Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်သားများ များများသေဆုံးစေရန် ဒရုန်းတပ်ဖွဲ့ ထူထောင်ကာ တိုက်ခိုက်နေခြင်းဖြစ်ဟုဆို
1 Feb 2023 By MPA 001
စစ်ကောင်စီ တပ်သားများ များများသေဆုံးစေရန် ဒရုန်းတပ်ဖွဲ့ ထူထောင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု Lion Battelion Commando - ဗျူဟာစစ်ကြောင်း၏ ဒရုန်းရဲဘော်တစ်ဦးက ပြောသည်။
"ကျွန်တော်တို့အဖွဲ့ကို ၂၀၂၂ခုနှစ် ၈ လပိုင်းက စထောင်တာပါ။ ဘာတွေလုပ်နေလဲဆိုတော့ လက်ရှိမှာ စစ်ကောင်စီကို အထိရောက်ဆုံး ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီတွေ များများသေအောင်ပေါ့"ဟု Lion Battelion Commando - ဗျူဟာစစ်ကြောင်း၏ ဒရုန်းရဲဘော်တစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီနှင့် ဖြစ်ပွားသည့် တိုက်ပွဲကြီးများတွင် ဒရုန်းတိုက်ခိုက်မှုသည် အရေးပါသည့် ဗျူဟာအနေဖြင့်ပါဝင်နေပြီး တိုက်ပွဲကြီးများတွင် ထိခိုက်ပျက်စီးခဲ့ရသည့် ဒရုန်းများအတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် အသစ်ပြန်လည်တပ်ဆင်ခြင်းတို့အတွက် ပြည်သူ့အကူအညီ များစွာလိုအပ်နေကြောင်း ယင်းရဲဘော်မှ MPA သို့ပြောသည်။
#စစ်ကောင်စီ #ဒရုန်း #ပြည်သူ #အကူအညီ #PDF #MPA .

မန္တလေးမြို့ အသံတိတ်သပိတ် မြို့နေပြည်သူအားလုံး ဆင်နွှဲ
1 Feb 2023 By MPA
စစ်တပ်မှ မတရား အာဏာသိမ်းယူပြီးနောက် လမ်းမပေါ်တွင် ပထမဦးဆုံး ဆန္ဒပြခဲ့သည့် မန္တလေးမြို့သည် 2023 ခုနှစ် ဖေဖော်ဝါရီ လ (၁) ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်အား သွေးမအေးသည့်အနေဖြင့် အသံတိတ်သပိတ်( silent strike) ကို မနက် ( ၁၀:၀၀ ) နာရီ အချိန်ခန့်မှ ညနေ ( ၃:၀၀ ) နာရီ အချိန်ထိ တော်လှန်ရေးတွင် အသက်ပေးသွားကြသည့် သူရဲကောင်းများ ၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံခေါင်းဆောင်များ ၊ ပြည်သူများ ၊ တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အင်အားစု လက်နက်ကိုင်များနှင့် နည်းတူ တော်လှန်းရေးတွင် သွေးမအေးကြောင်း မန္တလေးမြို့နေ ပြည်သူများမှ အသံတိတ်သပိတ်တွင် မန္တလေးတစ်မြို့လုံးရှိ ပြည်သူများဆင်နွှဲပြီး အကြမ်းဖက်စစ်ကောင်စီအား ရွံ့ရှာမုန်းတီးကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
အကြမ်းဖက်စစ်တပ်မှ နေ့စားများခေါ်ယူပြီး တပ်မတော် ထောက်ခံပွဲ ပြုလုပ်လျက်ရှိသော်လည်း မန်းလေးမြို့နေပြည်သူများမှ အသံတိတ်သပိတ်တွင် မြို့လုံးကျွတ် ပါဝင်လျက်ရှိကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://bit.ly/3jelRGQ
Photo - MPA
#Mandalay #SilentStrikes #SAC #MPA .

မိုးကုတ်မြို့ အသံတိတ်သပိတ်
ဓာတ်ပုံ-CJ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
#Mogok #silent_strikes #MPA .

ရန်ကုန် ၊ ဆူးလေ၊ ကမ်းနားလမ်းနှင့် မြောက်ဒဂုံ အသံတိတ်သပိတ်
Photo - MPA
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
#Yangon #Sule #silent_strikes #MPA .

စစ်ကိုင်းတိုင်း၊ ကနီမြို့ အသံတိတ်သပိတ်
Photo - Pyae Aung Naing Kani
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
#sagaing #kani #silent_strikes #MPA .

ပဲခူးတိုင်း၊ ပေါင်းတည်မြို့ အသံတိတ်သပိတ်
ဓာတ်ပုံ-CJ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
#bago #Paungde #silent_strikes #MPA .

"Feb 1ရက်နေ့မှာ ညီကြမှာဦးလား" ဟု Tiktok တွင် ဖော်ပြခဲ့သည့် ပျဉ်းမနားသူကို ဖမ်းဆီး
2 Feb 2023 By MPA 001
"Feb 1 ရက်နေ့မှာ ညီကြမှာဦးလား"ဟု Tiktok တွင် ဖော်ပြခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့က အမျိုးသမီးတစ်ဦကို စစ်အုပ်စုက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့နေ မပိုးပိုးဆိုသူကို စစ်တပ်သတင်းပေးများ စုဝေးရာ ဟန်ငြိမ်းဦး Telegram ချန်နယ်က ပုံနှင့်တကွ ဖမ်းဆီးရန် ဆော်ဩခဲ့ပြီးနောက် ယင်းနေ့မှာပင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
"ဖမ်းခံရတာဟုတ်ပါတယ်"ဟု ဖမ်းဆီးခံရသူ မပိုးပိုးနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ မပိုးပိုးကို မည်သည့်နေရာတွင် ဖမ်းဆီးခဲ့သလဲဆိုသည်ကိုမူ မသိရသေးပေ။
လက်ရှိတွင် မပိုးပိုးကို ပျဉ်းမနားမြို့မရဲစခန်း၌ စစ်ဆေးနေကြောင်း MPAက စုံစမ်းသိရသည်။
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Photo - ဖမ်းဆီးခံရသူ မပိုးပိုး
#နေပြည်တော် #ပျဉ်းမနား #စစ်ကောင်စီ #ဖမ်းဆီး #MPA .

" စောင်နီလေးတွေများနေပြီ တွန်းလှည်းတွေတောင်မနိုင်တော့ဘူး "
" စစ်အာဏာရှင်ပြုတ်ကျဖို့ အရင်းရှင်ကိုအရင်ရှင်း အရင်းရှင်ကိုအရင်ရှင်း "
ကျောင်းသား သမဂ္ဂ (၁၂) ဖွဲ့ပေါင်းပြီး ပြုလုပ်ထားတဲ့ တမာမိုး သံချပ် ( စ /ဆုံး )
#သံချပ် #တမာမိုး #MPA #Myanmar
ရုပ်သံအပြည့်အစုံကြည့်ရန် >>>>> https://youtu.be/DYuz_I1zQF0

YouTube
တမာမိုး သံချပ် ( စ /ဆုံး )
ကျောင်းသား သမဂ္ဂ (၁၂) ဖွဲ့ပေါင်းပြီး ပြုလုပ်ထားတဲ့ တမာမိုး သံချပ် ( စ /ဆုံး )
#သံချပ် #တမာမိုး #MPA #Myanmar
#သံချပ် #တမာမိုး #MPA #Myanmar
မတ္တရာတွင် စစ်သားများစီးလာသည့်လှေမှောက်ပြီး ၃ဦးသေ၊ ၃ဦးပျောက်ဆုံးနေ
8 May 2023 By MPA CJ016
မန္တလေးတိုင်းမတ္တရာမြို့နယ်အတွင်းရှိ ညောင်မြစ်တွင် စစ်သားများစီးလာသည့် လှေမှောက်ပြီး ၃ဦးသေဆုံးကာ ၃ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
မေလ ၇ရက်နေ့၊နံနက် ၄နာရီခန့်က မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာအရှေ့ဘက်ရှိ အကျယ်ပေ ၁၀၀ခန့် ရှိသော ညောင်မြစ်ကို စစ်သား ၇ဦး လှေဖြင့် ဖြတ်ကူးစဉ် လှေမှောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်#MPA
" မနက်အစောကြီးလှေနဲ့ဖြတ်ကူးနေတာ မနက်၆နာရီလောက်ကျတော့နစ်တဲ့အသံကြားတာပဲ၊စစ်သားတွေဝိုင်းဆယ်ကြတာ၊ညနေဘက်မှာ၃လောင်းတွေ့ပြီ၊ရွာသားတွေကိုလည်းရေငုပ်ရှာခိုင်းနေတယ်"ဟု ၎င်းကပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://bit.ly/3B1OIDc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
8 May 2023 By MPA CJ016
မန္တလေးတိုင်းမတ္တရာမြို့နယ်အတွင်းရှိ ညောင်မြစ်တွင် စစ်သားများစီးလာသည့် လှေမှောက်ပြီး ၃ဦးသေဆုံးကာ ၃ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
မေလ ၇ရက်နေ့၊နံနက် ၄နာရီခန့်က မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာအရှေ့ဘက်ရှိ အကျယ်ပေ ၁၀၀ခန့် ရှိသော ညောင်မြစ်ကို စစ်သား ၇ဦး လှေဖြင့် ဖြတ်ကူးစဉ် လှေမှောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်#MPA
" မနက်အစောကြီးလှေနဲ့ဖြတ်ကူးနေတာ မနက်၆နာရီလောက်ကျတော့နစ်တဲ့အသံကြားတာပဲ၊စစ်သားတွေဝိုင်းဆယ်ကြတာ၊ညနေဘက်မှာ၃လောင်းတွေ့ပြီ၊ရွာသားတွေကိုလည်းရေငုပ်ရှာခိုင်းနေတယ်"ဟု ၎င်းကပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://bit.ly/3B1OIDc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရန်ကုန်မြို့က ပရဟိတဆံသဆရာများ
By ThanLynn / MPA
Myanmar Barber Academy (MBA)ဆံသကျောင်းမှ သင်တန်းဆရာများ ဦးဆောင်ပြီး ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံးနားရှိ မဟာဗန္ဓုလလမ်းမနှင့် ၄၆ လမ်းထောင့်တွင် တစ်ပတ်နှစ်ရက် အခမဲ့ ဆံပင်ညှပ်ပေးနေခြင်းမှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။
သင်တန်းသားများ၏ ဆံပင်ညှပ် ပညာတိုးတက်ဖို့နှင့်၊ ပြည်သူများလည်း တစ်ဖက်တစ်လမ်းက ငွေချွေတာ နိုင်စေရန် ရည်ရွယ်ကာ ဆံပင်အခမဲ့ညှပ်ပေးသည့် ဝန်ဆောင်မှုကိုပြုလုပ်ခြင်းဖြစ်သည်။
မြန်မာဆံသ အကယ်ဒမီလို့ အဓိပ္ပာယ်ရသည့် Myanmar Barber Academy ( (MBA) သင်တန်းကို ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်ကလေးစျေးလမ်းတွင် ဖွင့်ထားပြီး စနေ၊တနင်္ဂနွေနေ့တိုင်း မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အဆိုပါနေရာတွင် လူတစ်ရာနီးပါးကို လူမျိုးမရွေး၊ ဘာသာမရွေး အခမဲ့ဆံပင်ညှပ်ပေးလေ့ရှိသည်။
#ပရဟိတ #ဆံပင်ညှပ် #MBA #MPA #Yangon #Myanmar

စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ
30 June 2024 By Than Lyan / MPA
နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။
၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။
#Photo #Census #MPA #Myanmar

ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲ
12 July 2024 By Tin Soe / MPA
ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း၌ ကယားရိုးရာဖြစ်သည့် ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲကို ဇူလိုင်လ ၁၀ရက်နေ့ကစတင်ကာ သုံးရက်တာကျင်းပခဲ့သည်။
ဇူလိုင် ၁၀ ရက်နေ့တွင် တဲတည်ဆောက်ခြင်းပြုလုပ်ပြီး ဇူလိုင် ၁၁ ရက်တွင် ရိုးရာနတ်ကို ဝက် ပူဇော်ပသမှု ပြုလုပ်၍ သစ္စာရေသောက်သုံးကြပြီး ဇူလိုင် ၁၂ ရက်နေ့တွင်လည်း အမဲလိုက်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို ကျင်းပ၍ မရခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင်သာ လက်ခံကျင်းပခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
Editor - JP
#MPA #PhotoNews #Karinne #Myanmar

ကိုယ့်ပိုက်ဆံကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေကြသူများ
14 July 2024 By Than Lyan / MPA
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တချို့တွင် ငွေထုတ်ယူမည့်သူများ များပြားလျက်ရှိပြီး လိုသလောက် ငွေပမာဏ ထုတ်ယူ၍ မရကြောင်း ခုရက်ပိုင်း အကန့်အသတ်ဖြင့်သာထုတ်ပေးနေကြောင်း ဘဏ်စနစ်အသုံးပြုနေသူများကဆိုသည်။
ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ယခုကဲ့သို့ ငွေသားထုတ်ယူမှုများကိုပါ သတ်ဆိုင်ရာ ဘဏ်များက ကန့်သတ်လာခြင်းဖြစ်သည်။
Special Account ဘဏ်စာရင်း များအနေဖြင့် ငွေသားထည့်သွင်းထားသည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုသည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါက်တာ လင်းအောင်က ပြောကြားထာသော်လည်း မြေပြင်တွင် ပြည်သူများ ဘဏ်အပ်ငွေပြန်လည် ထုတ်ယူရန် အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့ပြင် ATM စက်များတွင်ပါ ငွေမရှိသည့်အတွက် ငွေသားထုတ်ယူ၍ မရကြောင်းလည်း ပြည်သူတချို့ထံမှ သိရသည်။
#Money #Bank #KBZ #Yangon #MPA #Myanmar

မဲဆောက်ဆေးရုံတွင် ရက်ပေါင်း၁၀၀ကျော်ထားပြီးမှ သဂြိုလ်ခွင့်ရခဲ့သည် မထက်ထက်ဇော်၏ စျာပန
19 July 2024 By MPA
ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံ၌ ရက်ပေါင်း ၁၀၀ကျော်အထိထားခဲ့ရသော မထက်ထက်ဇော်၏ ရုပ်အလောင်းကို မဲဆောက်မြို့ရှိ ၀ပ်မုတ်ကထန်သုဿာန်တွင် ယနေ့(ဇူလိုင်၁၉ရက်)သဂြိုလ်ခဲ့သည်။
စင်ကာပူနိုင်ငံတွင်နေထိုင်သူ မထက်ထက်ဇော် (ခ) Nandar (၂၆နှစ်)သည် မဲဆောက်မြို့ရှိ၄င်း၏ ခင်ပွန်းဖြစ်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာထံ ရောက်လာစဉ် ခင်ပွန်း၏ ဆိုးရွားပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ဧပြီ၆ ရက်တွင် သေဆုံးခဲ့ကာ မဲဆောက်ဆေးရုံ၌ သုံးလကျော်ကြာ ထားရှိခဲ့ရသည်။
မထက်ထက်ဇော်၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခါနီးအချိန်တွင် မြန်မာသံရုံးဘက်က ဖိအားပေးမှု ကြောင့် အလောင်းထုတ်ခွင့် ကြန့်ကြာခဲ့ရသေးသည်။
မထက်ထက်ဇော် သေဆုံးပြီး သုံးလ အကြာ ဇူလိုင်ခုနှစ်ရက်တွင် လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူ ဇော်ဝင်းထွဋ် (ခ) ဝဠာအား တရားစီရင်ရန် အခင်းဖြစ်ပွားရာ မဲဆောက်မြို့ရှိ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။
Editor - JP
#SisterToSister #အိမ်တွင်းအကြမ်းဖက်မှု #စျာပန #မဲဆောက် #MPA #Photo #Myanmar

ကရင်နီတွင် အာဇာနည်နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကျင်းပ
19 Jul 2024 By Tin Soe / MPA
ကရင်နီပြည် လွတ်မြောက်နေရာတစ်ခုတွင် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် သစ်ပင်စိုက်ပွဲကျင်းပခဲ့ကြသည်။
သစ်ပင်စိုက်အပြီး ခေတ်အဆက်ဆက် ကျဆုံးသွားခဲ့သည့် အာဇာနည်ရဲဘော်များအား ၃ မိနစ်ခန့် ဂုဏ်ပြုငြိမ်သက်ခဲ့ကြသည်။
ယင်းအခမ်းအနားကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက အဖွဲ့အစည်းအပါအဝင် ဒေသခံ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
Editor - JP
#သစ်ပင်စိုက် #ကရင်နီ #Photo #MPA #Myanmar

