UPDATE - အညွှန်းသီးသန့်
7.2K subscribers
12 links
Download Telegram
The Great Mouse Detective (1986)

1986 တုန်းကထွက်ရှိခဲ့ပြီး ရှားလော့ ဟုမ်းစ်ကို အခြေခံပြီးဖန်တီးထားတဲ့ ကြွက်စုံထောက်ကြီး ဘက်ဆဲလ် ရဲ့ကာတွန်ကြွက်စုံထောတင်ဆက်ပေးလိုက်ပါတယ်သူ့ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့ရဲ့နာမည်ကြီး အရုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဖလန်ဘာရှန်ကို လင်းနို့တစ်ကောင်ကပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဖလန်ဘာရှန်ရဲ့သမီးလေး အိုလီဗီယာကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့အဖေကိုလိုက်ရှာဖို့အတွက် ဘေကာလမ်းက စုံထောက်ကြီးဘက်ဆဲလ်ဆီကိုသွားရင်းလမ်းပျောက်သွားခဲ့ပါတယ်။ ဒီအချိန်မှာ အာဖဂန်ကနေစစ်မှုထမ်းပြီးပြန်လာပြီး တိုက်ခန်းလိုက်ရှာနေတဲ့ ဒေါက်တာ ဒေါ်ဆင်နဲ့လမ်းမှာတွေ့ပြီး ဒေါက်တာဒေါ်ဆင်က အိုလီဗီယာကို ကူညီပြီးတော့ ဘက်ဆဲလ်ကို လိုက်ရှာပေးခဲ့ပါတယ်။ ဒီလိုနဲ့ အိုလီဗီယာရဲ့အဖေကိုဖမ်းသွားတဲ့ လူက ဘက်ဆဲလ်ရဲ့ ရန်သူတော်ကြီး ပါမောက္ခရက်တင်ဂန်ရဲ့ တပည့်ဖြစ်တဲ့ လင်းနို့ ဖစ်ဂျက်ဒ်ဖြစ်နေတဲ့အခါမှာ ပါမောက္ခ ရက်တင်ဂန် ကဘယ်လိုအကြံဆိုးမျိုးကိုကြံစည်နေတာလဲ၊ စုံထောက်ကြီး ဘက်ဆဲလ်နဲ့ ဒေါက်ဆာ ဒေါ်ဆင်တို့ကရော တားဆီးနိုင်မလားဆိုတာကို ငယ်ဘဝရဲ့အမှတ်တရအပြcည့်နဲ့ ပြန်လည်ကြည့်ရှုလိုက်ကြပါဦးဗျ။
Amanat (2022)

၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တောင်ပေါ်သား အစ္စလာမ်မျိုးနွယ် Caucasus တို့ရဲ့ခေါင်းဆောင်က သူတို့နယ်ကို ရုရှားတပ်တွေ ဝိုင်းလာတဲ့အချိန် သူတို့ခေါင်းဆောင် Imma Shamil က သူ့ရဲ့သားဖြစ်သူ Jamalutdin ကို ဓားစာခံအဖြစ် စေလွှတ်ခဲ့ပါတယ် အသက်ကိုးနှစ်အရွယ်မှာ Jamal တစ်ယောက် စစ်မှုရေးရာကျောင်းမှာ တက်ရောက်ပြီး ရုရှားအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ် အဲဒီရုရှားမြေမှာပဲ အရာရှိတစ်ယောက်ရဲ့သမီးဖြစ်သူ Lisa နဲ့ချစ်ကြိုက်ခဲ့ပါတယ် Jamal က ရုရှား officer တစ်ယောက်ဖြစ်ပေမယ့် စစ်ကို ရွံမုန်းပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ တစ်နေ့တော့ "တာဝန်ဝတ္တရား"နဲ့ "သူ့ချစ်သူ Lisa" နှစ်ခုကြား ခက်ခက်ခဲခဲရွေးချယ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ ....

