MSI - MYANMAR SOCIETY INFORMATIONS
27.1K subscribers
89.7K photos
3.43K videos
140 files
16.8K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from The Irrawaddy - Burmese
နေပြည်တော်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တာက ပင်လောင်း၊ နောင်တရားပေါ့၊ ပင်လောင်းကနေ တောက် လျောက်ဆင်းလာရင် နေပြည်တော်ရောက်တာကိုး။ ပင်လောင်းမှာ ပအိုဝ်းပြည်သူ့စစ်တွေကို အတင်းလေ့ကျင့်ပေးတယ် ဆိုတာက နေပြည်တော်အတွက် ခံစစ်ပြင်တာ။ နေပြည်တော် မကျရေးအတွက် ပင်လောင်း၊နောင်တရားရယ် လွိုင်ကော် ရယ်ကို ခံစစ်ပြင်နေတာ

Website တွင် ဖတ်ရန် https://bit.ly/4dKEc4Y
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားက သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီခေါင်းဆောင်ထံ နေပြည်တော်မှ ဗုဒ္ဓဟူးနေ့က ပေးအပ်တဲ့အခါ မင်းအောင်လှိုင်က သူ့ရဲ့စစ်ကောင်စီဟာ မြန်မာက တရုတ် စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်ပေးမယ်လို့ ပြောတဲ့အကြောင်း မြန်မာက တရုတ်သံရုံးက ဖေါ်ပြခဲ့ပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/4cHEJn0
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား အမျိုးသားများ ရပ်/ကျေးအဆင့် ပြည်သူစစ်များဖွဲ့ရန် ညွှန်ကြား

ဧရာဝတီ ၊ သြဂုတ် ၂၄ ၊ ၂၀၂၄

စစ်ကောင်စီသည် ဩဂုတ်လ၁၆ရက်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအမည်ဖြင့် ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် လုံခြုံရေး အကြောင်းပြကာ အသက် ၃၅ နှစ်မှ ၆၅ နှစ် အရွယ်ရှိ အမျိုးသား ၁၀ ဦး ပါအစုအဖွဲ့တခုစီ ရပ်ကွက်ကျေးရွာတိုင်း၌ ဖွဲ့စည်းရန် ဩဂုတ်လ၂၃ရက်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် ပြည်သူ့လုံခြုံရေးခေါင်းစဉ်တပ်ကာ ပြည်သူ့စစ်ဖွဲ့သော သဘောရှိကြောင်းနှင့် စစ်သင်တန်းပေးသွားမည်ဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ရေးကျွမ်းကျင်သူတဦးက "ပြည်သူ့စစ်မဟာဗျူဟာအရ နိုင်ငံလုံခြုံရေးကို အကောင်အထည်ဖော်ရာမှာ ပြည်သူက အမှန်တကယ် ယုံကြည်ပြီး လိုက်ပါလုပ်ဆောင်မှသာ အောင်မြင်ပါတယ်၊ တော်လှန်ရေးကာလအတွင်း ပြည်သူများအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ရပ်တည်ကြတာမို့ တော်လှန်ရေးအင်အားစုတွေဘက်ကသာ ပြည်သူ့စစ်မဟာဗျူဟာကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီသတင်းကို အချိန်နဲ့တပြေးညီ တော်လှန်ရေးအင်အားစုတွေဘက်က ရနေပြီး တော်လှန်ရေးအင်အားစုတွေရဲ့သတင်းကို စစ်ကောင်စီဘက်က ရရှိမှု‌နည်းပါးတာဟာ လက်တွေ့ပဲ"ဟု ဆိုသည်။

ထိုကဲ့သို့ ပြည်သူ့စစ်မဟာဗျူဟာပိုင်း အားသာနေသည့်တော်လှန်ရေးအင်အားစုများကို တန်ပြန်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီ၏တပ်နယ်မှူးရုံးများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (မစဖ)၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ (ခစဖ) ၊ ထွေအုပ်ရုံးများကတဆင့် ဖိအားပေးပြီး ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ဗဟိုကြီးကြပ်မှုအဖွဲ့တွင် စစ်ကောင်စီ၏ မပခတိုင်းမှူးနှင့်ကစထ၁မှူးတာဝန်‌များ ယူခဲ့ဖူးသည့် နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့်ပြည်ထဲရေးဒုဝန်ကြီးများကို ဒုဥက္ကဋ္ဌနေရာများပေးထားပြီး ရဲချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ နယ်လုံဝန်ကြီးများ၊ ထွေအုပ်၊မီးသတ်စသည်တို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားကြောင်း သိရသည်။

ပုံစာ - ပြည်သူ့စစ်သင်တန်း တခုတွင်တွေ့ရသော သင်တန်းသားများ / CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ဒေါ်ရတီအုန်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကထိက/ဌာနမှူးတဦးဖြစ်ပြီး သူနေ့စဉ်ထိတွေ့ ကိုင်တွယ်ရသည်မှာလည်း စက်မှုပစ္စည်းများ ဖြစ်သည်။ အသက် ၄၀ ကျော်အရွယ် အင်ဂျင်နီယာ ဆရာမတဦးအတွက် တော်လှန်ရေး သားဖွားဆရာမ အလုပ်သည် မည်သို့မျှ ဆက်စပ်ပတ်သက်ခြင်း မရှိခဲ့။ ဒေါ်ရတီအုန်းက စစ်ကောင်စီကို အောက်ပါအတိုင်း သတင်းစကားပါးလိုက်သည်။ “မင်းတို့လည်း လုပ်ချင်တာလုပ်၊ ငါတို့လည်း နောက်မဆုတ်ဘူး”

Website တွင် ဖတ်ရန် https://bit.ly/3yUi8pv
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
တောင်ငူမြို့ရိုးနှင့် နန်းတော်ရာတူးဖော်ရန် စစ်ခေါင်းဆောင် ညွှန်ကြား

ဧရာဝတီ ၊ သြဂုတ် ၂၄ ၊ ၂၀၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယမန်နေ့ တောင်ငူခရီးစဉ်အတွင်း တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော်ရာ နေရာများကို ပြန်လည်ဖော်ထုတ်သွားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ခရီးစဉ်အား အနီးကပ် လုံခြုံ‌ရေး အထူးလုံခြုံရေးတပ်ဖွဲ့ဝင်များ တင်းကျပ်စွာ ချထားသည်ကို သတင်း ဓာတ်ပုံများ၌ ပူးတွဲဖော်ပြခဲ့သည်။

သမိုင်းကြောင်းအရ အစဉ်လာရှိသော တောင်ငူနန်းတော်ရာမြေကို ယတြာအရလာနင်းခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး အင်အားစုဘက်မှ ခေတ်မီစစ်လက်နက်များ ထုတ်သုံးလာချိန် စစ်ခေါင်းဆောင်မှာမူ သမိုင်းနှင့် ဗေဒင်အဝန်းအဝိုင်းထဲက ရုန်းမထွက်နိုင်သေးကြောင်း ဝေဖန်မှုများ ရှိနေကြသည်။

ပုံစာ - စစ်ခေါင်းဆောင်၏ တောင်ငူခရီးစဉ်

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများမှ ရရှိသော ရာဇဝတ် အကျိုးအမြတ်များကို အသုံးပြီး စတားစီးတီးတွင် သုံးသည်ဆိုသည့် အချက်ကို Yoma က ပြတ်သားစွာငြင်းဆိုသည်။ အိမ်ခြံမြေ ဝယ်ယူသူအချို့သည် မသမာသောနည်းဖြင့် ရထားသော အကျိုးအမြတ်များဖြင့် ဝယ်ယူမှုဖြစ်နိုင်ပါသလားဟု ဧရာဝတီ သတင်းဌာနက မေးမြန်းသောအခါ ၎င်းတို့၏ အဖြေကို ၂ နာရီကျော်တိုးချဲ့စောင့်ဆိုင်းခဲ့သော်လည်း Yoma က ပြန်လည်ဖြေကြားခြင်း မရှိပေ။

Website တွင် ဖတ်ရန် https://bit.ly/4dTv9hY
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
သပိတ်ကျင်းကို PDF သိမ်း၊ ဒု ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းထား

