MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့အနှံ့အပြားတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၇၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - (NDOPSC) တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါ စတစ်ကာများ၊ ပန်းဖလက်များအား ရန်ကုန်မြို့အနှံ့အပြားတွင် ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က နိုင်ငံရေးစကားဝိုင်းများ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၅၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် “လူငယ်နှင့် နိုင်ငံရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းတခု ဆွေးနွေးပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #နိုင်ငံရေးစကားဝိုင်း #လှုပ်ရှားမှု
#whathappeninginmyanmar
ကြို့ပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၈၊ ဗကသ

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ “တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကသေဒဏ်မကျဘူး” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar
တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မတ် ၃၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မတ်လ ၂ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် “စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့” စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ  #whathappeninginmyanmar
MSI - MYANMAR SOCIETY INFORMATIONS
Photo
ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရတကသ အလုပ်အမှုဆောင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြော

မတ် ၃၊ ရတကသ

ထိုင်းနိုင်ငံ လွှတ်တော်မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့ပါတယ်။

“အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။

"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲတက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။" လို့ ကိုအောင်ဖုန်းမော်က ပြောပါတယ်။

"ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက် ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာမှာ ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်းများကို ရှာဖွေဆွေးနွေးဖို့ ထိုင်းနိုင်ငံ လွှတ်တော်ထဲမှာ နှစ်ရက်တာကြာမြင့်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ကိုအောင်ဖုန်းမော်က သုံးသပ်ပါတယ်။

"စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာ‌ထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး"

မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ဖို့ အဲဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့အတူ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မယ့် အနုပညာပြခန်း တခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာ နဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

#Oway #UYSU #ABFSU #Thailand #Parliament #ရတကသ #ဗကသ #ထိုင်း #လွှတ်တော် #မြန်မာ့အရေး #ဆွေးနွေး
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများက အရာတော်မြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများနှင့် ကျောင်းရန်ပုံငွေများ ထောက်ပံ့

၂၀၂၄ မတ် ၈၊ ဗကသ

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ Orange Women၊ MOWYAC အရာတော်မြို့နယ်တာဝန်ခံတို့မှ မတ်လ ၈ ရက်နေ့၌ အရာတော်မြို့နယ်အတွင်းရှိ မီးဘေးသင့် တောတွင်းစစ်ရှောင်စခန်းတခုရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများနှင့် ကျောင်းရံပုံငွေများ ထောက်ပံ့ခဲ့ပါသည်။ စစ်ရှောင်စခန်းရှိ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်းကာ နိုင်ငံရေးစကားဝိုင်းတခု ပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေ တော်လှန်ရေးအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများက အရာတော်မြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများနှင့် ကျောင်းရန်ပုံငွေများ ထောက်ပံ့

မတ်လ၊ ၈ရက်၊ ၂၀၂၄ခုနှစ်။

အထက မလဲသာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ Orange Women၊ MOWYAC အရာတော်မြို့နယ်တာဝန်ခံတို့မှ မတ်လ ၈ ရက်နေ့၌ အရာတော်မြို့နယ်အတွင်းရှိ မီးဘေးသင့် တောတွင်းစစ်ရှောင်စခန်းတခုရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများနှင့် ကျောင်းရံပုံငွေများ ထောက်ပံ့ခဲ့ပါသည်။ စစ်ရှောင်စခန်းရှိ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်းကာ နိုင်ငံရေးစကားဝိုင်းတခု ပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေ တော်လှန်ရေးအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့် မှတ်တမ်းထိန်းသိမ်းရေးကော်မတီ

Youtube - https://www.youtube.com/@gsc_burma
Telegram - https://t.me/generalstrikecommittee

#GSC #abfsu #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar
"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ဆွေးနွေးပွဲပြုလုပ်

ဧပြီ ၁၀၊ ဗကသ

"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ရဲဘော်တွေနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ဧပြီ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်နေကြပြီး ပညာရေးနဲ့ လုံးပန်းနေရတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေကို နိုင်ငံရေးနိုးကြားနေဖို့နဲ့ ကိုယ့်ပြည်တွင်းနိုင်ငံရေးနဲ့ အဆက်မပြတ်နေဖို့ကို ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရဲဘော်တွေပြုလုပ်တဲ့ပွဲကို ဗကသများအဖွဲ့ချုပ်ရဲ့မဟာမိတ် အဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။

ဓာတ်ပုံ - အိုးဝေ

#Oway #ABFSU #ဗကသ #DPNS #လူ့ဘောင်သစ် #ကျောင်းသား #နိုင်ငံရေး #ဆွေးနွေးပွဲ
💙ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ ပြည်သူလူထုကို မုန့်လုံးရေပေါ်တွေ ဝေငှပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်

ဗကသများအဖွဲ့ချုပ်၊ တာမွေမြို့နယ်သပိတ်ကော်မတီ (TSC)၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီ (MGTN GSC)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF) နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းပြီး ရန်ကုန်လူထုကို ဒီကနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ်တွေ အာဏာရဒါနဖြစ် ဝေငှခဲ့ပါတယ်။

အဆိုပါလှုပ်ရှားမှုမှာ မတရားစစ်မှုထမ်းဥပဒေ အပါအဝင် ပြည်သူလူထု တရပ်လုံးအပေါ် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို လူထုရဲ့စုပေါင်းအားနဲ့ တခဲနက် ဆန့်ကျင်တိုက်ဖျက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။

ဧပြီ ၁၃၊ ရန်ကုန်

#abfsu #ဗကသ #OCTOPUS #ရေဘဝဲ
#မတရားစစ်မှုထမ်းဥပဒေ #သင်္ကြန် #မုန့်လုံးရေပေါ်
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နဲ့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ ပူးပေါင်းပြီး ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်

၂၀၂၄ ဧပြီ ၁၅၊ ဗကသ

ဗကသများအဖွဲ့ချုပ်နဲ့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ ပူးပေါင်းပြီး ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရန်ကုန်မှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖော်ဆောင်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #sptsc #မတရားစစ်မှုထမ်းဥပဒေ #စစ်သုံးစစ်
(၃၆)နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန်သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဩဂုတ် ၆၊ ဗကသ

ရန်ကုန်သပိတ်အင်အားစုများက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “The Future of Our Nation is in Our hand”၊ “ရပ်တန့်၍မရ” စာသားပါ ဘန်နာတွေ ကိုင်စွဲပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ရန်သူ့ဖိနှိပ်မှု‌ တင်းကျပ်နေတဲ့ကြားက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ ##8888
#WhatsHappeningInMyanmar
ဗကသနဲ့ မဟာမိတ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ အာဟာရဒါန ထောက်ပံ့မှုပြုလုပ်

၂၀၂၄ ဩဂုတ် ၆၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲချုပ်) ပြန်လည်တည်ထောင်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ မဟာမိတ်တွေ စုပေါင်းပြီး “ဆင်းရဲကျပ်တည်းမှုရဲ့အဖြေမှန် စစ်အုပ်စုသာလျှင်တရားခံ” စာသားပါစတစ်ကာတွေနဲ့ အစားအသောက်တွေကို ဩဂုတ်လ ၄ ရက်နေ့မှာ ရန်ကုန်မြို့က ပြည်သူလူထုကို အာဟာရဒါနဖြစ် ထောက်ပံ့ခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) နဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်သောလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ရွှေပြည်သာ #လှုပ်ရှားမှု #whatshappeningnowinmyanmar