Universal Donor
201 subscribers
842 photos
6 videos
67 links
Wearing welcome.
Download Telegram
မင်းကို သတိရမိသွားရင် ...

အဲ့ဒီနေ့တွေက ပျော်အောင်နေဖို့သိပ်ခက်တယ် ကောင်မလေးရဲ့ မတွေးဘူးလို့နေတာပါပဲ မေ့ပါပြီလို့ ညာတာပါပဲ ဒါပေမယ့် တကယ်တကယ်တမ်းကျတော့ အတွေးထဲ မင်းနာမည်လေး မင်းပုံစံလေး ပြန်မြင်ယောင်ရင် အဲ့ဒီတစ်နေ့လုံးက ဖုန်းဆက်ဖို့ တပြင်ပြင်နဲ့ ပြီးရင် ဆက်ဖြစ်တာလည်း မဟုတ်ဘူး ။ စာတွေရိုက်လိုက် ပြန်ဖျက်လိုက်နဲ့ ပြီးရင် ပို့ဖြစ်တာလည်းမဟုတ်ဘူးလေ ။ ဒီလိုပါပဲ အဆင်ပြေရဲ့လား ငေးကြည့်တယ် အဆင်ပြေနေတယ်ဆိုတော့လည်း စိတ်ထဲ တစ်မျိုးပဲ ကိုယ်မရှိပဲပျော်အောင် နေတတ်တဲ့ မင်းကို နည်းနည်းလေး မနာလိုနေသလိုမျိုးလေ ။

မင်းသိရဲ့လားဆိုတဲ့ စကားလုံးတွေလဲ မသုံးချင်တော့ဘူး ကောင်မလေးရဲ့ ... ပြီးတော့ မင်းရှိနေရဲ့လားဆိုပြီးလည်း လိုက်မရှာချင်တော့ဘူး ။ ပြီးသွားပြီဆိုတဲ့ အတိတ်ကို ပြီးသွားပြီဆိုတဲ့အတိုင်းပဲ နေရာမယွင်း ထားခဲ့ချင်တယ် လက်ရှိအခြေအနေတွေမှာ အတိတ်က အကြောင်းအရာတွေ လာပြီး မနွယ်စေချင်တော့ဘူး ။ ချစ်ခဲ့တာပဲလေဆိုတဲ့ စိတ်နဲ့ဖြေပြီး မင်း မချစ်တော့ဘူးလေ ဆိုတဲ့ အရှိတရားကို အသိတရားရချင်တယ် ဒီလောက်ပဲ မင်းကို လွမ်းလို့ ပြီးတော့ သတိရလို့ဆိုပြီး ဘယ်သူ့ရှေ့မှာမှ ပြိုလဲ မပြချင်တော့ဘူး ။ ငိုလည်း မချချင်တော့ဘူး ။

အမှတ်တရဆိုတာ မှတ်မိတဲ့လူပဲ နာရတတ်တဲ့ အနာတရနဲ့တူတယ် ... အဲ့ဒီတုန်းကလေဆိုတဲ့ စကားလုံးမျိုးက ဘာမှ မဟုတ်ပေမယ့် မင်းနာမည်ပါလာရင် မတွေးပဲ ဘယ်လိုနေရမှာလဲ သီချင်းစာသားလေးတစ်ကြောင်းကပဲ ဖြစ်ဖြစ် ဒါမှမဟုတ် စကားလုံးလေးတစ်လုံးကပဲ ဖြစ်ဖြစ် မင်းကို လွမ်းမိသွားဖို့ သတိရသွားဖို့ လုံလောက်ပေမယ့် မင်းကို သတိရင်မိသွားရင်လေ ပျော်အောင် နေဖို့သိပ်ခက်တယ် ။ စိတ်နဲ့လူနဲ့ ကပ်နေဖို့ သိပ်ခက်တယ် ။

