Universal Donor
200 subscribers
841 photos
6 videos
67 links
Wearing welcome.
Download Telegram
"ဒီနေ့အတွက်
ကိုယ့်ကိုယ်ကို ချစ်ပါ"


♡ နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ
ကိုယ့်ကိုယ်ကို ပြုံးပြဖို့ မမေ့ပါနဲ့။



♡ ခဏတာဧည့်သည်တွေကြောင့်နဲ့
တစ်ဘဝလုံး ကိုယ့်အနားမှာ
ရှိနေပေးမယ့် ကိုယ့်ကိုယ်ကို
ထိခိုက်နာကျင်အောင် မလုပ်ပါနဲ့။



› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
"ဒီနေ့အတွက်
ကိုယ့်ကိုယ်ကို ချစ်ပါ"


♡ သူများနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ရဲ့စိတ်လေးကို အပင်ပန်းမခံပါနဲ့။
မနေ့က ကိုယ်နဲ့ ဒီနေ့ကိိုယ် ဘာတွေ ပြောင်းလဲသွားပါသလဲ၊ မနှစ်က ကိုယ်နဲ့
ဒီနှစ်ကိုယ် ဘာတွေတိုးတက်လာသလဲ
ဆိုတာကိုပဲ နှိုင်းယှဥ်ပါ။


ෆ မနေ့ကထက် ငါ Vocab ၅လုံး ပိုရခဲ့တယ်

ෆ မနေ့ကထက် ငါ Grammar တစ်ခု ပိုသိခဲ့တယ်

ෆ မနေ့ကထက် ငါ စာတစ်မျက်နှာ ပိုဖတ်ခဲ့တယ်။

ෆ မနှစ်ကထက် ငါ ကျန်းမာလာပြီ

ෆ မနှစ်ကထက် ငါ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လာပြီ

ෆ မနှစ်ကထက် ငါ တိုးတက်လာပြီ

ෆ မနှစ်ကထက် ငါ ပျော်ရွှင်လာပြီ


› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
1
ဒီနေ့အတွက် ကိုယ့်ကိုယ်ကို ချစ်ပါ။
Love yourself today.


စိတ်တွေ ရှုပ်ထွေးပြီး
မွန်းကြပ်လာတဲ့အခါ
မိမိရဲ့ စိတ်ခံစားချက်တွေကို
မလိမ်မညာဘဲ ချရေးပါ။


When your thoughts become
messy and heavy, don’t run from
your emotions— write them down
with honesty and kindness."




› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
1
ဒီနေ့အတွက် ကိုယ့်ကိုယ်ကို ချစ်ပါ။
Love yourself today.



ဒီနေ့ကနေစပြီးကိုယ့်ဘဝအတွက် အကျိုးရှိမယ့်အလေ့အကျင့်လေး ၃ခုကို တည်ဆောက်ကြည့်ပါ။
Starting today, build 3 small habits that will bring long-term value to your life.


စတင်တဲ့အခါမှာ
ခြေလှမ်းသေးသေးလေးပဲ စလှမ်းပါ။
Begin with tiny steps — they matter
more than you think.


ဥပမာ-
For example:

၅ မိနစ် တရားထိုင်ခြင်း။
Meditate for 5 minutes

စာ ၁၀ မျက်နှာ ဖတ်ခြင်း။
Read 10 pages

၁၀ မိနစ် လေ့ကျင့်ခန်း လုပ်ခြင်း။
Exercise for 10 minutes

၁၀ မိနစ် ဘာသာစကားတစ်ခု
လေ့လာခြင်း။
Study a language for 10 minutes

၁၀ မိနစ် မိမိဝါသနာ၊ စိတ်ဝင်စားတဲ့
အရာကို လေ့လာခြင်း။
Spend 10 minutes exploring something you're passionate about


ဒီလိုမျိုး​လေးတွေကနေ စတင်လိုက်ပါ။
Start small. Stay consistent. Let these little moments shape your future.


› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
1
ဒီနေ့အတွက် ကိုယ့်ကိုယ်ကို ချစ်ပါ။
Love yourself today.



Self-love ဟာ
တစ်ကိုယ်ကောင်းဆန်ခြင်း
မဟုတ်ပါဘူး။
Self-love is not selfishness.

