Aug 11
ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချို့ လမ်းတဝက်တွင် ရပ်တန့်ခဲ့ရရာ အဆင်ပြေချော မွေ့စေရေးနှင့် ခရီးသည်များ၏ လုံခြုံရေးနှင့် အစားအသောက် အဆင်ပြေရေးအတွက် ဆောင်ရွက်ပေးခဲ့
============================================
၁၁.၈.၂၀၂၃
Written by Peya
ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချို့ လမ်းတဝက်တွင် ရပ်တန့်ခဲ့ရရာ အဆင်ပြေချောမွေ့စေရေးနှင့် ခရီးသည်များ၏ လုံခြုံရေးနှင့် အစားအသောက် အဆင်ပြေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန် - မန္တလေး ရထားလမ်း၊ ပဲခူး - ဘုရားကြီး ဘူတာကြား မိုင်တိုင် ၄၆ မိုင် ၁၅ ဖာလုံမှ ၄၇ မိုင် ၃ ဖာလုံအထိ ရထားလမ်းပိုင်းသံလမ်းပေါ် (၁၀)လက်မခန့်ရေကျော်မှု ဖြစ်ပွားခဲ့ရာ...
ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=31779
#Mandalay #yangon #mtnews #myanmar_transparency_news

အဖေနဲ့ကွဲကွာနေလို့ အဖေပျောက်ရှာပုံတော် ဖွင့်နေရသူ နိုင်ဂျီးရီးယားဘောလုံးသမားရဲ့သမီးလေး မယွန်းရတီဦး(ခ)ဆိုနီယာဂျွန်
---------------
ဒီဆယ်ကျော်သက်အရွယ် ကလေးမလေးက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ချင်းယူနိုက်တက်အသင်းမှာ ကစားသွားခဲ့တဲ့ နိုင်ဂျီးရီးယားဘောလုံးသမား ဆိုနီဂျက်ဆင်ရဲ့သမီးငယ်လေးဖြစ်ပါတယ်။ ဆိုနီယာဂျွန် ဆိုတာက သူမကို သူမရဲ့ဖခင် နိုင်ဂျီးရီးယားဘောလုံးသမား ဆိုနီဂျက်ဆင်က မှည့်ခေါ်ခဲ့တဲ့နာမည်ပါ။ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်လို့ မြန်မာအမည် ပေးအပ်မှည့်ခေါ်ထားတာက မယွန်းရတီဦး ဖြစ်ပါတယ်။ မယွန်းရတီဦး ဟာ သူမရဲ့ဖခင်ဖြစ်သူနဲ့ သူမရဲ့အသက် ၃ နှစ်အရွယ်ကတည်းက ကွဲကွာသွားခဲ့ရတာပါ။ မယွန်းရတီဦးရဲ့မိခင်နဲ့ နိုင်ဂျီးရီးယားဘောလုံးသမား ဆိုနီဂျက်ဆင် တို့ဟာ မြန်မာနိုင်ငံမှာ ဆုံတွေ့ပြီး မေတ္တာမျှကာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့အဖေက သူမကို အသက် ၅ နှစ်ပြည့်ရင် လာခေါ်မယ်လို့ မယွန်းရတီဦး(ခ)ဆိုနီယာဂျွန် ကို ကတိထားခဲ့ပေမယ့် သူမရဲ့မိခင် နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့အပြီးမှာ ကံဇာတ်ဆရာရဲ့ကြိုးဆွဲမှုအောက် အရာရာက ကပြောင်းကပြန်တွေ ဖြစ်သွားခဲ့ရပါတော့တယ်။ မယွန်းရတီဦး(ခ)ဆိုနီယာဂျွန် ဟာ သူမရဲ့မိခင်ဘက်က အဖွားတော်စပ်သူနဲ့ နေထိုင်တာပါ။ အိမ်ငှားဘဝဖြစ်သလို သူမရဲ့အဖွားက သူမကို အရမ်းချစ်ပြီး သူ့ကိုခွဲကာ အဖေရဲ့နောက်ကို လိုက်သွားမှာစိုးလို့ အိမ်တွေ အဆင့်ဆင့်ပြောင်းရွှေ့ငှားရမ်းလိုက်တာကနေ အဖေနဲ့သမီးက ပြန်မဆုံနိုင်အောင် အဝေးကြီး ဝေးသွားခဲ့ရတာဖြစ်ပါတယ်။ အခုတော့ အဖွားဖြစ်သူကလည်း သူမရဲ့မြေးကို အဖေဖြစ်သူ နိုင်ဂျီးရီးယားဘောလုံးသမားနဲ့ ပြန်လည်ဆုံဆည်းစေချင်နေပါပြီ။ မယွန်းရတီဦး(ခ)ဆိုနီယာဂျွန်ဟာ နှစ်ပေါင်းများစွာ ဝေးကွာသွားခဲ့တဲ့ သူမရဲ့ဖခင်နဲ့ ပြန်ဆုံဆည်းခွင့်ရနိုင်ဖို့ကို ဒီနေ့ ဒီအချိန်အထိ မျှော်လင့်နေဆဲပါပဲ။ အဖေပျောက်ရှာပုံတော် ဖွင့်ခဲ့သလို အဖေရဲ့နာမည်၊ အဖေက သူမကို မှည့်ခေါ်ခဲ့တဲ့ နာမည်တွေကို မယွန်းရတီဦး(ခ)ဆိုနီယာဂျွန်က အတိအကျတွေ မှတ်သားထားဆဲပဲဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေရော၊ ဘောလုံးသမား ဆိုနီဂျက်ဆင်နဲ့ နီးစပ်သူတွေရော၊ အားလုံးသောပရိသတ်တွေပါ နှစ်ပေါင်းကြာရှည် ကွဲကွာနေတဲ့ နိုင်ဂျီးရီးယားဘောလုံးသမားနဲ့ သူ့ရဲ့သမီး မယွန်းရတီဦး(ခ)ဆိုနီယာဂျွန်တို့ရဲ့အကြောင်းကို သိရှိနိုင်အောင် Mercury Variety က တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #YoonYatiOo #ယွန်းရတီဦး #ဆိုနီယာဂျွန် #ဆိုနီဂျက်ဆင် #ဖခင်ပျောက်ရှာ #ဘောလုံးသမား #နိုင်ဂျီးရီးယား #Yangon #Myanmar

Sep 5
ပထမဆုံး မြန်မာ-ရုရှားခရီးစဉ်အဖြစ် MAI လေကြောင်းလိုင်းမှ ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် ခရီးစဉ် ယနေ့ စတင်ပျံသန်း
====================================================
၅. ၉. ၂၀၂၃
Written by Nyein Kyaw
ပထမဆုံး မြန်မာ-ရုရှားခရီးစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ရန်ကုန် - မန္တလေး - နိုဗိုစီဗစ်ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်။
မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်း ကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် ရုရှားခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်စေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးမြင့်လာရေးတိုအတွက် အထောက်အကူ ဖြစ်စေရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် အသွား/အပြန်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တို့တွင် ပုံမှန် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။
“ခရီးစဉ် Schedule ကတော့ ကျွန်မတို့ Website မှာ ခရီးစဉ်ရက်တွေ လေ့လာလို့ရတယ်။ ကျွန်မတို့ဆီမှာ ဘိုကင်တင်ပြီး လက်မှတ်ထုတ်တဲ့ ခရီးစဉ်တိုင်းအတွက်ကတော့ ရုံးချုပ်လာဝယ်ရင်လည်းဝယ်ပေါ့။ Online Payment နဲ့ချေပေါ့။ အရင်ခရီးစဉ်တွေအတိုင်းပါပဲ” ဟု MAI မှ တာဝန်ရှိသူက ပြောသည်။
ယနေ့တွင် ပြုလုပ်သည့် မြန်မာ-ရုရှားခရီးစဉ် စတင်ပျံသန်းခြင်းအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာသံရုံးမှ ဒုတိယအကြီးအကဲ Mr. Pavel Klapukov နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)မှ ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
#Yangon #ရန်ကုန် #မန္တလေး #russia #Mandalay
#mtnews #myanmar_transparency_news