MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
၁၀၂ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့

၁၃၈၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်

ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ်သည် ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာ ၁၇ ရက်နေ့) တွင် ၁၀၂ နှစ်ပြည့်လေပြီ။ ပထမကျောင်းသားသပိတ်သည် ရန်ကုန်တက္ကသိုလ်နှင့်အတူ ပေါ်ပေါက်လာသည်ဖြစ်ရာ မြကျွန်းညိုညိုအမိတက္ကသိုလ်သည်လည်း လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၁၀၂ နှစ်ပြည့်မည်ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သော ပထမကျောင်းသားသပိတ်သည် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်း၏ အစကနဦးပင်တည်း။

Read More >>>

#ABFSU #ဗကသ #UYSU #ရတကသ #Universityofyangon #Whatshappeninginmyanmar #ပထမ #ကျောင်းသားသပိတ် #အမျိုးသားအောင်ပွဲနေ့
MSI - MYANMAR SOCIETY INFORMATIONS
Photo
ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရတကသ အလုပ်အမှုဆောင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြော

မတ် ၃၊ ရတကသ

ထိုင်းနိုင်ငံ လွှတ်တော်မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့ပါတယ်။

“အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။

"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲတက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။" လို့ ကိုအောင်ဖုန်းမော်က ပြောပါတယ်။

"ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက် ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာမှာ ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်းများကို ရှာဖွေဆွေးနွေးဖို့ ထိုင်းနိုင်ငံ လွှတ်တော်ထဲမှာ နှစ်ရက်တာကြာမြင့်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ကိုအောင်ဖုန်းမော်က သုံးသပ်ပါတယ်။

"စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာ‌ထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး"

မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ဖို့ အဲဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့အတူ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မယ့် အနုပညာပြခန်း တခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာ နဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

#Oway #UYSU #ABFSU #Thailand #Parliament #ရတကသ #ဗကသ #ထိုင်း #လွှတ်တော် #မြန်မာ့အရေး #ဆွေးနွေး