သူတစ်ပါးကို မထိခိုက်စေဘဲ
မိမိကိုယ်ကို ပျော်ရွှင်အောင်ထားခြင်း၊
It’s about keeping yourself happy
without hurting others.


သူတစ်ပါးကြောင့် ရရှိလာမဲ့
ဒဏ်ရာတွေကနေ မိမိကိုယ်ကို ကာကွယ်ခြင်း၊
It’s about protecting yourself from
the pain that others might cause.


မိမိရဲ့ ဘဝကို လှပအောင်
ဖန်တီးခြင်းဖြစ်ပါတယ်။
It’s about creating a beautiful life
that feels right for you.


မှန်ကန်တဲ့ နည်းလမ်းနဲ့
ကိုယ့်ကိုယ်ကို ချစ်ပါ။
Self-boundary ထားရှိပါ။
Love yourself in the right way.
Set healthy boundaries.
You deserve peace, not just survival.



› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
ဒီနေ့အတွက် ကိုယ့်ကိုယ်ကို ချစ်ပါ။
Love yourself today.


တခြားသူဆီက မျှော်လင့်နေတဲ့အရာတွေကို မင်းကိုယ်မင်းပြန်ပေးပါ။
Give yourself what you've been waiting for from others.

မင်းအနားမှာ
အမြဲရှိနေပေးမဲ့သူဟာ မင်းပါ။
The one who will always be
there for you is you.


မင်းရဲ့အကြောင်းကို
အကောင်းဆုံးသိတဲ့သူဟာ မင်းပါ။
The one who knows
your story best is you.


မင်းရှာနေတဲ့ ပျော်ရွှင်မှုကို
ပေးနိုင်သူကလည်း မင်းကိုယ်တိုင်ပဲ။
The one who can give you the joy you
seek is you.


မင်းဘဝအတွက်
လမ်းပြပေးနိုင်သူကလည်း မင်းပါ။
The one who can lead your life
in the right direction is you.


တခြားတစ်စုံတစ်ယောက်က
မင်းမျှော်လင့်ထားတဲ့အရာတွေကို
ပေးဖို့ တာဝန်မရှိပါဘူး။
No one else is responsible for giving you what you're longing for.

ဒါကြောင့် သူတစ်ပါးဆီက
မျှော်လင့်နေမယ့်အစား မင်းလိုချင်တဲ့အရာတွေကို မင်းကိုယ်တိုင် ဖန်တီးပြီး
မင်းကိုယ်တိုင် ပေးပါ။
So instead of waiting, create
what you need and give it to yourself.
You are enough.


› › › ·‌@Nyo_paradise295

› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
မနီးသော ခရီး
_____

-ခပ်ဝေးဝေးက ပြေးလာတဲ့
မိုးနံ့ သင်းသင်းမှာ
အမေ့ကိုယ်သင်းနံ့လေး ရတယ်၊
ဒီလို မိုးတွေရွာတာ မြင်ရင်
အမေ ကျွန်တော့်အတွက် စိတ်ပူနေမှာ၊
နေပူပြန်ရင်လည်း စိတ်ပူတတ်တာပါပဲ၊
လူမစုံတော့တဲ့ ထမင်းဝိုင်းလေးမှာ
အသံမပါတဲ့ မျက်ရည်တွေနဲ့
သွေ့ခြောက်နေမှာကို ကျွန်တော် သိပါတယ်၊
ဒီခရီး မနီးဘူး အမေ၊
တစ်မြေထဲနေပြီး အရိပ်တွေ ဝေးရပါတယ်၊
တကယ်လို့များ
အမေ့ အိမ်ခြံဝန်းထဲ ခြေလှမ်းတွေ
ပြန်မချ နိုင်တော့တဲ့အခါ
ခြံတံခါးလေး သေချာပိတ်ထားလိုက်ပါ အမေ။

#Lin
#crd_to_owner_with_respect
2
ဒီနေ့အတွက် ကိုယ့်ကိုယ်ကို ချစ်ပါ။
Love yourself today.



မိမိရဲ့အချိန်တွေကို
မိမိဘဝအတွက် ရင်းနှီးမြှုပ်နှံပါ။
Invest your time in your own life.


