"မျက်စိရှေ့မှာ သေနတ်တွေနဲ့ပစ်တယ် ဖမ်းတယ် နှိပ်စက်တယ်၊ မခံစားနိုင်ဘူး။ကိုယ့်ရဲ့ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခ၊ ဖိနှိပ်ခံနေရတာလဲ ရက်ပေါင်းလဲ ကြာနေပြီ။ တစ်ကမ္ဘာလုံးသိအောင် အော်ငိုပြီး ရှင်းပြချင်တယ်"
စစ္စတာရ် အန်း ရိုဇား နူးတောင်
ကတ်သလစ်သာသနာ (မြစ်ကြီးနား)
#DVBTV #Kachin #SisterAnnRosaNuTawng #Myitkyina #COVID19 #Volunteer #WhatIsHappeningInMyanmar
https://m.youtube.com/watch?v=me9DO6mJhE4&feature=share&fbclid=IwAR1dmrfmrEzTdrx4bWn7JTsHgL-qxrp7oY3zTraFUmN6ovDYdcFJsJfLcdo

YouTube
DVB - "တစ်ကမ္ဘာလုံးသိအောင် အော်ငိုပြီး ရှင်းပြချင်တယ်" - Sister Ann Rosa Nu Tawng
"မျက်စိရှေ့မှာ သေနတ်တွေနဲ့ပစ်တယ် ဖမ်းတယ် နှိပ်စက်တယ်၊ မခံစားနိုင်ဘူး။ကိုယ့်ရဲ့ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခ၊ ဖိနှိပ်ခံနေရတာလဲ ရက်ပေါင်းလဲ ကြာနေပြီ။ တစ်ကမ္ဘာလုံးသိအောင် အော်ငိုပြီး ရှင်းပြချင်တယ်"
စစ္စတာရ် အန်း ရိုဇား နူးတောင်
ကတ်သလစ်သာသနာ (မြစ်ကြီးနား)
#DVBTV…
စစ္စတာရ် အန်း ရိုဇား နူးတောင်
ကတ်သလစ်သာသနာ (မြစ်ကြီးနား)
#DVBTV…
ကချင်ပြည်နယ်မှာ စစ်ကောင်စီဘက်က တပ်ပြောင်းအရွှေ့နဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာနေတယ်လို့ KIOသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
#dvbtvnews #Kachin #WhatsHappeningInMyanmar

မိုးညှင်းခရိုင်အတွင်းက စစ်ကောင်စီတပ်ရင်းနှစ်ရင်းလက်အောက်ခံ တပ်စခန်းတွေေကို KIAတပ်တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တယ်လို့ KIOသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
https://youtu.be/m_-ep4b26Oo
#dvbtvnews #Kachin #KIA #WhatsHappeningInMyanmar

စစ်ကောင်စီတပ်ရင်း၂ရင်းကို KIA ဝင်ရောက်စီးနင်းသိမ်းပိုက် - DVB News
မိုးညှင်းခရိုင်အတွင်းက စစ်ကောင်စီတပ်ရင်းနှစ်ရင်းလက်အောက်ခံ တပ်စခန်းတွေေကို KIAတပ်တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တယ်လို့ KIOသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
#dvbtvnews #Kachin #KIA #WhatsHappeningInMyanmar
DVB TV - 24.12.2021

မြစ်ကြီးနားလေတပ်အပါအဝင် စစ်ကောင်စီစခန်းများကို KIA တစ်ပြိုင်နက်တိုက်ခိုက်
------------------------------------------------------
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းအပါအဝင် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက်နှင့် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီစခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ယနေ့ (မတ် ၇) နံနက်အစောပိုင်းကစတင်ကာ တစ်ပြိုင်နက်တိုက်ခိုက်နေသည်။
