76.4K subscribers
24.1K photos
1.72K videos
250 files
10K links
တိကျမှန်ကန် PAN

Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
လူဦးရေသန်းခေါင်စာရင်းစတင်ကောက်ယူတော့မည်
*******************
(ပြည်တွင်း) ဩဂုတ် ၂၉

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို အောက်တိုဘာလ ၃၀ ရက် ညသန်း ခေါင်ယံအထိ သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်ကွက်ပေါင်း တစ်သိန်းတစ်သောင်းခန့် ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်ခန့်ဖြင့် ကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမှာဖြစ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲအစည်းမေးခွန်း ပုံစံအတွက် မေးခွန်း ၁၈ ခုနဲ့ ကောက်ယူမယ်လို့ သိရပါတယ်။

ပြည်သူများအနေနဲ့ မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေး ....

Webpage>>...
https://positiveanglenews.com/2024/08/29/လူဦးရေသန်းခေါင်စာရင်းစ/

VK Link>>...
https://vk.com/wall-220066330_7860

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း သင်တန်းသားများခေါ်ယူနေ
*******************
(ပြည်တွင်း) ဩဂုတ် ၂၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)မှ ပိုကုန်ဆိုင်ရာရက်တိုသင်တန်းများ အမှတ်စဉ်(၁)ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်းအတွက် သင်တန်း သားများ ခေါ်ယူနေပါတယ်။

အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ ၅ ရက်သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ လူဦးရေ ၃၅ ဦးအထိ လက်ခံ‌ပြီး ကုန်သွယ်မှုသင်တန်းကျောင်း အမှတ် (၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်မှာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွင် တစ်လက်မပတ်လည် ဓာတ်ပုံ ၃ ပုံ၊ ဘွဲလက်မှတ်မိတ္တူ၊ အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တိုကိုပူတွဲပြီး ကုန်သွယ်မှုသင်တန်းကျောင်း...

Webpage>>...
https://positiveanglenews.com/2024/08/29/ပို့ကုန်လုပ်ငန်းစတင်လု/

VK Link>>...
https://vk.com/wall-220066330_7861

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
ထိုင်းနိုင်ငံရှိ လိုဏ်ခေါင်းပြိုကျမှု၌ ပိတ်မိနေသူများအနက် မြန်မာအလုပ်သမားကို အသက်ရှင်လျက် တွေ့ရှိ
********************
(နိုင်ငံတကာ) ဩဂုတ် ၂၉

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း အီဆန်ဒေသ နခွန်ရတ်ချာဆီမာမြို့ရှိ လိုဏ်ခေါင်းပြိုကျမှု၌ ပိတ်မိနေသူများအနက် မြန်မာအလုပ်သမားကို ဩဂုတ်လ ၂၈ ရက်တွင် အသက်ရှင်လျက် ပထမဆုံးရှာဖွေတွေ့ရှိကြောင်း သိရသည်။

တရုတ်-ထိုင်း နှစ်နိုင်ငံကြား မြန်နှုန်းမြင့်မီးရထားလမ်းဖောက်လုပ်ရာတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည့် ထို လိုဏ်ခေါင်းကို ဖောက်လုပ်နေစဉ် ဩဂုတ်လ ၂၅ ရက် နံနက် ၁ နာရီခန့်၌ မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် လိုဏ် ခေါင်းပြိုကျမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးနှင့်တရုတ်နိုင်ငံသားနှစ်ဦးတို ပိတ်မိသွားခဲ့သည်။

မြန်မာနိုင်ငံသား မှာ မြေသယ်ယာဉ်မောင်းသူဖြစ်ပြီး တရုတ်နိုင်ငံသားနှစ်ဦးအနက် တစ်ဦးမှာ ကြီးကြပ်သူဖြစ်ကာ ကျန်တစ်ဦးမှာ မြေတူးစက်မောင်းသူ ဖြစ်သည်။ ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များက နေရာမတူသည့် ပိတ်မိနေသူသုံးဦး...

Webpage>>...
https://positiveanglenews.com/2024/08/29/ထိုင်းနိုင်ငံရှိ-လိုဏ်ခ/

VK Link>>...
https://vk.com/wall-220066330_7863

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
မန်းမြို့တော်ကြီးကို ကာကွယ်ဖို့ စစ်ဘေးမဖြစ်စေဖို့အတွက် ဆန္ဒထုတ်ဖော်လှုံ့ဆော်ပွဲ ပြုလုပ်
*******************
(ပြည်တွင်း)ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ​အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၅လမ်း၊ ၆၅×၆၆ လမ်းကြားသို့ မန္တလေးချစ်သူများမှ ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က သံဃာအပါး ၁၀၀၊ မျိုးချစ်လူငယ် ၅၀၀ ဦးတို့မှ နိူင်ငံတော်အလံ ၆၀ ခု၊ မော်တော်ယာဥ် ၂၀၀ စီးနှင့် ဆိုင်ကယ် ၅၀ စီးခန့်တို့တွင် နိုင်ငံတော်အလံငယ် စတစ်ကာများကပ်၍ မန်းပြည်သူများစည်းလုံးပြီး ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန်းမြို့တော်ကြီးကိုကာကွယ်ဖို့ စစ်ဘေးမဖြစ်စေဖို့အတွက် ဆန္ဒထုတ်ဖော်လှုံ့ဆော်မှု ပြုလုပ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါအဖွဲ့သည် နိူင်ငံတော်အလံများ လွှင့်ထူကိုင်ဆောင်ခြင်း၊ ရာဇဝင်ကောင်းတဲ့ ဒို့မန္တလေး ဒို့မျိုးဆက်အတွက် ဆက်ထိန်းပေး၊ မန္တလေးမြို့ကြီး မပျက်စီးဖို့ မန်းပြည်သူတွေ စည်းလုံးစို့၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စည်းလုံး....

Webpage>>...
https://positiveanglenews.com/2024/08/29/မန်းမြို့တော်ကြီးကို-ကာ/

VK Link>>...
https://vk.com/wall-220066330_7864

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာမည့် အလားအလာမရှိဟု ရုရှားပြော
*******************
(နိုင်ငံတကာ) ဩဂုတ် ၂၉

ရုရှားနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာစေမည့် အလားအလာမရှိကြောင်း ရုရှားသမ္မတရုံး က ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

အိန္ဒိယဝန်ကြီးချုပ် က ဩဂုတ်လ ၂၇ ရက်တွင် ရုရှားသမ္မတနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးစဉ် ယူကရိန်းခရီးစဉ်နှင့်ပတ်သက်၍ ပြောဆိုမှုများရှိခဲ့သည်။

ထို့နောက် အိန္ဒိယ က ရုရှားနှင့်ယူကရိန်းတိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် ကမ်းလှမ်းခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ သတင်းထောက်၏မေးမြန်းမှုကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ပက်စကော့ က ကမ္ဘာနိုင်ငံများမှရှုမြင်လျှင် အိန္ဒိယနိုင်ငံသည် ငြိမ်းချမ်းရေးကို အမြဲတမ်းထောက်ခံ အားပေးသူဖြစ်ပေမယ့် ယခုအချိန်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ...

Webpage>>...
https://positiveanglenews.com/2024/08/29/ယူကရိန်းနှင့်-ငြိမ်းချမ/

VK Link>>...
https://vk.com/wall-220066330_7865

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
တိုင်ဖွန်း မုန်တိုင်း ရှန်းရှန်တိုက်ခတ်မှုကြောင့် လူသန်းနှင့်ချီ ဘေးလွတ်ရာသို့ရွှေ့ပြောင်း
********************
(နိုင်ငံတကာ) ဩဂုတ် ၂၉

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းသို့ တိုက်ခတ်လာသည့် တိုင်ဖွန်း မုန်တိုင်း ရှန်းရှန်တိုက်ခတ်မှုကြောင့် လူသန်းနှင့်ချီအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားကြောင်းသိရသည်။

တိုင်ဖွန်းမုန်တိုင်း ရှန်းရှန်တိုက်ခိုက်မှုတွင် လူပေါင်း ၃ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံတွင် မုန်တိုင်းအရှိန်ကြောင့် နေရာအနှံ့အပြားတွင် မိုးသည်းထန်သွန်းမှုများဖြစ်ပေါ်နေကြာင်းသိရသည်။

ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကားထုတ်လုပ်သည့် TOYOTA, Nissan,Honda နှင့် နာမည်ကြီး ကုမ္မဏီများလည်း ထုတ်လုပ်မှုယာယီရပ်...