မင်းကို သတိရမိသွားရင် အဲ့ဒီနေ့ အဲ့ဒီရက်တွေက အဆင်ပြေဖို့ သိပ်ခက်တယ်။

#Lin
#crd_to_owner_with_respect
1
ပြန်လာစေချင်လားဆို....
"ဟင့်အင်း" ပြန်မလာစေချင်ဘူး။ ကျနော်ဒီတိုင်းလေးပဲရပ်နေမှာ
ဘာကိုမှ မမျှော်လင့်ပဲနဲ့လေ အထိအရှကင်းကင်းလေး
စာအုပ်တွေအများကြီးဖတ်မယ်၊ သီချင်းတွေအများကြီးနားထောင်မယ်၊
တိမ်တွေကိုငေးမယ်၊ စိတ်ပြေလက်ပျောက် ဂစ်တာတီးပါ ကျင့်ထားမယ်။

အရင်လို မရမကအတင်းကြီး...
မဆိုင်တဲ့သတင်းတွေလိုက်ရှာမနေတော့ဘူး။
ရပ်နေမယ် ၊နူးနူးညံ့ညံ့လေးဆက်ပြေးနေမယ်။
ချစ်ခြင်းမေတ္တာက ခလုတ်လာတိုက်ရင်တော့...
အချိန်အကြာကြီးပေးပြီးမှ ရွေးချယ်ဖြစ်တော့မယ်။

#Lin
#crd_to_owner_with_respect
"လွှတ်ချဖို့ တွေးကြည့်တယ်"

"မေ့ပစ်လိုက်ဖို့ တွေးကြည့်တယ်"

"ဒါလည်းမရဘူး"

"အနေဝေးတော့ မင်းကိုပိုပြီးချစ်မြတ်နိုးပါတယ်"

"မတွေ့ရလို့လည်း မင်းကိုစိတ်မပျက်ပါဘူး"

"တွေ့ခွင့်ရမယ် ရက်တွေကိုစောင့်မျှော်နေရင်း"

"မင်းကိုအများကြီး ပိုချစ်မြတ်နိုးသွားမယ်"

#Lin
#crd_to_owner_with_respect
ကိုယ် တိတ်ဆိတ်ပေးနေတာ
အဆင်ပြေတယ်မလား ...

စကားတွေ မများတော့ဘူး ...
စာတွေ မပို့တော့ဘူး ...

လွမ်းတဲ့ အကြောင်းတွေမတင်တော့ဘူး
ချစ်တဲ့ အကြောင်းတွေ
ဘယ်သူ့ကိုမှ မပြောပြတော့ဘူး ...

မျက်ရည်ကျတာတောင်
တိတ်တိတ်ဆိတ်ဆိတ်လေးပဲ
ရှိုက်ဖြစ်တော့တယ် ...

မင်း ပျော်တယ်မလား ။
#Lin
#crd_to_owner_with_respect
မအားတာကို နားလည်ပေးလို့ရပေမယ့်
နားချိန်ရှိရက်နဲ့ 3min လောက်တောင်
အချိန်မပေးနိုင်သောအခါ . . .

မိန်းမတစ်ယောက် တိတ်ဆိတ်သွားတဲ့
အကြောင်းသိချင်ရင် မင်းရဲ့
ဥပေက္ခာတွေကို မြင်အောင်ကြည့်ပါ

ချစ်တယ်လို့ ပြောပြီး
လျစ်လျူရှူခံရတာ အခံရခက်ဆုံး
နာကျင်မှုတစ်ခုပါ

တစ်ကယ်တော့ အားတယ်မအားဘူး ဆိုတာ
မင်းရဲ့ ချစ်ခြင်းမချစ်ခြင်း
မင်းသူအပေါ်ဦးစားပေးမှုတွေနဲ့ပဲ
သက်ဆိုင်တာပါ

ဒီမိန်းမ ငါမရှိရင်မနေနိုင်ပါဘူးကွာ ဆိုပြီး
အကြိမ်ကြိမ် နာကျင်အောင် လုပ်ပြီး
အခါခါ မတောင်းပန်မိပါစေနဲ့

နားလည်ပေးနိုင်တဲ့ သူကို
စိတ်ပျက်အောင်မလုပ်ပါနဲ့
သူမရဲ့ သည်းခံနိုင်မှုကို မစမ်းသပ်ပါနဲ့

သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်
ပြတ်သားသွားတဲ့အခါ သူများတွေထက်
နှစ်ဆပိုပြတ်သားတတ်ပါတယ်

သူမကို မလိုအပ်ရင်
သူမကလည်း ပြန်လိုအပ်တော့မှာ မဟုတ်ဘူး
မိန်းမတစ်ယောက်ရဲ့ အချစ်ကို
စော်ကားခဲ့ရင် သိပ်ချစ်ရတဲ့သူ ဖြစ်နေပါစေ
စွန့်လွှတ်ရဲတဲ့ မာနကို ဒီနေရာမှာ
သူမ အသုံးချသွားပါလိမ့်မယ် ။

#Lin
#crd_to_owner_with_respect
ငြိမ်းရေ

စိတ်ကို ငြိမ်းအေးစေမယ့်အရာတွေကို တွေးပါ
မျက်စိကို ကြည်လင်စေမယ့် အရာကို ကြည့်ပါ
နားကို ချိုသာစေမယ့် အသံကို နားထောင်ပါ
ကမ္ဘာကြီးဟာ အလိုမကျခြင်းတွေပြည့်နက်နေတယ်။
ဘဝတိုတိုလေးမှာ
စိတ်၏ ငြိမ်းအေးခြင်းကို များများရှာပါ ငြိမ်းရေ။

ငါကတော့
မင်းအပြုံးတစ်ခုနဲ့တင်
တစ်ဘဝလုံး ‌ချိုသာ၍
ပျော်ရွှင်ရပါပြီ။
#Lin
#crd_to_owner_with_respect
ချစ်တာကို ကိုယ်သိပါတယ်။
ဒီအတိုင်းလေး အလိုမကျရုံပါ။
ကိုယ့်ကို အချိန်ပေးစေချင်တယ်။ ဂရုစိုက်စေချင်တယ်။
မင်းရဲ့တစ်ဘဝလုံးကို ကိုယ်နဲ့ပဲ သက်ဆိုင်စေချင်တယ်။
ကိုယ့်အကြောင်းတွေကို တွေးစေချင်တယ်။
ကိုယ့်နံဘေးမှာပဲ ရှိနေစေချင်တယ်။
စားရတဲ့ကလေး ပိုငတ်သတဲ့။
မင်းဆီက ရပြီးရင်းရနေတဲ့ မေတ္တာတွေကိုတောင်မှ
ကိုယ့်မှာ မတင်းတိမ်နိုင်တယ်။
လောဘကြီးစွာ ခပ်တင်းတင်းပါပဲ
ကိုယ်မင်းကို ချစ်ပါတယ်။

#Lin
#crd_to_owner_with_respect
ကိုယ့်ရဲ့ Partner ကိုမေးကြည့်သင့်တဲ့
မေးခွန်း (13)ခု

၁-ကိုယ်ဘယ်အခြေအနေပဲရောက်ရောက်
မငြိုငြင်ပဲအနားမှာ ရှိပေးနိုင်ပါ့မလား?

၂-ကိုယ့်ကိုပြင်စေချင်တဲ့ အချက်ရှိလား?

၃-ကိုယ် မသိလိုက်ပဲ ဝမ်းနည်းသွားအောင်
ပြောမိလိုက်တဲ့ စကားခဲ့ရှိလား?

၄-ကိုယ်မသိအောင် တစ်ခုခုဖုံးကွယ်ခဲ့တာ
ရှိလား ? ရှိခဲ့ရင်ရော ဘာလဲ?

၅-ကိုယ်သာခုချိန်မှာ လမ်းခွဲစကားပြောခဲ့ရင်
နောက်ဆုံးအနေနဲ့ ကိုယ့်ကိုဘာပြန်ပြောချင်လဲ?

၆-ကိုယ့်ရဲ့လုပ်ရက်တစ်ခုခုကြောင့်
ဆက်မချစ်ချင်တော့ဘူးဆိုပြီး တွေးခဲ့ဖူးလား?

၇-ကိုယ့်ကိုပိုပြီး ပြောစေချင်၊
မေးစေချင်တဲ့အရာရှိလား၊ ရှိမယ်ဆို
ဘာဖြစ်မလဲ?

၈-ကိုယ့်ကိုဆုံးရှုံးရမှာ ကြောက်မိလား။

၉-ကိုယ်နဲ့ပတ်သက်ပြီး လုံးဝ
အစားထိုးလို့မရမယ့်အရာက ဘယ်အရာလဲ။

၁၀-ကိုယ့်ရဲ့ဘယ်စကားလုံးတွေက
စိတ်သက်သာရာရအောင် လုပ်ပေးနိုင်လဲ။

၁၁-ကိုယ်နဲ့ပတ်သက်ပြီး ဘယ်တော့မှ
မေ့မရမယ့် အခိုက်အတန့်က
ဘယ်အခိုက်အတန့်လဲ။

၁၂-ကိုယ့်ကိုစကားတစ်ခွန်းတည်းနဲ့
ဖော်ပြရရင် ဘယ်လိုဖော်ပြမလဲ။

၁၃-ကိုယ်နဲ့ပတ်သက်ပြီး
သဘောအကျမိဆုံးအရာက ဘယ်အရာလဲ။

#crd_to_owner_with_respect
#Lin
မင်းရဲ့စိတ်ကိုထိန်းချုပ်ပါ
(၁)။ မင်းကို မရှာတဲ့သူကို မရှာပါနဲ့။
(၂)။ အကြွေးနဲ့ ကင်းအောင်နေပါ။
(၃)။ လိုအပ်တာထက် ပိုမပြောပါနှင့်။
(၄)။ လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။
(၅)။ တခြားသူတွေ စားတာထက် ပိုမစားပါနဲ့။ အစားအသောက် ဆင်ခြင်ပါ။
(၆)။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကို ကိုယ် ပျော်အောင်ထားပါ။
(၇)။ အခြားသူများအကြောင်း အတင်းအဖျင်း ပြောခြင်းကို ရပ်တန့်ပါ။
(၈)။ စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်း ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်က ထွက်လာတဲ့ စကားလုံး လေသံ တွေပါ။
(၉)။ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ သင့် ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။
(၁၀)။ အချိန်ကို လေးစားပါ။
(၁၁)။ လေးစားတန်ဖိုးထားမှု မရှိတဲ့ နယ်ပယ် လေးစားတန်ဖိုးထားမှု မရှိတဲ့ ဆက်ဆံရေးမှာ မနေ ပါနဲ့။ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။
( ၁၂)။ သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင် သင်ယူပါ။ လူတွေက မင်းကို အသုံးပြုဖို့ သင်ယူလိမ့်မယ်။ (သို့မဟုတ်)ရှာဖွေလိမ့်မယ်။
(၁၃)။ ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့် ကိုယ့် အရည်အချင်းတွေ မြင့်တင်ပါ။
(၁၄)။ လက်ခံသူထက် ပိုပြီး ပေးကမ်းသူ ဖြစ်ပါ စေ၊၊
(၁၅)။ မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သော အခါတွင်လည်း သင်၏ ကြိုဆိုမှုကို လွန်ကဲ စွာ မပြုပါနဲ့။
(၁၆)။ လူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။
(၁၇)။ မင်းမိသားစုကို အချိန်ပေးနေတာက လွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ ၁၈)။ ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ် ပါ။
မင်းဖြစ်ချင်တဲ့ ဆန္ဒ အကောင်းဆုံးဖြစ်ပါစေ။

