Universal Donor
199 subscribers
843 photos
6 videos
67 links
Wearing welcome.
Download Telegram
ပိုက်ဆံ(သို့မဟုတ်)စကားပြောသောသက်မဲ့💵

သေရင် အပါ ယူသွားလို့
မရပေမယ့်
မင်းမရှိရင်
သေတော့မည့် အတိုင်းပါပဲ. ။

အချစ်စစ်ကို ဝယ်ယူလို့
မရပေမယ့်..
မင်းမရှိရင်
ဘယ်သူမှအနားမကပ်ချင်ကြဘူး..။

ကောင်းမွန်သော အိပ်စက်ခြင်းမျိုးကို
ဖန်တီးမပေးနိုင်ပေမယ့်.
မကျန်းမာတဲ့ အချိန်မှာ
မင်းကို အလိုရှိပြန်တယ်။

အတတ်ပညာ အသိပညာများစွာကို
ဝယ်ယူလို့ မရပေမယ့်.
ပညာတတ်ဖို့တွက် မင်းကို အသုံးပြုမှ
ရပြန်တယ်။

မင်းရှိနေရင်
လူအ က လူတော် ဖြစ်သွားနိူင်ပေမယ့်
မင်းမရှိရင်
လူတော်တွေက လူအ ဖြစ်သွား
ကြရတယ်။

လူတကာကို
ခေါင်းမော့ရင်ကော့အောင်
လုပ်မပေးနိုင်ပေမယ့်
မင်းကြောင့် လူတစ်ချို့က
ဒူးထောက်လိုက်ရတယ်။

လူတိုင်းရဲ့
မျက်ရည်ကို သုတ်မပေးနိုင်ပေမယ့်
မင်းကြောင့်
လူတစ်ချို့ မျက်ရည် ကျခဲ့ရတယ် ။

နွေးထွေးတဲ့
မိသားစုကို ဖန်တီးမပေးနိုင်ပေမယ့်
မင်းကြောင့်
လူတစ်ချို့က မိဘရင်ခွင်ရဲ့
အဝေးကြီးကို
ထာဝရ ထွက်ခွာသွားကြရတယ် ။

မင်းက ဖန်ဆင်းရှင် မဟုတ်ပေမယ့် ..
လူတစ်ချို့က မင်းကို ဖန်ဆင်းရှင်လို
ကိုးကွယ်နေကြတယ်

#credit
#Life_Knowledge
#forward_only
5
ချစ်တဲ့လူဟာ ဘာဖြစ်ဖြစ်
ချစ်နေတတ်ပြီး မချစ်တဲ့လူဟာလည်း
ဘာဖြစ်ဖြစ်ကို မချစ်တာမျိုးပေါ့...
လူတွေရဲ့ စိတ်ထားဟာ
သင့်အပေါ်မှာ ပြောင်းလဲသွားရုံပါ။

ချစ်တဲ့သူကတော့ သင်မှားနေလည်း
ကာကွယ်ပေးပြီး နောက်ထပ်တစ်ကြိမ်
ထပ်မမှားဖို့ နားချလိမ့်မယ်

ကိုယ့်ကို သဘောမကျတဲ့လူ၊
မချစ်တဲ့လူကတော့ ကိုယ့်အမှားကိုပဲ မရရအောင် ရှာလိမ့်မယ်၊
အပြစ်ပြောလိမ့်မယ်။

ချစ်တဲ့လူနဲ့ဆို အပြစ်တွေကအစ
ဒါဟာ အားနည်းချက်လေလို့မြင်ပြီး
ဂရုထားမိနေတာမျိုးပေါ့

ဒါကြောင့် လူတစ်ယောက်ဟာ
သင့်ရဲ့လိုအပ်ချက်တွေကို
သင့်အပြစ်သဘောမျိုးပြောလာခဲ့ပြီ
ဆိုရင် ဒါဟာ သူ့အနေနဲ့ သင့်အပေါ်
ထားတဲ့ သဘောထား၊ စိတ်အမြင်ပဲ
ဖြစ်ပါလိမ့်မယ်

လူတိုင်းဆီမှာ အရောင်အသွေး
စုံစုံလင်လင်ရှိတာပါ
ဘယ်သူက ဘယ်လိုစိတ်ထားနဲ့
ကြည့်သလဲ...
ဘယ်သူကတော့ ဘာကိုမြင်ချင်တာလဲ
ဆိုတဲ့အပေါ်မှာ မူတည်ပြီး
အရောင်တွေ ကွဲပြားသွားမှာပါပဲ

ဒါကြောင့် လူတွေရဲ့အမြင်ကို
သိပ်ပြီး အာရုံမစိုက်ပါနဲ့
မိမိကိုယ်ကိုသာ ကောင်းမွန်အောင်
နေထိုင်ပါ


- နေဗလ်


(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writerချစ်တဲ့လူဟာ ဘာဖြစ်ဖြစ်
ချစ်နေတတ်ပြီး မချစ်တဲ့လူဟာလည်း
ဘာဖြစ်ဖြစ်ကို မချစ်တာမျိုးပေါ့...
လူတွေရဲ့ စိတ်ထားဟာ
သင့်အပေါ်မှာ ပြောင်းလဲသွားရုံပါ။

ချစ်တဲ့သူကတော့ သင်မှားနေလည်း
ကာကွယ်ပေးပြီး နောက်ထပ်တစ်ကြိမ်
ထပ်မမှားဖို့ နားချလိမ့်မယ်

ကိုယ့်ကို သဘောမကျတဲ့လူ၊
မချစ်တဲ့လူကတော့ ကိုယ့်အမှားကိုပဲ မရရအောင် ရှာလိမ့်မယ်၊
အပြစ်ပြောလိမ့်မယ်။

ချစ်တဲ့လူနဲ့ဆို အပြစ်တွေကအစ
ဒါဟာ အားနည်းချက်လေလို့မြင်ပြီး
ဂရုထားမိနေတာမျိုးပေါ့

ဒါကြောင့် လူတစ်ယောက်ဟာ
သင့်ရဲ့လိုအပ်ချက်တွေကို
သင့်အပြစ်သဘောမျိုးပြောလာခဲ့ပြီ
ဆိုရင် ဒါဟာ သူ့အနေနဲ့ သင့်အပေါ်
ထားတဲ့ သဘောထား၊ စိတ်အမြင်ပဲ
ဖြစ်ပါလိမ့်မယ်

လူတိုင်းဆီမှာ အရောင်အသွေး
စုံစုံလင်လင်ရှိတာပါ
ဘယ်သူက ဘယ်လိုစိတ်ထားနဲ့
ကြည့်သလဲ...
ဘယ်သူကတော့ ဘာကိုမြင်ချင်တာလဲ
ဆိုတဲ့အပေါ်မှာ မူတည်ပြီး
အရောင်တွေ ကွဲပြားသွားမှာပါပဲ

ဒါကြောင့် လူတွေရဲ့အမြင်ကို
သိပ်ပြီး အာရုံမစိုက်ပါနဲ့
မိမိကိုယ်ကိုသာ ကောင်းမွန်အောင်
နေထိုင်ပါ


- နေဗလ်


(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writer
စိုးရိမ်ပူပန်တတ်သူဟာ
ပစ္စည်းမမြင်ရခင်
ကြိုတင်ငွေ ပေးဝယ်ချင်သူနဲ့
တူတယ်

ပစ္စည်းမြင်မှ
ဝယ်ချင်ရင် ဝယ်မယ်ဆိုတဲ့
အတွေးနဲ့
စိုးရိမ်ပူပန်မှုလေးတွေ
လျှော့လိုက်ပါ့လား...ကွယ်

- ကောင်းသန်


(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writer
1
သင်သာ ချစ်တတ်ရင်
ဘဝမှာ ချစ်စရာတွေက
ပြည့်နှက်နေတယ်။

သင်သာ မုန်းမယ်ဆိုရင်
ဘဝက မုန်းစရာတွေချည်းပါပဲ

သင်သာ ကျေးဇူးတင်ချင်ရင်
ကျေးဇူးတရားက ​နေရာအနှံ့မှာရှိတယ်

သင်သာ ဆဲချင်ရင်
သင်နဲ့ အပြိုင်ဆဲမယ့်သူတွေရှိတယ်

သင်သာ ကြီးပြင်းရင့်ကျက်ရင်
အရာရာက လိုက်ကြီးပြင်းတယ်

ဘဝက သင့်ကို ရွေးချယ်တာ
မဟုတ်ပါဘူး
သင်က သင်လိုချင်တဲ့ဘဝကို
ရွေးချယ်နေတာပါ...


