76.4K subscribers
24.1K photos
1.72K videos
250 files
10K links
တိကျမှန်ကန် PAN

Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
တာချီလိတ်တွင် မူးယစ်ဆေးဝါး ၃၈.၉၅ ကီလို ဖမ်းမိ
*****************
(မှုခင်း) သြဂုတ် ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့များသည် သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)၊ သံလွင်လမ်းနေ အိုက်ကျန်(ခ)အစိမ်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၈.၉၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၁၁၆ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများတွေ့ရှိသည့် အိုက်ကျန်(ခ)အစိမ်(၂၈)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ..

Webpage>>...
https://positiveanglenews.com/2024/08/19/တာချီလိတ်တွင်-မူးယစ်ဆေး/

VK Link>>...
https://vk.com/wall-220066330_7680

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
နိုင်ငံဝန်ထမ်းလစာအား ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးချေရန်စီစဉ်နေ
********************
(ပြည်တွင်း) ဩဂုတ် ၂၀

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ဖြန့်ဝေ ခြင်းအား တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်နေကြောင်း သိရသည်။

ဝန်ထမ်းများ၏ လစာထုတ်ယူရာတွင် အဆင်ပြေမှုရှိစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ATM စက်များ တပ်ဆင်ထားပေးလျက်ရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁,၉၀၈ လုံး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၇၀၇ လုံး၊ နေပြည်တော်တွင် ၃၃၂ လုံး တပ်ဆင်ထားရှိကာ လိုအပ်မှုရှိလာပါက ထပ်မံတိုးချဲ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အရာထမ်းများအပြင် အမှုထမ်းများပါ ဒစ်ဂျစ်တယ်နည်းဖြင့် လစာပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းများ၏ လစာပေးချေမှုများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးချေနိုင်ရေး တိုးချဲ့ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး.......

Webpage>>...
https://positiveanglenews.com/2024/08/20/နိုင်ငံဝန်ထမ်းလစာအား-ဒစ/

VK Link>>...
https://vk.com/wall-220066330_7687

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
ဓါတ်ဆီမှောင်ခိုရောင်းချသူတွေကို စရဖက အသွင်ယူဖမ်းဆီး
*******************
(ပြည်တွင်း) ဩဂုတ် ၂၀

စက်သုံးဆီပြတ်လပ်မှုကိုအကြောင်းပြုပြီး ဓါတ်ဆီမှောင်ခို ရောင်းချနေသူတွေကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)တွေက အသွင်ယူ ဖမ်းဆီးမှုတွေ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီး - ဟိုပုံး၊ ညောင်ရွှေ - တောင်ကြီး လမ်းမကြီးတစ်လျှောက်က လမ်းဘေးမှာ မှောင်ခို ချရောင်းနေသူတွေနဲ့ လူမှုကွန်ယက် စာမျက်နှာ (Facebook)က ရောင်းချနေသူတွေကို စရဖက လိုက်လံ ဖမ်းဆီးနေတာဖြစ်တယ်လို့လည်း အဲ့ဒီဒေသခံကပြောပါတယ်။

တောင်ကြီးမြို့က မှောင်ခိုရောင်းချသူတွေဟာ ဆီပန့်တွေမှာ တစ်လီတာ ၃ ထောင်ကျပ်ဈေးနဲ့ တန်းစီ ဝယ်ယူကြပြီး တစ်လီတာ တစ်သောင်းကျပ်နှုန်းနဲ့ ပြန်ရောင်းချကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အကျပ်အတည်းဖြစ်နေတဲ့ စက်သုံးဆီဟာ ပုံမှန်ကိုပြန်ရောက်မယ့်အခြေအနေနဲ့ နီးကပ်လာပြီလို့လည်း သတင်းတွေအရ....

Webpage>>...
https://positiveanglenews.com/2024/08/20/ဓါတ်ဆီမှောင်ခိုရောင်းခ/

VK Link>>...
https://vk.com/wall-220066330_7693

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
ကျိုက်ထို မြို့နယ်မှူး စစ်ဆေးခံနေရ
********************
(ပြည်တွင်း) ဩဂုတ် ၂၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲစခန်းက မြို့နယ်မှူးအပြင် ရဲအုပ်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့် ခေါ်ယူစစ်ဆေးခံနေရသည်ဟု သိရသည်။

"PDF တွေနဲ့ဆက်သွယ်နေတာရယ် သတင်းပေါက်ကြားတာ အဲဒါတွေနဲ့ စစ်ဆေးခံနေရတယ်လို့ကြားတယ် ကျန်တာတော့မသိဘူး" ဟု မြို့ခံတစ်ဦးကပြောသည်။

ကျိုက်ထိုမြို့မရဲစခန်းမှ မြို့နယ်ရဲမှူးဦးဇော်ဇော်ကို ဩဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် သတင်းပေါက်ကြားမှု အကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ခေါ်ဆောင်စစ်ဆေးနေကြောင်း သိရသည်။

ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုးကို ဩဂုတ် ၁၄ ရက်နေ့ ည ၆ နာရီကျော်ခန့်က လာရောက်ခေါ်ဆောင်စစ်ဆေးခဲ့ပြီးသည့်နောက် မြို့မစခန်းမှူးအပါအဝင်...

Webpage>>...
https://positiveanglenews.com/2024/08/20/ကျိုက်ထို-မြို့နယ်မှူး-စ/

VK Link>>...
https://vk.com/wall-220066330_7697

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #ZN
ကျောင်းမတက်ချင်၍ ကျောင်းသူမှ အတန်းပိုင်ဆရာမထံခြိမ်းခြောက်စာပို့
*******************
(မှုခင်း) သြဂုတ် ၂၁

မိဘချို့တဲ့သည့်အတွက် ကျေးရွာမှစုပေါင်းကျောင်းထားပေးသည့် ကျောင်းသူမှ ကျောင်းမတက်ချင်သည့်အတွက် ကျောင်းဆရာမကို ခြိမ်းခြောက်စာပေးပို့မှု ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ သောင်ကြီးအုပ်စု၊ ဘုရာပျိုအလယ်တန်းကျောင်းမှာ စာသင်နေကြားပေးနေသော ဆရာမလေး ဒေါ်မြသက်မွန်၏ လက်ကိုင်ဖုန်းအား သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် မက်ဆေ့ မှတစ်ဆင့် "နင်တို့ကျောင်းကိုပိတ်မလား ကလေးတွေအသက်ပေးမလား" ဟု ခြိမ်းခြောက်စာတစ်စောင်​ ရောက်ရှိလာသည့်အတွက် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်စာနှင့် ပတ်သက်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စာပေးပို့သူမှာ မနေခြည်ထွေး၊ အသက် ၁၅ နှစ်၊ (ဘ)ဦးလှမျိုးထက် (၇)တန်း၊ အလက(ဘုရားပျို) ....

Webpage »...
https://positiveanglenews.com/2024/08/21/ကျောင်းမတက်ချင်၍-ကျောင်/

VK Link>>...
https://vk.com/wall-220066330_7708

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
တာချိလိတ်တွင် (၁၂)ဘီး ယာဉ်တစ်စီး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်
********************
(ပြည်တွင်း) ဩဂုတ် ၂၁

တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ရပ်ကွက် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းပေါ်တွင် ဩဂုတ်လ ၂၀ ရက်နေ့ ၊ နံနက်ပိုင်း အချိန် ၁၀ နာရီ အချိန်ဝန်းကျင်၌ အစိမ်းရောင် (၁၂)ဘီး ယာဉ်သည် မောင်းနှင်နေစဉ်အတွင်း ဒီဇယ်ဆီတိုင်ကီပိုက်ယိုစိမ့်၍ အင်ဂျင်ပေါ်သို့ဆီကျရောက်ရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွါးခဲ့ကြောင်းသိရှိရသည်။

မီးလောင်မှုကြောင့် အစိမ်းရောင်(၁၂) ဘီးယာဉ် ခေါင်းနှင့် ရှေ့တာယာ(၃)လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (ကျပ်-၆၅၀၀၀၀၀ သိန်း)ဖြစ်ကြောင်း သိရှိရပြီးမီးလောင်မှုနှင့်ပတ်သတ်၍ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်လျှက်ရှိရာ ဟောင်လိတ်နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်မှုပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

မီးလောင်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ငြိမ်းထက်အောင် ဦးစီး သော အဖွဲ့ဝင်များမှ မိနစ် ၂၀ ကြာငြိမ်းသတ်ခဲ့ပြီး....

