MPANews
22.8K subscribers
18.8K photos
449 videos
85 files
9.81K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ် စာရင်းဝင်နေသည့် စာဝါကျားငှက်ကို ထိန်းသိမ်းရန် လိုအပ်နေ

30 June 2024 By Sayar Ngaat / MPA

မြန်မာနိုင်ငံကို ဆောင်းခိုရန်လာရောက်ကြသည့် စာဝါကျားငှက်များသည် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ် စာရင်းဝင်နေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လျှက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။

စာဝါကျားငှက်သည် စာကလေးမျိုးနွယ်ဝင်ငှက်တစ်မျိုးဖြစ်ပြီး အာရှတိုက်အရှေ့မြောက်ခြမ်းနှင့် ဥရောပတိုက် အရှေ့ဘက်ခြမ်းများမှ ဆောင်းရာသီရောက်သည့်အခါ မြန်မာနိုင်ငံအပါအဝင် အာရှတိုက် တောင်ပိုင်းနိုင်ငံများသို့ အုပ်စုလိုက်ပြောင်းရွှေ့ ဆောင်းခိုလေ့ရှိကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/0lfjh
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တက်လာသဖြင့် ပြည်သူအချို့ အရေးပေါ်ရွှေ့ပြောင်းနေရ

1 July 2024 By Nway / MPA

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာသဖြင့် ကမ်းနားနှင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ နေထိုင်နေသူတို့ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သိရသည်။

ဇွန်လ ၃၀ရက်၊ ညနေ ခြောက်နာရီ တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာကို ကျော်လွန်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yc6aw6cv
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်ကိုခေါ်သော စစ်တပ် ရှမ်းမြောက်တွင် အစဉ်အလာမပျက် အသက်ငင်

1 July 2024 By MPA Editorial

တအောင်းတပ်မတော် TNLA နှင့်ပူးပေါင်းတပ်တို့၏ သေနတ်ပြောင်းဝမှ ကျည်စတင်ထွက်ရှိသည်နှင့် တစ်ပြိုင်နက် မြို့သိမ်းတိုက်ပွဲများကို ရဲဝံ့စွာ ဆင်နွှဲလိုက်ခြင်းမှာ ၁၀၂၇စစ်ဆင်ရေး၏ ယုံကြည်စိတ်ကြီးမှုနှင့် အောင်စိတ်ကို ဖော်ပြနေပေသည်။

စစ်ကောင်စီတပ်က တရုတ်ဆေးမြီးတို ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ဖောက်ဖျက် ရန်စ တိုက်ခိုက်နေမှုအပေါ် ဇွန်၂၅ရက်တွင် TNLAပူးပေါင်းတပ်က သေနတ်ကိုသေနတ်ချင်း ဆိုင်ကာ ၁၀၂၇စစ်ဆင် ရေး ၊ဒုတိယအကျော့အား စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/3hvj57at
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ကုန်ဈေးနှုန်းတက်ခြင်းသည် လုပ်ငန်းရှင်များ၏လောဘကြောင့်ဟု စစ်ကောင်စီ အပြစ်ပုံချ ဖမ်းဆီးနေဟုဆို

1 July 2024 By Ra Wai / MPA

ကုန်ဈေးနှုန်း မြင့်တက်နေခြင်းသည် စစ်ကောင်စီတွင် တာဝန်မရှိဘဲ လုပ်ငန်းရှင်တို့၏ လောဘကြောင့်ဟု အပြစ်ပုံချကာ ဖမ်းဆီးနေကြောင်း ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးကပြောသည်။

နာမည်ကြီးဈေးဝယ်စင်တာများမှ တာဝန်ရှိသူများနှင့် ဆန်ကုန်သည်အချို့ကို ဈေးကွက်ဈေးနှုန်းထက် ပိုမို၍ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချနေသည်ဟုဆိုကာ အရေးယူသွားမည်ဟု စစ် ကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2yynf7ey
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ကြေးနီတင်ယာဉ်တန်းစောင့် စစ်သားများကို မြင်းမူတွင် PDF ဗုံးကြဲတိုက်ခိုက်

1 July 2024 By Ko Paing /MPA

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊မြင်းမူ-မုံရွာလမ်းပိုင်းတွင် ကြေးနီတင်ယာဥ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu ကသတင်း ထုတ်ပြန်သည်။

မုံရွာဘက်မှလာသည့် ကြေးနီတင်ယာဥ်တန်းကို မြင်းမူ-မုံရွာကားလမ်းပေါ်ရှိ အာလကပ္ပကျေးရွာအနီး၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား ဇွန်လ ၃၀ ရက်၊ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် Fixed Wing Drone နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5fyx39bx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နယူးယောက်ရဲ ပစ်ခတ်မှုကြောင့် မြန်မာလူငယ်တစ်ဦး သေဆုံး၊ တရားမျှတ‌မှုရရှိရေး မိသားစု တောင်းဆို

01 July 2024 By MPA

နယူးယောက်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက်၁၃နှစ်အရွယ် မြန်မာလူငယ်တစ်ဦး သေဆုံးခဲ့ သည့် အပေါ် တရားမျှတမှုရရှိရေးအတွက် ၎င်း၏မိသားစုနှင့် ရွှေ့ပြောင်းအခြေချအသိုင်း အဝိုင်း က ဇွန် ၃၀ရက်တွင် တောင်းဆိုလိုက်သည်။

