ဒီလိုလုပ်ဆောင်တဲ့အခါမှာ ပထမအဆင့်အနေနဲ့ကြားကာလအစိုးရ အခု NUG အစိုးရကိုဖွဲ့စည်းပြီး ဦးဆောင်နေပါတယ်။ ဒီလိုဦးဆောင်တဲ့အခါမှာ စစ်ကောင်စီကို ဖြုတ်ချနိုင်ပြီးတဲ့ နောက်မှာ အသွင်ကူးပြောင်းရေးအစိုးရပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအသွင်ကူးပြောင်းရေးကာလမှာ အသွင်ကူးပြောင်းရင်းနဲ့ လိုက်လျှောညီထွေရှိတဲ့ ချာတာနဲ့လည်းကိုက်ညီတဲ့အသွင်ကူးပြောင်းရေး အခြေခံဥပဒေရေးဆွဲဖို့ဖြစ်ပါတယ်။ အဲဒီမှာအချိန်ယူပြီးတော့တိုင်းရင်းသားအားလုံးပါဝင်တဲ့ လူထု ညီလာခံ ခေါ်ယူပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးပြီးတော့ အနာဂတ်နိုင်ငံရေးမြေပုံကို ကျွန်တော်တို့ ဖော်ပြီးတော့ အနာဂတ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ပူးပေါင်းရေးဆွဲရမှာ ဖြစ်ပါတယ်။ ကြားကာလမှာတော့ သက်ဆိုင်ရာပြည်နယ်တွေရဲ့ အခြေခံဥပဒေကိုရေးဆွဲပြီးတော့ သူတို့ ဘာကိုသွားချင်သလဲ ဘာအရေးကြီးသလဲဆိုတာကို ကျွန်တော်တို့ ရေးဆွဲပြီး သဘောတူညီချက် ရထားဖို့လိုတယ်။ နောက်တစ်ခုက နှစ်ပေါင်းများစွာ မတရားမှုတွေ ဥပဒေမဲ့ ခံရတာတွေဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်စေဖို့ ဒါလည်းထိထိရောက်ရောက် Transitional period မှာ ဆွေးနွေးပြီး အကျေအလည် ဆောင်ရွက်သွားမှာရှိပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ဒေသကိုယ်အုပ်ချုပ်မယ် ကိုယ့်ရဲ့ဒေသနဲ့ ကိုက်ညီတဲ့ ပြဌာန်းချက်တွေလုပ်ဆောင်မယ် ဆုံးဖြတ်ခွင့်ရမယ့်အနေအထားဖြစ်လို့ရှိရင်တော့ ကျွန်တော်တို့ တကယ်မျှော်မှန်းတဲ့ငြိမ်းချမ်းသာယာတိုးတက်တဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မယ်လို့ လုံးဝယုံကြည်ပါတယ်။ လုပ်လည်းလုပ်နိုင်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။
မေး။ မြန်မာပြည်သူတွေကို တခြားဘာများ ဖြည့်စွက်ပြောကြားလိုပါသေးသလဲ ခင်ဗျ။
ဖြေ။ မြန်မာပြည်သူပြည်သားများအားလုံး အခုအချိန်မှာအနစ်နာခံပြီးဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေ မြောက်များစွာကို ချီးကျုးလို့မကုန်နိုင်ပါဘူး။ ဒီမှာအင်မတန်မှ အံ့ဩဖို့ကောင်းတာက နိုင်ငံတကာ ဘယ်မှာရောက်ရောက် ကိုယ့်တိုင်းပြည်ပြုပြင်ပြောင်းလဲသွားဖို့ကို စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်ချင်တဲ့စိတ်တွေက အင်မတန်မှကြီးမားပါတယ်။ ဒီစိတ်ဓာတ်ကို ပိုမိုပြီးတော့ ခိုင်မာအောင် အားပေးချိတ်ဆက်ဖို့လိုပါတယ်။ စစ်ကောင်စီကို ဘယ်လိုမှရှင်သန်ခွင့်မပေးနိုင်တော့ဘူး ဆိတဲ့ ခံယူချက်က ပြင်းပြဖို့လိုပါတယ်။ ပြည်သူလူထုအားလုံးဟာ လူမျိုးဘာသာ အမျိုးသား၊ အမျိုးသမီး ဆင်းရဲချမ်းသာ ခွဲခြားခြင်းမပြုဘဲနဲ့ ကျွန်တော်တို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ နောက်တစ်ခါ တော်လှန်ရေးမှာလိုအပ်တဲ့ငွေကြေးနဲ့ အခြားလိုအပ်တဲ့နည်းပညာ အားလုံးကိုပဲ ပြည်သူလူထုကပဲ ထောက်ပံ့ပေးမှုဖြစ်ပါတယ်။ ဒီလိုထောက်ပံ့တဲ့အခါမှာ ကျွန်တော်တို့ မှာ ငြီးငွေ့လာစရာအကြောင်းတွေရှိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဟာ ငြီးငွေ့လို့မရပါဘူး။ ခံနိုင်ရည်အပြည့်အဝနဲ့ စစ်ကောင်စီမပြုတ်မကျမချင်း ကျွန်တော်တို့ လက်တွဲညီညီနဲ့ဝိုင်းဝန်းကြိုးစားဖို့ အင်မတန်လိုပါတယ်လို့ ပြည်သူလူထုကိုပြောကြားချင်ပါတယ်။
(Interviewed by RFA)
https://mofua.nugmyanmar.org/article-details/interview-they-plan-to-rule-with-fear-but-the-people-are-no-longer-afraid-acting-president-duwa-lashi-la
#NUG #ActingPresident #duwalashila #whathappeninginmyanmar