊ အဲဒီမှာ ယခင်ရှိနေပြီးသားဖြစ်တဲ့ သစ်တောရဲ့ကလေးငယ်များဆိုတဲ့ မျိုးနွယ်တွေနဲ့ လူ့ဘီလူးကြီးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်၊ သစ်တောကလေးငယ်တွေက ရှေးဦးလူတွေကိုအနိုင်ယူဖို့ အဖြူရောင်ခရီးသည်တွေကို ဖန်တီးခဲ့ပါတယ်

စစ်ပွဲအဆုံးမှာ ရှေးဦးလူတွေက အနောက်တိုင်းကို စိုးမိုးပြီး သစ်တောကလေးငယ်တွေက သစ်တောတွေထဲကို ထွက်သွားရပါတော့တယ်၊ 8000 BAC နှစ်ပေါင်းများစွာရှည်ကြာတဲ့ ဆောင်းရာသီကြီးနဲ့အတူ အဖြူရောင်လမ်းလျှောက်သူတွေက သက်ရှိအားလုံးကိုသတ်ဖြတ်ဖို့ ချီတက်လာခဲ့တဲ့အတွက် ရှေးဦးလူတွေနဲ့ သစ်တောကလေးငယ်တွေစုပေါင်းပြီး ပြန်တိုက်ထုတ်ခဲ့ရပါတယ်

တိုက်ပွဲပြင်းထန်လွန်းပြီး သစ်တောမျိုးနွယ်တွေ အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်၊ ရှေးဦးလူတွေထဲက ဘရန်စတာ့ခ်က နံရံကြီးကို အဖြူရောင်လမ်းလျှောက်သူတွေမဖြတ်နိုင်အောင် မှော်ပညာနဲ့ စီရင်တည်ဆောက်ခဲ့ပြီး ဝင်းတားဖဲလ်ကိုလည်း တည်ထောင်ခဲ့ပါတယ်

နံရံကြီးတည်ဆောက်အပြီးမှာ နံရံရဲ့ မြောက်ပိုင်းမှာ ကွဲကျန်နေခဲ့တဲ့ ရှေးဦးလူတွေကတော့ လွတ်လပ်သောမျိုးနွယ်စုဖြစ်လာပြီး အနောက်တိုင်းသားတွေကတော့ သူတို့ကို လူရိုင်းမျိုးနွယ်လို့ပဲ သတ်မှတ်ပါတယ်

5000 BAC အရှေ့တိုင်း အက်ဆော့မှာ ဗလေးရီးရားမျိုးနွယ်တွေက နဂါးတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး အင်အားကြီးမားတဲ့အိမ်တော်ဖြစ်လာခဲ့ပါတယ်၊ စစ်ဘုရင်မ နိုင်မဲရီးရားက ဗလေးရီးရားတွေကိုမနိုင်လို့ သူ့လူတွေကို လှေကြီးတွေနဲ့ကယ်ထုတ်ပြီး ဒွန်းမှာ အခြေချခဲ့ရပါတယ်

100 BAC မှာတော့ မီးတောင်ကြီးတွေဆက်တိုက်ပေါက်ကွဲမှုဖြစ်ပြီး ဗလေးရီးရားတိုင်းပြည်ပျက်သုန်းခဲ့ပါတော့တယ်

0 BAC အဲဒီနောက်မှာတော့ အေဂွန်တာဂေးရီးယန်းဟာ အနောက်တိုင်းကိုသိမ်းပိုင်ပြီး ၇ ပြည်ထောင်ကို သံပလ္လင်ကနေ အုပ်စိုးပါတော့တယ်

အေဂွန်သေဆုံးပြီးနောက်မှာတော့ သူ့ရဲ့သား အေးနိစ်တာဂေးရီးယန်းက သံပလ္လင်ကို ပျော့ညံ့စွာပဲ ၅ နှစ်ပဲအုပ်စိုးပြီးသေဆုံးသွားခဲ့ပါတယ်

အေးနိစ်နောက်မှာတော့ အေဂွန်ရဲ့ အမေကွဲညီ မေဂေါ်က သံပလ္လင်ကိုဆက်ခံခဲ့ပါတယ်၊ အရမ်းရက်စက်ကြမ်းကြုတ်လွန်းတာကြောင့် ၆ နှစ်နဲ့ ၆၆ ရက် အုပ်စိုးအပြီးမှာ သံပလ္လင်ပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေတာကိုပဲ လူတွေတွေ့ခဲ့ရပါတော့တယ်

ဂျဟဲရစ်ရဲ့ သားနှစ်ယောက်လုံးသေဆုံးခဲ့တာကြောင့် အမွေခံအဖြစ် အကြီးဆုံးမြေးမ ရေးနိစ်တာဂေးရီးယန်း နဲ့ အငယ်မြေးဦး ပထမဗဆဲရစ်တာဂေးရီးယန်းတို့နှစ်ယောက်ထဲက ဗဆဲရစ်ကို ရွေးချယ်ခဲ့ပါတယ်၊ ဗဆဲရစ်ဟာ ရွှေခေတ်ကို နှစ် ၃၀ ဆက်လက်အုပ်ချုပ်ခဲ့ပြီး သူ့ရဲ့ခေတ်အဆုံးမှာတော့ ဟောဒီ နဂါးအိမ်တော်ဇာတ်လမ်းတွဲကြီး စတင်လာပါတော့တယ်
One More Chance (2023)

ဟောင်ကောင် မင်းသားကြီး Chow Yun-fat
နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်

တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး
အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို
တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ
သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။

အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊
လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့
တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊
စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း
လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ
အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။

ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ
လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ
အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း
ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်

တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ
အားဟွေးတစ်ယောက် လီရှီးက လီရန်ကို
သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်
Kruty 1918 (2019)

ယူကရိန်းကို ကမ္ဘာက လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့
အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် လွတ်လပ်ရေးလမ်းကြောင်းကို
အနှောင့်အယှက်ပေးနေတဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်းမြို့တွေကို
တစ်မြို့ပြီးတစ်မြို့သိမ်းယူရင်း မြို့တော် ကီဗီ ကိုသိမ်းဖို့အထိစီစဉ်
ထားခဲ့ပါတယ်။

နိုင်ငံရဲ့စစ်အင်အားချိနဲ့လာချိန်မှာ ယူကရိန်းမြို့တော်ကီဗီမှာပဲ အကြီး
အကဲတွေဟာ ခြေကုပ်ပြီးခုခံဖို့ပြင်ဆင်လာခဲ့တယ်။

တစ်ဖက်မှာလည်း
စစ်အင်အားလိုအပ်တဲ့အတွက် မြို့တွင်းစည်းရုံးရေးတွေ ဆက်တိုက်
ဆိုသလိုလုပ်နေခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မှာ ရုရှားတွေကိုခုခံတိုက်ခိုက်
ဖို့အတွက် ယူကရိန်းတက္ကသိုလ်ကကျောင်းသားအများစုဟာစစ်ထဲကို
ဝင်ရောက်ခဲ့ပါတယ်။

စစ်ရေးလိုအပ်ချက်အရစစ်ပညာတစ်ပတ်သာ သင်ကြားပြီးရှေ့တန်းကို တက်ကြရမှာဖြစ်တဲ့အတွက်စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားအင်အားစုဟာ ကရူတီရထားဘူတာရုံမှာ ခြေကုပ်ပြီး ရုရှားစစ်တပ်တွေကို အောင်မြင်စွာခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်ကြည့်ရှုပေးကြပါဦး။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo
Lwin ဖြစ်ပါတယ်)

#Credit