၁၉ ရာစုနောက်ခံ အချစ်ဇာတ်လမ်းကို "စစ်နဲ့ငြိမ်းချမ်းရေး" တို့နဲ့ ရောယှက်ပြီး အလွမ်း/အဆွေး/ခွဲခွာခြင်း/စွန့်လွှတ်ခြင်းတို့ကို သေချာပုံဖော်ထားတာမို့ ကြည့်ရတာနောင်တမရစေနိုင်မယ့် ရှားမှရှား ရုရှားဇာတ်ကားလေးပါ
The Beekeeper (2024)

ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။
ဇာတ်လမ်းအကျဉ်း
ဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို သူငယ်ချင်းအကူအညီတောင် မပါပါဘူး။
The Story of yaun tiangang (2024)

” ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် ”
ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့
အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။
ဇာတ်လမ်းအကျဉ်းအနေနဲ့
ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။
မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာ‌နဲ့သေသွားစေခဲ့ပါတယ် ။
အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။

ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက
ယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။
ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။
ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံး
အမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။
အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုး
ကံကြမ္မာကောင်းဆို‌တာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။
သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲ
Raid On The Lethal Zone ( 2023 )

ဇာတ်လမ်းအကျဉ်းလေးကတော့-၁၉၉၈ ခုနှစ် ၇ လပိုင်း တရုတ်အနောက်မြောက်ပိုင်းနယ်စပ်မှာ
မိုးအဆက်မပြတ်ရွာခဲ့ပြီး တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးမှုကပ်ဘေးအန္တရာယ်နဲ့
ကြုံတွေ့နေရပါတယ်။ ရေကြီးမှုဟာ နယ်စပ်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့
မူးယစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။
နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်တော့
သဘာဝဘေးအန္တရာယ်ရော ရန်သူအန္တရာယ်ရောရှိနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ အခြေအနေမျိုးမှာ တပ်သားတွေဟာ အသက်စတေးရမယ့်
အန္တရာယ်ကို မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့
ဆုံးဖြတ်ခဲ့ပါတယ် မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးစဉ်မှာပဲ ဝမ်ကျင်းဟောင်၊
ကောလိုင်လိုင်၊ စွင်းကျိ၊ ခုံကျူ့ကော်၊ လျိုချွင်းရှန်း စတဲ့ မူးယစ်ချေမှုန်းတဲ့
တပ်သားများဟာ ငယ်ရွယ်တဲ့ အချိန်မှာပဲ သူတို့အသက်ကို တိုင်းပြည်အတွက် စတေးခဲ့ကြပါတယ်။ကပ်ဘေးအန္တရာယ်တွေကတစ်ကြောင်း၊ ဒုစရိုက်ဂိုဏ်းတွေက တစ်ဖွယ်နဲ့
နှောက်ယှက်နေတဲ့နယ်စပ်ကို ကာကွယ်ဖို့အတွက် နယ်စပ်က
လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှုကို
ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။
Destroy All Neighbors (2024)
========================
IMDb - 5.3/10, Rotten Tomatoes - 71% ~

Rock n Roll ဂီတရူးသွပ်သူ Prog-Rock ဂီတပညာရှင် ဝီလီယံဘရောင်းက သူ့အယ်လ်ဘမ် အပြီးသတ်ဖို့ ကြိုးစားရင်း အိပ်မက်ဆိုးလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံရတဲ့ ဟာသ Horror ရုပ်ရှင်ဖြစ်ပါတယ်။

ဝီလီယံက ချစ်သူအမ်မလီနဲ့အတူ အဆောက်အဦးဟောင်းတစ်ခုမှာ တိုက်ခန်းငှားနေပါတယ်။ သူတို့အခန်းနားပတ်လည်က စိတ်ရှုပ်စရာ အိမ်နီးချင်းတွေနဲ့ ဆူသံတွေကြောင့် သူ့အယ်လ်ဘမ် မပြီးတာလို့ ယူဆနေတာပါ။ တကယ်က အဲဒီလိုဖြစ်နေတာ ကြာခဲ့ပါပြီ။ တစ်ညမှာတော့ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်း ဗလက်ဆိုတဲ့လူကြီးက ညလုံးပေါက်ဆူညံနေရာကနေ ဝီလီယံက သည်းမခံနိုင်တော့ဘဲ စိတ်ရူးပေါက်ပြီး ဗလက်ကို သတ်မိသွားပါတယ်။ ဒါပေမဲ့ သေသွားတဲ့ဗလက်က ဝိညာဉ်အဖြစ်နဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့အခါ ဗလက်အလောင်းကို ရှင်းပစ်ဖို့ နည်းမျိုးစုံကြံရင်း မမျှော်လင့်ဘဲ လူထပ်သတ်မိပြန်ပါတယ်။ အဲဒီလိုကနေ အမှုဖုံးဖို့ လုပ်ရာက လူသုံးယောက်ဆက်တိုက်သတ်မိပြီး ရည်းစားနဲ့ပါ ကတောက်ကဆဖြစ်ပြီး ပြတ်သွားပါတယ်...
A Birth aka Birth (2022)
==================
IMDB: 8.5/10

ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့
အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်…
၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့
အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ
စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့်
ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ
ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ
ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို
ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ
ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်…ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့
တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်…
ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်
ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့…
ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်…နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း
တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း…
𝗦𝗮𝗹𝗮𝗮𝗿: 𝗣𝗮𝗿𝘁 𝟭 – 𝗖𝗲𝗮𝘀𝗲𝗳𝗶𝗿𝗲 (𝟮𝟬𝟮𝟯)
#Action #Crime #Drama
IMDb - 6.6/10

CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည် WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ

၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ
အတော်လေးအောင်မြင်ခဲ့ပါတယ်

ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာ ပါဝင်ထားပါတယ်

ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ

စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲ

ဇာတ်လမ်းကတော့....

ကန်ဆာပြည်နယ်လို့ခေါ်တဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်

ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါ

တစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ကတိပြုခဲ့ပါတယ်

အင်အားရှိသူသာအနိုင်ရတဲ့ နေရာတစ်ခုမှာ ဒေဗာရဲ့အကူအညီကို လိုအပ်လာတဲ့အခါမှာတော့….

အဲ့လိုအရှုပ်ထုပ်တွေထဲကို ဖခင်ရဲ့ရန်ငြိုးဟောင်းတွေရှိတာမသိပဲ အိန္ဒိယကို အမေရိက ကပြန်လာခဲ့တဲ့
အာဒယာ(ရှရူသီ) ပါ ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းကတော့ ကြည့်ရင်းနဲ့ပဲ ခံစားကြဖို့ပြောချင်ပါတယ်

ဘာဟုဗလီတစ်ယောက် ရာမယနမှာ ချာခဲ့သမျှ အတိုးနဲ့ကြမ်းပြထားတာမို့ Prabhas ဖန်များ တဝကြီးအားပေးနိုင်ကြောင်း သတင်းကောင်းပါးရင်း CM Bollywood ပရိသတ်ကြီးအတွက်
တင်ဆက်ပေးလိုက်ပါတယ်....
The Last of Us(2023)

ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီး ဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကို စီးရီးအနေနဲ့ တင်ဆက်လာပါပြီ။

တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။

Episode-1 ကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။

မင်သားကလည်း Game of Thrones, Mandalorian, Kingsmen ကားတွေထဲက Pedro Pascal ပါပဲ။ မင်းသမီးကလည်း Game of Thrones ထဲမှာ အားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Bella Ramsey ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့

မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာ အခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့က စစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။

သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း တိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲက မှောင်ခိုသမားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ညီကိုရှာဖို့ ခိုးထွက်ဖို့ကြိုးစားချိန်မှာ ပိုးစုန်းကြူးတော်လှန်ရေးအဖွဲ့ကလည်း ဗရိုနီကာဆိုတဲ့ ကလေးမလေးကို အရမ်းအရေးကြီးတဲ့အကြောင်း တစ်ခုနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေပါပြီ။ ဂျိုအယ်နဲ့ ပိုးစုန်းကြူးအဖွဲ့ တွေ့ပြီး ဗရိုနီကာနဲ့ဘယ်လိုစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကို…..
My Daemon (2023)

IMDb – 8/10

ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ထိုင်းအခြေစိုက်ကုမ္ပဏီကနေ ထုတ်လုပ်ပြီး Netflix ကနေ ထုတ်လွှင့်ထားတဲ့
အပိုင်း(၁၃)ပိုင်းပါဝင်တဲ့ Fantasy, Science Fiction အမျိုးအစား Anime စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နယူကလီးယားထုတ်လုပ်ရာနေရာကနေ ပျံ့လွှင့်လာတဲ့ ဒေးမိုးနီးယန်းအမှုန်လေးတွေကြောင့် လူသားတွေဟာ ဒေမွန်ရောဂါကို ခံစားနေကြရပါတယ်။
အဲဒီရောဂါဖြစ်ပြီးတဲ့သူတိုင်းဟာ ကင်ဆာလိုပဲ အသက်ရှည်ရှည်မနေရတော့ပါဘူး။ ဒေးမိုးနီးယန်းအမှုန်လေးတွေကနေတစ်ဆင့် ဒေမွန်တို့တဲ့
မကောင်းဆိုးဝါးတွေလည်း ပေါက်ဖွားပြီးတော့ လူသားတွေက ဒေမွန်တွေကို လူသားကမ္ဘာကို ပျက်စီးခြင်းတွေ ယူဆောင်လာတယ်ဆိုပြီးတော့
မြင်တာနဲ့ မြင်တဲ့နေရာမှာ သတ်ပစ်ရမယ်လို့ သတ်မှတ်ထားကြပါတယ်။

ကန်တိုဆိုတဲ့ ကောင်လေးဟာလည်း ဒေမွန်ရောဂါကို ခံစားနေရသူဖြစ်ပြီး မိခင်ဖြစ်သူမှ အလိုလိုက်ချင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။
တစ်ရက် ကျောင်းက ပရောဂျက်တစ်ခုကြောင့်နဲ့ လမ်းမှာတွေ့တဲ့ ဒေးမိုးနီးယန်းအမှုန်လေးကို ကောက်ယူလာရာကနေ အန်နာဆိုတဲ့
ဒေမွန်လေးပေါက်ဖွားလာပါတော့တယ်။သူငယ်ချင်းမရှိတဲ့ ကန်တိုလေးဟာ အန်နာလေးကိုပဲ အဖော်ပြုရင်းနေလာရာကနေ
ဒေမွန်နဲ့ လူသားအတူတူနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းမှုတွေကြောင့် အန်နာလေးကို ဒေမွန်သခင်တွေက လိုက်ဖမ်းတာကိုခံရရင်းနဲ့
အန်နာကိုလိုက်ဖမ်းတဲ့ ဒေမွန်သခင်နဲ့ ကန်တိုတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်း ကန်တိုလေးကို ပစ်လိုက်တဲ့ ပစ်ချက်ဟာ ကန်တိုလေးကို
စိတ်မချလို့လိုက်လာတဲ့မိခင်ဖြစ်သူကို မတော်တဆထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံးသွားရပါတော့တယ်။

ဒီနောက်မှာတော့ မိခင်ဖြစ်သူရဲ့အသက်ကို ပြန်လည်ကယ်တင်မယ်ဆိုပြီးတော့ သိမ်းဆည်းရေးဒေမွန်လေးအန်နာကို
မိခင်ဖြစ်သူရဲ့အလောင်းကို သိမ်းဆည်းခိုင်းထားပြီး သတင်းသဲ့သဲ့ကြားဖူးတဲ့ အချိန်နောက်ပြန်လှည့်နိုင်တဲ့
ဒေမွန်ကို အရှာထွက်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။
𝗘𝘃𝗶𝗲 (𝟮𝟬𝟮𝟯)

ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။

ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။

အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။

အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။

အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။

မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။

သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။

နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား…

သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ…

အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား…
ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ။
Monster (2023)

ဆာအိုရီမုဂိနိုဟာ Single mother တစ်ဦးဖြစ်ပြီး
မီနတိုမုဂိနို ဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။
တစ်နေ့မှာတော့ ထူးဆန်းလာတဲ့ မီနတိုရဲ့အပြုအမူတွေကြောင့် ကျောင်းက မိခင်ဖြစ်သူ ဆာအိုရီ့ကို ခေါ်တွေ့ပါတော့တယ်။

မီနတို ထူးဆန်းလာရတဲ့အကြောင်းအရင်းကတော့
ဟိုရှိခါဝယိုရီ ဆိုတဲ့ သူငယ်ချင်းကောင်လေးကြောင့်ပါ။်

သူများနဲ့မတူဘဲ ထူးခြားနေပြီး အများက “မကောင်းဆိုးဝါး” လို့ ခေါ်ကြတဲ့
ယိုရီကြောင့် မီနတိုတစ်ယောက် ဘယ်လို‌တွေ ထူးဆန်းလာခဲ့သလဲ။
ဘာကြောင့်များ ယိုရီက သူများနဲ့မတူဘဲ ထူးခြားနေရတာလဲ။
ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ စတာတွေကို
စိတ်ဝင်တစားကြည့်ရှုရမယ့် ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။
Inside the Mind of a Cat (2022)

"ကြောင်တစ်ကောင်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေမလဲ" ဒီမေးခွန်းက‌တော့ ကြောင်ချစ်သူတွေနဲ့ ကြောင်တွေကိုလေ့လာတဲ့ သုတေသနပညာရှင်တွေ ယနေ့အချိန်အထိဖော်ထုတ်ဖို့
ကြိုးစားနေကြတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတဲ့ ကြောင်လေးတွေရဲ့ စိတ်ကို အခုထိအပြည့်အဝနားမလည်နိုင်ကြသေးသလို ကြောင်တွေနဲ့ပတ်သတ်တဲ့ သုတေသနတွေကလည်း ခွေးတွေနဲ့ပတ်သတ်တဲ့ သုတေသနထက်စာရင် (၁၅) နှစ်လောက်ကို နောက်ကျနေပါတယ်။

ယနေ့ခေတ်မှာတော့ ကြောင်တွေကို အထူးပြုတဲ့ သိပ္ပံပညာရှင်တွေအများကြီးပေါ်ထွန်းလာရုံသာမက ကြောင်တွေနဲ့ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ သုတေသနတွေလည်း အများကြီးလုပ်လာနိုင်ခဲ့ပါပြီ။

ဒီလိုမျိုး ပဟေဠိဆန်လှတဲ့ အဖော်ကြောင်လေးတွေရဲ့ စိတ်အတွင်းမှာဖြစ်နေတာတွေ၊ အပြုအမူတွေ၊ ပင်ကိုစရိုက်တွေနဲ့
အမူအကျင့်တွေကွာခြားပုံကို ကမ္ဘာအနှံ့က ကြောင်ကျွမ်းကျင်ပညာရှင်တွေရဲ့ ပညာရှင်ဆန်ဆန် ရှင်းပြချက်နဲ့အတူ လိုက်ပါစီးမြောပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
Island Hunter ( 2024 )

ဒီတခါတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့ ကျွန်းတစ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့
ထူးဆန်းတဲ့အဖြစ်ပျက်ကြောင့် မင်းသားဖြစ်သူ ဝမ်ခဲနှင့် မင်းသမီးဖြစ်သူ
ရှောင်းယတို့ရဲ့ အန္တရာယ်ကြားထဲက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဝမ်ခဲ နှင့် ရှောင်းယတို့က သူငယ်ချင်းဘဝမှာ ခရီးထွက်ရင်းကြယ်ကြွေတာကိုမြင်ပြီး
ကျွန်းတစ်ကျွန်းပေါ် ဥက္ကာခဲကြွေကျခဲ့တာကိုမြင်ခဲ့ကြတဲ့အခါ
ကျွန်းပေါ် ဥက္ကာခဲလိုက်ရှာကြမယ်ဆိုပြီးတော့
ထူးဆန်းတဲ့ကျွန်းပေါ်သို့ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်

ကျွန်းပတ်ဝန်းကျင်မှာနေထိုင်တဲ့လူတွေမှာတော့ ရှေးပုံပြင်တစ်ခုရှိကြတာပေါ့
ပုံပြင်အရဆိုရင် ဟိုးရှေးရှေးက ကျွန်း‌ပေါ်မှာလူတွေနေထိုင်ခဲ့‌ကြပြီး
အဲ့ဒီလူတွေထဲက အမဲလိုက်မုဆိုးတစ်ယောက်က
မြွေတစ်ကောင်ကိုဖမ်းမိခဲ့ရာကနေပြီးတော့ စတင်ပြီး သူတို့နေတဲ့ကျွန်းဟာ
စွန့်ပစ်ကျွန်းအဖြစ်ဒုက္ခရောက်သွားတဲ့ပုံပြင်လေးဖြစ်ပါတယ်လူတွေပြောနေကျ ပုံပြင်ထဲကအတိုင်း တကယ်ပဲစွန့်ပစ်ကျွန်းကြီးဖြစ်နေမလား
ကျွန်းပေါ်မှာဘယ်လိုအန္တရာယ်တွေရှိနေမလဲ
ဝမ်ခဲနှင့်ရှောင်းယတို့ ကျွန်းပေါ်မှာပဲဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတာကို
ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်
Kane (2023)