#Lin
#crd_to_owner_with_respect
လူတွေနဲ့ ပက်သ.က်ရင် အမှ.တ်ရှိပါ

ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့သူတွေကို အမှ.တ်ရှိပါ

ကိုယ့်ကို အပိုလူတစ်ဦးလို ဆက်ဆံခဲ့တဲသူတွေကို အမှ.တ်ရှိပါ

ကိုယ့်အတွက် ဘယ်တော့မှ အချိန်မရှိခဲ့တဲ့သူတွေကို အမှ.တ်ရှိပါ

အကြောင်းပြချ.က်မရှိ ကိုယ့်ကို အဆက်ဖြ.တ်သွားခဲ့တဲ့ သူတွေကို အမှ.တ်ရှိပါ

ကိုယ့်မေတ္တာတွေနဲ့ မလုံလောက်ပဲ တစ်ခြားသူနဲ့ ဖော.က်ပြန်ခဲ့တဲ့သူတွေကို အမှ.တ်ရှိပါ

ကိုယ်ခက်ခဲပင်ပန်းနေချိန် ကိုယ့်အနားမှာ
မရှိနေတော့ပဲ ကိုယ်ရောင်ဖျော.က်သွားခဲ့တဲ့
သူတွေကို အမှ.တ်ရှိပါ ။

#Lin
#crd_to_owner_with_respect
1
ကျွန်တော် နဲ့ မသက်ဆိုင်တော့တဲ့
ခင်ဗျား မီးစိမ်းလေးကို
ကြည့်နေသေးတယ်
စာတွေပို့ချင်စိတ်ကို
မနည်းထိန်းချုပ်နေရသေးတယ်
ဖုန်းတွေ ခေါ်မိမှာစိုးလို့
ကိုယ့်ကိုယ်ကိုယ် မနည်းသတိပေးနေရသေးတယ်

ဒီတစ်ကြိမ်...
ထပ်ပြီး နာကျင်လို့ မဖြစ်တော့ဘူးလေ ဆိုတဲ့
အသိတွေနဲ့
ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းချုပ်နေရသေးတယ်

အရာရာ...
ပြီးဆုံးသွားပြီဆိုတာမှန်း
လက်မခံချင်ပဲ
လက်ခံလိုက်ရပေမယ့်
ခင်ဗျားနဲ့ မသက်ဆိုင်ခဲ့သလိုမျိုး နေဖို့ကျ
အရမ်းကို ခက်ခဲတယ် ။

တကယ်တမ်းကျတော့
ဒီရက်တွေမှာ
အရမ်းကို လွမ်းနေမိတာဗျာ ။

#Lin
#crd_to_owner_with_respect
ပြန်မဆုံဖြစ်ခဲ့ရင်


"တွေ့ဆုံမှုတိုင်းဟာ ခွဲခွာခြင်းရဲ့ လမ်းစ"
ရေစက်ရှိသလောက် ဆုံခဲ့ပြီးပြီပဲ
ရေစက်ကုန်လို့ ဝေးကြတဲ့အခါ
ကိုယ်တို့ ပြုံးနိုင်ရမယ် မဟုတ်လား....

တစ်ချိန်က ရင်းနှီးခဲ့ဖူးသမျှ
ပတ်သတ်ခဲ့ဖူးသမျှ
အတိတ်ကို အတိတ်မှာပဲ ချန်ခဲ့ပါကွယ်
ပျော်ရွှင်စွာနဲ့ ဘဝကို ခရီးဆက်....

ကိုယ်က မင်းအတွက်
မင်းက ကိုယ့်အတွက်
တစ်ဦးကိုတစ်ဦး မှီခိုရင်းနဲ့
တစ်ယောက်ကိုတစ်ယောက် လိုအပ်ရင်းနဲ့...

မေတ္တာတွေ စစ်မှန်ခဲ့ပေမယ့်
မဆုံဆည်းနိုင်တဲ့ တို့နှစ်ဦးကြား
ကြိုမမြင်နိုင်ခဲ့တဲ့ ကံကြမ္မာက
မျက်လှည့် ပြတာ ကျွမ်းလွန်းပါရဲ့ ....

အကယ်၍...
အကြောင်းအမျိုးမျိုးကြောင့်...

ကိုယ်တို့ ဝေးခဲ့ရင်...
ပြန်မဆုံဖြစ်ခဲ့ရင်...
ဘယ်သောအခါမှ
ပြန်မဆုံနိုင်ဖြစ်ခဲ့ရင်...