ဧရာဝတီ၊ ဩဂုတ် ၂၆၊ ၂၀၂၄

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့အား အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) လက်အောက်ရှိ အမှတ် ၁ စစ်ဒေသနှင့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိထားကြောင်း ယနေ့ ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့ကို ဩဂုတ် ၁၇ ရက်က စ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဩဂုတ် ၁၉ ရက်တွင် မြို့အား တိုက်ခိုက်သိမ်းပိုက် နိုင်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက် လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဩဂုတ် ၂၅ ရက်တွင် သိမ်းနိုင်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ ကျော်ကြဲချခြင်း၊ Y-12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက် ခိုက်၍ Mi-35 ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ လေကြောင်းတိုက် ခိုက်မှုများ အပြင်းထန်လုပ်ဆောင်သည့်ကြားမှ မြို့ကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း အမှတ် ၁ စစ်ဒေသက ပုံများနှင့်တကွ ထုတ်ပြန်သည်။

သပိတ်ကျင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- အမှတ် ၁ စစ်ဒေသ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားသွားပြန်

ဧရာဝတီ၊ ဩဂုတ် ၂၆၊ ၂၀၂၄

စစ်ကောင်စီ ရှုံးနိမ့်နေချိန် ရှရှားနိုင်ငံအနေဖြင့် စစ်ရေးအကူအညီများပေးရန် တောင်းဆိုခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ရှရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် International Municipal BRICS Forum(2024) သို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီအနေဖြင့် ဇူလိုင် ၃၀ ရက်က နေပြည်တော်ဌာနချုပ်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ သတင်းအေဂျင်စီ Rossiya Segodyna ၏ အာဆီယံသတင်းထောက်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ရှရှားက မြန်မာပြည်တွင်းပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် လက်ခံပြီး ပူးပေါင်းပါဝင်တိုက်ခိုက်ပေးရန် တောင်းဆိုခဲ့မှုကို ရှရှားသတင်းဌာနတခုဖြစ်သည့် SPUTNIK ဩဂုတ် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

ရှရှားနိုင်ငံမှ စစ်ရေးအကူအညီပေးရန် တောင်းဆိုခဲ့ရာတွင် “အရေးကြီးတဲ့ပြဿနာက အကြမ်းဖက်နှိမ်နှင်းရေးပေါ့၊ အကြမ်းဖက်မှုနှိမ်နှင်းရေးအတွက် တာဝန်ရှိတဲ့ လူတွေနဲ့ အဖွဲ့အစည်း အချင်းချင်း ပိုပြီး နီးနီးစပ်စပ် နီးနီးကပ်ကပ် ဆောင်ရွက်ပေးဖို့ သင့်ပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ် သည်။

ဓာတ်ပုံ- USDP
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့တခုသည်လည်း တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်တွင် ကျည်ဆံအစစ်ဖြင့် စစ်ရေးလေ့ကျင်မှုတခုကို သြဂုတ်လ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းကိုလည်း တရုတ်စစ်တပ်၏ သီးခြားကြေညာချက်တစောင်အရ သိရသည်။

Website တွင် ဖတ်ရန် https://bit.ly/3MrMra5
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
တောင်သာဘက်ကနေ မိတ္ထီလာကိုလာမယ်ဆိုရင် ကြားထဲမှာ မလှိုင်တို့ ပန်းအိုင်တို့ပဲ ရှိတော့တယ်။ တောင်သာမြို့ထဲထိ တိုက်ပွဲမဖြစ်သေးပေမယ့် ပျူစောထီးအား ကောင်းတဲ့ရွာတွေ ဆက်တိုက် တိုက်ခံရတယ်။ တိုက်ပွဲ တွေက မလှိုင်ဘက်ထိ ရောက်လာတယ်၊ မိတ္ထီလာက မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း ဗဟိုချက်မကျတဲ့ မြို့ဖြစ်သလို တပ်မြို့လည်း ဖြစ်တယ်

Website တွင် ဖတ်ရန် https://bit.ly/3X805V7
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR