MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
PPST က မသွားဘူးလို့ အကြောင်းပြန်ထားတာကြောင့် RCSS နဲ့ မွန်ပြည်သစ်ပါတီက မသွားတာ ဖြစ်တယ်။ ကျန်တဲ့ ၅ ဖွဲ့ကတော့ တပ်က ဖိအားပေးတဲ့အခါမှာ မခံနိုင်ဘူး။ ကိုယ်ပိုင်ရပ်တည်ချက် အားနည်းတာလည်း ဖြစ်နိုင်တယ်။ သူတို့အတွက်က ဆွေးနွေးပွဲမှ မတက်ရင် တခြားနေရာ မရှိဘူးလို့ ယူဆတာကြောင့်လည်း ဖြစ်နိုင်တယ်။ ပြဿနာက ဒီ ၅ ဖွဲ့ သွားတက်တာပဲ။ ဒီ ၅ ဖွဲ့က PPST ရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ပြီးသွားတက်တာ။ ဒါကြောင့် အခု အခြေအနေကိုကြည့်ရင် PPST ဟာ ပျက်တော့မှာလားဆိုတဲ့ မေးခွန်းပေါ်လာတယ်

Website တွင် ဖတ်ရန် https://bit.ly/3Wsgi5M
#WhatHappeningInMyanmar
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ဆိုရင် စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်ပြည့်ပြီး အရေးပေါ်ကာလ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် "အသွင်ကူးပြောင်းရေးကောင်စီ" ဆိုတဲ့ အဖွဲ့အစည်းတခု ပေါ်ပေါက်လာဖွယ် ရှိတယ်လို့ နေပြည်တော်မှာ ပြောဆိုနေကြပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/3Ia0rVf
#WhatHappeningInMyanmar
"ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှု တစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ တိုက်တွန်းတောင်းဆိုပါတယ်"ဟု Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Website တွင် ဖတ်ရန် https://bit.ly/3QtjIDf
#WhatHappeningInMyanmar
---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from Voice Of Mandalay(Vomdy)
မန္တလေးခရိုင်ဗကသနှင့် မဟာမိတ်များ ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများသို့ သတင်းအချက်အလက်များ ပေးပို့ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဖေဖော်ဝါရီလ ၁၁၊ ဗကသ

မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် Voice Of Mandalay တို့ ပူးပေါင်း၍ ပြည်သူလူထုမှ တော်လှန်ရေးအင်အားစုများထံသို့ သတင်းအချက်အလက်များ ပေးပို့နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်အား ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး
မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
#mdsu #abfsu #information #သတင်းအချက်အလက် #whathappeninginmyanmar
#Vomdy
" စော်ဘွားတွေ တောင်းဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အခု နိုင်ငံရေးစကားနဲ့ ပြောရင်တော့ ဖက်ဒရယ်အခွင့်အရေးတွေပေါ့။ ဒါတွေက အင်္ဂလိပ်တွေ မအုပ်ချုပ်ခင်ကတည်းက ဗမာ ဘုရင်အောက်မှာထဲက ရနေပြီးသား။ အဲဒီဟာကို ဒီဘက်ခေတ်ကျတော့ ဗမာနိုင်ငံရေးသမားတွေက မျက်ခြေပြတ်ပြီးတော့ ဖက်ဒရယ်ဆိုတာကို အင်္ဂလိပ်တွေက သွေးခွဲအုပ်ချုပ်ခဲ့လို့ ဆိုပြီး ပုတ်ခတ်ခဲ့ကြတာပေါ့၊ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တပ်ခေါင်းဆောင်တွေက အဲဒါ သေချာလေ့လာသင့်တယ်။ ဖက်ဒရယ်ဆိုတာ ထူးထူးဆန်းဆန်း မဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး ဆိုပြီး ဗိုလ်နေဝင်း ပြောခဲ့တာ အမှားကြီး"

Website တွင် ဖတ်ရန် http://bit.ly/3K08epr
#WhatHappeningInMyanmar
Forwarded from The Irrawaddy - Burmese
မြစ်ဆုံရော၊ မေခ၊ မလိခဘက်ရော အများကြီး ကန့်ကွက်နေတယ်။ သူတို့ကတော့ တရား ဝင်တူးတာလို့ ပြန်ပြောတယ်။ ဒါကြောင့် အာဏာပါဝါရှိတဲ့သူတွေကို ချုပ်ကိုင်ပြီး တူးတဲ့သူတွေပဲ ဖြစ်မယ်လို့ ထင် တယ်။ တရားဝင် ဆိုတာက အခုချိန်မှာ အစိုးရက မရှိဘူး။ အဲဒီတော့ ကျမတို့ ဘယ်သူ့ကို တိုင်ရမလဲ အကူအညီ တောင်းရမလဲ မသိဘူး။ သူတို့ကတော့ ပြည်သူတွေရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး လုပ်နေတာပဲ

Website တွင် ဖတ်ရန် http://bit.ly/3lalWvW

#WhatHappeningInMyanmar
---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from MPANews
"တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ (၉)ဦးမက"