သေဆုံးသူ Nyah Mway သည် နယူးယောက်၊ ယူတီကာမြို့တွင် မကြာသေးမီ ရက်ပိုင်းကမှ အလယ်တန်းအောင်မြင်ပြီးမြောက်ထားခြင်း ဖြစ်ပြီး ဇွန် ၂၈ ရက်က ရဲတပ်ဖွဲ့နှင့် တွေ့စဥ် သေနတ်ကိုင်ဆောင်ထားသည်ဟုဆိုကာ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2s47w5be
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်လက်နက်ဝယ်ယူမှုဆိုင်ရာ ကုလအစီရင်ခံစာကို မြန်မာ ဗဟိုဘဏ် ငြင်းဆို

1 July 2024 By MPA

စစ်ကောင်စီ၏ စစ်လက်နက်ဝယ်ယူမှုဆိုင်ရာ ကုလသမဂ္ဂ၏အစီရင်ခံစာကို မြန်မာဗဟိုဘဏ်က ငြင်းဆိုလိုက်သည်။

ဇွန်လ ၂၆ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွမ်အင်ဒရူး ၏ စစ်ကောင်စီ စစ်လက်နက်ပစ္စည်းဝယ်ယူမှုများအတွက် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာဘဏ်အချို့၏ အကူအညီ ရရှိခဲ့ကြောင်း အစီရင်ခံစာအပေါ် မြန်မာဗဟိုဘဏ်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/584sbu2e
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
(Fact Check)

လားရှိုး-မန်ပွဲတံတား ကျိုးနေသည့်ရုပ်သံကို ဆွတ်လန်း-ပန်စောက်ကြားတံ​တား TNLA ဖျက်ဆီးဟု စစ် ကောင်စီလော်ဘီများ သတင်းအမှားဖြန့်

1 July 2024 By Haythar /MPA

လားရှိုး - မန်ပွဲ ဆက်သွယ်ထားသော သံကူကွန်ကရစ်တံတား မိုင်းခွဲဖျက်ဆီးခံထားရသည့်ရုပ်သံအား ဆွတ်လန်း -ပန်စောက်ကြား တံတားကို TNLA ဖျက်ဆီးခဲ့သည်ဟု ဇွန် ၂၈ရက်တွင် စစ်ကောင်စီလော်ဘီ များ သတင်းအမှားဖြန့်ဝေထားသည်။

“နေပြည်တော်”အမည်ရှိ Subscriber ၂၃၀၀၀ ကျော်ရှိသော တယ်လီဂရန်ချန်နယ်က ဇွန် ၂၈ရက် မွန်းလွဲ ၃နာရီ တွင် တံတားတစ်စင်း ပြိုကျနေတဲ့ ရုပ်သံဖိုင်နှင့်အတူ "ဆွတ်လန်း-ပန်စောက်ကြားတံတား ကိုTNLAမျောက်တွေ တက်ဆော့သွားပြီ"ဟု ဖော်ပြခဲ့​သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yb6pvkj5
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းကို သိမ်းပိုက်ရန် PDF တိုက်ခိုက်နေ

1 July 2024 By Nway / MPA

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရဲစခန်းကို သိမ်းပိုက်ရန် ကာကွယ်ရေးတပ်များက တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ ( ဇူလိုင် ၁ရက် ) နံနက် လေးနာရီခန့်တွင် ချောင်းကြီးရွာ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သပိတ်‌ကျင်းမြို့နယ် မြောက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2e47r3en
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြန်မာစစ်တပ်၏ ဘာသာရေးမှိုင်း ခံတပ်ကို မျှော်ကြည့်ခြင်း

2 July 2024 By MPA မြတ်နိုးသူရ (ဆောင်းပါး)

မြန်မာနိုင်ငံသည် လူမျိုး၊ ဘာသာရေးနှင့် နောက်ခံသမိုင်း စုံလင်ကွဲပြားမှုများရှိသည့် နိုင်ငံဖြစ်သည်။ ယင်းအခြေအနေကပင် ပဋိပက္ခများစွာကို ဖြစ်ပေါ်စေခဲ့ပြီး မြန်မာစစ်တပ်ကိုယ်တိုင် ဘာသာရေးမှိုင်းကို လက်ကိုင်ထားကာ ကြိုးကိုင်လှုပ်ရှားနေခဲ့သည်။ ခေတ်အဆက်ဆက် ဘာသာရေးမှိုင်းများကို ကောင်းစွာ အသုံးချ ခြယ်လှယ်ခဲ့ကြသည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားသည်ဟု ဆိုခြင်းက ၎င်းတို့အတွက် လက်နက်သဖွယ်သာ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် နယ်ချဲ့ဗြိတိသျှတို့၏ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် ထိုနေ့တွင်ပင် လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာခဲ့သည်။ အဆိုပါ လွတ်လပ်ရေး ကြေညာစာတမ်းရေးသူများမှာ ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ (တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်) တို့ဖြစ်ကြသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Qy8gJ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en