၂၄ နာရီမှာ
Out of your 24 hours,


အချိန်အနည်းငယ်ပေးပြီး
လေ့လာသင်ယူပါ။
give a few minutes to
learning something new.



အချိန်အနည်းငယ်လောက်ကို
မိမိကိုယ်ကို အချိန်ပေးပါ။
Take a few moments to
connect with yourself.

မိမိ ခံစားချက်တွေကို ချရေးပါ။
Write down your feelings.
Let them breathe on paper.



အချိန်အနည်းငယ်ပေးပြီး စာဖတ်ပါ။
Spend a little time reading—just a few pages a day can shift your mindset.


အချိန်အနည်းငယ်ပေးပြီး
လေ့ကျင့်ခန်းလုပ်ပါ။
Move your body. A few minutes of exercise can energize your day.


သေးငယ်တဲ့ လုပ်ဆောင်မှုတွေဟာလည်း မင်းရဲ့ဘဝကို ပိုမိုကောင်းမွန်အောင် ပုံဖော်ပေးနိုင်ပါတယ်။
Even small actions can shape
a better version of you.



› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
"အပြစ်လို ခံစားရတဲ့ စိတ် part (1)"



Author - Thar Htwe
Book - ကြည်လင်ခြင်းရဲ့နေ့စွဲများ



ကြိုးစားပြီး ဖတ်ပြထားပါတယ်
လိုအပ်ချက်များရှိသွားရင်
ညို့ရဲ့ အားနည်းချက်မို့
ထောက်ပြပေးကြပါအုံးရှင့်.....


နားဆင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်


ညို့ရဲ့ အသံနဲ့အတူ စိတ်ရဲ့အပန်းပြေမှုလေးကို
ခံစားနိုင်ကြပါစေ။




⋆ᶿ‌᷇ @Nyo_paradise295 ᶿ‌᷆⋆ 


♪。♫ #Nyo
♪。♫ #PhooThitsarNyo
♪。♫ #𝓟𝑇𝓝๑ꕤ
♪。♫ #Crd_to_original_writer
လူတွေကို မယုံနဲ့
မယုံကြည်ကြောင်းကိုလည်း
လူတွေ မရိပ်မိစေနဲ့.....

နှလုံးသားက အကောင်းမြင်နေမှ
ဘဝက နေပျော်မယ်ဆိုတာက တစ်ပိုင်း

ဦးနှောက်က အဆိုးမြင်ထားမှ
ကိုယ့်ဘဝက လုံခြုံမယ်ဆိုတာက တစ်ပိုင်း


› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Sarto
› ·‌ #Crd_to_original_writer
ဒီနေ့အတွက် ကိုယ့်ကိုယ်ကို ချစ်ပါ။
Love yourself today.



ပင်ပန်းတဲ့အခါ အနားယူဖို့ မမေ့ပါနဲ့။
When you're tired, don't forget to rest.


အထီးကျန်တဲ့အခါ မိမိကိုယ်ကို အဖော်ပြုပေးဖို့ မမေ့ပါနဲ့။
When you feel lonely, don't forget
to be your own companion.



နာကျင်ရတဲ့အခါ မိမိကိုယ်ကို
ကြင်နာပေးဖို့ မမေ့ပါနဲ့။
When you're hurting, don't forget
to be gentle with yourself.


ဒဏ်ရာရတဲ့အခါ မိမိကိုယ်ကို
ဆေးထည့်ပေးဖို့ မမေ့ပါနဲ့။
When you're wounded, don't forget
to heal yourself.



ဝမ်းနည်းရတဲ့အခါ မိမိကိုယ်ကို
ထွေးပွေ့ပေးဖို့ မမေ့ပါနဲ့။
When you're sad, don't forget
to hold yourself with warmth.



› › › ·‌ @Nyo_paradise295



› ·‌ #Nyo
› ·‌ #PhooThitsarNyo
› ·‌ #𝓟𝑇𝓝๑ꕤ
› ·‌ #Love_yourself
2
ပြောင်းလဲမှုနဲ့ စိန်​ခေါ်မှုတွေကို
လက်ခံပါ၊ ကြိုဆိုပါ။


Welcome change and challenges.

변화와 도전을 받아들이고 환영하세요.


