MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.9K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from DVB TV News
နေပြည်တော်ရှိ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်တုန်းက ဘုရားလုံခြုံရေး အကြောင်းပြပြီး ဖယ်ပေး လိုက်ရတဲ့ သဲဖြူရွာက ဒေသခံအများစု မြေနေရာ အစား ပြန်မရသေးဘဲ လမ်းဘေးမှာ ဖြစ်သလို နေထိုင်နေ ရပါတယ်။
#dvbtvnews #မာရဝိဇယဘုရား #myanmar
https://youtu.be/-JIDzSKTUZY
Forwarded from DVB TV News
Burma Act နဲ့ဆက်စပ်တဲ့ မြန်မာ့အရေးငွေကြေးထောက်ပံ့မှုပမာဏကို လာမယ့် နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော် ၂ရပ်က အတည်ပြုဆုံးဖြတ်ဖို့ရှိနေပြီး အကူအညီတွေပိုရလာအောင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တွန်းအားပေးဆောင်ရွက်နေပါတယ်။
#dvbtvnews #burmaact #myanmar
https://youtu.be/8_01QyV2jJw
"ကျနော့်ရဲဘော်တွေ ဆုံးရှုံးသွားတယ် ကျနော်ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ ဘဝကြီးက လုံးဝ ပျောက်ထွက်သွားတယ်။ ဒါပေမယ့် ကင်မရာစကိုင်ရတဲ့နေ့က ဖီလင်က အရမ်းမိုက်တယ်။ ရိုက်ကူးရေး လုပ်ရတဲ့အချိန်မှာ ဘဝက အာကသထဲကို ရောက်သွားသလိုပဲ"

လက်နက်ကိုင် တိုက်ပွဲဝင်ရင်း ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပေမယ့် တော်လှန်ရေးအပေါ် ယုံကြည်ချက် တစက်လေးမှ မလျော့ပဲ တော်လှန်ရေး အောင်ပွဲဖြင့် နေအိမ်ပြန်ရမည့်နေ့ကို ကြိုးစားလျှောက်လှမ်းနေသည့် ဘဝကို ရိုက်ကူးပုံဖော်ထားသည့် "A Step to Home" ၂၀၂၃ ခုနှစ် ဒီဗွီဘီရုပ်သံမှတ်တမ်းပြိုင်ပွဲဝင် ဇာတ်ကား DVB TV တွင် ဒီနေ့ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/UIawV8lrMwk

#dvbtvnews #DVBShortDoc #myanmar #AStepToHome
Forwarded from DVB TV News
ဒီမော့ဆိုကို ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ လေယာဉ်ပျံသန်းမှုမရှိဘူးလို့ စစ်ကောင်စီတပ်က ငြင်းဆိုပေမယ့် ကိုယ်တိုင် မြင်ရတဲ့ သက်သေတွေ အများကြီးရှိတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေက ပြောပါတယ်။
#dvbtvnews #ဒီမော့ဆို #သက်သေ #myanmar

https://www.youtube.com/watch?v=CC-hRURg7Yg
Forwarded from DVB TV News
ထိုင်းမြန်မာနယ်စပ် မြန်မာဖက်ခြမ်းမှာ လူ ၂ သောင်းခိုလှုံနေထိုင်နိုင်မဲ့ စစ်ရှောင်စခန်း ၃ ခု ဖွင့်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မဲဆောက်မြို့ကို ရောက်ရှိစဉ်ပြောကြားလိုက်ပါတယ်။
#dvbtvnews #ထိုင်းမြန်မာနယ်စပ် #စစ်ရှောင်စခန်း #myanmar

https://www.youtube.com/watch?v=FKwk2yKRn5A
Forwarded from DVB TV News
တိုင်းရင်းသားအားလုံး ပါဝင်ပြီး ရေးဆွဲကြမယ့် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ပထမမူကြမ်းကို မကြာခင်မှာ ရေးဆွဲတော့မှာ ဖြစ်သလို အသွင်ကူးပြောင်းရေးကာလ ရောက်ပြီလို့ သတ်မှတ်ကြတဲ့နေ့မှာ အဲဒီမူကြမ်းကို အတည်ပြုပြီး လိုအပ်တဲ့အချက်တွေ ထပ်ပြီး ပြင်ဆင်ကြဖို့ သဘောတူထားကြပြီလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီက ပြောပါတယ်။
#dvbtvnews #ကြားကာလဖွဲ့စည်းပုံ #ဥပဒ#myanmar

https://www.youtube.com/watch?v=Sgb_a9KOVrk]
Forwarded from DVB TV News
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီ တိုက်နံပတ် ၆ မှာပြောင်းရွှေ့ထားတယ်လို့ နေပြည်တော် အချုပ်ထောင်နဲ့နီးစပ်သူက ပြောပါတယ်။ ခြံနံပတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထက်ဝက်မကလျှော့ချသတ်မှတ်ဖို့ ဦးအောင်ဆန်းဦးက တရားရုံးမှာ အဆိုပြုချက်တင်သွင်းထားပါတယ်။
#dvbtvnews #ဒေါ်အောင်ဆန်းစုကြည် #myanmar
https://youtu.be/BZ0-OsyUzXc
Forwarded from DVB TV News
အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောတာဟာ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့နဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်ဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေဘက်က သုံးသပ်ပါတယ်။

#dvbtvnews #ရွေးကောက်ပွဲ #Myanmar

https://youtu.be/XrYrzCpRKVc