ဝိုင်းမော်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ် စစ်ကောင်စီစခန်းများကို KIA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေပြီး ယနေ့နံနက် ၆ နာရီတွင် စတင်တိုက်ခိုက်သည်ဟု သိရသည်။
“၁၀၂၇နဲ့ ဆက်စပ်မှု မရှိပါဘူး။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဗျူဟာနဲ့ ကျွန်တော်တို့ အစီအစဉ်နဲ့လုပ်တာ ဖြစ်ပါတယ်” ဟု KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
အချိန်ယူပြင်ဆင်ပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း အသေးစိတ်ပြောဆိုခြင်း မရှိပေ။
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရှိ အမှတ် ၃၂၁ မြေလျင်တပ်ရင်း အပါအဝင် နွမ့်လန့် (Numlang)နှင့် ကုန်းလော (KungLaw) ရှိ စစ်တပ်စခန်းများအပြင် လိုင်ဇာအနီး ဒေါ့ဖုန်းယန်မြို့နယ်ရှိ ခယာတောင် (Hkaya Bum) နှင့် ဘွမ်ရဲတောင် (Bumre Bum) တို့ရှိ စစ်ကောင်စီတပ်စခန်းများကိုပါ KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။
ခယာဘွမ်(Hkaya Bum) နှင့် ဘွမ်ရဲဘွမ်(Bumre Bum) အမည်ရှိ စစ်ကောင်စီတပ်စခန်းကြီးများသည် KIA ဌာနချုပ်လိုင်ဇာကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်ပြီး စစ်ရေးအရ ခြိမ်းခြောက်နေသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း KIA ဘက်က ဆိုသည်။
“ဗျူဟာကျပါတယ်။ လိုင်ဇာကို ထိန်းတဲ့စခန်းတွေပဲ ဖြစ်ပါတယ်။ လိုင်ဇာမှာလည်း လက်နက်ကြီးနဲ့ ခဏခဏ ပစ်တာပေါ့နော်။ အဲ့ဒါတွေ ရှိပါတယ်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအတွက်လည်း အင်မတန်မှ အခရာကျတဲ့၊ ဗျူဟာကျတဲ့စခန်းတွေဖြစ်ပါတယ်” ဟု ဗိုလ်မှူကြီးနော်ဘူက ဆိုသည်။
စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ရှောင်စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ဘးရှောင်ကလေးတချို့သေဆုံးကာ၊ ဒဏ်ရာရသူများလည်းရှိသည်ဟု ကနဦးသိရှိရသည်။
ထိုအခြေအနေကို လက်တုံ့ပြန်သည့်အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို KIA ဘက်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ကချင်ပြည်နယ်ရှိ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီဟု KIA ဘက်က အတည်ပြုပြောကြားပြီး၊ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် တိုက်ပွဲရုပ်သံမှတ်တမ်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ လက်နက်ခဲယမ်းတချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်သည်ကို တွေ့ရသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်များရပ်တန့်သွားသော်လည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယခုအခါ ကချင်ပြည်နယ်တွင်လည်း အရေးပါသည့် စစ်ကောင်စီစခန်းများ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသည်။
အောက်ပါ Link တွင်လည်း ဖတ်ရှုနိုင်ပါသည်။
https://myanmar-now.org/mm/news/49926/
ပုံစာ - ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ။ (ဓာတ်ပုံများ - ပေးပို့)
#MyanmarNow #Kachin #Myitkyina #Laiza #မြစ်ကြီးနား #လိုင်ဇာ

Myanmar Now
မြစ်ကြီးနားလေတပ်အပါအဝင် စစ်ကောင်စီစခန်းများကို KIA တစ်ပြိုင်နက်တိုက်ခိုက် - Myanmar Now
Latest news & insightful features on Myanmar
အချို့က ၁၀၂၇ စစ်ဆင်ရေးကိုအားကျပြီး KIA က ဗန်းမော် နှင့် မြစ်ကြီးနား လမ်းကိုထိန်းချုပ် ဖို့ အလျင်အမြန်အကောင်အထည်ဖော် ခဲ့ကြ ကြောင်း ဝေဖန်မှုရှိခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် စက်တင်ဘာလ ပထမပတ် ကတည်းက ရှမ်းမြောက်ဒေသနှင့် ကချင်ပြည်နယ် တစ်နံတစ်လျားရှိ KIA တပ်မ ဟာ များအားလုံးကို KIA ဗဟိုက စခန်းသိမ်း တိုက်ပွဲများဆင်နွှဲရန် လျှို့ဝှက်အမိန့်ချမှတ်ခဲ့ ပြီးဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာလတွင် ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်ဒေသ၊ မုံးပေါ်ဒေသ၊ ပန်ဆိုင်းဒေသ နှင့် မုံးကိုးဒေသတို့ကို ထိန်းချုပ် ထားသည့် မဟာဗျူဟာမြောက် ယိမ်းလာ စစ် ကောင်စီတပ်စခန်းကို ရှမ်းမြောက်ရှိ KIA တပ်မဟာ ၆ လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြ သည်။
ကချင်ပြည်နယ်တွင် မဟာဗျူဟာမြောက် လိုင်လွမ်အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIA က ၂၀၂၃ စက်တင်လာလ ၁၆ ရက် နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး နမ်ဆန်ယာန် ဒေသည် လွတ်မြောက် နယ်မြေအဖြစ်ရောက် ရှိခဲ့သည်။
ရှမ်းမြောက်ဒေသ နှင့် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA တပ်ဖွဲ့က ဒရုန်းအမြောက်အမြား အသုံးပြုက ခပ်စိပ်စိပ် သိမ်းပိုက်လာသည်ကို သတိထားမိနေသော တရုတ်အစိုးရက ၎င်းကြောထောက်နောက်ခံ ပေးထားသည့် မြောက်ပိုင်းညီနောင်မဟာမိတ် တပ်ဖွဲ့များကို အလျင်စလို တိုက်ပွဲဖော်ဆောင် ရန် ဖိအားပေးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA က မဟာ ဗျူဟာမြောက် ယိမ်းလာ တပ်စခန်း၊ ကောင်ရာ ဘွမ်တပ်စခန်း၊ ဖာခစ်တပ်စခန်းများကို သိမ်း ပိုက်ပြီးနောက် ၂၀၂၃ ခုနှစ် ၁၀ လပိုင်း ၂၇ ရက်နေ့တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏
၁၀၂၇ စစ်ဆင်ရေး စတင်လာခြင်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးမျှော်မှန်းချက်သည် ကိုးကန့် ဒေသကိုပြန်လည်ရရှိရေးမျှသာ မျှော်မှန်းထား ခဲ့သည်ဖြစ်သော်လည်း ထင်ထားသည်ထက်ပို ပြီး အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်းမြောက် ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ ခေါင်းဆောင် ပိုင်းများအား မေးမြန်းထားသော အင်တာဗျူး များအရ သိရသည်။