သူတို့က မင်းရဲ့ဘဝကို
ပိုပြီး တိုးတက်လာဖို့အတွက်
ပိုပြီး လှပလာဖို့အတွက်
ကူညီထောက်ပံ့ပေးပါလိမ့်မယ်။


They will help your life
grow and become more beautiful.


그것들은 당신의 삶을 더 성장하게 하고,
더 아름답게 만들어 줄 거예요.




› › › ·‌ @Nyo_paradise295



·‌ ‹ #Nyo
·‌ ‹ #PhooThitsarNyo
·‌ ‹ #𝓟𝑇𝓝๑ꕤ
·‌ ‹ #About_Life
1
"မိမိကိုယ်ကို ပြန်လည်ရှာဖွေခြင်း"


၁။ ကိုယ့်ရဲ့အချိန်တွေ ဘယ်နေရာမှာ
လိုတာထက်ပိုပြီး ဖြုန်းနေမိပြီလဲ။
မလိုအပ်တဲ့နေရာတွေမှာ မိမိရဲ့ energy, အချိန်တွေကို မဖြုန်းမိပါစေနဲ့။


၂။ ကိုယ်က ဘာကို စိတ်ဝင်စားတာလဲ၊ ဘာလုပ်ရတာကို သဘောကျနှစ်သက်လဲ။
မိမိစိတ်ဝင်စားတဲ့အရာကို သိရှိခြင်းက ဘဝမှာ နေရတာ ပိုပြီး ပျော်ရွှင်စေပါတယ်။


၃။ Comfort Zone မှာ သာယာမနေပါနဲ့။
ကိုယ်စိုက်တဲ့အပင်ကို
ကိုယ်ပြန်ရိတ်သိမ်းရမှာပါ။
ဘယ်လိုအရာမျိုးရရှိမလဲဆိုတာက
မင်း ဘယ်လိုကြိုးစားလဲဆိုတာအပေါ် မူတည်ပါတယ်။


၄။ ပြန်လည်သုံးသပ်ပါ။
တစ်နေ့တာကို ပြန်လည်သုံးသပ်ပါ။
ဘယ်နေရာမှာ အချိန်ဖြုန်းခဲ့မိလဲ။
ဘယ်နေရာကို ပိုပြီးအချိန်ပေးသင့်လဲ။


၅။ ပတ်ဝန်းကျင်စကားတွေကို လိုတာထက်ပိုပြီး ဂရုမစိုက်တတ်ဖို့ လိုပါတယ်။
မိမိအကြောင်းကိုသာ သေချာသိအောင်လုပ်ပြီး မှန်ကန်တဲ့လမ်းကို လျှောက်ပါ။ သူများစကားနားယောင်ပြီး မိမိရဲ့ခြေလှမ်းတွေကို မရပ်တန့်လိုက်ပါနဲ့။


- Relationship & Career by Aye




› › › ·‌ @Nyo_paradise295


𓊓 .‌ 𓊓 #Carnelian
𓊓 .‌ 𓊓 #PhooThitsarNyo
𓊓 .‌ 𓊓 #Book_Summary
𓊓 .‌ 𓊓 #Crd_to_original_writer
အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်


ဆောင်ရမယ့် အချက် ၃ ချက်



အမှားတွေကို ထောက်ပြသူ

လူဆိုတာ အမှားနဲ့မကင်းကြပါဘူး။ အမှားကို ပြင်နိုင်ဖို့ဆိုရင်
ထောက်ပြပေးတဲ့သူ လိုအပ်ပါတယ်။
ယနေ့ခေတ် လူတွေဟာ
အပေါ်ယံ ချိုပြကြပါတယ်။
မှားနေတာတွေ့ရင်တောင် မသိသလိုနဲ့ အားပေးအားမြောက်လုပ်ကြပါတယ်။ လမ်းမှားကို တွန်းပို့တတ်ကြပါတယ်။ လက်ညှိုးထိုး၊ အပြစ်တင်ကြပါတယ်။ ဒီလိုခေတ်ကြီးမှာ မိမိရဲ့အမှားတွေကို ထောက်ပြပေးတဲ့သူမျိုးရှိခဲ့ရင်
စိတ်မဆိုးဘဲ၊ အပြစ်မမြင်ဘဲ တန်ဖိုးထားပါ။