(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writer
2
လမ်းပျောက်နေရင် ဒါတွေလုပ်ပါ

၁။ အိပ်ချိန်၊ ထချိန်မှန်ရမယ်

၂။ စားချိန်မှန်ရမယ်

၃။ လေ့ကျင့်ခန်းလုပ်ရမယ်

၄။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံမှု
နားလည်မှုရှိပြီး အဓိပ္ပါယ်ရှိတဲ့
ဆက်ဆံမှုမျိုး ရှိရမယ်

၅။ စာဖတ်ခြင်း



(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writer
2
"ဘဝစာပေ"

၁။ ကျေအေးပေးခြင်းဟာ
လက်စားချေခြင်းထက် ပိုကောင်းပါတယ်။

၂။ ထွက်သွားပြီးမှ ကိုယ့်ဘဝထဲ
ပြန်ဝင်လာသူကို ဘယ်တော့မှ
လက်မခံပါနဲ့...။

၃။ လူတွေက လိမ်လို့ရပေမဲ့
ဗီဇက လိမ်လို့မရဘူး...။

၄။ အရာအားလုံးက အကြောင်းရှိလို့ ဖြစ်လာတာမို့ စိတ်အေးစွာ ရင်ဆိုင်ပါ...။

၅။ ပိုကောင်းတဲ့အရာနဲ့ ထိုက်တန်ရင်
တချို့အရာတွေနဲ့ လွဲတတ်ပါတယ်။

၆။ လူတိုင်းဟာ ဒဏ်ရာကိုယ်စီနဲ့မို့
ကြင်နာစွာ ဆက်ဆံပါ...။

၇။ ဘဝမှာ နောင်တရဖို့ မလိုပါဘူး
သင်ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။

၈။ အချိန်က အရာရာကို
ကုစားပေးတာကြောင့်
စိတ်ရှည်စွာ စောင့်ပါ။

၉။ စတင်ဖို့ကို မကြောက်ပါနဲ့
မကြိုးစားမိမှာကို ကြောက်ပါ။

၁၀။ ကိုယ် ဘယ်လောက် အောင်မြင်ပါစေ ဘဝ မမေ့ပါနဲ့...။

၁၁။ အနာဂတ်လှပချင်ရင်
ဦးနှောက်နဲ့ နှလုံးသားဆန္ဒကို
မျှတွေးပါ...။

၁၂။ လက်မလျှော့ခဲ့တဲ့ ဒီနေ့အတွက် နောင်မှာ သင့်ကိုယ်သင်
ကျေးဇူးတင်နေပါလိမ့်မယ်။


༺ React Need 🍓🎸


꒰ › @Stay_with_me_22_Bot ‹ ꒱


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writer
"လူငယ်၊ လူလတ်၊ လူကြီး"

မသိလို့ လုပ်လိုက်မိတဲ့ အမှား၊
အမှန်ပြင်ဖို့ ကြိုးစားရင်း
ထပ်မှားမိတဲ့ အမှား၊
အမှားတွေကို ရင်မှာပိုက်ပြီး
နောင်တတွေနဲ့ ရှင်သန်နေထိုင်တဲ့သူကို
လူကြီးလို့ခေါ်တယ်...။

အမှားကို အမှားမှန်းမသိဘဲ
အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့
ပျော်ရွှင်ကျေနပ်နေသူများကို
လူလတ်လို့ ခေါ်တယ်...။

အမှားများကို မှားရန်အတွက်
ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူ
တွေကို လူငယ်တွေလို့ခေါ်တယ်


တွင်းထဲက မြွေတွေရဲ့မျက်လုံးကို
ပတ္တမြားထင်ပြီး ဆင်းခဲ့မိလို့
နောင်တတွေ ခံစားချက်​တွေနဲ့ ရင်းပြီး
သိလာခဲ့တဲ့ လူကြီးတွေရဲ့စကားကို
လူငယ်တွေ နားလည်စေချင်တယ်


"ဒီစာလေးဟာ ညို့ရဲ့ကိုယ်ပိုင်စိတ်ကူးနဲ့
ရေးသားထားခြင်းမဟုတ်ပါဘူး...
ဆရာဦးဘုန်း(ဓာတု)ရဲ့ "တွင်း" မှ
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင့်
"


https://www.sarphat.com/articles/5720


༺ React Need 🍓🎸


ꕀꕀ @Nyo_paradise295 ꕀꕀ 


.˚₊┈୨ @PTNyo_bot ୧┈₊˚. 


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writer
မေတ္တာပေးရင် မေတ္တာပြန်ရမယ်လို့
ငါဘုရားမဟောခဲ့ဘူး ချစ်သား

သူကောင်းကောင်း မကောင်းကောင်း
ကိုယ်က ကောင်းအောင်နေရမယ်လို့ပဲ
ငါဘုရားမိန့်တော်မူခဲ့တာ...။

လောကကြီးမှာ
မေတ္တာတရားနဲ့ မထိုက်တန်တဲ့လူ
ဆိုတာ မရှိဘူး...

မေတ္တာပေးလို့ မေတ္တာပြန်မရရင်
ဝမ်းမနည်းလိုက်နဲ့.....
ကိုယ်ပေးတဲ့ မေတ္တာတွေသာ
သန့်ရှင်းပါစေ...

တစ်နေ့တော့ ကြည့်မှန်တစ်ချပ်လို
တန်ပြန်အကျိုးပေး သက်ရောက်ပါလိမ့်မယ်...။


༺ React Need 🍓🎸


ꕀꕀ @Nyo_paradise295 ꕀꕀ 


.˚₊┈୨ @PTNyo_bot ୧┈₊˚. 


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Crd_to_original_writer
👍1
နိုင်ငံတကာ စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ
ပန်းဝင်ကာနီး ဘီးပေါက်သွားလို့
စက်ဘီးကို ထမ်းပြေးနေတဲ့
ရှေ့ဆုံးက စက်ဘီးသမားကို
ဒုတိယ စက်ဘီးသမားက
ကျော်တက်ဖို့ ငြင်းဆန်ခဲ့တယ်


ပြိုင်ပွဲဝင် ဓားသမားနှစ်ယောက်
ဓားချင်းယှဥ်ခုတ်နေချိန်
တစ်ဖက်ဓားသမားလက်က
ဓားလွတ်ကျသွားတဲ့အချိန်
တစ်ဖက်ဓားသမားက တိုက်ခိုက်မှုကို
ရပ်တန့်ပြီး ဓားပြန်ကောက်ခွင့်ပေးခဲ့တယ်


ကင်ညာအပြေးသမား  မူတိုင်းဟာလည်း
ပန်းတိုင်ရောက်ဖို့ မီတာအနည်းငယ်လောက်အလိုမှာ ရှေ့က မျဥ်းတစ်ခုကို ကြည့်ပြီး ပန်းတိုင်ရောက်ပြီအထင်နဲ့
ရပ်လိုက်တာကို သူ့နောက်ကပ်လျက်က လိုက်လာနေတဲ့ စပိန်လူမျိုးအပြေးသမားက သူ့ကို ပန်းတိုင်မရောက်သေးကြောင်း ဆက်ပြေးရမည်ဖြစ်ကြောင်း
သူတတ်တဲ့ စပိန်စကားနဲ့ အော်ဟစ်သတိပေးခဲ့တယ်

ဒါပေမဲ့ မူတိုင်းဟာ စပိန်စကား
နားမလည်ဘဲ ဆက်ရပ်နေတော့
စပိန်အပြေးသမားက မူတိုင်းကို
နောက်ကတွန်းပေးလိုက်ပြီး
ပန်းဝင်စေခဲ့တယ်

စပိန်အပြေးသမားဟာ ကင်ညာအပြေးသမားကို ကျော်တက်ပြီး
ပန်းဝင်ခွင့်ရခဲ့ပေမဲ့ မလုပ်ခဲ့ဘဲ
ပြိုင်ပွဲအပြီး လာမေးကြတဲ့ သတင်းထောက်တွေကို
"သူတစ်ပါးရဲ့အားနည်းချက်ကို
အသုံးချပြီး ရတဲ့အောင်ပွဲဆိုတဲ့
သမိုင်းမျိုးကို ကျွန်တော်အကြောက်ဆုံးပဲ"လို့ ပြန်ဖြေခဲ့တယ်


လူတစ်ယောက်ရဲ့သမိုင်း ကောင်း၊
မကောင်းဟာ ရှုံးတာ၊နိုင်တာ ဆင်းရဲတာ၊ချမ်းသာတာ အင်အားကြီးတာ၊ငယ်တာတွေအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားအပေါ်မှာပဲ မူတည်ပြီး သုံးသပ်ဆုံးဖြတ်သွားတာပါ။



༺ React Need 🍓🎸


ꕀꕀ @Nyo_paradise295 ꕀꕀ 


.˚₊┈୨ @PTNyo_bot ୧┈₊˚. 


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_Knowledge
୨୧ #Crd_to_original_writer
လူတွေမှာ
လျှောက်စရာ လမ်း
နှစ်လမ်းရှိတယ်။


တစ်လမ်းက...
ကိုယ် လျှောက်သင့်တဲ့လမ်း
နောက်တစ်လမ်းက...
ကိုယ် လျှောက်ချင်တဲ့လမ်း


လျှောက်သင့်တဲ့လမ်းကို
အရင်ဆုံး လှလှပပ လျှောက်လှမ်းနိုင်မှ
လျှောက်ချင်တဲ့လမ်းကို
လျှောက်ခွင့်ရှိမှာ ဖြစ်တယ်။




› › › ·‌ @Nyo_paradise295

› › › ·‌ @PTNyo_bot


·‌ ‹ #Nyo
·‌ ‹ #PhooThitsarNyo
·‌ ‹ #𝓟𝑇𝓝๑ꕤ
·‌ ‹ #Life_Knowledge
·‌ ‹ #Crd_to_original_writer