KIA ဗဟို၏ လျှို့ဝှက်အမိန့်အရ ရှမ်းမြောက် ဒေသရှိ KIA တပ်ဖွဲ့များသည်လည်း တပ်စခန်း တစ်ခုပြီး တစ်ခု သိမ်းပိုက်မှုများပြုလုပ်လာခဲ့ ရာ ယိမ်းလာတပ်စခန်း၊ တက်နိုင်းတပ်စခန်း၊ မုံးမော် (နမ့်ဟိုင်း)တပ်စခန်း၊ နမ့်ခိုင်တံတားတပ်စခန်း နှင့် နမ့်ဖတ်ကာ ၁၂၃ တပ်စခန်းအပြင် အခြား သော တပ်စခန်းငယ် အမြောက်အများကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များကမူ ပူးပေါင်းတပ် အင်အားများပြားခြင်းကြောင့် KIA ထက် တစ်လမျှ စစ်ဆင်ရေးနောက်ကျ ခဲ့သော်လည်း KIA ကသိမ်းပိုက်နိုင်သော အနေ အထားထက်ပိုပြီး ရှမ်းမြောက်ဒေသရှိ စစ် ကောင်စီ တပ်စခန်းများ၊ မြို့နယ်များကို သိမ်း ပိုက်နိုင်ခဲ့ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာ မိတ်တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသော မြို့နယ် အတော်များများသည် Kachin Sub-State အတွင်းရှိ မြို့နယ်များပို၍များပြား သည်ကိုလည်းတွေ့ရှိရသည်။
#Kachin_Sub_State_KIA_နှင့်မဟာမိတ်တပ်ဖွဲ့တွေကြားပဋိပက္ခ
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး
PSLF/TNLA ၏ နိုင်ငံရေးရည်မှန်းချက်တွင် တအောင်းပြည်နယ်ရရှိရေးသည် အန္တိမပန်း တိုင်ဖြစ်သည်။ တအောင်းပြည်နယ် အဖြစ် သတ်မှတ်ထားသော နယ်မြေတွင် ရှေးပဝေ သဏီ ကတည်းက ရှမ်းမြေဖြစ်ခဲ့သောဒေသ နှင့် ကချင်ဒူဝါများအုပ်ချုပ်စီမံခဲ့သော ကချင် ဒေသ အမြောက်အမြားပါဝင်နေသည်ကို တွေ့ရှိရသည်။
ထိုသို့ တအောင်းပြည်နယ် ရရှိရေးရည်မှန်း ချက် ပန်းတိုင်ကြောင့်ပင် အတူနေတိုင်းရင်း သား ညီအစ်ကိုများအကြားမလိုလားအပ် သော ပဋိပက္ခများ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
မြို့၊ ကျေးရွာများ၌ တပ်စွဲထားသော KIA တပ် ဖွဲ့များကို ထွက်ခွာရန် TNLA တပ်ဖွဲ့ကဖိအား ပေးခြင်းမျိုးများ နေရာအနှံ့ဖြစ်ပွားလျက်ရှိနေ သည်။
KIA အနေဖြင့် မဟာမိတ် တပ်ဖွဲ့များနှင့် မလိုလား အပ်သော ပြဿနာများ မဖြစ်စေရန် အထိုက်အလျောက် လိုက်လျောမှုများရှိခဲ့ သည်။ KIA ဗဟိုမှလည်း မဟာမိတ်အချင်း ချင်းကြား သည်းခံဖို့ရန် အောက်ခြေအဆင့်ထိ အဆင့်ဆင့် အမိန့်ထုတ်ပြန်ထားမှု ရှိပေသည်။
လက်ရှိ ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် TNLA, MNDAA တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်း ပိုက်ထားသော နယ်မြေအားလုံး၏ သုံးပုံ နှစ်ပုံ သည် ယခင်က KIA ထိန်းချုပ်ရာ နယ်မြေများ ဖြစ်သည်။ ထို့ကြောင့် ယင်းနယ်မြေများ၌ KIA တပ်ဖွဲ့များ ပုံမှန်သွားလာလှုပ်ရှားလျက်ရှိရာမှ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မဟာမိတ်တပ် MNDAA, TNLA တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့တို့ အကြား မကြာခဏ အငြင်းပွားမှုများ၊ အချင်းများမှုများ ရှိလာရသည်။
ထိုသို့ မလိုလားအပ်သော ပြဿနာအသေး အဖွဲများမှ တဆင့် ကြီးမားသောပြဿနာများ ဆင့်ကဲ ဖြစ်ပေါ်လာမှု မရှိစေရန် KIO/KIA က သတိထားကိုင်သွယ်လျက်ရှိနေ သည်ကိုတွေ့ရ သည်။
#ရှမ်းမြောက်Kachin_Sub_State_ဒေသနှင့်ပတ်သက်၍KIO/KIA၏သဘောထား
မြန်မာနိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ အတော်များများသည် KIO/KIA နှင့် ပတ်သက်ဆက်နွယ်လျက်ရှိသည်။