Webpage »...
https://positiveanglenews.com/2024/08/21/တာချိလိတ်တွင်-၁၂ဘီး-ယာဉ/

VK Link>>...
https://vk.com/wall-220066330_7710

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
PDF က ဝင်တိုက်ပြီး အလံထောင်သည့် တံတားဦးလေကြောင်းရန်တပ်ကို ပြန်လည်ထိန်းချုပ်
******************
(ပြည်တွင်း) သြဂုတ် ၂၁


မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နှင့် ၂၂ မိုင်ခန့်အကွာ၊ (တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်)၊ တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ကာကင်းစခန်းအား အကြမ်းဖက် PDF အင်အား ၁၀၀ ဦးခန့်က ယမန်နေ့ သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲ ၂ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကင်းစခန်းတွင် တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သာရှိပြီး တပ်ဖွဲ့ဝင်များမှ ဆုတ်ခွာပေးခဲ့သည့် အချိန်တွင် အကြမ်းဖက် PDF များက စခန်းအတွင်းဝင်ရောက်ပြီး ဓါတ်ပုံရိုက်ကူးကာ တံတားဦးလေကြောင်းရန် ကာကွယ်ရေး တပ်အား သိမ်းပိုက်လိုက်ကြောင်း အကြမ်းဖက်အားပေးသည့် မီဒီယာများမှ ဖော်ပြခဲ့ကြသည်။

ယင်းကင်းစခန်းအား တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး .....

Webpage »...
https://positiveanglenews.com/2024/08/21/pdf-က-ဝင်တိုက်ပြီး-အလံထောင်/

VK Link>>...
https://vk.com/wall-220066330_7713

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
အလောင်းအား လာရောက်သယ်ဆောင်မည့် လုံခြုံရေးအဖွဲ့အား ပစ်ခတ်ရန် PDF များစောင့်ဆိုင်နေဟုဆို
*******************
(ပြည်တွင်း) သြဂုတ် ၂၁

အောင်လံခရိုင်၊ အောင်လံမြို့နယ် ဆင်တုပ်ကျေးရွာအုပ်စု၊ ကန်စွန်းအင်းကျေးရွာနှင့် ၎င်း‌ ကျေးရွာအနီးတဝိုက်ဖြစ်သော ဒေသအခေါ် (နတ်စင်ကျော) တို့တွင် အကြမ်းဖက် PDFအဖွဲ့မှ အင်အား(၁၀၀) ဦးခန့်ရောက်ရှိနေကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆိုချက်များအရ သိရသည်။

ယင်း PDF အကြမ်းဖက်များမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၈ နေ့မှစ၍ ရောက်ရှိအခြေပြုလျှက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်နေပြီးယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့ည ၈နာရီခွဲအချိန်ခန့်က ၎င်းတို့သတ်ဖြတ်ခဲ့သည့် အင်တောသာကျေးရွာနေ ဦးအောင်လှကြည်၏ အလောင်းအားလာရောက်စစ်ဆေးသယ်ဆောင်မည့် လုံခြုံရေးအဖွဲ့အား ခြုံခိုတိုက်ခိုက်ရန် PDFအကြမ်းဖက်(၅၀)ဦးခန့်မှ အင်တောသာကျေးရွာအနီး ဒေသအခေါ် (ချင်ကုန်းကြီး) တွင်စောင့်ဆိုင်းနေခဲ့သည်ဟု သတင်းအရင်းအမြစ်၏ပြောဆိုချက်အရ သိရသည်။

၎င်းအဖွဲ့သည် ယနေ့ ...