Webpage>>...
https://positiveanglenews.com/2024/08/29/တိုင်ဖွန်း-မုန်တိုင်း-ရှ/

VK Link>>...
https://vk.com/wall-220066330_7866

Telegram»...
https://t.me/positiveanglenews

#PAN
#AMK #SZ
တရုတ်သမ္မတ ရှီကျင့်ဖျင် က အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် တွေ့ဆုံ
********************
(နိုင်ငံတကာ) ဩဂုတ် ၃၀

တရုတ်သမ္မတရှီကျင့်ဖျင် က အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် ကို ဩဂုတ်လ ၂၉ ရက်တွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာ၌ ယနေ့ပြောင်းလဲမှု များနှင့် ပဋိပက္ခများဖြစ်နေသော ကမ္ဘာကြီးတွင် နိုင်ငံများသည် ခွဲခြားပြီး ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်ရမည်မဟုတ် ဘဲ ပေါင်းစည်းညီညွတ်မှုရှိရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင် က အလေးပေးပြောသည်။

အလားတူ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ကမ္ဘာကြီးနှင့်ကမ္ဘာ့ပြည်သူများ၏သမိုင်းကောင်းအတွက် တာဝန်ရှိကြောင်း၊ ငြိမ်းချမ်းရေး ကို တည်ငြိမ်မှုနှင့် ဖွံဖြိုးတိုးတက်မှု တွန်းအားတစ်ခုအဖြစ် တည်ရှိရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်...

Webpage>>...
https://positiveanglenews.com/2024/08/30/တရုတ်သမ္မတ-ရှီကျင့်ဖျင-2/

VK Link>>...
https://vk.com/wall-220066330_7873

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
ဖိလစ်ပိုင် က ဘက်စုံသုံး တိုက်လေယာဉ်အစင်း ၄၀ ဝယ်ယူမည်
********************
(နိုင်ငံတကာ) ဩဂုတ် ၃၀

ဖိလစ်ပိုင်အစိုးရက နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအ‌တွက် ဘက်စုံသုံး တိုက်လေယာဉ်အစင်း ၄၀ ဝယ်ယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၉ ရက်တွင် ပြောသည်။

သို့သော် မည်သည့် အမျိုးအစားတိုက်လေယာဉ်များကို မည်သူ့ထံမှ ဝယ်ယူမည်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးက ပြောထားခြင်းမရှိသော်လည်း စိတ်ဝင်စား သူများအနေဖြင့် ဈေးနှုန်းနှင့်တကွ အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ပြောထားသည်။

ဖိလစ်ပိုင်သည် တပ်မတော်ကို အဆင့်မြှင့်တင်ရေး လုပ်ဆောင်နေပြီး လေတပ်တွင် တိုက်လေယာဉ် အနည်းငယ်သာ....

Webpage>>...
https://positiveanglenews.com/2024/08/30/ဖိလစ်ပိုင်-က-ဘက်စုံသုံး/

VK Link>>...
https://vk.com/wall-220066330_7874

Telegram»...
https://t.me/positiveanglenews

#PAN
#SZ
မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၅,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု
**
(ပြည်တွင်း) ဩဂုတ် ၃၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော် ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက် ထုတ်ယူသူ စိုးတင့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စိုင်းခမ်းတီ အား အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ကံထူးတင်သိန်း အား စိတ်ပြောင်းဆေးဝါးများဖြစ်...

Webpage>>...
https://positiveanglenews.com/2024/08/30/မန္တလေးတိုင်းဒေသကြီးနှ-2/

VK Link>>...
https://vk.com/wall-220066330_7875

Telegram»...
https://t.me/positiveanglenews
#PAN
#ZN #SZ
ဂျင်းကို နေ့စဥ် စားသုံးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ
***************************
(ကျန်းမာရေး) စက်တင်ဘာ ၁ ရက်

ဂျင်းမှာ အစွမ်းထက်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်နိုင်တဲ့ အာနိသင်ရှိသော gingerol compound များ ပါဝင်ပါတယ်။ ဂျင်းကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ် အတွင်းက ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

ဂျင်းကိုစားခြင်းက ပျိုအန်ခြင်းကို သက်သာစေပြီး အစာခြေဖျက်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဂျင်းကို စားသုံးခြင်းက အစာမကြေခြင်း၊ ဝမ်းလျှောခြင်းနဲ့ gas များကို လျှော့ချပေးနိုင်ပါတယ်။

ဂျင်းမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သင့်ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကနေ ကာကွယ် ပေးနိုင်ပါတယ်။ Antioxidant ဓာတ်များ ကြွယ်ဝ စွာပါဝင်ပြီး ဆဲလ်များကို oxidative stress ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

တချို့အမျိုးသမီးများက ရာသီလာတဲ့အချိန်မှာ ကိုက်ခဲခြင်း၊ ကြွက်သားနာခြင်နဲ့ နာကျင်မှုအမျိုးမျိုးကို....

Webpage>>...
https://positiveanglenews.com/2024/09/01/ဂျင်းကို-နေ့စဥ်-စားသုံး-2/

VK Link>>...
https://vk.com/wall-220066330_7877

Telegram»...
https://t.me/positiveanglenews

#PAN
#SZ