MPANews
19.8K subscribers
16.6K photos
427 videos
85 files
8.69K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
လားရှိုးတွင် ကိုးကန့်တပ် MNDAAနှင့် စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်ဟုဆို

29 June 2024 By Poe Sangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်း ၁၂ မိုင်တွင် ကိုးကန့် MNDAAနှင့် စစ်ကောင်စီတပ် အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၂၉ ရက်)နံနက် ၁၀ နာရီခန့်တွင် လားရှိုးမှ သိန္နီသို့ တက်သည့်လမ်း ၁၂ မိုင်တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှ ၁၂ မိုင်ဘက်သို့ လက်နက်ကြီး ပစ်ကူခဲ့ကြောင်း လားရှိုးမြို့ခံအမျိုးသားတစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ECorZ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
အသံများ ကြားနိုင်ပါစေ

29 June 2024 By Sayar Ngaat / MPA (ဆောင်းပါး)

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းအကျဉ်းထောင်များတွင် အကျဉ်းကျနေသူများ၏ ဘဝနှင့် လုံခြုံရေးသည် ဆိုးရွားစွာ တွေ့ကြုံခံစားနေကြရသည်။ ၎င်းတို့၏ အခြေအနေသည် သေမည့်ရက်ကို ထိုင်စောင့်နေရသကဲ့သို့ ဖြစ်နေပြီး ထောင်အာဏာပိုင်များက အကျဉ်းကျနေသူများကို မည်သည့်အချိန်တွင် အကြောင်းပြချက်မရှိ ဆွဲထုတ်ပြီး သတ်ဖြတ်မည်ကို မသိရှိနိုင်ဖြစ်နေရသလို အန္တရာယ်ရှိနိုင်သည့် အလုပ်များကိုလည်း မည်သည့် အချိန်တွင် လုပ်ရမည်ကို စိုးရိမ်ထိတ်လန့်စွာဖြင့် စောင့်စားနေရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/f8LrV
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရခိုင်မြောက်ပိုင်းတွင် ဆေးကုသရေးလုပ်ငန်း ရပ်ဆိုင်းထားရကြောင်း MSF ဆို

29 June 2024 By MPA

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆေးဝါးကုသရေးလုပ်ငန်းစဥ်များကို ရပ်ဆိုင်းထားရကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဆိုသည်။

ပဋိပက္ခများ ပြင်းထန်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးအပေါ် ပြင်းထန်သောကန့်သတ်ချက်များ ရှိနေခြင်းတို့ကြောင့် ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/4b3U6
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်ဆင်ရေး ငါးရက်တာအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချအလင်းဝင်

29 June 2024 By Poe Sangle / MPA

၁၀၂၇ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်ကောင်စီတပ်အရာရှိ ငါးဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချအလင်းဝင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဇွန်လ၂၅ရက်မှ ယနေ့(ဇွန်၂၉ရက်)အထိ ငါးရက်တာ တိုက်ပွဲအတွင်းဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး လေးဦး၊ ရဲအုပ် တစ်ဦး၊ တပ်ကြပ်ကြီးခြောက်ဦး၊ ယာဉ်ထိန်းရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ် ၁၁ဦး၊ ဒုတပ်ကြပ်၉ဦး၊ ရဲတပ်သားတစ်ဦးနှင့် တပ်သား၁၉ဦး စုစုပေါင်း (၅၃)ဦးတို့ TNLA ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/WxpnJ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မိုးကုတ်မြို့ပေါ် တပ်စခန်းနှစ်ခုကို TNLA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲ

30 June 2024 By Haythar / MPA

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ တပ်စခန်းနှစ်ခုကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့အရှေ့ပိုင်းရှိ အောင်သာယာတပ်စခန်းနှင့် အရှေ့ပိုင်းရှိ အာကာမိုးတပ်စခန်းတို့ကို ယနေ့(ဇွန် ၂၉ရက်)ညနေလေးနာရီခန့်တွင် TNLA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညနေ ခြောက်နာရီခွဲ ဝန်းကျင်၌ စစ်တပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချခဲ့ကြောင်း မိုးကုတ်မြို့ခံတစ်ဦးကဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/67JU3
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ

30 June 2024 By Than Lyan / MPA

နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။

၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။

#Photo #Census #MPA #Myanmar
ဟိုင်ဂင်သဘောတူညီချက်ကို စစ်တပ် ချိုးဖောက်ခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု MNDAA ဆို

30 June 2024 By Poe Sangle / MPA

စစ်ကောင်စီတပ်သည် အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း MNDAA က ထုတ်ပြန်လိုက်သည်။

ဇွန်လ၂၉ရက်၊နံနက်ရှစ်နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မြောက်ဘက်၊ နမ်ဖူးယိုင်ရှိMNDAA ကာကွယ်ရေး နယ်မြေကို စစ်ကောင်စီတပ်ရင်း ၅၇၉ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ MNDAAတပ်သား နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း MNDAA ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ The Kokang ၌ ထုတ်ပြန်ခဲ့ရာ၌ အထက်ပါအတိုင်း ဖော်ပြထား သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/sWEgP
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဒေါနတောင်ပေါ်လမ်းကို အတက်အဆင်းရက် သေချာသတ်မှတ်ကြေညာပေးသင့်ဟုဆို

30 June 2024 By MPA Bywar Oo

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်လမ်းဟောင်းကို အသုံးပြုသွားလာနေသည့် ယာဉ်မောင်းနဲ့ ခရီးသည်များအတွက် တောင်တက်လမ်းက် အတက်ရက်နှင့် အဆင်းရက် သေချာစွာသတ်မှတ်ပေးထားသင့်ကြောင်း ယာဉ်မောင်းများကပြောပါတယ်။

မြဝတီမှ ပြန်ဆင်းလာသည့် ကားများအနေဖြင့် ကရင်ပြည်နယ်၊ ဒေါ်နတောင်ပေါ်လမ်းဟောင်းကနေ ကော့ကရိတ်မြို့တွင်းသို့ ဖြတ်သန်းသွား၍ ရသော်လည်း အတက်ကားတွေကိုတော့ သွားခွင့်မပေးသေးကြောင်း အဲ့ဒီလမ်းကိုအသုံးပြုသွားလာနေသည့် ယာဉ်မောင်းအချို့ထံက သိရသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/NHg-uHM-Y8E
ကောလင်းမြို့ မြို့ရှောင်လမ်းသည် မိုးရွာသွန်းမှုကြောင့် အသုံးပြုမရဖြစ်နေသဖြင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်နေ

30 June 2024 By Mandy / MPA

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ အဓိကလမ်းမကြီးကို စစ်တပ်ကထိန်းချုပ်ထားသဖြင့် ပြည်သူများသည် မြို့ရှောင်လမ်းမှ ကုန်ပစ္စည်းသယ်ယူမှုများပြုလုပ်နေခြင်းဖြစ်ရာ၊ လက်ရှိ မိုးရာသီကာလတွင် အဆိုပါ မြို့ရှောင်လမ်းသည် ကားများသွားလာ၍ မရသဖြင့် ပြည်သူများအခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ကောလင်းမြို့နယ်၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဖြတ်၍ ကတ္တရာလမ်းဖောက်ထားခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလတွင် စစ်တပ်က မြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက် ယင်းလမ်းမကြီးအား အသုံးပြု၍မရတော့ဘဲ၊ ပြည်သူများသည် ကောလင်းမြို့ကို ရှောင်ကွင်းသွားနိုင်သည့် အင်းထဲမှ ဖြတ်သန်းသွားလာမှုများပြုလုပ်နေခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/4GNfP
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en