အိတ်ဘ်ဟာ ဂိုဏ်းစတား သူဌေးတစ်ဦးပါ။ ဘန်နီကတော့ အိတ်ဘ်ရဲ့ ဒရိုက်ဘာတယောက်ပါ။ အိတ်ဘ်ဟာ ဖရန်ကီလို့ခေါ်တဲ့ မိတ်ဆွေဟောင်းတဦးနဲ့ ဂိုဏ်းစစ်ပွဲကိုဆင်နွှဲနေပါတယ်။

အိတ်ဘ်ဟာ Dissociative Identity Disorder (DID) လို့ခေါ်တဲ့ ပင်ကိုစရိုက်ပေါင်းစုံကစဉ့်ကလျားဖြစ်တဲ့ဝေဒနာကိုခံစားနေရသူတဦးပါ။

အိတ်ဘ်ရဲ့ ပင်ကိုစရိုက်တွေထဲမှာမှ ကြောက်စရာအကောင်းဆုံးပင်ကိုစရိုက်က "ကိန်း"ဖြစ်ပြီးတော့ ဖရန်ကီနဲ့ချိန်းဆိုတဲ့နေ့မှာ ကိန်းဟာ လူသတ်သမားပင်ကိုစရိုက်ကိုပြောင်းလဲသွားတဲ့အခါမှာတော့ ဒရိုက်ဘာ ဘန်နီပြောပြတဲ့ အိတ်ဘ်တို့ရဲ့ ဂိုဏ်းစတား စာရင်းရှင်းပွဲ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
Freedom's Path (2022)

ဒီရုပ်ရှင်ကတော့ သမိုင်း၊ စစ်ပွဲနောက်ခံ ဒရာမာ လေးပါပဲ
အမေရိကန် ပြည်တွင်းစစ် (၁၈၆၁ - ၁၈၆၅)ကို အခြေခံထားတာဖြစ်ပါတယ်။
ကျွန်စနစ်ဖျက်သိမ်းရေးကိုထောက်ခံတဲ့ မြောက်ပိုင်းတပ်နဲ့ မတောင်ပိုင်းတပ် (ကွန်ဖဒရေစီ) တပ်တွေ တိုက်ခိုက်ကြတဲ့ကာလပါ။
အဲဒီပြည်တွင်းစစ်မှာ လူမည်း ၁၈၀၀၀၀ လောက် ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ၁၇၆၀ ကျော်ကစပြီးနှစ် ၁၀၀ လောက်အမြစ်တွယ်နေတဲ့ ကျွန်စနစ်ကို တိုက်ဖျက်ရတာ မလွယ်ခဲ့ပါဘူး။

နောက်ဆုံး စစ်ပွဲကြီးအပြီး မြောက်ပိုင်း ယူနီယံတပ်တွေနိုင်ပြီး ကျွန်စနစ် ဖျက်သိမ်းခဲ့တာတောင် လူမည်းတွေကို အကြီးအကျယ်နှိမ်တဲ့ နယ်မြေတွေရှိခဲ့တုန်းပါပဲ
ယူနီယံစစ်သား ဝီလီယံ တစ်ယောက် ကွန်ဖဒရိတ်တွေနဲ့ ပထမဆုံးစစ်ပွဲမှာ ဒဏ်ရာနဲ့ ထွက်ပြေးလာပြီး တောင်ပိုင်းမှာ တစ်ယောက်တည်း သေဖို့ကျန်ခဲ့တဲ့အချိန်မှာ တောင်ပိုင်းကနေ ထွက်ပြေးလာပြီး ယူနီယံတပ်ထဲဝင်ဖို့ ထွက်လာတဲ့ လူမည်းတစ်စုက ကယ်တင်တာခံရပုံပဲ။
ဝီလီယံက ယူနီယံတပ်သားဖြစ်ပေမဲ့ ကျွန်စနစ်ကို ဘာလို့တိုက်ဖျက်ရမှန်းတောင် နားလည်တဲ့သူမဟုတ်ပါဘူး။
ဒါပေမဲ့ လူမည်းတွေကြားမှာ ရှင်သန်ရင်းနဲ့ ညီအစ်ကိုလို မိသားစုလိုဖြစ်လာပြီး တောင်ပိုင်းက ကျွန်မုဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့...
A Cat's Life (2023)

ဇာတ်လမ်းလေးကတော့ ကလီးမန့်စ် လို့ ခေါ်တဲ့ ကလေးမလေးတစ်ယောက်နဲ့ ရု လို့ နာမည်ပေးထားတဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဇာတ်လမ်းပါပဲ ။

တိရစ္ဆာန်နဲ့ လူတွေကြားက သံယောဇဥ်ကို ရိုးရိုးလေး ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းလေးမှာ ကလီးမန့်စ် နဲ့ ရု တို့ အချင်းချင်း အမှီသဟဲပြုရင်း ဘယ်လို အတူတူအရွယ်ရောက်လာကြသလဲဆိုတာကို မြင်တွေ့ရမှာပါ.

အချိန်တန်လို့ အရွယ်ရောက်တာ ပိုစောတဲ့ ရု က ဟိုးတောအုပ်ထဲကို ထွက်သွားတဲ့အခါ ကလီးမန့်စ်တစ်ယောက် ဘယ်လိုကျန်ခဲ့ရမလဲ ...
ရု လေး ကလီးမန့်စ်ဆီ ပြန်ရောက်လာမှာလား ဆိုတာကိုတော့
ကြည့်ရှုလိုက်ရအောင်နော် ...
တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး
၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့ တရုတ်ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်…
ပုံစံကတော့ လူကြိုက်များခဲ့တဲ့ အာလာဒင်မီးခွက်စောင့်နတ်ကို အရှေ့တိုင်းပုံစံဖန်တီးထားတာပါ ။
မတူတာကတော့ ဇာတ်လမ်းပါ…
စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။
ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ။
ကောင်းကင်ပေါ်ကိုပြန်တက်ဖို့ သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့။
ရွှေတွေငွေတွေအများကြီး ဆုတောင်းလို့ရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။
ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလို့ဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်..
လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်…
လူသားတွေရဲ့လောဘအကြောင်း
Batman: Under the Red Hood (2010)

ဒီကားလေးကတော့ DC ရဲ့ နာမည် ကျော် Animation တွေထဲက တစ်ကားဖြစ်ပါတယ်။
ဒီကားထဲမှာတော့ Batman ရဲ့ နာမည်ကျော် ဗီလိန်တွေဖြစ်တဲ့ ဂျိုကာ ရာအယ်ဂူး Red Hood
အစရှိတဲ့ သူတွေပါ၀င်တဲ့ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကို ပြောရရင်တော့ ဂျိုကာ ရဲ့ လက်ချက်နဲ့ Second Robin ဖြစ်တဲ့ Jason Todd သေဆုံးသွားပြီးနဲ့နောက်မှာ Batman ဟာ ဆိုရင် ဘယ်သူ့ အကူအညီမှ မယူပဲတစ်ယောက်ထဲ လှုပ်ရှား နေပါတော့တယ်။အဲ့အချိန်မှာပဲ Gotham မှာ Joker က Arkham Asylum ထဲမှာ အဖမ်းခံနေရပြီး ရာဇ၀တ်လုပ်ငန်းတွေကို Black Mask က ချုပ်ကိုင် နေတဲ့ အချိန်ပေါ့။ အဲ့အချိန်မှာပဲ Red Hood လို့အမည်ရတဲ့ အနီရောင် မျက်နှာဖုံးစွပ် ဗီလိန်တစ်ဦး
ပေါ်ထွက်လာခဲ့ပါတယ်။
ဂေါ်သမ် မြို့ ကို ထိန်းချုပ် သန့်စင်ဖို့ကြိုးစားနေတဲ့ Red Hood နဲ့ သူ့ကို တားဆီး စုံစမ်းနေတဲ့ Batman တို့ရဲ့ ကြားကို Joker ပါ ရောက်လာတဲ့ အချိန်မှာတော့ မထင်မှတ်ထားတဲ့ နာကြည်းစရာ အတိတ် တွေ ပြန်ပေါ်လာခဲ့ပါတော့တယ်။
ဘယ်လို အတိတ် တွေလည်း ဘယ်လို ဆက်ဖြစ်ကြမလဲ ဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှု့ရမှာပါ
Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်း

ဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကို
လိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။

သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့
ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့
လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့
အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက်
ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကို
သိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့...