#GSC #19July
#တောင်တန်းမြေပြန့် ညီညွတ်ကြအာဇာနည်ဟာ၉ဦးမက
#whathappeninginmyanmar

နောက်ခံ မူရင်း ဓာတ်ပုံ - GSCN
Forwarded from The Irrawaddy - Burmese
နယ်လုံဝန်ကြီးကိုတော့ ကော့သောင်းကနေ ရနောင်းဘက် ကမ်းကူးတဲ့ကိစ္စနဲ့ပါ အမှုထပ်တွဲထားတယ်
Website တွင် ဖတ်ရန် https://bit.ly/43JznmJ

#WhatHappeningInMyanmar
---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR
“နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို”

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီလ ၂၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် မင်္ဂလာတောင်ညွန့် သပိတ်ကော်မတီ၊ တာမွေသပိတ်ကော်မတီ တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် “နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါ စတစ်ကာများကို ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၄၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ ပူးပေါင်း၍ “လွတ်မြောက်ခြင်းအတွက် ရုန်းထွက် အာဏာရှင်ကို အဆုံးသတ်” ဟူသောစာသားအား ကိုင်ဆောင်ကာ ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ကန်တော်ကြီးပန်းခြံ၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
ဗကသများအဖွဲ့ချုပ်နှင့် ကြားကာလပညာရေး ဆရာ၊ ဆရာမများ ပူးပေါင်း၍ စာစီစာကုံး၊ ပန်းချီ၊ အာကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်

၂၀၂၄ ဇွန်နဝါရီ ၄၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကြားကာလပညာရေးကျောင်းမှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့၌ ယင်းမာပင်မြို့နယ်ရှိ ကြားကာလ စာသင်ဝိုင်းတစ်ခုတွင် ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အာကစားပြိုင်ပွဲများ ကျင်းပပြီး ဆုချီးမြှင့်ပွဲအခမ်းအနားများကို ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၂၈၊ ဗကသ

အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့၌ ရန်ကုန်မြို့တွင် “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသ၊ GSC နှင့် မဟာမိတ်များက နီတဲ့သွေးရက်သတ္တပတ် လှုပ်ရှားမှုကို ရန်ကုန်တွင် စတင်ဖော်ဆောင်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) နှင့် Burma Youth Revolutionary Force (BYRF) တို့က ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ရန်ကုန်မြို့တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ တပ်ပေါင်းစုကိုတည်ဆောက်ကြ”၊ “၁/၂/၂၁ မမေ့ကြနဲ့” အစရှိသည့် စာသားများအပါအဝင် သွေးစွန်းနေသော လမ်းမများအဖြစ် သရုပ်ဖော်သည့် ဆေးနီများပက်ဖြန်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စတင်ဖော်ဆောင်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #AJAY #BYRF #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
Media is too big
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့အနှံ့အပြားတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၆၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - (NDOPSC) တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုများကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ရန်ကုန်မြို့အနှံ့အပြားတွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့အနှံ့အပြားတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၇၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - (NDOPSC) တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါ စတစ်ကာများ၊ ပန်းဖလက်များအား ရန်ကုန်မြို့အနှံ့အပြားတွင် ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က နိုင်ငံရေးစကားဝိုင်းများ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၅၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် “လူငယ်နှင့် နိုင်ငံရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းတခု ဆွေးနွေးပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #နိုင်ငံရေးစကားဝိုင်း #လှုပ်ရှားမှု
#whathappeninginmyanmar
ကြို့ပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၈၊ ဗကသ

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ “တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကသေဒဏ်မကျဘူး” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar
တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မတ် ၃၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မတ်လ ၂ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် “စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့” စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ  #whathappeninginmyanmar
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများက အရာတော်မြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများနှင့် ကျောင်းရန်ပုံငွေများ ထောက်ပံ့

၂၀၂၄ မတ် ၈၊ ဗကသ

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ Orange Women၊ MOWYAC အရာတော်မြို့နယ်တာဝန်ခံတို့မှ မတ်လ ၈ ရက်နေ့၌ အရာတော်မြို့နယ်အတွင်းရှိ မီးဘေးသင့် တောတွင်းစစ်ရှောင်စခန်းတခုရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများနှင့် ကျောင်းရံပုံငွေများ ထောက်ပံ့ခဲ့ပါသည်။ စစ်ရှောင်စခန်းရှိ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်းကာ နိုင်ငံရေးစကားဝိုင်းတခု ပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေ တော်လှန်ရေးအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများက အရာတော်မြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများနှင့် ကျောင်းရန်ပုံငွေများ ထောက်ပံ့

မတ်လ၊ ၈ရက်၊ ၂၀၂၄ခုနှစ်။

အထက မလဲသာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ Orange Women၊ MOWYAC အရာတော်မြို့နယ်တာဝန်ခံတို့မှ မတ်လ ၈ ရက်နေ့၌ အရာတော်မြို့နယ်အတွင်းရှိ မီးဘေးသင့် တောတွင်းစစ်ရှောင်စခန်းတခုရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများနှင့် ကျောင်းရံပုံငွေများ ထောက်ပံ့ခဲ့ပါသည်။ စစ်ရှောင်စခန်းရှိ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်းကာ နိုင်ငံရေးစကားဝိုင်းတခု ပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေ တော်လှန်ရေးအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့် မှတ်တမ်းထိန်းသိမ်းရေးကော်မတီ

Youtube - https://www.youtube.com/@gsc_burma
Telegram - https://t.me/generalstrikecommittee

#GSC #abfsu #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar