MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from The Irrawaddy - Burmese
တရုတ်နိုင်ငံသားများပါသည့် မန္တလေးအခြေစိုက် လူကုန်ကူးဂိုဏ်း ဖမ်းမိ

ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၄

မန္တလေးမြို့၌အခြေစိုက်ပြီး မြန်မာမိန်းကလေးများအား တရုတ်မယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးလှုပ်ရှားနေသည့် လူကုန်ကူးဂိုဏ်းတခုအား အောက်တိုဘာ ၂၄ ရက်တွင် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ ရက်နံနက်ပိုင်းက မန္တလေးလေဆိပ်မှ ထိုင်းနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်ဆိုသူနှင့် အမျိုးသမီးငယ်သုံးဦးကို မသင်္ကာဖွယ်တွေ့ရှိစစ်ဆေးရာမှ လူကုန်ကူးဂိုဏ်းအား ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့စည်းရုံးထားသော အမျိုးသမီး ၁၄ ဦးအား ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

လူကုန်ကူးဂိုဏ်းအား ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားဆိုသူက ဦးဆောင်ပြီး ပါဝင်ပတ်သက်သူများဖြစ်သော ချစ်ထူးနှင့်၎င်း၏ဇနီး ဖြိုးဖြိုးဝေ၊ တရုတ်နိုင်ငံသားများဖြစ်သည့် ကောင်းဖိန်းရင်၊ လင်ကျန်းနှင့်၎င်း၏မိခင် လင်မန်ဖန်တို့အား ဖမ်းမိထားကာ မေထက်နိုင်ဦး(ခ)မထက်နှင့် ဇင်သူခိုင်ဆိုသူတို့အား ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။

၎င်းတို့သည် ဖေ့ဘုတ်နှင့် TikTok လူမှုကွန်ရက်များမှတဆင့် စည်းရုံးကာ မန္တလေးမြို့ ၈၆ လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ သုံးထပ်တိုက်တလုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ × ၁၁၆ လမ်းကြားရှိ နေရာတို့တွင် အမျိုးသမီးငယ်များအား စုစည်းထိန်းချုပ်ထားခဲ့ပြီး တရုတ်မယားအဖြစ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများအား ပြည်ကြီးတံခွန်မြို့မရဲစခန်းနှင့် တံတားဦးလေဆိပ်နယ်မြေရဲစခန်းတို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုလေးမှုဖွင့်ထားကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသော ဖမ်းဆီးရမိသူများနှင့် လူကုန်ကူးခံရသူများ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
၂၀၄၅ အထိ ရေးဆွဲထားသည့်စီမံချက်များ အာဆီယံ၌ စစ်ကောင်စီ ကိုယ်စားလှယ် ဆွေးနွေး

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၄

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်၍ ၂၀၄၅ မဟာဗျူဟာစီမံချက် ရေးဆွဲရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

ဗီယက်နမ်နိုင်ငံ၊ ဟွိုင်အန်းမြို့၌ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ ၁၇ ကြိမ်မြောက် အစည်းအဝေးနှင့် အာဆီယံ အသိုက်အဝန်းလမ်းပြမြေပုံ (၂၀၂၅) အား ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံမျှော်မှန်းချက် ၂၀၄၅ ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများသို့ စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဝါဝါမောင် ဦးဆောင် တက်ရောက်ကာ ဆွေးနွေးခဲ့သည်။

ဒေါက်တာ ဝါဝါမောင်က အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှု- ယဉ်ကျေးမှု၊ ဒေသတွင်း ဆက်သွယ်ရေးဆိုင်ရာ မဟာဗျူဟာများနှင့် အာဆီယံပေါင်းစည်းရေး ကနဦးအစီအစဉ်တို့၏ အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) နှင့် မဟာဗျူဟာစီမံချက်များ ရေးဆွဲရေးလုပ်ငန်း စဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ စသည်တို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းများကို အရေအတွက်ပြည့်မီစေရန်သာ အပေါ်ယံ၌ အကောင်အထည်ဖော်ခြင်းမျိုးမဖြစ်စေဘဲ အာဆီယံနိုင်ငံများ၌ မှီတင်းနေထိုင်ကြသော အလွှာအသီးသီးရှိ သာမန်ပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်းများအဖြစ် ဖော်ဆောင်ရန်အရေးကြီးကြောင်း၊ သို့မှသာ အာဆီယံခေါင်းဆောင်များ ချမှတ်ထားသည့် “ပြည်သူဗဟိုပြုအာဆီယံ” ရည်မှန်းချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့သည်။

ယင်းမဟာဗျူဟာစီမံချက်များကို ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း အတည်ပြုနိုင်ရေးအတွက် ရေးဆွဲဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- MOI
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ရိုဟင်ဂျာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်ဆိုသူကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၄

ရိုဟင်ဂျာ ရွှေ့ပြောင်းဒုက္ခသည် ၂၆ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခေါ်ယူရာ၌ ၃ ဦး အသက်ရှုကျပ် သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး လူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့ ထိုင်းလူမျိုးတဦးနဲ့ အပေါင်းအပါနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲ (ATPD) က ရဲတွေဟာ သောကြာနေ့က ချန်ထဘူရီမှာ အသက် ၃၀ အရွယ်ရှိ Somkiart Samphaothong၊ Natthawut Niamthong (၂၀ နှစ်) နဲ့ Phongphitsanu Samphaothong (၂၀ နှစ်) တို့ကို ဘန်ကောက်မှာ ဖမ်းမိခဲ့တယ်လို့ ဌာနခွဲကွပ်ကဲရေးမှူး Sarut Kwaengsopha က ပြောပါတယ်။

၎င်းတို့သုံးဦးဟာ တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်တွေကို နိုင်ငံထဲဝင်ရောက်အောင် ကူညီပေးမှုနဲ့ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်မှာ လန်ဆွမ်တရားရုံးက ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းအရ အလိုရှိနေသူတွေလည်း ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အရင်ကလည်း ထိုင်းလူမျိုးနှစ်ဦးကို ဖက်ချန်ဘူရီမှာ ဖမ်းမိခဲ့ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကနေ တာ့ခ်ခရိုင် မဲဆောက်နယ်စပ်ကနေ ဝင်လာတဲ့ ရိုဟင်ဂျာ ၂၆ ဦးကို တောင်ပိုင်း ဆွန်ခလာပြည်နယ်ကို ပို့ဆောင်ဖို့ ပစ်ကပ်ကားသုံးခဲ့ပြီး လေဝင်လေထွက်မရှိ ပိတ်လုံနေခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ရိုဟင်ဂျာ ၃ ဦးကို ချွမ်ဖွန်ပြည်နယ်မှာ စွန့်ပစ်ထားခဲ့ကြောင်း စရွတ်က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က Somkiart ဟာ အခြားထိုင်းလူမျိုးတဦးရဲ့ ညွှန်ကြားချက်အရ ဒီလုပ်ငန်းကို စီစဉ်ခဲ့တာ ဖြစ်ကြောင်း၊ သူ့လက်အောက်ငယ်သားတွေကို ဘန်ကောက် ရွမ်ကလောဒေသက ရွှေ့ပြောင်းဒုက္ခသည်တွေကို တောင်ပိုင်း ပို့ဆောင်ဖို့ အမိန့်ပေးခဲ့ကြောင်း ဆိုထားပါတယ်။ ရိုဟင်ဂျာတွေဟာ အဲဒီကနေတဆင့် အလုပ်အကိုင်ရှာဖွေဖို့ မလေးရှားနိုင်ငံကို ဆက်သွားဖို့ စီစဉ်နေကြတာပါ။

Somkiart ဟာ သူ့လက်အောက်ငယ်သားနှစ်ဦး အဖမ်းခံရတာကို သိပြီးနောက် စွမ်ကျက်ဟာ ချန်ထဘူရီကို ထွက်ပြေးခဲ့ပြီး ကန်းဟန်မဲဝ်ခရိုင် ခေါင်ဆစ်ဟာချန် အမျိုးသားဥယျာဉ်တွင်းက ဒူးရင်းခြံထဲက ယာယီဆောက်ထားတဲ့ အိမ်တလုံးမှာ ပုန်းအောင်းနေတာကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးမေးမြန်းရာမှာ Somkiart ဟာ ရိုဟင်ဂျာတဦးချင်းစီအတွက် ဘတ် ၃,၀၀၀ ရကြောင်း၊ သူ့လက်အောက်ငယ်သားတွေကို တရက် ဘတ် ၅၀၀ ကနေ ၁,၀၀၀ အထိပေးပြီး ရွှေ့ပြောင်းဒုက္ခသည်တွေဖို့ ဈေးပေါတဲ့ ဟိုတယ်တခုရှာရန် စေခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် Somkiart နဲ့ သူ့လက်အောက်ငယ်သားတွေရဲ့ ဘဏ်အကောင့်တွေထဲမှာ ဘတ်သန်းပေါင်းများစွာ လည်ပတ်နေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး သူတို့အားလုံးကို ဥပဒေအရ အရေးယူဖို့ လန်ဆွမ်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

သံသယရှိသူတွေဟာ ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံထဲသွင်းယူပြီး တောင်ပိုင်းကနေတဆင့် မလေးရှားနိုင်ငံမှာအလုပ်အကိုင် အခွင့်အလမ်းတွေရှိကြောင်း သွေးဆောင်ကာ ပို့ဆောင်နေတဲ့ လူကုန်ကူးဂိုဏ်းကြီးတခုရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်း စရွတ်က ပြောပါတယ်။

ဒီလူကုန်ကူးမှုရဲ့ နောက်ကွယ်က အဓိလူကို ဖမ်းဆီးဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - Bangkok Post

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
စစ်ခေါင်းဆောင်ခရီးစဉ်မတိုင်မီ ခရိုနီများ ကူမင်းသွား

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်မတိုင်မီ စစ်ကောင်စီနှင့် နီးစပ်သည့် တရုတ်အနွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် ရှောက်စန်း အပါအဝင် ခရိုနီများ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ကြိုတင်သွားရောက်ကြောင်း သိရသည်။

သို့သော် တရုတ်အစိုးရနှင့် နီးစပ်သည့် Asia World ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင် ပါမပါကိုမူ မသိရသေးပေ။

စစ်ခေါင်းဆောင်သည် လာမည့် နိုဝင်ဘာ ၆ ရက်၊ ၇ ရက် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (GMS)၊ ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး (ACMECS) နှင့် ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာ-လာအို- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (CLMV) တို့ကို တက်ရောက်မည်ဟုလည်း စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။

၎င်း၏ ခရီးစဉ်ကို နိုဝင်ဘာ ၅ ရက်တွင် စတင်မည်ဖြစ်ပြီး တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန်ရှိကြောင်း၊ ရှန်ဟိုင်းမြို့သို့ သွားရောက်ကာ တရုတ် စီးပွားရေးလုပ်ငန်းရှင်များ၊ လုံခြုံရေးဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ယခုကြိုတင်သွားရောက်သည့် ရွှေသံလွင်ကုမ္ပဏီ ဦးကျော်ဝင်းမှာ မီဒီယာလုပ်ငန်းများဖြစ်သည့် Shwe FM၊ SKY Net ရုပ်သံလိုင်းတို့ လုပ်ကိုင်သလို ရွှေဘဏ် (Shwe Bank) ကိုလည်း တည်ထောင်ထားပြီး ကျောက်မျက်နှင့် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည်။

ရှောက်စန်းမှာမူ မြန်မာစစ်ဗိုလ်ချုပ်များနှင့် နီးစပ်ပြီး ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင် တဖက်ကမ်း အေးရွာတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်း၌ မြန်မာ့စေတနာကုမ္ပဏီဟု ဖွဲ့စည်းကာ နောက်ကွယ်မှ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေရာ ပြီးခဲ့သည့်အပတ်က စစ်ထောက်လှမ်းရေးဟောင်းများဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း လှမင်းတို့ ဦးဆောင်သည့်အဖွဲ့ ဘေဂျင်းသို့သွားကာ တရုတ်အစိုးရ မူဝါဒရေးရာအကြံပေးအဖွဲ့နှင့် တွေ့ဆုံခဲ့သေးသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ကူမင်း GMS အစည်းအဝေး တရုတ်ဝန်ကြီးချုပ် လီချန် ဦးဆောင်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၄

ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပမည့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) ကို တရုတ်ဝန်ကြီးချုပ် လီချန် ကြီးမှူး၍ ကျင်းပမည်ဖြစ်ကြောင်း တရုတ်သံရုံးက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ အစည်းအ​ဝေးကို လာမည့် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကူမင်းမြို့၌ ကျင်းပမည်ဖြစ်ကာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်စသည့် မဲခေါင်ဒေသနိုင်ငံများမှ ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌတို့ တက်ရောက်မည်ဖြစ်သလို မြန်မာနိုင်ငံအနေဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ် သည်။

ထို့ပြင် တရုတ်ဝန်ကြီးချုပ် လီချန်နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံကာ မကြာမီကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ရှင်းလင်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

စစ်ကောင်စီကို နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများမှ အသိအမှတ်မပြုရေး တောင်းဆိုနေကြချိန်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံက ဖိတ်ကြား တက်ရောက်ခွင့်ပြုသည့်အပေါ် မြန်မာပြည်သူများကြား ဝေဖန်မှုများလည်း ရှိနေသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
MSI - MYANMAR SOCIETY INFORMATIONS
Photo
စစ်ခေါင်းဆောင်ခရီးစဉ်အတွင်း တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့် တွေ့ပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၄

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက်မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး တက်ရောက်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်အစောပိုင်းတွင် နေပြည်တော်မှ ထွက်ခွာ၍ ကူမင်းမြို့သို့ ရောက်ရှိပြီးနောက် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ အခြေခံအဆောက်အဦများ တည်ဆောက်ရန် ဘိလပ်မြေ လိုအပ်ချက် များစွာရှိနေသည့်အတွက် ဘိလပ်မြေစက်ရုံ တည်ထောင်ရန် အခွင့်အလမ်းများ ရှိနေကြောင်း လုပ်ငန်းရှင်များအား စည်းရုံးခဲ့သည်။

၎င်းက “ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရာမှာ လိုအပ်တဲ့ ဘိလပ်မြေများကိုလည်း ပြည်တွင်းမှာ လုံလောက်အောင် မထုတ်လုပ်နိုင်သေးတာကြောင့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍမှာလည်း အခွင့်အလမ်းကောင်း များစွာ ရှိနေပါတယ်၊ မြန်မာနိုင်ငံမှာ ဘိလပ်မြေထုတ်လုပ်ဖို့အတွက် အခြေခံကုန်ကြမ်းတွေဖြစ်တဲ့ ထုံးကျောက်၊ ဂျစ်ပဆင်ကျောက်နဲ့ ဂေါ်ဒန်ကျောက်များ ပေါကြွယ်ဝပါတယ်”ဟု ပြောသည်။

အဋ္ဌမအကြိမ်မြောက်မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ယခု အစည်းအဝေးသည် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ပုံစာ-စစ်ခေါင်းဆောင် ယနေ့ နံနက် တရုတ်သို့ ထွက်ခွာစဉ်နှင့် လုပ်ငန်းရှင်များနှင့် အစည်းအဝေးကျင်းပနေစဉ်

#WhatsHappeningInMyanmar
#RejectMilitaryCoup
Forwarded from The Irrawaddy - Burmese
Black List စာရင်းဝင်သူများ ပြည်ပထွက်ခွာခွင့် မပြုရေး သေချာ စိစစ်ရန် လဝက ဝန်ကြီး ညွှန်ကြား

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၄

အပြည်‌ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြည်ပထွက်ခွာသူများတွင် Black List (အမည်မည်းစာရင်း) ပါသူများ ထွက်ခွာခွင့် မပြုရေး အလေးထားဆောင်ရွက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားခဲ့ကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖော်ပြသည်။

နိုဝင်ဘာ ၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သွားရောက်၍ လေဆိပ်ရှိ CIP Lounge အစည်းအဝေးခန်းမ၌ လဝက ဝန်ထမ်းများကို တွေ့ဆုံခဲ့စဉ် အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့် မပြုမိစေရန် စနစ်တကျ စိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်းစာရင်း မရှိသူများကို မှားယွင်းတားဆီးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင် ရွက်နိုင်ရေး၊ နည်းပညာတတ်ကျွမ်းနားလည်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံ ရေးအသိ၊ လုံခြုံရေး သတိအမြဲရှိစေရန်လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။

မြန်မာနိုင်ငံမှ နာမည်ကြီး ထင်ရှားကျော်ကြားသော ကုန်သည်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ထွက်ခွာလိုပါက ထွက်ခွာလိုသည့် အကြောင်းအရာကို စစ်ကောင်စီထံ တင်ပြ အကြောင်းကြား ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ မန္တလေးမြို့မှ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် လုပ်ဆောင်ခဲ့သဖြင့် လေဆိပ်တွင် ပတ်စ်ပို့သိမ်း၍ အိမ်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် MAI လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သု၀ဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ရန် လေဆိပ်သို့ ရောက်ရှိစဉ် ၎င်း၏ နိုင်ငံကူးလက်မှတ်အား သိမ်းဆည်း၍ နေအိမ်သို့ ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်။

"ဦးအောင်နဲ့ ပတ်သက်ပြီးတော့ ပတ်စပို့သိမ်းပြီး အိမ်ပြန်ခိုင်းတယ်ဆိုတာမျိုးတော့ သတင်းကြားရတာမျိုးပဲ ရှိတယ်၊ အခုက ကြိုတင် ခွင့်ပြုချက် မတောင်းလို့ ပတ်စ်ပို့အသိမ်းခံရတာလို့တော့ ပြောနေကြတာပဲ၊ ဦးအောင်က အရင်ကတည်းက ထိုင်းကို အခုလိုမျိုး မကြာခဏ သွားနေတာပဲလေ၊ အခုမှ ဘာကြောင့်ခွင့်မပြုတာလဲဆိုတာတော့ မသိရဘူး”ဟု နီးစပ်သူတဦးက ပြောသည်။

ဦးအောင်ဆန်းဝင်းအပါအဝင် ရွှေဆိုင်ပိုင်ရှင်များ၊ နိုင်ငံခြားငွေလဲလှယ်သူ ၁၁ ဦးကို ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်စေရန် ဆောင်ရွက်မှု၊ ရွှေစျေးကစားမှုများဖြင့် စစ်ကောင်စီက ဖမ်း၀ရမ်း ထုတ်၍ ပြည်ပထွက်ခွာခွင့် ပိတ်ကာ အမည်မည်းစာရင်း(Black List) သွင်းထားကြောင်း သိရသည်။

၎င်းတို့အား ပြီးခဲ့သည့် ဇွန်လ ၂ ရက်က ဖမ်း၀ရမ်းထုတ်ခဲ့သလို ရွှေကုန်သည်နှင့် ဝယ်ရောင်း ၂၁ ဦးကိုပါ ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ထိုသို့ ဖမ်းဝရမ်းထုတ်ခံထားရသူများ ပြင်ပတွင် လွတ်လပ်စွာ သွားလာနေမှုနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် “နိုင်ငံတော်က ဝရမ်းထုတ်ထားသော်လည်း ဥပဒေအထက်မှာ နေ၍ အပြင်မှာ အေးဆေး နေခွင့်ရကြသူများ၊ ရွှေရောင်းတဲ့ မျက်နှာတွေမို့ အတော်ကြီးပုံရတယ်”ဟု မကြာခဏ ရေးသားဖြန့်ဝေ နေကြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
နယ်စပ်တည်ငြိမ်ရေး စစ်ခေါင်းဆောင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုအဖွဲ့ဝင်တို့ ဆွေးနွေး

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၄

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E.Mr Wang Ning တို့ နိုဝင်ဘာ ၅ ရက်တွင် ကူမင်းမြို့၌ တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံရောက်နေသည့် စစ်ခေါင်းဆောင်က ကူမင်းမြို့တွင် H.E.Mr Wang Ning နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်ကြား စီးပွားရေးအရ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံသဘောတူပြီးဖြစ်သည့်စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရေးတို့ကို ဆေးနွေးခဲ့ကြောင်းလည်း ယနေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။

စစ်ခေါင်းဆောင်က မြန်မာနှင့်ယူနန်ပြည်နယ် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် နယ်စပ်ဒေသတည်ငြိမ်မှသာလျှင် ကုန်သွယ်မှု ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် တရုတ်အစိုးရမှ မြန်မာဘက်သို့ တင်ပို့နေသော လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီ စသည့် ကုန်ပစ္စည်းများကို တင်ပို့မှု ပိတ်ပင်ထားသည်မှာ ရက်သတ္တပတ် သုံးပတ်ကျော် ကြာမြင့်နေသဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသရှိ သုံးစွဲသူများ ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည်။

ဓာတ်ပုံ - The Military

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
အေလာလေဆိပ် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ထား

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၄

နေပြည်တော်ကောင်စီနယ်မြေရှိ အေလာလေဆိပ်အား နိုဝင်ဘာ ၅ ရက် နံနက်တွင် ဒရုန်း ၃ စင်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း စစ်ကောင်စီက ယမန်နေ့ညက ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) သို့ တက်ရောက်ရန် ယမန်နေ့ နံနက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် အေလာလေဆိပ်မှ ထွက်ခွာခဲ့ပြီးနောက် နံနက် ၈ နာရီ ဝန်းကျင်တွင် ဒရုန်း ၃ စင်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

Fixed Wing ဒရုန်း ၃ စင်းဖြင့် လာရောက် တိုက်ခိုက်သည်ကို လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြိုတင် ထောက် လှမ်းသိရှိခဲ့ရပြီး ပစ်ချခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြောင်ရေရွာအနီး ၁ စင်း၊ ကြံခင်းစုရွာအနီး ၁ စင်းနှင့် နနွင်းအိုင်ကျေးရွာအနီး ၁ စင်းတို့အား ဗုံးသီးများနှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကာ နည်းပညာအကူအညီနှင့် စတင် ပစ်လွှတ်သည့်နေရာ များဖော်ထုတ်နိုင်ခဲ့သလို အဆိုပါ နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။

အေလာလေဆိပ်ကို ပြီးခဲ့သည့် ဧပြီနှင့် ဇူလိုင်လအတွင်းကလည်း PDF အထူးတပ်ဖွဲ့များက မောင်းသူမဲ့ ဒရုန်း အစင်း ၃၀ နီးပါးဖြင့် တိုက်ခိုက်ခဲ့သလို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ထားပြီး ယခု တိုက်ခိုက်မှုအား မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကိုမူ ယနေ့ထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

ဓာတ်ပုံ- CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ကျဆင်းနေသည့် စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကို စစ်ကောင်စီဖိတ်ခေါ်

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၄

စစ်တပ်အာဏာသိမ်းမှုကြောင့် ကျဆင်းနေသည့် စိုက်ပျိုးရေးကဏ္ဍအား တရုတ်ရင်းနှီးမြှုပ်နှံမှုများ လာရောက်ကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel၌ ပြုလုပ်သော တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရာသီဥတုကောင်းမွန်မှုနှင့် မြေအကျယ်အဝန်းရှိပြီး အရှေ့တောင် အာရှ ဒေသတွင် ဟက်တာ ၆၅ သန်းကျော်ရှိသော လယ်ယာမြေ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကာ စိုက်ပျိုးမြေ ၂၀ ရာခိုင်နှုန်းကျော်သာ စိုက်ပျိုးနိုင်သေးသောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် အခွင့်လမ်းကောင်းများ ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့် နည်းပညာနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးရေး နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနေသဖြင့် ရင်းနှီးမြှုပ်နှံမှုမှတဆင့် နည်းပညာလွှဲပြောင်း ရယူရေး၊ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး ထုတ်ကုန်နှင့် အစားအစာ ဘေးကင်းလုံခြုံမှု ဂေဟစနစ်ရေရှည်ထိန်းသိမ်းထားနိုင်သော ထုတ်ကုန်များ ထုတ်လုပ်ရေးတို့ကို ပူးပေါင်း ဆောင်ရွက်လိုသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

စိုက်ပျိုးရေးကဏ္ဍ၌ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေး လိုအပ်ချက်များရှိနေသဖြင့် ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စက်မှုလယ်ယာကဏ္ဍကို အရှိန်အဟုန် မြှင့်တင်နိုင်မည့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျနေသလို စိုက်ပျိုးနိုင်သည့် လယ်သမားမှာလည်း စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုများကြောင့် လူငယ်လူရွယ်များ ပြည်ပထွက်ခွာမှု များနေသဖြင့် လုပ်သား ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

ပုံစာ-နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်/ MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR