MPANews
22.8K subscribers
19.4K photos
459 videos
85 files
10.2K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
မြင်းခြံတွင် စစ်တပ်ပစ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရ

15 Nov 2024 By Ra Wai / MPA

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်ပစ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၄ရက်၊ ညနေ လေးနာရီဝန်းကျင်တွင် မြင်းခြံမြို့ ခမရ ၁၅မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် မြင်းခြံမြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ ကျောက်ရံရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/gYynz
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြို့သိမ်းတိုက်ပွဲများဆင်နွှဲတော့မည်ဖြစ်သောကြောင့် တပ်သားသစ်များဖိတ်ခေါ်

15 Nov 2024 By Htet Soe Lin / MPA

လာမည့်ကာလတွင် မြေပြန့်ဒေသများအထိ မြို့သိမ်းတိုက်ပွဲများဆင်နွှဲတော့မည်ဖြစ်သောကြောင့် တော်လှန်ရေးတွင်ပူးပေါင်းပါဝင်နိုင်မည့် လူငယ်များကိုထပ်မံဖိတ်ခေါ်နေကြောင်း Yangon Federal Army က ယနေ့သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေဖြင့် မြို့ပေါ်ရှိလူငယ်များကို အဓမ္မဖမ်းဆီးတပ်သားသစ်စုဆောင်းနေသည့်အပြင် မလိုက်လိုသူများကို ငွေညှစ်သည့်စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်းကြောင့် တော်လှန်ရေးအဖွဲ့များထံ လာရောက်ဆက်သွယ်မှုများရှိနေပြီး ၎င်းတို့ကိုလည်း စိစစ်လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/tknANKyG9f8
တောင်ငူမြို့အတွင်းရှိ လူငယ်အချို့ စစ်မှုထမ်းရန် ဖမ်းဆီးခံရမှု ပိုမိုဆိုးရွားလာ

15 Nov 2024 By Bywar Oo / MPA

ပဲခူးတိုင်း၊ တောင်ငူမြို့အတွင်းရှိ ရပ်ကွက်အချို့မှ လူငယ်များကို စစ်မှုထမ်းရန်အတွက် စစ်ကောင်စီ ဖမ်းဆီးမှု ပိုမိုဆိုးရွားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းမှ စတင်၍ တောင်ငူမြို့နယ်အတွင်းရှိ အုတ်တွင်း၊ ထန်းတစ်ပင်၊ ညောင်ပင်သာ၊ ကျွဲပွဲနှင့် အုတ်ကျွတ်တန်း ရပ်ကွက် အစရှိသည့် နေရာများတွင် စစ်ကောင်စီက လူငယ်များကို လိုက်လံဖမ်းဆီး ခေါ်ဆောင်နေခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Zcwfy
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
တစ်လကျော်ကြာ ပုလောတိုက်ပွဲတွင် စစ်သား၁၀၀ခန့် သေဆုံးပြီးနောက် ခံစစ်အသွင်ပြောင်း

15 Nov 2024 By Bala / MPA

တစ်လကျော်ကြာ ပုလောမြို့နယ်တိုက်ပွဲအတွင်း စစ်သား ၁၀၀ခန့် သေဆုံးပြီးနောက် စစ်ကောင်စီ တပ်က ခံစစ်အသွင် ပြောင်းထားကြောင်းသိရသည်။

တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပုလောPDFပူးပေါင်းတပ်ဖွဲ့တို့ ၏တိုက်ပွဲသည် အောက်တိုဘာ ၁၄ရက်တွင်စတင်ခဲ့ပြီး စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းသာမက လေကြောင်းဖြင့် ခြောက်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလောPDF တပ်ရင်းမှူးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/m7rQT
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စလင်း စစ်တပ်ဂိတ်စခန်းတစ်ခုကို PDF ဝင်စီး၊ စစ်သား ၁၁ ဦး သေဆုံးဟုဆို

15 Nov 2024 By Nway / MPA

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံအနီးရှိ စစ်ကောင်စီဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိကြောင်းသိရသည်။

ယနေ့ (နိုဝင်ဘာ၁၅ရက်) နံနက် ငါးနာရီခွဲမှစ၍ စလင်းမြို့နယ်၊ဆုပ်လေဦး လမ်းဆုံအနီး အင်အား ၃၀ ကျော်ရှိသော စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် တစ်တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/RUGkD
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဂွမြို့နယ်ရှိ ဆပ်သွားတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

