MPANews
22.8K subscribers
19.4K photos
459 videos
85 files
10.2K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
MPA Newsroomကို သတင်းပေးပို့နိုင်ပြီ။
#MPA #Newsroom #Myanmar
"တို့ရဲ့တပ်တော်"
တေးရေး - နိုင်ငံသစ်
တေးဆို - နိုင်ငံသား
တေးဂီတ - မရမ်း
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)"တို့ရဲ့တပ်တော်" သီချင်းကို Youtube မှာ ဝင်ကြည့်ပေးပြီး အကောင့်ကိုလည်း Subscribe လုပ်ပေးခဲ့ပါဦး။
https://youtu.be/ynkQU7KBJok
#BPLA #စစ်သီတေး #နွေဦးတော်လှန်ရေး #MPA #Myanmar
ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီချာတာ အပိုင်း(၁) ၊ (၂) ကိုလည်း ပြည်သူများသိရှိစေရန် တင်ပြထား

30 June 2022 By MPA

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ သတင်းပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုအားကောင်းစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် တရားဝင် Facebook စာမျက်နှာကို လွှင့်တင်လိုက်ပြီး မကြာမီ တရားဝင်ဝက်ဘ်ဆိုဒ်ကိုလည်း လွှင့်တင်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ကထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3y7ZyFR
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto

#နိုင်ငံရေး #NUCC #MPA #Myanmar
“ဒီနေ့မနက် ၈နာရီ ၂၀မိနစ်လောက်က ပစ်ခံရတာ။ မာလကာသီးတို့ ဘာတို့ရောင်းတာ ။ သူတို့က ဒလန်တွေ။ သေမသေတော့ မသိဘူး။ ကျွန်တော်က မုန့်ထွက်စားတာ။ စျေးသည်တွေပစ်ခံရတယ်ဆိုပြီး လူတွေထွက်ပြေးကြလို့ အိမ်ပြန်ပြေးတာ ”

4 July 2022 by MPA / 001

ရန်ကုန်မြို့၊လှည်းတန်းစျေးရုံကြီးဘေး ၂လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဟု ဒေသခံများက ပြောဆိုသည့် စျေးသည် ညီအစ်မ ၂ဦးကို မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုမှ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
 
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈နာရီ ၂၀မိနစ်ခန့်က လှည်းတန်းဆေးရုံကြီးဘေးကပ်ရက် လှည်းတန်း ၂လမ်းထိပ်တွင် ရာသီပေါ်သီးနှံရောင်းချသည့် စျေးသည် ညီအစ်မ၂ဦးကို အမည်မသိ မြေအောက်တော်လှန်ရေးအဖွဲ့မှ သေနတ်ဖြင့် လေးချက်လာရောက်ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း ယင်းဒေသခံတစ်ဦးကပြောသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3yACNMl
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto

#အမျိုးသမီး #လူငယ် #ရန်ကုန် #အသတ်ခံရ #MPA #Myanmar
''ကလေးတွေက အဲဒီနားမှာ အမြဲတမ်းကစားနေကြတာပါ။ ဒီနေ့လည်း ကစားပြီးလို့ ပြန်ခါနီး အပင်အောက်က အင်္ကျီတွေသွားယူချိန်မှာ နင်းမိပြီး ပေါက်ကွဲသွားတာပါ ။ ဒီဟာက စစ်တပ်ကထောင်ထားတာပါ ''

8 July 2022 By MPA

မြောက်ဦးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၇၈နှင့် ခမရ ၅၄၀ ကြားရှိ တောင်ကုန်းအနီးတွင် ကစားနေကြသည့် ရိုဟင်ဂျာကလေးများ အိမ်ပြန်ခါနီးအချိန်တွင် အကြမ်းဖက်စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ ဗုံးပေါက်ကွဲပြီး ဒဏ်ရာရရှိသွားကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3c0t2OP
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto

#ရခိုင် #ရိုဟင်ဂျာ #မြောက်ဦး #ဗုံးကွဲ #ကလေး #ဒါဏ်ရာရ #MPA  #Myanmar
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ နှစ်နှစ်နီးပါး ကြာမြင့်ချိန်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရရှိနိုင်ဖို့ အရေးတကြီးလိုအပ်လာပါတယ်။

အကူအညီများလိုအပ်နေကြတဲ့ ကလေးငယ်ပေါင်း ၅ သန်းကျော်ရှိနေပါပြီ။

Two years into the crisis in #Myanmar, the need for humanitarian support is more urgent than ever.