This media is not supported in your browser
VIEW IN TELEGRAM
တကောင်းမြို့တွင်းသို့ တော်လှန်ရေးရဲဘော်များ အောင်ပွဲခံ ဝင်ရောက်လာ
13 Aug 2024 By MPA
တကောင်းမြို့တွင်းသို့ တော်လှန်ရေးရဲဘော်များ အောင်ပွဲခံဝင်ရောက်လာသည့် ရုပ်သံကို တကောင်းပကဖ က ထုတ်ပြန်လိုက်သည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်၊ တကောင်းမြိုသိမ်းတိုက်ပွဲကို အမှတ်တစ်စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ၊ သပိတ်ကျင်းမြိုနယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များနှင့် တကောင်းတိုက်နယ် (ပကဖ) တို့ ပူး ပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ဩဂုတ်၁၂ရက်၊ညနေပိုင်း၌ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တကောင်းမြိုသိမ်းတိုက်ပွဲတွင် သေဆုံးစစ်သားများပြားခဲ့ပြီး စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း တကောင်းပကဖ ကဆိုသည်။
ရုပ်သံ - တကောင်းပကဖ
#တကောင်းမြို့ #တော်လှန်ရေးရဲဘော် #တကောင်းပကဖ #MPA

ရန်ကုန်မြို့က နံနက်စောစောထကာ ဆီတန်းစီနေကြသူများ
20 Aug 2024 By Than Lyan / MPA
ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် စားအုန်းဆီစျေးအလွန်ကြီးမားနေပြီး ဆီပြတ်တောက်မှုနဲ့ကြုံနေရသဖြသ့် နေ့စဥ် မြို့နယ်အနှံ့တွင် နံနက်စောစောထကာ ဆီတန်းစီနေသည့် လူတန်းကြီးများကို တွေမြင်နိုင်ပြီး လူတစ်ယောက်လျှင် တုံကင်တခုသာရရှိသည်။
စားအုန်းဆီဈေးကို စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းအလိုက် ပျမ်းမျှတစ်ပိဿာဈေး ကျပ် ၆,၀၀၀ ကျော်သာ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးမှာ ယနေ့တွင် ၁၈,၀၀၀ ကျော်ရှိပြီး ၃ဆခန့် မြင့်တက်ကာ ပြည်သူများ တန်းစီဝယ်ယူနေရသည်။
ရန်ကုန်ရှိ သာကေတမြို့နယ်၊ အင်းစိန်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များ အပါအဝင် မြို့နေရာအနှံ့အပြားတွင် စားအုန်းဆီရရန် ပြည်သူများတန်းစီဝယ်နေရသည်။
၂၀၂၃ ခု စက်တင်ဘာလအတွင်းမှစတင်ကာ ရန်ကုန်မြို့မှတွင် စားအုန်းဆီပြတ်လပ်မှု စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် တန်းစီဝယ်ယူရမှုများ စတင်ဖြစ်ပေါ်ပေါက်ခဲ့ရာ လက်ရှိအချိန်ထိပင်ဖြစ်သည်။
Editor - JP
#စားအုန်းဆီ #Yangon #တန်းစီ #MPA #Myanmar

စစ်ကောင်စီက ရှမ်းမြောက်တခွင် လေယာဉ်များ ပျံသန်းနေ၊ သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်
27 Oct 2024 By MPA
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တို့ သိမ်းပိုက်ထားသည့် မြို့နယ်များကို စစ်ကောင်စီက ထောက်ပို့လေယာဉ်နှင့် တိုက်လေယာဉ်များ အသုံးပြု၍ ပျံသန်းမှုများပြုလုပ်ခဲ့ပြီးနောက် သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၇ရက်၊ ည ကိုးနာရီ ၄၅မိနစ်အချိန်တွင် စစ်ကောင်စီက သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုမှု MPA အနေဖြင့် အတည်ပြုနိုင်မှုမရှိသေးပေ။
"ညကိုးနာရီလောက်ထဲက နမ့်ခမ်းမှာ ဂျက်လေယာဉ်ဝဲနေတယ်။ ဗုံးကြဲတာတော့မရှိသေးဘူး။ သိန္နီဘက်ကိုတော့ ကြဲသွားတယ်လို့ သိရတယ်။ အသေးစိတ်လဲ ဘာမှ မသိရသေးဘူး " ဟု နမ့်ခမ်းမြို့တွင်နေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် အောက်တိုဘာ ၂၇ရက်၊ နံနက်ပိုင်းကလည်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်၊ လောက်ကိုင်မြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ယနေ့(အောက်တိုဘာ ၂၇)ရက်သည် ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်မြောက်သည့်နေ့လည်းဖြစ်ပြီး စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၁၆မြို့ကို ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ - The Kokang / ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လောက်ကိုင်မြို့ အဆောက်အအုံများ(ပုံအဟောင်း)
#ရင်ဆိုင်တိုက်ပွဲ #စစ်ကောင်စီ #Myanmar #လူနေရပ်ကွက် #လေယာဉ်ဗုံးကြဲ #MPA