🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.4K photos
1.01K videos
4 files
728 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
နန်းဦးလွင်မှ ယနေ့ ဖျက်သိမ်းရမည့်နေအိမ်များ မဖျက်သိမ်းဘဲ ဆိုင်းငံ့ထားဟု သိရ

◾ နန်းဦးလွင်ကျေးရွာနှင့်ကျေးရွာအချို့တွင် လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့်အဆောက်အဦများကို လတ်တလောဖျက်သိမ်းရန် အစီ အစဉ်မရှိသေးကြောင်းနှင့် ကော်မတီဖွဲ့ပြီးပြန်လည်စိစစ်မည်ဟု သိရ

၆. ၇. ၂၀၂၃
Photo & Writer Naing Thuta

ပုံစာ။ ဇွန် ၂၆ ရက်နေ့ရက်စွဲ ထုတ်ပြန်ချက်နှင့် ဇူလိုင် ၄ ရက်နေ့ထုတ်ပြန်ချက်များ၊ နန်းဦးလွင်ရှိ နေအိမ်အဆောက်အဦအခိုင်အမာပုံများ၏ ယနေ့မြင်ကွင်း။

https://www.mtnewstoday.com/?p=27601

#မန္တလေး #ပုသိမ်ကြီး #နန်းဦးလွင် #လယ်ယာမြေ
#mtnews #myanmar_transparency_news
ဆိုင်ကယ်ဖြင့် ဘုရားသွားသော မူလတန်းကျောင်းအုပ်ဆရာမကြီး၏ ဖခင်အား PDF များက “ဒလန်မိသားစုကို အရှင်မထားဘူး”ဟု ပြောဆိုကာ ပစ်သ-တ်သွားမှု ရွှေဘိုမြို့တွင် ဖြစ်ပွား

၁၄. ၇. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်ဖြင့် ဘုရားသို့သွားသော မူလတန်းကျောင်းအုပ်ဆရာမကြီး၏ဖခင်ဖြစ်သူအား PDF များက “ဒလန်မိသားစုကိုအရှင်မထားဘူး” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်သ-တ်သွားမှု ယမန်နေ့ညနေပိုင်းက ရွှေဘိုမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်(ယမန်နေ့) ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သည့် မူလတန်း ကျောင်းအုပ်ဆရာမကြီး၏ အသက် ၆၀ ခန့် အရွယ်ရှိသော ဖခင်ဖြစ်သူသည် အမှတ်(၇)ရပ်ကွက်ရှိ အောင်မြေဘုရားသို့ 125 ဆိုင်ကယ်အမျိုးစားဖြင့် တစ်ဦးတည်းထွက်လာ.....

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=28321
#PDF #ရွှေဘို
#myanmar_transparency_news #mtnews
July 16

မောရဝတီစခန်းကုန်းသိမ်းတိုက်ပွဲမှာ ဒေါနစစ်ကြောင်းက PDF စနိုက်ပါတစ်ဦးသေဆုံးပြီး အလောင်းပြန်မရ ဟု ဆို
====================================================
၁၆. ၇. ၂၀၂၃
Written by Nay Moe

တပ်မတော်ရဲ့ စခန်းကုန်းတစ်ခုဖြစ်တဲ့ မောရဝတီစခန်းကုန်းကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဒေါနစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်တွေက ဇူလိုင် ၁၄ ရက်မှာ သွားရောက်တိုက်ခိုက်ချိန် Sniper Myoma SC တပ်ခွဲက PDF စနိုက်ပါ လင်းပင်အောင် သေဆုံးပြီး အလောင်းပြန်မရဘဲ ဆုတ်ခွာခဲ့ရသလို အဲဒီတိုက်ပွဲမှာ PDF စစ်ကြောင်းတွေ အထိနာခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ PDF တွေ သေဆုံးမှုကို သတင်းထုတ်ပြန်လေ့မရှိဘဲ ရံဖန်ရံခါမှာလည်း သေဆုံးတဲ့ PDF တွေဟာ အရပ်သားလို့ ပုံစံပြောင်းသွားတတ်သလို Sniper Myoma SC တပ်ခွဲက PDF စနိုက်ပါ လင်းပင်အောင် တိုက်ပွဲမှာသေဆုံးပြီး အလောင်းပြန်မရကြောင်းကို သူအသုံးပြုတဲ့ Linn Pinn Aung အကောင့်မှာ "ဒီ Acc ပိုင်ရှင် ရဲဘော်ကြီး ၁၄.၇.၂၀၂၃ စခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ပါပြီ။ DB လဲပြန်မရ။စိတ်တွေအရမ်းထိခိုက်နေလို့ တော်လှန်ရေးနယ်ပယ်အတွင်းမှ ညီအကိုမောင်နှမများကိုသာ စာပြန်ပါ့မယ်။နောက်ဘဝသူပြောသလိုပဲ ဒီနိုင်ငံမှာ လူလာမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်"လို့ အသိပေးထားပါတယ်။