Over 5 million children need assistance.

#GenerationInPeril
အိန္ဒိယအစိုးရသည် ဒီမိုကရေစီအပေါ် သစ္စာဖောက်နေပါသလား?
စစ်အုပ်စု၏ ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် ကြံရာပါ ဖြစ်နေပါသလား?

အိန္ဒိယအစိုးရ မြန်မာစစ်အုပ်စုအား ထောက်ခံအားပေးသည့်လုပ်ရပ်များ [အချိန်ပြဇယား] ကိုလေ့လာပါ။

👉 [Bur] shorturl.at/tuFSW

Has the MODI Government betrayed democracy?
Has it made itself complicit in #Myanmar Junta's atrocity crimes?

Check their👣 [Eng] shorturl.at/eqST7
" စောင်နီလေးတွေများနေပြီ တွန်းလှည်းတွေတောင်မနိုင်တော့ဘူး "

" စစ်အာဏာရှင်ပြုတ်ကျဖို့ အရင်းရှင်ကိုအရင်ရှင်း အရင်းရှင်ကိုအရင်ရှင်း "

ကျောင်းသား သမဂ္ဂ (၁၂) ဖွဲ့ပေါင်းပြီး ပြုလုပ်ထားတဲ့ တမာမိုး သံချပ် ( စ /ဆုံး )

#သံချပ် #တမာမိုး #MPA #Myanmar

ရုပ်သံအပြည့်အစုံကြည့်ရန် >>>>> https://youtu.be/DYuz_I1zQF0
ရန်ကုန်မြို့က ပရဟိတဆံသဆရာများ
By ThanLynn / MPA
Myanmar Barber Academy (MBA)ဆံသကျောင်းမှ သင်တန်းဆရာများ ဦးဆောင်ပြီး ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံးနားရှိ မဟာဗန္ဓုလလမ်းမနှင့် ၄၆ လမ်းထောင့်တွင် တစ်ပတ်နှစ်ရက် အခမဲ့ ဆံပင်ညှပ်ပေးနေခြင်းမှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။
သင်တန်းသားများ၏ ဆံပင်ညှပ် ပညာတိုးတက်ဖို့နှင့်၊ ပြည်သူများလည်း တစ်ဖက်တစ်လမ်းက ငွေချွေတာ နိုင်စေရန် ရည်ရွယ်ကာ ဆံပင်အခမဲ့ညှပ်ပေးသည့် ဝန်ဆောင်မှုကိုပြုလုပ်ခြင်းဖြစ်သည်။
မြန်မာဆံသ အကယ်ဒမီလို့ အဓိပ္ပာယ်ရသည့် Myanmar Barber Academy ( (MBA) သင်တန်းကို ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်ကလေးစျေးလမ်းတွင် ဖွင့်ထားပြီး စနေ၊တနင်္ဂနွေနေ့တိုင်း မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အဆိုပါနေရာတွင် လူတစ်ရာနီးပါးကို လူမျိုးမရွေး၊ ဘာသာမရွေး အခမဲ့ဆံပင်ညှပ်ပေးလေ့ရှိသည်။
#ပရဟိတ #ဆံပင်ညှပ် #MBA #MPA #Yangon #Myanmar
စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ

30 June 2024 By Than Lyan / MPA

နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။

၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။

#Photo #Census #MPA #Myanmar
ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲ

12 July 2024 By Tin Soe / MPA

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း၌ ကယားရိုးရာဖြစ်သည့် ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲကို ဇူလိုင်လ ၁၀ရက်နေ့ကစတင်ကာ သုံးရက်တာကျင်းပခဲ့သည်။

ဇူလိုင် ၁၀ ရက်နေ့တွင် တဲတည်ဆောက်ခြင်းပြုလုပ်ပြီး ဇူလိုင် ၁၁ ရက်တွင် ရိုးရာနတ်ကို ဝက် ပူဇော်ပသမှု ပြုလုပ်၍ သစ္စာရေသောက်သုံးကြပြီး ဇူလိုင် ၁၂ ရက်နေ့တွင်လည်း အမဲလိုက်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို ကျင်းပ၍ မရခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင်သာ လက်ခံကျင်းပခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Editor - JP

