🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.1K subscribers
12.6K photos
1.02K videos
4 files
739 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
July 26

ပခုက္ကူမြို့ပေါ်ရှိ “တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် (ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း)ကို PDF သုံးဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သ-တ်ဖြတ်သွားမှု ယနေ့မနက်က ဖြစ်ပွား
-----------
၂၆. ၇. ၂၀၂၃

ပခုက္ကူမြို့ပေါ်ရှိ “တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် (ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း)ကို PDF သုံးဦးက နေအိမ်ထဲဝင်ရောက်ပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ် သ-တ်ဖြတ်သွားသည့်ဖြစ်စဉ်တစ်ခု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက်(ယနေ့) မနက် ၈ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ၄ လမ်းနှင့် ၅ လမ်းကြား၊ သီတာလမ်းမပေါ်ရှိ”တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် အသက် ၅၃ နှစ်အရွယ်ရှိသော အမျိုးသားကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း)သည် နေအိမ်အတွင်း မိသားစုများနှင့်အတူရှိနေစဉ် PDF အဖွဲ့မှ အမည်မသိ အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် သီတာလမ်း ၅ လမ်းဘက်မှ သေနတ်အတို ၃ လက်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ အတင်းဝင်ရောက်၍ ဆိုင်ပိုင်ရှင်အား လုံးထွေးသတ်ပုတ်ကာ သေနတ်ဖြင့် ၃ ချက် ...

ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=29745
#ပခုက္ကူ#myanmar_transparency_news#mtnews
မြင်းခြံမြို့နယ် သင်ပြွန်းကျေးရွာ အထက(ခွဲ) ကျောင်းစောင့်နှင့် တူမဖြစ်သူတို့အား PDF ငါးဦးက သေနတ်၊ ဓားတို့ဖြင့် သ-တ်ဖြတ်သွားမှု ဖြစ်ပွား

၁. ၈. ၂၀၂၃
Written by Min Mahar

မြင်းခြံမြို့နယ်တွင် နေ့အိမ်၌ရှိနေသော ကျောင်းစောင့်နှင့်တူမဖြစ်သူတို့အား PDF ငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဓားနှင့်ပါထိုးသ-တ်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာတွင် နေထိုင်ကြသည့် ကျေးရွာအထက(ခွဲ)၌ ကျောင်းစောင့်လုပ်ကိုင်နေသူ အသက် ၄၀ နှစ်အရွယ်အမျိုးသားနှင့် အသက် ၃၀ နှစ်အရွယ် တူမဖြစ်သူတို့နှစ်ဦးသည် ဇူလိုင်လ ၃၀ ရက် ညနေ ၆ နာရီခန့်က နေအိမ်တွင်ရှိနေစဉ် ကျေးရွာ၏ အနောက်ဘက်မှ PDF အဖွဲ့ဝင် လူငယ် ၅ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့်ရောက်လာပြီး ၎င်းတို့နှစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ကျေးရွာသူ၊ ရွာသားများမှ လိုက်လံရှာဖွေခဲ့ရာ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်နေ့) မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် သင်ပြွန်းကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာသွားလမ်းဘေး၌ အသ-တ်ခံထားရသည့် ၎င်းတို့နှစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအသ-တ်ခံထားရသည့် ဦးလေးနှင့်တူမဖြစ်သူတို့နှစ်ဦးသည် သေနတ်ဖြင့်ပစ်ခတ်ခံထားရသောဒဏ်ရာများအပြင် ဓားနှင့်ပါ ထိုးသ-တ်ခံထားရသောဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ အလောင်းများအား ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာအနီးမှလည်း 9 mm LUGER ကျည်ခွံ ၁ ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

#MTnews
Aug 1

စစ်ကိုင်းမြို့တွင် အမျိုးသားတစ်ဦးအား PDF နှစ်ဦးက "စစ်တပ်နဲ့ရဲတွေကိုပေါင်းနေတဲ့ ဒလန်"ဟု ပြောကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိမှု ဖြစ်ပွား
====================================================
၁.၈. ၂၀၂၃
Written by Min Mahar

စစ်ကိုင်းမြို့တွင် အမျိုးသားတစ်ဦးအား PDF နှစ်ဦးက "စစ်တပ်နဲ့ရဲတွေကိုပေါင်းနေတဲ့ ဒလန်"ဟု ပြောကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁ )ရက် ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်၊ "စု"ကလေးအထူးကုဆေးခန်းအနီး လမ်းမပေါ်တွင် အသက် ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဧမြဝတီရပ်ကွက်ဘက်မှ ရွှေမင်းဝံရပ်ကွက်သို့ပြန်ရန် ဆိုင်ကယ်မောင်းနှင်လာစဉ် နောက်မှ PDF ၂ ဦးက ဆိုင်ကယ်ဖြင့် လိုက်လာပြီး "စစ်တပ်နဲ့ရဲတွေကိုပေါင်းနေတဲ့ ဒလန်"ဟုပြော၍ သေနတ်ဖြင့် ပစ်ခတ်ကာ စစ်ကိုင်းမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ညောင်ကုန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သေနတ်ဖြင့်ပစ်ခံရသည့်သူနှင့် အမျိုးတော်စပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

