Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
စစ်ကောင်စီ လက်အောက်ခံ ပသစ (ပျူစောထီး) များသို့ တိုက်တွန်းချက်
၂၀၂၄ခုနှစ် ၊ ဇူလိုင်လ (၅)ရက်
#MDY_PDF
#1027_Part2
#ပျူစောထီး
၂၀၂၄ခုနှစ် ၊ ဇူလိုင်လ (၅)ရက်
#MDY_PDF
#1027_Part2
#ပျူစောထီး
👍44👏24❤14😁1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၆)ရက်
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။
၂။ ယခုအခါ မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း ၊ ကျောက်မဏ္ဍပ် တပ်စခန်း ၊ စပါးကျည်တောင် တပ်စခန်း ၊ ကျောက်ကြမ်းတောင် တပ်စခန်း ၊ ငွေပုထိုး တပ်စခန်း ၊ ရှင်မတောင် တပ်စခန်း ၊ နဂါးပတ် တပ်စခန်း ၊ နွားခြံကုန်း တပ်စခန်း ၊ ဝန်တင်ကုန်း တပ်စခန်း ၊ လက်သန်းတောင် တပ်စခန်း ၊ ခြေတော်ရာ တပ်စခန်း ၊ ကိုရင်လေးတောင် တပ်စခန်း ၊ ကင်းရွာ တပ်စခန်း ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း ၊ ရေနံ့သာ တိုးဂိတ် ၊ ရေနံ့သာ ရဲစခန်း နှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် ရန်သူ့တပ်စခန်း စုစုပေါင်း (၂၅)ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
၃။ အဆိုပါ စစ်ဆင်ရေးများအတွင်း ရန်သူ့ထံမှ (၁၂၀)မမ စိန်ပြောင်း (၁)လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။
၄။ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့မှလည်းပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်။
၅။ ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပသစ(ပျူစောထီး)အဖွဲ့ဝင်များသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့သည်။
စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#MDY_PDF
#1027_Part2
#Madaya

❤54👍33🙏1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၂၅)ရက်
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။
၂။ မိုးကုတ် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့သည်။
၃။ မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ပါသည်။
စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#MDY_PDF
#1027_Part2
#Mogok

❤98👍21👏8❤🔥1🥰1🤯1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
Media is too big
VIEW IN TELEGRAM
၂၀၂၁ ခုနှစ်တုန်းက ရှမ်းမြောက်ကနေ
မန္တလေးတိုင်းကို နေ့ချင်းပြန် ခရီးသွားနိုင်ဖို့ဆိုတာ
အိပ်မက်လား တကယ်လားလို့ မေးရလိမ့်မယ် …
အခုတော့ဖြင့် မန္တလေးတိုင်းကနေ ရှမ်းမြောက်ကို
နေ့ချင်းပြန်တက်ပြီး ရှမ်းခေါက်ဆွဲစားဖို့ဆိုတာ
ဧကန်အမှန်ဖြစ်လာခဲ့ပြီ …
စစ်သည် ၊ စစ်မေများရဲ့ အားစိုက်ထုတ်မှု
ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနှင့်အတူ
ရှမ်းမြောက် - မန္တလေး
မန္တလေး - ရှမ်းမြောက် ဖြစ်ပြီးရင် ……
မန္တလေးမှသည် နေပြည်တော် ဆိုတာလည်း
မဝေးတော့ဘူး ဆိုတာ အသေအချာပါဘဲ …
မဝေးကွာတော့တဲ့ ခရီးစဉ်များအတွက်
အသက်ပေးလှူသွားရသော စစ်သည် / စစ်မေများနှင့်
ကိုယ်လက်အင်္ဂါစွန့်လွှတ်လှူဒါန်းသွားသော
စစ်သည် စစ်မေများကို ဦးညွှတ် ဂုဏ်ပြုလျက် …
ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်( မန္တလေး ) အနေဖြင့်
ရှေ့သို့ …. ရှေ့သို့ …. ရှေ့သို့ ဆက်လက်ချီတက်လျက်ပါဘဲ …

❤137👍23🔥1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၁၃)ရက်
၁။ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီမှ ကြိုးစားလျက်ရှိသောကြောင့် တိုက်ပွဲများနေ့စဉ် ဖြစ်ပွါးလျက်ရှိသည်။
၂။ အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး နှင့်လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများကို အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်သည်။
၃။ အဆိုပါ တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် ရန်သူ့အလောင်းများ သိမ်းဆည်းရမိခဲ့သည်။
၄။ အကြမ်းဖက် စစ်ကောင်စီသည် မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်များကိုသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်းပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။

❤56👍15🥰4🤬1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ အောက်တိုဘာ (၂၉)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ (၁၈:၃၀)အချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့သည်။
၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့သည်။
၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်။
၄။ လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။

👍63❤4
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ အောက်တိုဘာ (၃၀)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၃၀) ရက်နေ့ မနက်(၁၃:၀၀)အချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်။
၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ဗိုလ်မှုးတစ်ဦးအပါအဝင် (၄)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး ရှိခဲ့သည်။
၃။ အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်သည်။

👍48❤3🤬2
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၄)ရက်
၁။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွါးခဲ့သည်။
၂။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် မိမိတို့ တပ်များအကြား တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါသွားခဲ့သည်။
၃။ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၁)ဦး နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး ရန်သူ့အလောင်း(၇)လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့သည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိသည်။

👍57❤13👏2
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ မတ္တရာမြို့နယ် ၊ မြို့ကုန်းကျေးရွာတိုက်ပွဲအတွင်း စစ်သုံ့ပန်းအရှင် ဖမ်းဆီးရရှိမှု ရုပ်သံမှတ်တမ်း
#MDY_PDF
#1027_Part2
#Madaya
#MDY_PDF
#1027_Part2
#Madaya
👍57❤17👏3😢1
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၉)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ခေတ္တလက်လွှတ်ခဲ့ရသော ကျေးရွာများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
၂။ ယခုအခါ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်ပါသည်။
၃။ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

🥰51👍35❤17👏4
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၁)ရက်
၁။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၁၉)ရက်နေ့မှစ၍ မတ္တရာမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အကြမ်းဖက်စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
၂။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၁၉)ရက်နေ့ မနက်(၉:၀၀)ခန့်တွင် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
၃။ အဆိုပါ တိုက်ပွဲများအတွင်း ရန်သူ့ထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်။
၄။ ထို့အပြင် သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

👍75❤13
Forwarded from Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး) (Osmond 37)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၆)ရက်
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိသည်။
၂။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၆) ရက် ညနေ (၃:၂၀) အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ပစ်လွှတ်လိုက်သော လက်နက်ကြီးကျည်သည် မတ္တရာမြို့နယ် ၊ ထန်းတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
၃။ ထိုသို့ အကြမ်းဖက် စစ်ကောင်စီ၏ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၄။ အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။

🤬51😢23👍14👏3❤2😁2😱2