72.6K subscribers
21K photos
1.46K videos
250 files
8.33K links
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
တပ်မတော်(လေ)မှ ရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှု ဖြစ်ပွား
******************
(ပြည်တွင်း) ဩဂုတ် ၃

တပ်မတော်(လေ)မှ ရဟတ်ယာဉ်တစ်စီးသည် ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်တစ်ဝိုက်၌ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ကျဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း .....

Webpage »...
https://positiveanglenews.com/2024/08/03/တပ်မတော်လေမှ-ရဟတ်ယာဉ်တ/

VK Link>>...
https://vk.com/wall-220066330_7410

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း သိရသည်။

#PAN
စာချွန်တော်အမှုများ ဆက်လက်ရပ်ဆိုင်းထားမည်

#PAN
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်

#PAN
ကြွက်သားတွေအတွက် ကောင်းမွန်စေတဲ့ အစားအစာတွေ
*******************
(ကျန်းမာရေး) ဩဂုတ် ၄

ဒိန်ခဲပျော့ သို့မဟုတ် paneer ဟာ casein ဓာတ်နဲ့ပြည့်ဝပြီး whey protein ရဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပါတယ်။ Casein ဓာတ်ဟာ သင်အိပ်ပျော် နေတဲ့အချိန်မှာ ကြွက်သားတွေကို ပြန်လည်ကောင်းမွန် စေပါတယ်။

Casein ဓာတ်က လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတွေ breakdown ဖြစ်ခြင်းမှလည်း တားဆီး ပေးပါတယ်။ ကြက်ဥမှာ protein ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ Protein ဓာတ်အပြင် အာဟာရဓာတ်တွေလည်း အလွန်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားတွေကို အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် စားသုံးဖို့ အကောင်းဆုံး အစားအစာဖြစ်ပါတယ်။

ကြက်ဥမှာပါဝင်တဲ့ amino acids တွေက ကြွက်သားတစ်သျှူးတွေကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ အခွံမာသီးတွေမှာ omega 3 fatty acids နဲ့ protein ဓာတ်တွေ ပြည့်ဝတာကြောင့် ဟောင်းနွမ်းသွားတဲ့ ကြွက်သားတစ်သျှူးတွေကို ပြန်လည်ပြုပြင်ရာမှာ ကူညီပေးသလို ရောင်ရမ်းမှုတွေကို.......

Webpage »...
https://positiveanglenews.com/2024/08/04/ကြွက်သားတွေအတွက်-ကောင်-2/

VK Link>>...
https://vk.com/wall-220066330_7411

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် ဝင်းဇော်မိုး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

#PAN
ကားလမ်းပေါ်မှ မိုင်း ၁၆ လုံးကို လုံခြုံရေးက ရှင်းလင်းခဲ့
*******************
(ပြည်တွင်း) သြဂုတ် ၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မြို့သာ - မြင်းခြံသွားကားလမ်းပေါ်တွင် အကြမ်းဖက်သမားများမှ မိုင်းများထောင်ထားကြောင်း ပြည်သူများသတင်းပေးမှု အရ လုံခြုံရေးတပ်ဖွဲ့များမှ သြဂုတ် ၃ ရက်နေ့က ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်ဟု သိရသည်။

အကြမ်းဖက်သမားများမှ ခရီးသွားပြည်သူများ အသက်ဆုံးရှုံးစေရန်နှင့် ဒက္ခိတဘဝရောက်ရှိဝေရန်ရည်ရွယ်ပြီး ကတ္တရာလမ်းအားဖောက်၍ မြှုပ်ထားသည့် ဆီပုံးခွံ ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းများနှင့် ကားလမ်းဘေးတွင် မုန့်ပုံးနှင့်ပြုလုပ်ထားသော မိုင်းများထောင်ထားခဲ့ခြင်း​ဖြစ်ကြောင်းသိရသည်။

လုံခြုံရေးအဖွဲ့များ၏ လာရောက်ရှင်းလင်းပေးမှုကြောင့် ကတ္တရာလမ်းအားဖောက်၍ မြှုပ်ထားသည့် ဆီပုံးခွံဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၀ လုံး၊ ကားလမ်း ဘေးတွင် မြှုပ်ထားသည့် မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၆ လုံး၊ ဆိုင်ကယ်ဘက္ ....

Webpage »...
https://positiveanglenews.com/2024/08/04/ကားလမ်းပေါ်မှ-မိုင်း-၁၆/

VK Link>>...
https://vk.com/wall-220066330_7412

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
အမေရိကန်က အရှေ့အလယ်ပိုင်းသို စစ်အင်အားတိုးမြှင့်ဖြန့်ကြက်
*******************
(နိုင်ငံတကာ) ဩဂုတ် ၄

အစ္စရေးနှင့် အီရန်တိုကြား လက်ရှိဖြစ်ပွားနေသော တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်က အစ္စရေးကို ကာကွယ်နိုင်ရေးအတွက် စစ်အင်အားအများအပြားကို ဖြန့်ကြက်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂ ရက်တွင် ညွှန်ကြားလိုက်သည်။

အဆိုပါညွှန်ကြားချက်တွင် နောက်ထပ်ဖျက်သင်္ဘောများ၊ စစ်သင်္ဘောကြီးများနှင့် တိုက်ခိုက်ရေးလေယာဉ်အုပ်တစ်ခုကို အရှေ့အလယ်ပိုင်းသို့ ဖြန့်ကြက်ရန်ပါဝင်လာ ခဲ့သည်။

ထို့ပြင် USS Abraham Lincoln လေယာဉ်တင်သင်္ဘောအနေဖြင့် အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင် နေသော USS Theodore Roosevelt လေယာဉ်တင်သင်္ဘောကို ကူညီပေးနိုင်ရေးအတွက် ထွက်ခွာရန် ကာကွယ်ရေး ဝန်ကြီးဌာနက ......

Webpage »...
https://positiveanglenews.com/2024/08/04/အမေရိကန်က-အရှေ့အလယ်ပိုင/

VK Link>>...
https://vk.com/wall-220066330_7413

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
အမေရိကန်ရှိ Uber နှင့် တရုတ်မှ BYD တို အကျိုးတူပူးပေါင်းရန် သဘောတူ
*******************
(နိုင်ငံတကာ) ဩဂုတ် ၄

အမေရိကန်နိုင်ငံရှိ Uber Technologies ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ BYD ကုမ္ပဏီတိုက နှစ်ရှည်အကျိုးတူ ပူးပေါင်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ BYD ကုမ္ပဏီသည် လျှပ်စစ်ကားအစီးရေ တစ်သိန်းကို Uber ကုမ္ပဏီအတွက် ထုတ်လုပ်ပေးရမည်ဖြစ်သည်။

ထို့သဘောတူညီချက်ကြောင့် Uber ကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်နေသည့် အငှားယာဉ်မောင်းများအနေဖြင့် BYD ကားများကို သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်မည့်အပြင် ထိုကားများကိုဝယ်နိုင်ရေးအတွက် ချေးငွေလည်း ....

Webpage »...
https://positiveanglenews.com/2024/08/04/အမေရိကန်ရှိ-uber-နှင့်-တရုတ်/

VK Link>>...
https://vk.com/wall-220066330_7415

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
AA စခန်းအား ARSA မှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်
*******************
(ပြည်တွင်း) သြဂုတ် ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းတွင် AA သောင်းကျန်းသူနှင့် ARSA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လိပ်ရ၊ သဲချောင်း၊ ကြိမ်ချောင်းကျေးရွာတို့တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး သဲချောင်းနှင့် လိပ်ရကျေးရွာတို့အကြား၌ တပ်စွဲထားသည့် AA စခန်းအား ARSA မှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် AA ဘက်မှ (၅၀)ဦးခန့် ဒဏ်ရာရ၊သေဆုံးခဲ့သည်ဟု ဒေသခံသတင်းအရင်း အမြစ်များထံမှ သိရသည်။

မောင်တောမြို့နယ်အတွင်းသို့ စိမ့်ဝင်နေသည့် ARA၊RSO နှင့် ARSA လက်နက်ကိုင် မူဆလင်များ သည် နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများယူငင်ခြင်းနှင့် ဒေသခံ တိုင်းရင်းသားတို့အား ဖမ်းဆီးခေါ်သူ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်ဟုလည်း ....

Webpage »...
https://positiveanglenews.com/2024/08/04/aa-စခန်းအား-arsa-မှ-အလုံးအရင်းဖ/

VK Link>>...
https://vk.com/wall-220066330_7416

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