Webpage>>...
https://positiveanglenews.com/2024/08/21/အလောင်းအား-လာရောက်သယ်ဆေ/

VK Link>>...
https://vk.com/wall-220066330_7720

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
PDF ကိုဇွဲ ကျားဖြူကနေ နှုတ်ထွက်ပြီ
*******
(ပြည်တွင်း) သြဂုတ် ၂၂

ကော့ကရိတ်မြို့နယ်၊ မြောက်ဘက်ပိုင်းနှင့် တောင်ဘက်ပိုင်းတွင် အခြေပြုလူပ်ရှားနေသော စောကျော်သက် လက်အောက်ခံ အကြမ်းဖက်သောင်းကျန်းသူ ကျားဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူးဖြစ်သူ ရဲဘော်မန်းဇွဲ (ခ) ဇွဲဟိန်းခန့်ခေါ် ကိုဇွဲသည် ကျားဖြူစစ်ကြောင်းမှ နူတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။

စစ်ကြောင်းမှူးဖြစ်သူ ရဲဘော်မန်းဇွဲ(ခ)ဇွဲဟိန်းခန့်ခေါ် ကိုဇွဲသည် ကျားဖြူစစ်ကြောင်းမှ နူတ်ထွက်ခွင့်ပြုရန်တင်ပြထားရာမှ ယမန်နေ့ သြဂုတ် ၂၁ ရက်နေ့တွင် စစ်ကြောင်းမှနူတ်ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရာထူးလိုချင်သောစကား၊ NUG အစိုးရကိုစောကားတဲ့စကားပြောဆိုခဲ့တဲ့အပြင် ရန်သူကိုသတင်းပေးတာ၊ KNU တပ်မဟာ ၁၊ ၃၊ ၅ ကို စောကားတာ စတဲ့စွပ်စွဲချက်တွေကြောင့် ကျားဖြူစစ်ကြောင်းမှ နူတ်ထွက်ရခြင်း ဖြစ်ကြောင်း စစ်ကြောင်းမှူးဖြစ်သူ ရဲဘော်မန်းဇွဲ ခေါ် ဇွဲဟိန်းခန့် ခေါ် ကိုဇွဲ .....

Webpage>>...
https://positiveanglenews.com/2024/08/22/pdf-ကိုဇွဲ-ကျားဖြူကနေ-နှုတ်/

VK Link>>...
https://vk.com/wall-220066330_7725

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ
ယာယီနေရပ်စွန့်ခွာသူများအတွက် ရိပ်သာမြေအချိုကို အသုံးပြုမည်
*******************
(ပြည်တွင်း) သြဂုတ် ၂၂

လတ်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကနေ တိမ်းရှောင်လာကြတဲ့ ယာယီနေရပ်စွန့်ခွာ ပြည်သူ တွေအတွက် သဘာဝတရားရိပ်သာတွေရဲ့ မြေအချိုကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ က မိန့်ကြားခဲ့ပါတယ်။

လက်ရှိမှာ ယာယီနေရပ်စွန့်ခွာ ပြည်သူတွေ ခိုလှုနေထိုင်လို့ရအောင် ကြိုတင်ပြင်ဆင်ထားတဲ့နေရာတွေ ရှိနေသလို ဆက်လက်ပြီးတော့ သဘာဝတရားရိပ်သာ မြေတချို့ကို အသုံးပြုသွားမယ်လို့ မိန့်ကြားခဲ့ပါတယ်။

သဘာဝတရားရိပ်သာတွေရဲ့ မြေအချိုကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် အဲဒီမြေတွေပေါ်မှာ အဆောက်အဦတွေ ဆောက်လုပ်ဖို့ အတွက်ကိုပါ ဆရာတော်ကိုယ်တိုင် ဦးဆောင်မတည်ပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်း မှုတွေနဲ့အတူ လုပ်ဆောင်သွားမှာဖြစ်သလို ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့လည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

သဘာဝတရားရိပ်သာအနေနဲ့ကတော့....

Webpage>>...
https://positiveanglenews.com/2024/08/22/ယာယီနေရပ်စွန့်ခွာသူမျာ/

VK Link>>...
https://vk.com/wall-220066330_7729

Telegram»...
https://t.me/positiveanglenews

#PAN
#AMT #SZ