ပျော်အောင် နေပါကွယ်...
ကျန်းမာရေးလဲ ဂရုစိုက်...
ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်း...
နာကျင်စရာ အတိတ်ကို မေ့ထားလိုက်....

ကိုယ် မရှိလဲ မင်း အဆင်ပြေရမယ်နော်
ကိုယ် နဲ့ ဝေးလဲ မင်း ပြုံးနိုင်ပါစေ
ကိုယ့်အကြောင်းတွေ တွေးမိတဲ့အခါ
အဝေးကနေ မင်းကို အမှန်တစ်ကယ်
ပျော်ရွှင်စေချင်သူတစ်ယောက်
ဒီကမ္ဘာ လောကကြီးထဲမှာ
ရှိနေပါတယ် ဆိုတဲ့အကြောင်း....

ကိုယ်တို့ ပြန်မဆုံဖြစ်တော့ရင်....

ကိုယ် တို့ ဝေးခဲ့ရင်...

ဘယ်သောအခါမှ..."ပြန်မဆုံ ဖြစ်ခဲ့ရင် "....။
#Lin
#crd_to_owner_with_respect
ဘယ်တော့မှ ခွဲမသွားဘူးနော် ဆိုတဲ့
ကတိတွေကို
မယုံကြည်တော့ဘူး ...

ဝေးဖို့ ဖြစ်လာရင်
ဘာမဟုတ်တာနဲ့က အစ
ဝေးကြရတာပါပဲ ....

ဘယ်လောက်ချစ်ခဲ့တာ
ဘယ်လောက်မျှော်လင့်ခဲ့မိတာတွေကို
ထည့်မှ မတွက်ပဲလေ ။

တစ်နေ့ ....
ဝေးကြတဲ့အခါ

ပေးခဲ့တဲ့ ကတိတွေက
ဟာသ ဖြစ်ရတယ် ။

အဲ့ဒီဟာသတွေက
ရင်ဘတ်တွေ နာရအောင်
ရယ်ရတယ် ။

#Lin
#crd_to_owner_with_respect
ကျွန်တော့်ဒုက္ခက ဘယ်သူနဲ့မှမဆိုင်ပေမဲ့
တစ်ချို့လူတွေရဲ့ ဒုက္ခကကျွန်တော်နဲ့ဆိုင်ပါတယ်..!!

ဘဝက အနုပညာမဆန်ပေမဲ့
နှလုံးသားက အနုပညာဆန်ပါတယ်
မိုက်မိုက်ကန်းကန်း လူဆိုးတစ်‌ယောက်လို့
ကျွန်တော့်ကို မြင်လိုက်စမ်းပါ..!!
ခင်ဗျား ဆန္ဒရှိရင်ပေါ့..!!!

#Lin
#crd_to_owner_with_respect
1
""အနာကျင်ဆုံးသော လက်စားချေခြင်း"" ဟာ
.... ""တုံ့ပြန်ခြင်း"" မဟုတ်ပါဘူး။
ဒါဟာ စက္ကန့်ပိုင်းလေးတောင် ""ဂရုမစိုက်ခြင်း"" ပါ။
တစ်ပြားတစ်ကျပ်တောင် ""တန်ဖိုးမထားခြင်း"" ပါ။
ဆံပင်တမြင်စာတောင် ""အလေးမထားခြင်း"" ပါ။
""ပြန်ပြောရန် (သို့) ဆဲဆိုရန်"" မလိုပါဘူး။
""ထိုးနှက်သော စာသားများ တင်ရန်"" မလိုပါဘူး။
ဘာကိုမှ ""သက်သေပြရန်"" မလိုပါဘူး။
ဘာလို့လဲဆိုတော့ ငါတို့ ""ပိုကြီးလာရုံ"" နဲ့ သူတို့ဟာ အလိုအလျောက် ""သေးငယ်သွား"" လိမ့်မယ်။
ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခြင်းဟာ အယဉ်ကျေးဆုံးနဲ့ အကြမ်းတမ်းဆုံး"" လက်စားချေခြင်းပဲ...
#Lin
#crd_to_owner_with_respect
စိတ်အေးလက်အေး ပျော်ပါ

စိတ်အေးလက်အေး ပျော်ပါ။
ဒီတစ်ခါ.. ငါ့ကိုငါ ပြန်ရွေးသွားပြီမို့.. ရှေ့ဆက် ငါမပါဝင်တော့တဲ့နေ့ရက်တွေကြီး သက်သက်မို့ congratulation ပါနော်။(ဂုဏ်ယူပါတယ်)..

