သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ အောက်တိုဘာ (၂၉)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ (၁၈:၃၀)အချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့သည်။
၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့သည်။
၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်။
၄။ လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။
စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#MDY_PDF
#1027_Part2

👍63❤4
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ အောက်တိုဘာ (၃၀)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၃၀) ရက်နေ့ မနက်(၁၃:၀၀)အချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်။
၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ဗိုလ်မှုးတစ်ဦးအပါအဝင် (၄)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး ရှိခဲ့သည်။
၃။ အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်သည်။

👍48❤3🤬2
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၄)ရက်
၁။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွါးခဲ့သည်။
၂။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် မိမိတို့ တပ်များအကြား တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါသွားခဲ့သည်။
၃။ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၁)ဦး နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး ရန်သူ့အလောင်း(၇)လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့သည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိသည်။
စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#MDY_PDF
#1027_Part2
#Madaya

👍57❤13👏2
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ မတ္တရာမြို့နယ် ၊ မြို့ကုန်းကျေးရွာတိုက်ပွဲအတွင်း စစ်သုံ့ပန်းအရှင် ဖမ်းဆီးရရှိမှု ရုပ်သံမှတ်တမ်း
#MDY_PDF
#1027_Part2
#Madaya
#MDY_PDF
#1027_Part2
#Madaya
👍57❤17👏3😢1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၉)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ခေတ္တလက်လွှတ်ခဲ့ရသော ကျေးရွာများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
၂။ ယခုအခါ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်ပါသည်။
၃။ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

🥰51👍35❤17👏4
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
Media is too big
VIEW IN TELEGRAM
လူငယ်တွေပါ … စနစ်ဆိုးတစ်ခု ပျက်သုဉ်းဖို့
လက်နက်ကိုင် တိုက်ပွဲဝင်နေရပေမယ့်
ကူညီတတ်တယ်
စာနာတတ်တယ်
ပြီးတော့ ခံစားတတ်ကြပါတယ် …
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ လက်နက်ကြီးတပ်ဖွဲ့မှ ရဲဘော်များ ဖန်တီးရေးစပ်ထားတဲ့ “Tug of War” (လွန်ဆွဲပွဲ) သီချင်းကို တင်ဆင်ပေးလိုက်ပါတယ် …

❤67👍20🥰5
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၁)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၁၉)ရက်နေ့မှစ၍ မတ္တရာမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အကြမ်းဖက်စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
၂။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၁၉)ရက်နေ့ မနက်(၉:၀၀)ခန့်တွင် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
၃။ အဆိုပါ တိုက်ပွဲများအတွင်း ရန်သူ့ထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်။
၄။ ထို့အပြင် သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

👍75❤13
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၆)ရက်
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိသည်။
၂။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၆) ရက် ညနေ (၃:၂၀) အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ပစ်လွှတ်လိုက်သော လက်နက်ကြီးကျည်သည် မတ္တရာမြို့နယ် ၊ ထန်းတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
၃။ ထိုသို့ အကြမ်းဖက် စစ်ကောင်စီ၏ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၄။ အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။

🤬51😢23👍14👏3❤2😁2😱2
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၃၀)ရက်
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်သည်။
၂။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ပါသည်။
၃။ မိမိတို့အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်သည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

❤67👍29👏6🥰4😁1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
Media is too big
VIEW IN TELEGRAM
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်များ
#MDY_PDF
#MDY_PDF
❤92👍16🥰2👏2😁1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
``မြေပြန့်ဒေသ လွတ်မြောက်ရေးမှသည် တနိုင်ငံလုံး လွတ်မြောက်ရေးဆီသို့ ….’’
နွေဦးတော်လှန်ရေးအတွင်းမှ လက်နက်ကိုင်တော်လှန်ရေး အခန်းကဏ္ဍတွင် မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြေများအဖြစ် ပြောင်းလဲစေနိုင်ရေးဟာ ၂၀၂၅ ခုနှစ်အတွက် အသက်တမျှ အရေးကြီးလှပါတယ်။
စစ်အာဏာရှင်နှင့်တကွ အာဏာရှင် အဆက်ဆက် ခြေကုတ်ယူရာ မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြောက်နယ်မြေများအဖြစ် ဖော်ဆောင်နိုင်လေလေ စစ်အာဏာရှင် ကြုံလှီလေလေ ဖြစ်ပါလိမ့်မယ် ။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နှင့်အတူ တဦးချင်းဖြစ်စေ ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ်ချိတ်ဆက်ပြီး စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကာ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် အတူတကွ ရုန်းကန်လှုပ်ရှားကြပါစို့ ………
``စစ်ကိုင်းတပ်မဟာ မှာ ပါဝင်ကြ’’
(ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ Facebook Page တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
#MDY_PDF
#စစ်ကိုင်းတပ်မဟာ

👍64❤19😁2
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၂၂)ရက်
၁။ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၂၁)ရက်နေ့မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးလျက်ရှိသည်။
၂။ အကြမ်းဖက် စစ်ကောင်စီသည် မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများသာမက မြေပြင်စစ်ကြောင်းများပါ အင်အားဖြည့်တင်းလာသောကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာနှင့် မြို့ကုန်းကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွါးလျက်ရှိသည်။
၃။ ထို့အပြင် နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးတွင်လည်းကောင်း ၊ သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာတွင်လည်းကောင်း စစ်ကောင်စီတပ်များနှင့် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွါးလျက်ရှိသည်။
၄။ အကြမ်းဖက် စစ်ကောင်စီသည် နောင်ချိုမြို့နယ် လူနေရပ်ကွက်များအတွင်း ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၂၁)ရက် နှင့် (၂၂)ရက်နေ့များတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည်။

👍30❤🔥29😢4👏1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ၊ မတ်လ (၁၄)ရက်
၁။ ၂၀၂၅ ခုနှစ် ၊ မတ်လ (၁၄)ရက်နေ့ နေ့လယ် (၃)နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီသည် စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိခဲ့သည်။
၃။ အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၊ မတ်လ (၄)ရက်နေ့တွင်လည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။
၄။ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေများတွင် ပြည်သူကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို အကြမ်းဖက် စစ်ကောင်စီမှ တစ်စထက်တစ်စ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာသည်ကို တွေ့ရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#MDY_PDF
#Singu

🤬43👍6❤3😢3👏1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ၊ မတ်လ (၁၈)ရက်
၁။ ၂၀၂၅ ခုနှစ် ၊ မတ်လ (၁၇)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီမှ စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်။
၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး(၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦးရှိခဲ့သည်။
၃။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ၊ မတ်လ(၁၄)ရက်နေ့တွင်လည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃၁)ဦးထိ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့သည်။
၄။ စဉ့်ကူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။

👍33😢20🤬11😁2❤1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်
(၁) အကြမ်းဖက် စစ်ကောင်စီသည် အရပ်ဖက် ပစ်မှတ်များအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ယခုကာလအတွင်း ပိုမိုပြင်းထန် ဆိုးရွားစွာ ဆက်တိုက်ဆောင်ရွက်လျက်ရှိသည်။ စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ ယနေ့ ဧပြီလ (၁၉) ရက်နေ့အတွင်း၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို မိမိတို့ လှုပ်ရှားနယ်မြေများအနက် သပိတ်ကျင်းမြို့နယ်တွင် (၁၃) ကြိမ်၊ စဥ့်ကူးမြို့နယ်တွင် (၄) ကြိမ်၊ မတ္တရာမြို့နယ်တွင် (၁) ကြိမ် ကျူးလွန်ခဲ့သည်။
(၂) ထိုကဲ့သို့ အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ဧပြီလ (၁၉) ရက်နေ့အထိ သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်များအတွင်း အရပ်သားပြည်သူဦးရေ အနည်းဆုံး (၄၁) ဦး သေဆုံးခဲ့ပြီး အနည်းဆုံး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်သေဆုံးသူများအနက် အနည်းဆုံး (၇) ဦးမှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ ဖြစ်ပါသည်။
(၃) အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များမဟုတ်ဘဲ အများပြည်သူလူထု သွားလာလှုပ်ရှားရာ စျေးများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများ အပါအဝင် အရပ်သား လူနေအိမ်ခြေများအပေါ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ စာသင်ကျောင်း (၁) ကျောင်း အပါအဝင် လူနေအိမ်ခြေပေါင်း (၅၄) လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
(၄) လွန်ခဲ့သည့် မတ်လ (၂၈) ရက်၊ ၂၀၂၅ ခုတွင် လှုတ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် စစ်ကိုင်းငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲထိခိုက်မှုများအား လိုအပ်သလို ကူညီဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်နှင့် ဆက်စပ်ဒေသများတွင် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်မှတပါး ထိုးစစ်အားလုံးကို ယာယီရပ်စဲမည်ဖြစ် ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည့်အပြင် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့်လည်း အတိအကျ လိုက်နာလျက်ရှိသည်။
(၅) အကြမ်းဖက် စစ်ကောင်စီသည်လည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့မှ ဧပြီလ (၂၂) ရက်နေ့အထိ အပစ်အခတ် ရပ်စဲမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။
(၆) သို့သော် အကြမ်းဖက်စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲထားသည့် ကာလတလျှောက်လုံးတွင် အရပ်သားပစ်မှတ်များအပေါ် ဦးတည်၍ ရက်စက်ယုတ်မာစွာ သည်းကြီးမည်းကြီး ဗုံးကြဲတိုက်ခိုက်နေသည်မှာ သိသာထင်ရှားပြီး ဖြစ်သည်။
(၇) ဤကဲ့သို့ အရပ်သားပစ်မှတ်များအပေါ် အကြမ်းဖက်စစ်ကောင်စီက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့်အချိန်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ ရုရှားကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အာဆီယံအဖွဲ့၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့် စစ်ကောင်စီအပေါ် လိုအပ်သလို တုံ့ပြန် အရေးယူဆောင်ရွက်ကြရန် လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းလိုက်ပါသည်။
❐ ဗဟိုဦးဆောင်ကော်မတီ

👍34🥰1😁1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ၊ မေလ (၁)ရက်
၁။ အကြမ်းဖက် စစ်ကောင်စီ၏ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့ရှိ အိမ်ထောင်စုများအား ၂၀၂၅ ခုနှစ် ၊ ဧပြီလ(၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။
၂။ ၂၀၂၅ ခုနှစ် ၊ ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သိပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့တွင် အပြစ်မဲ့ပြည်သူ (၅၀)ဦး ဝန်းကျင် အသက်ဆုံးရှုံးခဲ့ပြီး (၈၀)ဦး ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

👍49❤28🥰4😁1🙏1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ၊ မေလ (၄)ရက်
၁။ ၂၀၂၅ ခုနှစ် မေလ(၂)ရက်နေ့ တွင် မတ္တရာမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၇၀၃)တပ်ရင်းမှ တပ်သား(၂)ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သည်။
၂။ အကြမ်းဖက် စစ်ကောင်စီကိုစွန့်ခွါ၍ အလင်းဝင်ရောက်လိုသူများကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ လက်ခံကြိုဆိုပြီး အသက်အာမခံချက် အပြည့်အဝပေးအပ်သွားမည့်အပြင် ဆုငွေများပါပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

👍42❤6👏6🥰3
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ၊ မေလ (၁၇)ရက်
၁။ ၂၀၂၅ ခုနှစ် မေလ(၁၅)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး သံဃာတော်များနှင့်ကလေးသူငယ်များအပါအဝင် ပြည်သူ(၈)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၃။ ၂၀၂၅ ခုနှစ် ၊ ဧပြီလ နှင့် မေလ (၂)လတာအတွင်း အကြမ်းဖက် စစ်ကောင်စီသည် မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ် နှင့် သပိတ်ကျင်းမြို့နယ်တို့အား လေကြောင်းတိုက်ခိုက်မှု (၅၇)ကြိမ် ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၇၂)ဦး အသက်ဆုံးရှုံးခဲ့ကာ ပြည်သူ (၁၄၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

🤬47😢12👍8😁2❤1🔥1

👍53❤6😁3😱1