15 Nov 2024 By Chun Nrein / MPA

သံတွဲ-ဂွ-ရန်ကုန်ကားလမ်းပေါ်ရှိ ဆပ်သွားတံတားကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်မှာ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ နေရာအများစုတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဆပ်သွားတံတားပေါ်တွင် မိုင်းများတပ်ဆင်ထားခဲ့သလို တံတားမှဆုတ်ခွာသည့်အချိန်တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/7q0qJJDYveY
မြင်းခြံမြို့နှင့် ငါးမိုင်ခန့်အကွာတွင် သုံးရက်ကြာ တိုက်ပွဲပြင်းထန်၊ခဲယမ်းမလုံလောက်သဖြင့် PDF များ ဆုတ်ခွာခဲ့ရ

15 Nov 2024 By Nway / MPA

မန္တလေးတိုင်း၊ မြင်းခြံမြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာရှိ Myingyan Black Tiger နယ်မြေတွင် သုံးရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် ခဲယမ်းမလုံလောက်သဖြင့် PDF များ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၁ရက်၊ ညပိုင်းကစ၍ နိုဝင်ဘာ ၁၃ ရက်အထိ Myingyan Black Tiger (MBT) ၏ စစ်ကြောင်းသုံးနယ်မြေကို ဝေဟင်ရော မြေပြင်ကပါ ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း Myingyan Black Tiger (MBT) ထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/9yYbw
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နောင်မွန်းနှင့် တနိုင်းမြို့နယ်တို့တွင် ခရမ်းချဥ်သီးတစ်လုံး တစ်ထောင်ကျပ်ထိပေးဝယ်နေရ

15 Nov 2024 By Hlaing / MPA

ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုခရိုင်အတွင်းရှိ နောင်မွန်းနှင့် တနိုင်းမြို့နယ်တို့တွင် ခရမ်းချဥ်သီးတစ်လုံး တစ်ထောင်ကျပ်ထိပေးဝယ်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ်သို့ ကုန်စိမ်းနှင့် ကုန်ခြောက်များအပါအဝင် စားသောက်ကုန်များ အဓိကဝင်ရောက်သည့် မြစ်ကြီးနား - ရွှေဘို - မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အပြင်၊ တရုတ်နယ်စပ်ဂိတ်များ ပိတ်လိုက်သည့်အတွက် မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းများ ဝင်ရောက်နိုင်မှုနည်းပါးခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/tisRC
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ပြောကြမယ် Podcast အစီအစဉ်

15 Nov 2024 By MPA ( Podcast Program )

လွတ်လပ်ရေး မတိုင်ခင် ပြည်မကလူတွေနဲ့ အချို့ရပ်တည်ချက်တွေမှာ ကွဲလွဲခဲ့သော်လည်း လွတ်လပ်ရေးကို အတူယူခဲ့ကြပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ စစ်ရေး၊ နိုင်ငံရေး နဲ့ ကဏ္ဍပေါင်းစုံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြဲတမ်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကချင်လူမျိုးတွေအကြောင်းဖြစ်ပါတယ်။

လူနည်းစုများ၏အကြောင်း ပြောကြမယ် Podcast အစီအစဉ်ကို အပတ်စဉ် Myanmar Pressphoto Agency သတင်းဌာနတွင် နားဆင်နိုင်ပါပြီ။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/ENfdOiBo3kE
[Weekly Fact Check]
နိုဝင်ဘာ ဒုတိယပတ်အတွင်း MPA က အချက်အလက်စစ်ဆေးခဲ့သော သတင်းအမှားများ

15 Nov 2024 By Fact Check Team / MPA

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော သတင်းအမှားများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာ စောင့်ကြည့်၍ Fact Check သတင်းများ ရေးသားဖော်ပြလျက်ရှိပါသည်။

နိုတင်ဘာ ၈ ရက်မှ ၁၄ရက်အတွင်း သတင်းအမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးရေးသားခဲ့သော Fact Check News များကို စာဖတ်သူများ တစုတစည်းတည်း ဖတ်ရှုနိုင်ရန် ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://mpapress.com/factcheck/56085/
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ဘေးရှောင်များ ခိုလှုံနေသော မိုးမောက်ဘုရားကျောင်းကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်များအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးဟုဆို

15 Nov 2024 By Htet Soe Lin / MPA

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ခရစ်ယာန်ဘုရား ကျောင်းကို တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သော ယနေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ၁၀ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာ၁၅ရက်) ညနေလေးနာရီကျော်တွင် မိုးမောက်မြို့နယ်၊ကုန်းလောရွာရှိ ခရစ်ယာန် ဘုရားကျောင်းကို အနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ ဗုံးကြဲခဲ့ရာ ဒဏ်ရာရရှိသူလည်း များကြောင်း ဒေသခံ သတင်းရင်းမြစ်ထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ChTJ7
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en