#MPA #PhotoNews #Karinne #Myanmar
ကိုယ့်ပိုက်ဆံကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေကြသူများ
14 July 2024 By Than Lyan / MPA
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တချို့တွင် ငွေထုတ်ယူမည့်သူများ များပြားလျက်ရှိပြီး လိုသလောက် ငွေပမာဏ ထုတ်ယူ၍ မရကြောင်း ခုရက်ပိုင်း အကန့်အသတ်ဖြင့်သာထုတ်ပေးနေကြောင်း ဘဏ်စနစ်အသုံးပြုနေသူများကဆိုသည်။
ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ယခုကဲ့သို့ ငွေသားထုတ်ယူမှုများကိုပါ သတ်ဆိုင်ရာ ဘဏ်များက ကန့်သတ်လာခြင်းဖြစ်သည်။
Special Account ဘဏ်စာရင်း များအနေဖြင့် ငွေသားထည့်သွင်းထားသည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုသည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါက်တာ လင်းအောင်က ပြောကြားထာသော်လည်း မြေပြင်တွင် ပြည်သူများ ဘဏ်အပ်ငွေပြန်လည် ထုတ်ယူရန် အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့ပြင် ATM စက်များတွင်ပါ ငွေမရှိသည့်အတွက် ငွေသားထုတ်ယူ၍ မရကြောင်းလည်း ပြည်သူတချို့ထံမှ သိရသည်။
#Money #​Bank #KBZ #Yangon #MPA #Myanmar
မဲဆောက်ဆေးရုံတွင် ရက်ပေါင်း၁၀၀ကျော်ထားပြီးမှ သဂြိုလ်ခွင့်ရခဲ့သည် မထက်ထက်ဇော်၏ စျာပန

19 July 2024 By MPA

ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံ၌ ရက်ပေါင်း ၁၀၀ကျော်အထိထားခဲ့ရသော မထက်ထက်ဇော်၏ ရုပ်အလောင်းကို မဲဆောက်မြို့ရှိ ၀ပ်မုတ်ကထန်သုဿာန်တွင် ယနေ့(ဇူလိုင်၁၉ရက်)သဂြိုလ်ခဲ့သည်။

စင်ကာပူနိုင်ငံတွင်နေထိုင်သူ မထက်ထက်ဇော် (ခ) Nandar (၂၆နှစ်)သည် မဲဆောက်မြို့ရှိ၄င်း၏ ခင်ပွန်းဖြစ်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာထံ ရောက်လာစဉ် ခင်ပွန်း၏ ဆိုးရွားပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ဧပြီ၆ ရက်တွင် သေဆုံးခဲ့ကာ မဲဆောက်ဆေးရုံ၌ သုံးလကျော်ကြာ ထားရှိခဲ့ရသည်။

မထက်ထက်ဇော်၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခါနီးအချိန်တွင် မြန်မာသံရုံးဘက်က ဖိအားပေးမှု ကြောင့် အလောင်းထုတ်ခွင့် ကြန့်ကြာခဲ့ရသေးသည်။

မထက်ထက်ဇော် သေဆုံးပြီး သုံးလ အကြာ ဇူလိုင်ခုနှစ်ရက်တွင် လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူ ဇော်ဝင်းထွဋ် (ခ) ဝဠာအား တရားစီရင်ရန် အခင်းဖြစ်ပွားရာ မဲဆောက်မြို့ရှိ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။

Editor - JP

#SisterToSister #အိမ်တွင်းအကြမ်းဖက်မှု #စျာပန #မဲဆောက် #MPA #Photo #Myanmar
ကရင်နီတွင် အာဇာနည်နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကျင်းပ
19 Jul 2024 By Tin Soe / MPA
ကရင်နီပြည် လွတ်မြောက်နေရာတစ်ခုတွင် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် သစ်ပင်စိုက်ပွဲကျင်းပခဲ့ကြသည်။
သစ်ပင်စိုက်အပြီး ခေတ်အဆက်ဆက် ကျဆုံးသွားခဲ့သည့် အာဇာနည်ရဲဘော်များအား ၃ မိနစ်ခန့် ဂုဏ်ပြုငြိမ်သက်ခဲ့ကြသည်။
ယင်းအခမ်းအနားကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက အဖွဲ့အစည်းအပါအဝင် ဒေသခံ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
Editor - JP
#သစ်ပင်စိုက် #ကရင်နီ #Photo #MPA #Myanmar
ရန်ကုန်မြို့က နံနက်စောစောထကာ ဆီတန်းစီနေကြသူများ