ကိုယ်ဒုက္ခရောက်ချိန် ကူညီပေးသူ

ဆီပေးမှ ဆန်ပြရတဲ့ခေတ်မှာ
ကိုယ့်ဘက်က ဘာမှမပေးနိုင်ချိန်
ကိုယ့်အနားရှိနေပေးသူကို တန်ဖိုးထားပါ။
ဒီလိုလူမျိုးနဲ့ ဆုံတွေခဲ့ရင် ဘာမှမပေးနိုင်ရင်တောင် စစ်မှန်တဲ့စိတ်ရင်းကို ပေးပါ။


စာအုပ်စာပေ လေ့လာသူ

ရင့်ကျက်ခြင်းဟာ အသက်အရွယ်နဲ့မဆိုင်ပါဘူး။ အတွေ့အကြုံရှိခြင်း၊
စာဖတ်ခြင်းတို့နဲ့ ဆိုင်ပါတယ်။
ရင့်ကျက်တဲ့လူတစ်ယောက်ဟာ
အတွေ့အကြုံများခဲ့လို့ (သို့)
စာများများဖတ်လို့ပါ။
ဒီလိုလူမျိုးတွေကို တိုင်ပင်ရင်
အကြံဉာဏ်ကောင်းတွေ ရရှိနိုင်ပါတယ်။


ရှောင်ရမယ့်အချက် (၃) ချက်



ညည်းညူတတ်တဲ့ အပေါင်းအသင်း

Energy ဟာ ကူးစက်တတ်ပါတယ်။
အကြည်ဓာတ်ရှိသူအနားနေရင်
မိမိရဲ့စိတ်လည်း ကြည်လာပါတယ်။
မကောင်းမြင်စိတ်ရှိသူအနားနေရင်
မိမိရဲ့စိတ်ကိုပါ negative energy တွေ
ကူးစက်လာပါတယ်။
အကယ်၍ မိမိဟာ အကြည်ဓာတ်လေးနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် negative energy လာလာပေးနေတဲ့သူတွေကို ရှောင်ပါ။


ကိုယ့်ကိုယ်ကိုယ် တာဝန်မယူတတ်တဲ့ အပေါင်းအသင်း

လူတိုင်းဟာ ကိုယ့်ကိုယ်ကို
တာဝန်ယူတတ်ရပါတယ်။
အရမ်းမှီခိုလွန်းရင် တစ်ဖက်လူဟာ
ဝန်ပိရပါတယ်။
ကိုယ့်မှာ သူ့ကို တာဝန်ယူပေးဖို့
တာဝန်ရှိမနေပါဘူး ဒါကြောင့် ရှောင်ပါ။


တစ်ကိုယ်ကောင်းဆန်တဲ့ အပေါင်းအသင်း

တစ်ကိုယ်ကောင်းဆန်သူတွေဟာ
သူတို့အမြင့်ကိုရောက်ဖို့အတွက်
သူတစ်ပါးကို ချနင်းဖို့ ဝန်မလေးကြပါဘူး။
ကိုယ့်ရဲ့ရပ်ဝန်းထဲမှာရှိနေသူတွေဟာ
ကိုယ့်ရဲ့ဘဝကို ကောင်းကျိုး
မသက်ရောက်စေရင်တောင်
ဆိုးကျိုးသက်ရောက်စေသူတွေ
မဖြစ်ပါစေနဲ့။



ဒီလိုပါပဲ။ ကိုယ်က ကောင်းတဲ့သူနဲ့ တွေ့ဆုံချင်တယ်ဆိုရင် ကိုယ်တိုင်ကလည်း ကောင်းတဲ့သူဖြစ်ဖို့
လိုအပ်ပါတယ်။


Relationship & Career by Aye


› › › ·‌ @Nyo_paradise295


𓊓 .‌ 𓊓 #Carnelian
𓊓 .‌ 𓊓 #PhooThitsarNyo
𓊓 .‌ 𓊓 #Book_Summary
𓊓 .‌ 𓊓 #Crd_to_original_writer
1
This media is not supported in your browser
VIEW IN TELEGRAM
Good night 🍀🍷





꠶❥ #Carnelian
꠶❥ #PhooThitsarNyo
꠶❥ #Nyo
"အရှုံးတွေကို ဘယ်လိုရင်ဆိုင်မလဲ"


