Voice Of Mandalay(Vomdy)
20.6K subscribers
3.94K photos
181 videos
4 files
545 links
ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇

@Oakgyi1116
@bebeex124
@GuGuLay1234
@vomhoney1500


တို့၏privateတွင် သတင်းများ ပေးပို့နိုင်ပါတယ်ရှင့်
Download Telegram
သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ မတ်လ (၁၄)ရက်

၁။ ၂၀၂၅ ခုနှစ် ၊ မတ်လ (၁၄)ရက်နေ့ နေ့လယ် (၃)နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီသည် စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိခဲ့သည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၊ မတ်လ (၄)ရက်နေ့တွင်လည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

၄။ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေများတွင် ပြည်သူကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို အကြမ်းဖက် စစ်ကောင်စီမှ တစ်စထက်တစ်စ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာသည်ကို တွေ့ရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

#MDY_PDF
#Singu
🤬43👍63😢3👏1
သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ မတ်လ (၁၈)ရက်

၁။ ၂၀၂၅ ခုနှစ် ၊ မတ်လ (၁၇)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီမှ စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်။

၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး(၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦးရှိခဲ့သည်။

၃။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ၊ မတ်လ(၁၄)ရက်နေ့တွင်လည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃၁)ဦးထိ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့သည်။

၄။ စဉ့်ကူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

#MDY_PDF
#Singu
👍33😢20🤬11😁21