ထို့ကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ၎င်းအမျိုးသားသည် ဝဲလက်မောင်းကို ကျည်ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်နှင့် နောက်ကျောဝဲဘက်ခြမ်းကို ကျည်ဖောက်ဝင်သွားသာဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် မိသားစုဝင်များမှ စစ်ကိုင်းမြို့ဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာနှင့် ဆေးရုံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရာက်စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ပြီး ပစ်ခတ်သူနှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့်ထားကာ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါပစ်ခတ်ခံရသူသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ၃ လမ်းတွင်နေထိုင်ပြီး အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်ကာ လုံခြုံရေးတပ်ဖွဲဝင်များနှင့် ရင်းနှိးသောကြောင့် ဒလန်ဟု စွပ်စွဲခံရကာ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်း #mtnews #myanmar_transparency_news
Aug 11

ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချို့ လမ်းတဝက်တွင် ရပ်တန့်ခဲ့ရရာ အဆင်ပြေချော မွေ့စေရေးနှင့် ခရီးသည်များ၏ လုံခြုံရေးနှင့် အစားအသောက် အဆင်ပြေရေးအတွက် ဆောင်ရွက်ပေးခဲ့
============================================
၁၁.၈.၂၀၂၃
Written by Peya

ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချို့ လမ်းတဝက်တွင် ရပ်တန့်ခဲ့ရရာ အဆင်ပြေချောမွေ့စေရေးနှင့် ခရီးသည်များ၏ လုံခြုံရေးနှင့် အစားအသောက် အဆင်ပြေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန် - မန္တလေး ရထားလမ်း၊ ပဲခူး - ဘုရားကြီး ဘူတာကြား မိုင်တိုင် ၄၆ မိုင် ၁၅ ဖာလုံမှ ၄၇ မိုင် ၃ ဖာလုံအထိ ရထားလမ်းပိုင်းသံလမ်းပေါ် (၁၀)လက်မခန့်ရေကျော်မှု ဖြစ်ပွားခဲ့ရာ...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=31779
#Mandalay #yangon #mtnews #myanmar_transparency_news
NUGနဲ့PDFတွေက
သူခိုးဂျပိုးနဲ့ မုဒိန်းကောင်တွေချည်းပါပဲလား

ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်မှုနဲ့ အစဖျောက်ခံရပြန်တဲ့ ယော PDF

၁၅. ၈. ၂၀၂၃
Written by Nay Moe



NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသ-တ်မှုကျုးလွန်ခဲ့တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို ဓားပြတိုက်ရင်း သ-တ်-ဖြ-တ်လိုက်တဲ့ Monywa Force PDF အဖွဲ့တွေရဲ့ လုပ်ရပ်အပြီးမှာ ကာမနှောင့်ယှက်မှုတွေနဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF အဖွဲ့ကလည်း နာမည်ပျက်နဲ့ ထွက်ပေါ်လာပြန်ပါတယ်။

PDF တွေရဲ့ လက်နက်အားကိုးနဲ့ မုဒိမ်းလူသ-တ်မှုတွေ စည်းလွတ်ဘောင်လွတ်လုပ်နေတာတွေ ဆက်တိုက်ထွက်ပေါ်လာနေချိန်မှာ သူ့ထက်သူ မသူတော် PDF တစ်ဖွဲ့ကလည်း ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်ထားမှုနဲ့ ဖမ်းဆီးခံရတာဖြစ်...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=32395
#NUG#PDF
#myanmar_transparency_news
#mtnews
ရည်းစားနဲ့ လမ်းခွဲရတာကို မကျေနပ်လို့ ရည်းစားရဲ့ တူဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲ သ-တ်ဖြတ်ခဲ့မှု ထိုင်းနိုင်ငံမှာ ဖြစ်ပွား

၁၉. ၈. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ကျောင်းတစ်ကျောင်းမှ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာသ-တ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က မကြာသေးမီရက်ပိုင်းအတွင်းက ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ အဲ့ဒီလူသ-တ်မှုရဲ့ နောက်ကွယ်က အကြောင်းပြချက်ကတော့ ရည်းစားဖြစ်သူနဲ့ လမ်းခွဲခဲ့ရတာကြောင့် လက်စားချေတာဖြစ်တယ်လို့ သိရပါတယ်။

အသက် (၃၀) နှစ် အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ငါးနှစ်အရွယ်သားဖြစ်သူ ကျောင်းကနေ ပျောက်ဆုံးသွားတာကြောင့် ပြီးခဲ့တဲ့ အင်္ဂါနေ့ ဩဂုတ်လ ၁၅ ရက်က ချင်းမိုင်ရဲစခန်းကို တိုင်ကြားခဲ့ပြီး အဲ့ဒီ ညနေမှာတော့ အမည်မသိ အမျိုးသားတစ်ဦးက သားဖြစ်သူကို ကျောင်းကနေ လာခေါ်သွားတယ်ဆိုတာကို လုံခြုံရေးကင်မရာကနေ တွေ့လိုက်ရ...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=32899
#thailand #ချင်းမိုင်
#myanmar_transparency_news #mtnews
Aug 22

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုလူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင် ကျည်ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိမှု ရေနံချောင်းတွင်ဖြစ်ပွား
====================================================

၂၂. ၈. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားသည့်အတွက် ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ကျည်ထိမှန်ကာ ဒဏ်ရာများရရှိမှု ရေနံချောင်းမြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံများမှ သိရသည်။

ဖြစ်စဉ်မှာ -

ယမန်နေ့(ဩဂုတ် ၂၁ ရက်)ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ ဂုဏ်မသိမ်လမ်းမ၊ စနေနံဘုရားလမ်းထောင့်တွင် KENBO 125 ဆိုင်ကယ်တစ်စီးဖြင့် စျေးဝယ်ရန်ထွက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးအား စနေနံလမ်းထောင့်ဘက်မှ အမည်မသိလူငယ် ၁ ဦးက သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်သွားမှုကြောင့် ဆိုင်ကယ်မောင်းနှင်သည့် ဒုတိယတပ်ကြပ်အဆင့်ရှိသူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ထိမှန်၍ ၎င်းတွင် ယာဘက်နားထင်ကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ဖျက်ခုံးပါ ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် ဒဏ်ရာရရှိသူအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ မြို့ပေါ်ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်သည့်နေရာမှ Luger ၉ မမ ကျည်ကြေးရောင် ၂ ခု၊ အနက်ရောင် ၁ ခု၊ စုစုပေါင်း ၃ ခုအား တွေ့ရှိ၍ သိမ်းဆည်းသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

#ရေနံချောင်း #NUG #PDF #ပကဖ
#mtnews #myanmar_transparency_news
🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
Aug 23 မန္တလေး ၃၄လမ်း၃၅လမ်းကြား ကမ်နားလမ်း တွင် လမ်းပြုပြင်နေစဥ် ရှေးဟောင်းအမြှောက်တူးဖော်တွေ့ရှိ 23-8-2023
Aug 23

မန္တလေးမြို့ ကမ်းနားလမ်းတွင် လမ်းဘေးပလက်ဖောင်း ပြုလုပ်နေစဥ် ပိဿာ ၂၀၀ ခန့်ရှိသည့် ရှေးဟောင်းသံအမြောက်တစ်လက် တွေ့ရှိ
====================================================

၂၃.၈. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့ ကမ်းနားလမ်းတွင် ယနေ့မနက်ပိုင်းက မြို့နယ်လမ်းတံတားအဖွဲ့မှ လမ်းဘေးပလက်ဖောင်း ပြုလုပ်နေစဥ် ပိဿာ ၂၀၀ ခန့်ရှိသည့် ရှေးဟောင်း သံအမြောက်တစ်လက် တွေ့ရှိခဲ့ကြောင်း မြို့နယ်လမ်းတံတားဦးစီးမှူး ဦးဇာနေကြည်ဝင်း ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အကွက်(၃၂၂)၊ အထက်ကမ်းနားလမ်း၊
၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် ယနေ့(ဩဂုတ်လ ၂၃ ရက်နေ့)မနက် ၉ နာရီခန့်က မဟာအောင်မြေမြို့နယ် လမ်းတံတားအဖွဲ့မှ ကမ်းနားလမ်းဆိပ်ကမ်း သာယာလှပရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် လမ်းဘေးပလပ်ဖောင်း ပြုလုပ်နေစဥ် အရှည် ၇ ပေခွဲ၊ အချင်း ၁ ပေခွဲ ၊ ပြောင်းဝ ၁ ပေ ၁ လက်မခန့်၊ အလေးချိန် ၂၀၀ ပိဿာခန့်ရှိ ရှေးဟောင်း သံအမြောက် ၁ လက် တွေ့ရှိခဲ့သဖြင့် သတ်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်စစ်ဆေးပြီးနောက် မနက် ၁၁ နာရီခန့်တွင် မန္တလေးနန်းတွင်း လပခ စခန်းရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#မန္တလေး #အမြောက် #ချမ်းအေးသာစံ
#mtnews #myanmar_transparency_news
FED ဒရုန်းတပ်ဖွဲ့မှ ဆရာဝန်နှစ်ဦး ထွက်ပြေးကာ SAC ထံ အလင်းဝင်

◾️ထွက်ပြေးသော ဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေး သမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက် စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း ကြေညာ

၂၄. ၈. ၂၀၂၃
Written by Nay Moe

NUG နှင့် KNLA တို့ဖြင့်ပူးပေါင်းကာ Drone သင်တန်းများ ပို့ချပေးပြီး တ်ိုက်ပွဲများဆင်နွှဲနေသော FED ဒရုန်းတပ်မှ တပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထိုဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက်စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း FED (Force For Federal Democracy) အဖွဲ့က ကြေညာထားသည်။

SAC ထံ အလင်းဝင်သွားသည်ဟု သိရှိရသော ထိုဆရာဝန်နှစ်ဦးသည် ဩဂုတ် ၂၁ ရက်နေ့တွင် FFD တပ်ဖွဲ့ မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရ...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=33545
#FED #PDF #NUG #sac
#myanmar_transparency_news #mtnews
ရန်ကုန်မှ မြို့နယ် ၁၇ ခုရှိ ဆန်ဆိုင် ၄၂ ဆိုင်မှတစ်ဆင့် ဧည့်မထဆန် တစ်ပြည် ကျပ် ၂,၅၀၀ နှုန်းဖြင့် စတင်ရောင်းချ

Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ ခု၏ လူနေရပ်ကွက်များ၊ ဈေးများရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ဧည့်မထအမျိုးအစား ဆန်တစ်ပြည် ၂,၅၀၀ ကျပ်နှုန်းဖြင့် မနက်ဖြန် ဩဂုတ် ၂၅ ရက်မှ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယနေ့တွင် အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စားသုံးသူပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုကို ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ဩဂုတ်လ ၇ ရက်မှစ၍ ယနေ့အထိ  နိုင်ငံသားစိစစ်ရေးကတ်ပြား တင်ပြလျက် ကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန် တစ်အိတ်နှင့် ဧည့်မထအမျိုးအစားဆန် တစ်အိတ် ရောင်းချပေးနေခြင်းဖြစ်သည်။

နေ့စဉ် ဆန်ဝယ်ယူသူများအား ကုန်စည်ဒိုင်များတွင် ရောင်းချပေးလျက်ရှိသကဲ့သို့ စက်မှုဇုန်များ၊ စက်ရုံများရှိ ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက်လည်း လိုအပ်ချက်အရ တင်ပြလာမှုအပေါ် ရောင်းချပေးနေခြင်းဖြစ်သည့်အပြင် လူနေရပ်ကွက်များအတွင်းသို့ ကားဖြင့် လှည့်လည်၍ ဧည့်မထအမျိုးစား ဆန်တစ်ပြည်လျှင် ကျပ် ၂,၅၀၀ နှုန်းဖြင့် ရောင်းချပေးမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်အလိုက် ရောင်းချပေးမည့် ဆန်ဆိုင်များမှာ လှိုင်သာယာတွင် (၇)ဆိုင်၊ ရွှေပြည်သာတွင် (၄) ဆိုင်၊ တောင်ဒဂုံတွင် (၄) ဆိုင်၊ မြောက်ဥက္ကလာပတွင် (၅)ဆိုင်၊ မြောက်ဒဂုံတွင် (၂) ဆိုင်၊ ဒဂုံဆိပ်ကမ်းတွင် (၁)ဆိုင်၊ အရှေ့ဒဂုံတွင် (၂)ဆိုင်၊ သင်္ဃန်းကျွန်းတွင် (၃) ဆိုင်၊ ပုဇွန်တောင်တွင် (၁) ဆိုင်၊ သာကေတတွင် (၁)ဆိုင်၊ ဒေါပုံတွင် (၂) ဆိုင်၊ ဒလတွင် (၃) ဆိုင်၊ ကြည့်မြင်တိုင်တွင် (၁) ဆိုင်၊ အလုံတွင် (၁) ဆိုင်၊ ဆိတ်ကြီးခနောင်တိုတွင် (၁)ဆိုင်၊ မင်္ဂလာဒုံတွင် (၃) ဆိုင်၊ အင်းစိန်တွင် (၁) ဆိုင် စသည်ဖြင့် မြို့နယ် ၁၇ ခုရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ရောင်းချပေးမည်ဖြစ်သည်။

#ဆန် #ဝါးတန်း #ကုန်စျေးနှုန်း #ရန်ကုန်
#mtnews #myanmar_transparency_news