• လက်ခံပါ

ကိုယ်မဖြစ်ချင်တာတွေ ကြုံလာတဲ့အခါ ပထမဆုံးလုပ်ရမှာက ဖြစ်လာတဲ့အရာကို လက်ခံနိုင်ဖို့ ​ကြိုးစားပါ။



• ရင်ဆိုင်ပါ

ရှောင်ပြေးမနေဘဲ ရင်ဆိုင်လိုက်ပါ။
တချို့ကိစ္စတွေက မိမိတွေးထားသလောက် မဆိုးဝါးပါဘူး။
မိမိက အရမ်းအတွေးလွန်နေရုံပါ။


• အနားယူပါ

စိတ်ကို အနားပေးပါ။
စိတ်အေးအေးထားပြီး အဖြေရှာပါ။


• သင်ယူပါ။

လဲကျသွားတဲ့အခါ အပြစ်မတင်ဘဲ၊ စိတ်ဓာတ်မကျဘဲ မှားသွားတဲ့အရာကို အဖြေရှာပါ။ သင်ခန်းစာယူပါ။
ထပ်မမှားဖို့အတွက်
ထပ်ပြီး လေ့လာသင်ယူပါ။


• ဖြည်းဖြည်းနဲ့ မှန်မှန် Step by Step
သွားပါ။

အစီအစဥ်ဆွဲပါ။ မိမိလုပ်ဆောင့်ရမယ့် အရာတွေကို တစ်ဆင့်ပြီးမှ တစ်ဆင့်
ပုံမှန်လေး သေချာလုပ်ဆောင်ပါ။


-Relationship & Career by Aye


› › › ·‌ @Nyo_paradise295


𓊓 .‌ 𓊓 #Carnelian
𓊓 .‌ 𓊓 #PhooThitsarNyo
𓊓 .‌ 𓊓 #Book_Summary
𓊓 .‌ 𓊓 #Crd_to_original_writer
ငါညံ့ရင် ငါခံရမယ် သူများကို အပြစ်မတင်ဘူး ။
ငါလဲရင် ငါထရမယ် တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။
ငါပျင်းလို့ ငါဖျင်းတာ ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး

ငါမလေ့လာလို့ ငါမတက်တာ သူများနှိမ်လဲ မနာဘူး
ငါ့လိုအပ်ချက် ငါဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လည်း ငါမမြင်ဘူး ။

ငါကောင်းအောင် ငါနေရမယ် ငါမကောင်းတဲ့အခါ
အပေါင်းအသင်းကြောင့်လို့ ခေါင်းစဉ်မတတ်ဘူး ။
ငါ့အကြောင်း ငါသိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ် ။

#Lin
#crd_to_owner_with_respect
1
"Toxic Relationship ကနေ
ဘယ်လိုရုန်းထွက်မလဲ....."



• သူများ ​ပြောင်းလဲလာမလားဆိုတဲ့ အချိန်ကို မစောင့်ပါနဲ့။


တကယ်ချစ်တဲ့သူက မိမိဘက်ကနေ
စပြီး ပြောင်းလဲပေးဖို့ Request လုပ်စရာ
မလိုပါဘူး။ မိမိအတွက် တွေးပေးပြီး
သူ့အလိုလို ပြောင်းလဲပေးချင်တာပါ။


• အချစ်လို့ မထင်/မမြင်ပါနဲ့


နာကျင်မှုကနေ ရုန်းမထွက်နိိုင်တာက စွဲလမ်းမှု သက်သက်ပါ။
မိမိရဲ့မသိစိတ်က ဒီနာကျင်မှုကို
လက်ခံပြီး တောင့်တနေတာပါ။
ပြီးတော့ မိမိကိုယ်ကို ချစ်ဖို့ မေ့နေလို့ပါ။


• ထပ်ပြီးတော့ Wrong Person ဆီမှာ အချိန်တွေမဖြုန်းပါနဲ့။


သူဟာ ဘယ်လောက်ပဲ ကောင်းတဲ့သူဖြစ်နေပါစေ သူ့အနားရှိနေရတာ မပျော်ရွှင်ရဘူးဆိုရင် သူဟာ ကိုယ့်အတွက် Wrong person ပါ။ မပျော်ရွှင်ရတဲ့သူဆီမှာ အချိန်မဖြုန်းပါနဲ့။  လှည့်ထွက်ခဲ့ပြီး တစ်ယောက်တည်း ပျော်ပျော်နေပါ။


• အခွင့်အရေး ထပ်မပေးပါနဲ့


၁၀ ခါလောက် တောင်းဆိုမှ
၁ ခါလေး ပြုပြင်ပေးတာနဲ့
စိတ်ပျော့မသွားပါနဲ့။
ကိုယ့်ရဲ့ energy, အချိန်တွေက
တန်ဖိုးရှိပါတယ်။


• စာဖတ်ခြင်းဖြင့် အချိန်ကုန်ဆုံးပါ။


လူတစ်​ယောက်ဆီက ရလာတဲ့ ဒဏ်ရာကို နောက်တပ်လူတစ်ယောက်ဆီမှာ ပျောက်ကင်းနိုင်တယ်လို့ မမျှော်လင့်ပါနဲ့။ မိမိရဲ့ဒဏ်ရာတွေကို ကုသပေးဖို့ တခြားသူကို မတောင်းဆိုပါနဲ့။
မိမိကိုယ်တိုင် ကုသနိုင်ဖို့ ကြိုးစားပါ။



-Relationship & Career by Aye



› › › ·‌ @Nyo_paradise295


𓊓 .‌ 𓊓 #Carnelian
𓊓 .‌ 𓊓 #PhooThitsarNyo
𓊓 .‌ 𓊓 #Book_Summary
𓊓 .‌ 𓊓 #Crd_to_original_writer
1
"ကိုယ့်ရဲ့ Personal  Brand ကို
ဘယ်လို တည်ဆောက်မလဲ"



• ဘယ်လို brand မျိုး တည်ဆောက်မှာလဲ


ကိုယ့်ရဲ့ Image, ကိုယ်သွားမယ့် Platform, ကိုယ်လိုချင်တဲ့ Brand, ကိုယ်သွားချင်တဲ့ နယ်ပယ် ဒါတွေကို သေချာ စဥ်းစားဖို့ လိုအပ်ပါတယ်။


• ကိုယ် ဘယ်နေရာမှာ အားသာလဲဆိုတာ သိထားပါ။


ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ ကျွမ်းကျင်မှုကို သိအောင်လုပ်ပါ။


• Update အမြဲလုပ်ပါ


အမြဲတမ်း လေ့လာသင်ယူရင်း Up to date ဖြစ်နေရပါမယ်။


• ကိုယ့်ရဲ့ Brand Value ကို ထိန်းသိမ်းပါ။


ကိုယ်လိုချင်တဲ့အရာကို ရရှိပြီဆိုရင် ဒီအရာကို တည်မြဲအောင် ထိန်းသိမ်းရပါမယ်။


-Relationship & Career by Aye



› › › ·‌ @Nyo_paradise295


𓊓 .‌ 𓊓 #Carnelian
𓊓 .‌ 𓊓 #PhooThitsarNyo
𓊓 .‌ 𓊓 #Book_Summary
𓊓 .‌ 𓊓 #Crd_to_original_writer
ကိုယ့်ကိုယ်ကို
productive ဖြစ်ချင်တယ်ဆိုရင်
ပျင်းအောင် ထားလိုက်ပါ...။


Social media မသုံးပါနဲ့။
Games မဆော့ပါနဲ့။
Fic မဖတ်ပါနဲ့။
ဇာတ်ကားမကြည့်ပါနဲ့။
ဖုန်းကို အဝေးမှာ ထားလိုက်ပါ။


အဲ့ဒီလိုထားတဲ့အခါ
Boredom ဖြစ်ပြီးတော့
အလုပ်လုပ်ချင်လာပါလိမ့်မယ်။
လုပ်စရာရှိတာတွေ သတိရပါလိမ့်မယ်။



› › › ·‌ @Nyo_paradise295


𓊓 .‌ 𓊓 #Carnelian
𓊓 .‌ 𓊓 #PhooThitsarNyo
𓊓 .‌ 𓊓 #Life_Tips
𓊓 .‌ 𓊓 #Crd_to_original_writer