လင်းပင်အောင်ဟာ ဇူလိုင် ၁၄ ရက်နေ့က ယောဒေသဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဆောမြို့နယ် လောင်းရှည်မြို့ဟောင်း ရင်းကဲရွာတိုက်ပွဲဖြစ်စဥ်အတွင်း သေဆုံးခဲ့တဲ့ PDF ငါးဦးအနက် သေဆုံးခဲ့ရသူတစ်ဦးဖြစ်တယ်လို့လည်းဆို​ပြီး NUG ရဲ့ ဒေါနစစ်ကြောင်းက ပေးအပ်တဲ့ တာဝန်အရ ချင်းပြည်နယ်၊ ကန်ပက်လက်သို့ သွားရောက်မဲ့ လခရ စစ်ကြောင်းကို မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ဟောင်း၊ ရင်းကဲရွာမှာ ကြားဖြတ်တိုက်ခိုက်မဲ့ PDF စစ်ကြောင်းတွေနဲ့ သွားရောက်စစ်ကြောင်းဖြန့်ပူးပေါင်း တိုက်ခိုက်မှုအတွင်း သေဆုံးရတာလို့လည်း Linn Pinn Aung ကို Tag တွဲပြီး ဝမ်းနည်းစကားဆိုထားသူတွေ ဖြေထားတာ တွေ့ရပါတယ်။

ဒါ့အပြင် PDF တစ်ဦးဖြစ်တဲ့ Ko Dinn Gar အကောင့်ပိုင်ရှင်ကလည်း "မနက်စောစောသတင်းဆိုးပါပဲ။ ကိုလင်းပင်ရေ ငြိမ်းအေးရာကို သွားပါတော့။ အကိုပြောနေကျ စကားလိုပဲ။ နောင်ဘဝဒီနိုင်ငံမှာ လူပြန်မဖြစ်ပါစေနဲ့ဗျာ။ လင်းပင်အောင်(14.7.2023) မောရဝတီစခန်းကုန်းသိမ်းပွဲတွင် မြင့်မြတ်စွာကျဆုံးသည်" လို့ Linn Pinn Aung အကောင့်ကို Tag တွဲ ရေးထားသလို သေတဲ့သတင်းကို လင်းပင်အောင်ရဲ့ အမျိုးသမီးက အတည်ပြုပေးတာပါလို့လည်း ဖြေထားပါသေးတယ်။

ဒါ့အပြင် Linn Pinn Aung ရဲ့အကောင့်ကို လက်ရှိသုံးစွဲနေတဲ့ သူ့အမျိုးသမီးဖြစ်သူကလည်း လင်းပင်အောင်သေတဲ့သတင်းကို တော်လှန်ရေးနယ်ပယ်ကလူတွေပဲဖြေမယ်လို့ မနေ့က ပို့စ်တင်ထားသလို သိပ်မကြာခင်မှာပဲ My Day မှာ ထပ်လာမမေးတော့ဖို့ မေတ္တာရပ်ခံထားပါတယ်။

PDF စနိုက်ပါ လင်းပင်အောင် တိုက်ပွဲမှာသေပြီး အလောင်းပြန်မရသေးတဲ့သတင်းနဲ့ပတ်သက်လို့တော့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဒေါနစစ်ကြောင်း၊ Sniper Myoma SC တပ်ခွဲနဲ့ သူသွားပြီးပူးပေါင်းတိုက်ခိုက်တယ်ဆိုတဲ့ မကွေးနဲ့ ချင်းနယ်စပ် PDF အဖွဲ့တွေအားလုံးက အခုအချိန်အထိ တရားဝင်သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို အတည်ပြုထုတ်ပြန်လာချိန်မှာ ဆက်လက်ဖော်ပြပေးပါ့မယ်။

#ချင်း #မကွေး #ယော #ဆော #PDF #NUG #ပကဖ
#mtnews #myanmar_transparency_news
July 20

မန္တလေးမြို့ကျုံးအရှေ့ဘက်ခြမ်းရှိ ရေပြင်အတွင်းမှ သတ်ဖြတ်စွန့်ပစ်ထားသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိ
====================================================
၂၀.၇. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက်ခြမ်းရှိ ရေပြင်အတွင်းမှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယမန်နေ့မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း ကနဦးသတင်းများအရ အမရဌာနီအရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၉ ရက်နေ့)မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကျုံးအရှေ့ဘက်ခြမ်း၊ လမ်း၂၀နှင့် ၂၂ လမ်းကြား၊ ၆၆ လမ်းပေါ်ရှိ ကျုံးရေပြင်အတွင်း၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေသည်ဟု မြို့ခံတစ်ဦး၏ သတင်းပေးချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအမျိုးသမီးသည်အသက် ၃၀ နှစ်ခန့်အရွယ်ရှိသောအမျိုးသမီးတစ်ဦးဖြစ်နေပြီး ၎င်းအမျိုးသမီးသည် အနက်ရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ဂျင်း ဘောင်းဘီဝတ်ဆင်လျက် ကျုံးရေပြင်အတွင်း သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ရုပ်အလောင်းအား အမရဌာနီအရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

" အမျိုးသမီးတစ်ဦး ကျုံးရှေ့က ရေထဲမှာရေနစ်သေနေတယ်ဆိုတာ ဟုတ်ပါတယ်။ အဲ့ဒီအလောင်းကို ဆယ်လိုက်တော့ ပါးစပ်မှာ သွေးစတွေတွေ့ပြီးတော့ လက်နှစ်ဖက်ကိုလည်း ပတ်တီးလိုအဖြူနဲ့စီးထားပြီး ရေထဲမှာမှောက်လျက်သေနေတဲ့အလောင်းကို ဆယ်ယူခဲ့တာပါ။ ဘာလို့ဘယ်သူကသတ်တယ်ဆိုတာတော့မသိပါဘူး။ သက်ဆိုင်ရာရဲတွေက လိုက်လံစုံစမ်းနေတုန်းပဲ။ အခုထိတော့ ဘယ်သူဘယ်ဝါဆိုတာတော့ ဘာမှမကြားရသေးပါဘူး"ဟု သွားရောက်ဆယ်ယူရာတွင်ပါဝင်ခဲ့သည့်သူတစ်ဦးက ဆိုသည်။

(ဓာတ်ပုံ- အမရဌာနီအရှေ့လူမှုကယ်ဆယ်ရေးအသင်း)

#မန္တလေး #mtnews #myanmar_transparency_news
July 26

ပခုက္ကူမြို့ပေါ်ရှိ “တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် (ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း)ကို PDF သုံးဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သ-တ်ဖြတ်သွားမှု ယနေ့မနက်က ဖြစ်ပွား
-----------
၂၆. ၇. ၂၀၂၃

ပခုက္ကူမြို့ပေါ်ရှိ “တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် (ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း)ကို PDF သုံးဦးက နေအိမ်ထဲဝင်ရောက်ပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ် သ-တ်ဖြတ်သွားသည့်ဖြစ်စဉ်တစ်ခု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက်(ယနေ့) မနက် ၈ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ၄ လမ်းနှင့် ၅ လမ်းကြား၊ သီတာလမ်းမပေါ်ရှိ”တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် အသက် ၅၃ နှစ်အရွယ်ရှိသော အမျိုးသားကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း)သည် နေအိမ်အတွင်း မိသားစုများနှင့်အတူရှိနေစဉ် PDF အဖွဲ့မှ အမည်မသိ အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် သီတာလမ်း ၅ လမ်းဘက်မှ သေနတ်အတို ၃ လက်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ အတင်းဝင်ရောက်၍ ဆိုင်ပိုင်ရှင်အား လုံးထွေးသတ်ပုတ်ကာ သေနတ်ဖြင့် ၃ ချက် ...

ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=29745
#ပခုက္ကူ#myanmar_transparency_news#mtnews
Aug 1

စစ်ကိုင်းမြို့တွင် အမျိုးသားတစ်ဦးအား PDF နှစ်ဦးက "စစ်တပ်နဲ့ရဲတွေကိုပေါင်းနေတဲ့ ဒလန်"ဟု ပြောကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိမှု ဖြစ်ပွား
====================================================
၁.၈. ၂၀၂၃
Written by Min Mahar

စစ်ကိုင်းမြို့တွင် အမျိုးသားတစ်ဦးအား PDF နှစ်ဦးက "စစ်တပ်နဲ့ရဲတွေကိုပေါင်းနေတဲ့ ဒလန်"ဟု ပြောကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁ )ရက် ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်၊ "စု"ကလေးအထူးကုဆေးခန်းအနီး လမ်းမပေါ်တွင် အသက် ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဧမြဝတီရပ်ကွက်ဘက်မှ ရွှေမင်းဝံရပ်ကွက်သို့ပြန်ရန် ဆိုင်ကယ်မောင်းနှင်လာစဉ် နောက်မှ PDF ၂ ဦးက ဆိုင်ကယ်ဖြင့် လိုက်လာပြီး "စစ်တပ်နဲ့ရဲတွေကိုပေါင်းနေတဲ့ ဒလန်"ဟုပြော၍ သေနတ်ဖြင့် ပစ်ခတ်ကာ စစ်ကိုင်းမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ညောင်ကုန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သေနတ်ဖြင့်ပစ်ခံရသည့်သူနှင့် အမျိုးတော်စပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

ထို့ကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ၎င်းအမျိုးသားသည် ဝဲလက်မောင်းကို ကျည်ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်နှင့် နောက်ကျောဝဲဘက်ခြမ်းကို ကျည်ဖောက်ဝင်သွားသာဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် မိသားစုဝင်များမှ စစ်ကိုင်းမြို့ဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာနှင့် ဆေးရုံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရာက်စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ပြီး ပစ်ခတ်သူနှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့်ထားကာ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါပစ်ခတ်ခံရသူသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ၃ လမ်းတွင်နေထိုင်ပြီး အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်ကာ လုံခြုံရေးတပ်ဖွဲဝင်များနှင့် ရင်းနှိးသောကြောင့် ဒလန်ဟု စွပ်စွဲခံရကာ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်း #mtnews #myanmar_transparency_news
Aug 11

ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချို့ လမ်းတဝက်တွင် ရပ်တန့်ခဲ့ရရာ အဆင်ပြေချော မွေ့စေရေးနှင့် ခရီးသည်များ၏ လုံခြုံရေးနှင့် အစားအသောက် အဆင်ပြေရေးအတွက် ဆောင်ရွက်ပေးခဲ့
============================================
၁၁.၈.၂၀၂၃
Written by Peya

ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချို့ လမ်းတဝက်တွင် ရပ်တန့်ခဲ့ရရာ အဆင်ပြေချောမွေ့စေရေးနှင့် ခရီးသည်များ၏ လုံခြုံရေးနှင့် အစားအသောက် အဆင်ပြေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန် - မန္တလေး ရထားလမ်း၊ ပဲခူး - ဘုရားကြီး ဘူတာကြား မိုင်တိုင် ၄၆ မိုင် ၁၅ ဖာလုံမှ ၄၇ မိုင် ၃ ဖာလုံအထိ ရထားလမ်းပိုင်းသံလမ်းပေါ် (၁၀)လက်မခန့်ရေကျော်မှု ဖြစ်ပွားခဲ့ရာ...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=31779
#Mandalay #yangon #mtnews #myanmar_transparency_news
NUGနဲ့PDFတွေက
သူခိုးဂျပိုးနဲ့ မုဒိန်းကောင်တွေချည်းပါပဲလား

ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်မှုနဲ့ အစဖျောက်ခံရပြန်တဲ့ ယော PDF

၁၅. ၈. ၂၀၂၃
Written by Nay Moe



NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသ-တ်မှုကျုးလွန်ခဲ့တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို ဓားပြတိုက်ရင်း သ-တ်-ဖြ-တ်လိုက်တဲ့ Monywa Force PDF အဖွဲ့တွေရဲ့ လုပ်ရပ်အပြီးမှာ ကာမနှောင့်ယှက်မှုတွေနဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF အဖွဲ့ကလည်း နာမည်ပျက်နဲ့ ထွက်ပေါ်လာပြန်ပါတယ်။

PDF တွေရဲ့ လက်နက်အားကိုးနဲ့ မုဒိမ်းလူသ-တ်မှုတွေ စည်းလွတ်ဘောင်လွတ်လုပ်နေတာတွေ ဆက်တိုက်ထွက်ပေါ်လာနေချိန်မှာ သူ့ထက်သူ မသူတော် PDF တစ်ဖွဲ့ကလည်း ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်ထားမှုနဲ့ ဖမ်းဆီးခံရတာဖြစ်...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=32395
#NUG#PDF
#myanmar_transparency_news
#mtnews
ရည်းစားနဲ့ လမ်းခွဲရတာကို မကျေနပ်လို့ ရည်းစားရဲ့ တူဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲ သ-တ်ဖြတ်ခဲ့မှု ထိုင်းနိုင်ငံမှာ ဖြစ်ပွား

၁၉. ၈. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ကျောင်းတစ်ကျောင်းမှ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာသ-တ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က မကြာသေးမီရက်ပိုင်းအတွင်းက ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ အဲ့ဒီလူသ-တ်မှုရဲ့ နောက်ကွယ်က အကြောင်းပြချက်ကတော့ ရည်းစားဖြစ်သူနဲ့ လမ်းခွဲခဲ့ရတာကြောင့် လက်စားချေတာဖြစ်တယ်လို့ သိရပါတယ်။

အသက် (၃၀) နှစ် အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ငါးနှစ်အရွယ်သားဖြစ်သူ ကျောင်းကနေ ပျောက်ဆုံးသွားတာကြောင့် ပြီးခဲ့တဲ့ အင်္ဂါနေ့ ဩဂုတ်လ ၁၅ ရက်က ချင်းမိုင်ရဲစခန်းကို တိုင်ကြားခဲ့ပြီး အဲ့ဒီ ညနေမှာတော့ အမည်မသိ အမျိုးသားတစ်ဦးက သားဖြစ်သူကို ကျောင်းကနေ လာခေါ်သွားတယ်ဆိုတာကို လုံခြုံရေးကင်မရာကနေ တွေ့လိုက်ရ...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=32899
#thailand #ချင်းမိုင်
#myanmar_transparency_news #mtnews
Aug 22

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုလူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင် ကျည်ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိမှု ရေနံချောင်းတွင်ဖြစ်ပွား
====================================================

၂၂. ၈. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားသည့်အတွက် ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ကျည်ထိမှန်ကာ ဒဏ်ရာများရရှိမှု ရေနံချောင်းမြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံများမှ သိရသည်။

ဖြစ်စဉ်မှာ -

ယမန်နေ့(ဩဂုတ် ၂၁ ရက်)ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ ဂုဏ်မသိမ်လမ်းမ၊ စနေနံဘုရားလမ်းထောင့်တွင် KENBO 125 ဆိုင်ကယ်တစ်စီးဖြင့် စျေးဝယ်ရန်ထွက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးအား စနေနံလမ်းထောင့်ဘက်မှ အမည်မသိလူငယ် ၁ ဦးက သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်သွားမှုကြောင့် ဆိုင်ကယ်မောင်းနှင်သည့် ဒုတိယတပ်ကြပ်အဆင့်ရှိသူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ထိမှန်၍ ၎င်းတွင် ယာဘက်နားထင်ကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ဖျက်ခုံးပါ ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် ဒဏ်ရာရရှိသူအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ မြို့ပေါ်ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်သည့်နေရာမှ Luger ၉ မမ ကျည်ကြေးရောင် ၂ ခု၊ အနက်ရောင် ၁ ခု၊ စုစုပေါင်း ၃ ခုအား တွေ့ရှိ၍ သိမ်းဆည်းသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

#ရေနံချောင်း #NUG #PDF #ပကဖ
#mtnews #myanmar_transparency_news