20 Aug 2024 By Than Lyan / MPA

ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် စားအုန်းဆီစျေးအလွန်ကြီးမားနေပြီး ဆီပြတ်တောက်မှုနဲ့ကြုံနေရသဖြသ့် နေ့စဥ် မြို့နယ်အနှံ့တွင် နံနက်စောစောထကာ ဆီတန်းစီနေသည့် လူတန်းကြီးများကို တွေမြင်နိုင်ပြီး လူတစ်ယောက်လျှင် တုံကင်တခုသာရရှိသည်။
စားအုန်းဆီဈေးကို စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းအလိုက် ပျမ်းမျှတစ်ပိဿာဈေး ကျပ် ၆,၀၀၀ ကျော်သာ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးမှာ ယနေ့တွင် ၁၈,၀၀၀ ကျော်ရှိပြီး ၃ဆခန့် မြင့်တက်ကာ ပြည်သူများ တန်းစီဝယ်ယူနေရသည်။
ရန်ကုန်ရှိ သာကေတမြို့နယ်၊ အင်းစိန်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များ အပါအဝင် မြို့နေရာအနှံ့အပြားတွင် စားအုန်းဆီရရန် ပြည်သူများတန်းစီဝယ်နေရသည်။
၂၀၂၃ ခု စက်တင်ဘာလအတွင်းမှစတင်ကာ ရန်ကုန်မြို့မှတွင် စားအုန်းဆီပြတ်လပ်မှု စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် တန်းစီဝယ်ယူရမှုများ စတင်ဖြစ်ပေါ်ပေါက်ခဲ့ရာ လက်ရှိအချိန်ထိပင်ဖြစ်သည်။
Editor - JP
#စားအုန်းဆီ #Yangon #တန်းစီ​ #MPA #Myanmar
စစ်ကောင်စီက ရှမ်းမြောက်တခွင် လေယာဉ်များ ပျံသန်းနေ၊ သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်

27 Oct 2024 By MPA

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တို့ သိမ်းပိုက်ထားသည့် မြို့နယ်များကို စစ်ကောင်စီက ထောက်ပို့လေယာဉ်နှင့် တိုက်လေယာဉ်များ အသုံးပြု၍ ပျံသန်းမှုများပြုလုပ်ခဲ့ပြီးနောက် သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၇ရက်၊ ည ကိုးနာရီ ၄၅မိနစ်အချိန်တွင် စစ်ကောင်စီက သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုမှု MPA အနေဖြင့် အတည်ပြုနိုင်မှုမရှိသေးပေ။
"ညကိုးနာရီလောက်ထဲက နမ့်ခမ်းမှာ ဂျက်လေယာဉ်ဝဲနေတယ်။ ဗုံးကြဲတာတော့မရှိသေးဘူး။ သိန္နီဘက်ကိုတော့ ကြဲသွားတယ်လို့ သိရတယ်။ အသေးစိတ်လဲ ဘာမှ မသိရသေးဘူး " ဟု နမ့်ခမ်းမြို့တွင်နေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် အောက်တိုဘာ ၂၇ရက်၊ နံနက်ပိုင်းကလည်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်၊ လောက်ကိုင်မြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ယနေ့(အောက်တိုဘာ ၂၇)ရက်သည် ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်မြောက်သည့်နေ့လည်းဖြစ်ပြီး စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၁၆မြို့ကို ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။

ဓာတ်ပုံ - The Kokang / ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လောက်ကိုင်မြို့ အဆောက်အအုံများ(​ပုံအဟောင်း)​

#ရင်ဆိုင်တိုက်ပွဲ #စစ်ကောင်စီ #Myanmar #လူနေရပ်ကွက် #လေယာဉ်ဗုံးကြဲ #MPA