MPANews
22.8K subscribers
18.8K photos
449 videos
85 files
9.81K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
မဲလ်ဘုန်းတွင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် NUGနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

2 July 2024 By MPA

ဩစတြေးလျနိုင်ငံ၊မဲလ်ဘုန်းမြို့တွင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးတို့ ‌တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွန်လ၂၉ရက်တွင် NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် လီဆူ၊ ရ၀မ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်နှင့် ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြ ကြောင်း NUGက သတင်းထုတ်ပြန်သည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/uufuR
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မတ္တရာ စစ်တပ်စခန်းရှစ်ခုကို PDF အပြီးသတ်သိမ်းပိုက်၊သုံ့ပန်းနှင့်အညံ့ခံသူ ၆၄ဦးရှိ၊တပ်မိသားစုဝင် ၁၀၀ကျော်ကို ကောင်းမွန်စွာ ထိန်းသိမ်းထား

2July 2024 By Nway / MPA

မန္တလေးတိုင်း၊ မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းရှစ်ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။

မတ္တရာမြိုနယ်အတွင်းရှိ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း MDY-PDF၏ ယနေ့(ဇူလိုင်နှစ်ရက်)သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Q30Rg
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
တိုက်ပွဲများကြောင့် မိုးကုတ်မှ မန္တလေးသို့ တိမ်းရှောင်ကြသော ပြည်သူ၁၀၀၀ခန့် လမ်း၌ ပိတ်မိနေ

2 July 2024 By Haythar / MPA

တိုက်ပွဲများကြောင့် မိုးကုတ်မြို့မှ မန္တလေးသို့ စစ်ဘေးရှောင်ကြသော ပြည်သူ၁၀၀၀ခန့် လမ်း၌ ပိတ်မိနေကြောင်း သိရသည်။

မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် မိုး ကုတ်မြို့မှ မန္တလေးသို့ စစ်ရှောင်သွားသည့် ပြည်သူ ၁၀၀၀ ခန့် ဇူလိုင်၁ရက်နေ့မှစ၍ လမ်း၌ ပိတ်မိ နေကြောင်းသိရသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/MbaFv
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြိုင်တွင် ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံထောင်နှင့်ချီ အရေးပေါ်တိမ်းရှောင်နေရ

2 July 2024 By Ra Wai / MPA

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမပျူရွာသို့ ရောက်‌ရှိနေသော ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ဇွန်လ တစ်ရက်၊ ည ကိုးနာရီဝန်းကျင်က ပခုက္ကူတပ်မ ၁၀၁မှ တွင်းမပျူရွာသို့ ရောက်ရှိနေသော ရိက္ခာပို့စစ်ကြောင်းသည် သရက်ပျူရွာ၊ ကနီပျူရွာ၊ သရက်ကွပျူရွာနှင့် ဝက်ပုတ်ပျူရွာတို့သို့ ရိက္ခာပို့ဆောင်ရန် ပြင်‌ဆင်နေသဖြင့် တွင်းမပျူရွာအနီးရှိ ကျေးရွာ ၄ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြိုင်မြို့နယ်တောင်ပိုင်းနေ ဒေသခံတစ်ဦးကပြောသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/an37D
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စဉ့်ကူး၊ နွယ်ရုံရဲစခန်းကို PDF သိမ်းပိုက်ပြီးနောက် တိုက်ပွဲဆက်လက် ပြင်းထန်နေ

2 July 2024 By Nway / MPA

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်တစ်ရက်၊ နံနက်ခြောက်နာရီခန့်တွင် နွယ်ရုံရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့မွန်းလွဲပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နွယ်ရုံရွာအနီးနေ ဒေသခံတစ်ဦးထံက သိရသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/LU3Q1
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
[Fact Check]
ပူတာအိုမြို့ရှိ ရေခဲတောင် သုံးလုံးပြိုတယ်ဆိုသည့် သတင်းအမှား

2 July 2024 By Wadi / MPA

ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ရေခဲတောင်သုံးလုံးပြိုကျခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ဆိုသည့်အကြောင်းအ ရာများ ဇူလိုင် ၁ ရက် ညပိုင်းတွင် ဖေ့ဘွတ်ခ်၊ တယ်လီဂရမ်နှင့် တခြားလူမှုကွန်ယက်စာမျက်နှာများပေါ်၌ ပျံ့နှံ့ခဲ့သည်။

“ရေခဲတောင် ၃ လုံး ပြိုကျလို့ မိုးကြီးလို့ ရေများရေလျှံနေတဲ့ မြစ်ရေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းအမှားကို ဇူလိုင် ၁ ရက်တွင် Nayni Phyo Wai Tun ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေ ခဲ့သည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/LWncr
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရှမ်းမြောက်တိုက်ပွဲ ရှစ်ရက်တာအတွင်း အရပ်သား ၃၀ကျော်သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရ

2 July 2024 By Poe Sangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ပွဲ ရှစ်ရက်တာအတွင်း အရပ်သား ၃၀ကျော်သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ‌ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန် ၂၅ရက်မှ စတင်ကာ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် သီပေါ့မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး TNLA ဘက်မှ မန္တလေး PDF နှင့် ဓနုတပ်မတော်(DPLA) တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုများရှိသော်လည်း အသေးစိတ် မသိရှိရပေ။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/eSlUu
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဧရာ၀တီမြစ်အထက်ပိုင်းမှ ဆင်းလာမည့် မြစ်ရေကြောင့် မြစ်ကြီးနားနှင့် မန္တလေးကြားရှိ မြို့များ ရေကြီးမှု သတိပြုရန်လို

2 July 2024 By Sayar Ngaat / MPA

ကချင်ပြည်နယ်တွင် မြစ်ဖျားခံသည့် ဧရာမြစ်မှ ဆင်းလာမည့် မြစ်ရေကြောင့် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ကြားရှိ မြို့များအနေဖြင့် ရေကြီးရေလျှံမှုကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၂၄ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့(ဇူလိုင် နှစ်ရက်) အထိ မြို့ပေါ်ထိ ရေကြီးရေလျှံ လျက်ရှိနေသေးသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/uXBNm
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en