ငါနေတတ်သွားတဲ့အခါ
(မင်းကိုမင်းခွင့်လွှတ်ပါ)။ ငါတိတ်ဆိတ်သွားတဲ့အခါ (မင်းကိုမင်း နားလည်ပါ)။ သဲကြီးမဲကြီး လိုက်ရှာရင်း... အဆုံးမှာ ငါ့ကိုငါပဲပြန်ရှာတွေ့သွားတယ်။

ဒီတစ်တခါတော့. ငါ့ကိုငါ ပြန်ချစ်ကြည့်မယ်နော်။ ငါ့ကိုငါ ပြန်ဂရုစိုက်ကြည့်မယ် ငါ့ကိုငါ အချိန်တွေပြန်ပေးမယ်။

ထောက်လက်စဒူးတွေ ပြန်မတ် လိုက်မယ်။
ရှေ့လျှောက်.. စကားတွေလိုတာထက်ပိုမပြောတော့မှာမို့ မေတ္တာတွေ လိုတာထက်ပိုမပေးတော့မှာမို့ လမ်းတွေ့တောင် မျက်နှာလွှဲပေးပါ။

ဘဝမှာ. မတွေ့ဖူးလောက်အောင် ပျော့ညံ့ဈေးပေါသူဖြစ်ဖူး သလို... ဘယ်သူမှ မမြင်ဖူးလောက်အောင် ပြတ်သားဈေးကြီး လွန်းသူ လည်း ဖြစ်ကြည့်ချင်တယ်။

ချစ်စိတ်...သည်းခံစိတ်.. ပျော့ညံ့စိတ်..စောင့်မျှော်စိတ် လိုချင် တပ်မက်စိတ်တွေဟာ Expire date(အချိန်အကန့်သတ်) ရှိတယ်။

#crd_to_owner_with_respect
#Lin
2
လူတိုင်းက ပြောတယ် ...
"သူ့ကို မေ့လိုက်ပါ"
"သူက မင်းကို တန်ဖိုးမထားဘူး"
"မင်းအတွက် မဟုတ်ဘူး" တဲ့ …

သူတို့ ပြောတာလည်း မှန်တယ်
ငါကိုယ်တိုင်လည်း သိပါတယ် ...

ဒါပေမယ့်လေ ... ဒီနှလုံးသားက မေ့မရဘူး
မင်းကိုပဲ ချစ်နေတုန်းပဲ ။
နာကျင်ပေမယ့်
ဆက်ပြီးတော့ မင်းရဲ့ အစွန့်ပစ်ခံ ဘဝမှာ နေချင်တုန်းပဲ ။

ဘာလို့လဲဆိုတော့ ...
မင်းရဲ့ ပစ်ထားခြင်းတွေကြားထဲက
တစ်ခါတစ်လေ မင်းပေးတဲ့ ဂရုစိုက်မှုလေးတွေ
ကြင်နာမှုလေးတွေ
ပြီးတော့ … အပေါ်ယံလေးတွေကို
ငါ စွဲလမ်းနေမိလို့ပါပဲ ။

မင်းအတွက်တော့ ...
ငါက ဘာမှ မဟုတ်ပေမယ့်
ငါ့အတွက်တော့ ...
မင်းက အရာရာပါပဲ ။
#Lin
#crd_to_owner_with_respect
2
မနီးသော ခရီး
_____

-ခပ်ဝေးဝေးက ပြေးလာတဲ့
မိုးနံ့ သင်းသင်းမှာ
အမေ့ကိုယ်သင်းနံ့လေး ရတယ်၊
ဒီလို မိုးတွေရွာတာ မြင်ရင်
အမေ ကျွန်တော့်အတွက် စိတ်ပူနေမှာ၊
နေပူပြန်ရင်လည်း စိတ်ပူတတ်တာပါပဲ၊
လူမစုံတော့တဲ့ ထမင်းဝိုင်းလေးမှာ
အသံမပါတဲ့ မျက်ရည်တွေနဲ့
သွေ့ခြောက်နေမှာကို ကျွန်တော် သိပါတယ်၊
ဒီခရီး မနီးဘူး အမေ၊
တစ်မြေထဲနေပြီး အရိပ်တွေ ဝေးရပါတယ်၊
တကယ်လို့များ
အမေ့ အိမ်ခြံဝန်းထဲ ခြေလှမ်းတွေ
ပြန်မချ နိုင်တော့တဲ့အခါ
ခြံတံခါးလေး သေချာပိတ်ထားလိုက်ပါ အမေ။

#Lin
#crd_to_owner_with_respect
2
ငါညံ့ရင် ငါခံရမယ် သူများကို အပြစ်မတင်ဘူး ။
ငါလဲရင် ငါထရမယ် တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။
ငါပျင်းလို့ ငါဖျင်းတာ ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး

ငါမလေ့လာလို့ ငါမတက်တာ သူများနှိမ်လဲ မနာဘူး
ငါ့လိုအပ်ချက် ငါဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လည်း ငါမမြင်ဘူး ။

ငါကောင်းအောင် ငါနေရမယ် ငါမကောင်းတဲ့အခါ
အပေါင်းအသင်းကြောင့်လို့ ခေါင်းစဉ်မတတ်ဘူး ။
ငါ့အကြောင်း ငါသိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ် ။

#Lin
#crd_to_owner_with_respect
1
အမျိုးသားတွေကို စိတ်အနာတရ ဖြစ်စေတဲ့
အမျိုးသမီးတို့ရဲ့ လုပ်ဆောင်ချက်များ

၁- သူ့ရဲ့ခံစားချက်အရေးမပါသလို
မိန်းကလေးဘက်က လျစ်လျူရှုခြင်း

၂- သူ့ကို တခြားအမျိုးသားတွေနဲ့
နှိုင်းယှဉ်ပြောဆိုခြင်း

ဥပမာ- မကောင်းတဲ့အရာတွေနဲ့ပေါ့

၃- သူ့ရဲ့အားထုတ်ကြိုးပမ်းမှုကို
ချီးကျူးရမည့်အစား ဝေဖန်ပြောဆိုခြင်း

၄- သူ့ဘက်က ဘာမှားသလဲဆိုတာကို မပြောပြပဲ
အမျိုးသမီးဘက်က တိတ်ဆိတ်စွာနေခြင်းဖြစ်တယ်

၅- သူ့ရဲ့စိတ်အဆင်မပြေမှု(သို့)
အားနည်းချက်ကို ဟာသလုပ်ခြင်း

၆- သူ့ဆုံးဖြတ်ချက်တွေကို ယုံကြည်မှု မပေးပဲ
အရာအားလုံးကို အမျိုးသမီးဘက်က
ထိန်းချုပ်ထားခြင်း

၇- သူ့ရဲ့ရည်မှန်းချက်နဲ့ အိမ်မက်ကို
ထောက်ပံ့မှု မပေးခြင်း

၈- စကားများရန်ဖြစ်တိုင်း
ထွက်သွားမယ်လို့ ခြိမ်းခြောက်ခြင်း

၉- သူ့ရဲ့အချစ်ကို လက်နက်တစ်ခုလို အသုံးချပြီး
“မင်းသာချစ်ရင် ဒီလိုလုပ်ပေး မှာပေါ့” လို့
ပြောခြင်းဖြစ်တယ်။

၁၀- သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်တော့မှ
လုံလောက်မှာမဟုတ်တဲ့ ပုံစံမျိုးပြခြင်း

ဒီအရာတွေကြောင့် ကြံ့ခိုင်တဲ့အမျိုးသား
တွေတောင် နာကျင်ခံစားရမှာပါ။

#Lin
#crd_to_owner_with_respect