UPDATE - အညွှန်းသီးသန့်
5.74K subscribers
11 links
Download Telegram
The Green Mile [1999]

Paul Edgecombe လို့အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးကသူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင်ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ချွတ်ချော်တိမ်းပါးမှုတွေ ၊အကျဉ်းသားတွေနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန်ဇာတ်လမ်းတည်ထားတယ်။

ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။

သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကိုသေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။

အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ဥပဒေနဲ့လူ့နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြားအလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ်ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။

ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါလိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။

အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှသက်သေအထောကိအထားခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။

လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။တခါတလေမှာ စစ်မှန်တဲ့ တရားမျှတမှုဆိုတာ

#Credit
Synopsis of World War II: From the Frontlines (2023)

IMDB 8.2 ရရှိထားတဲ့ documentary series တစ်ခုပါ။
ဒုတိယကမ္ဘာစစ်အတွင်း ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုအစစ်တွေကို
အသုံးပြုထားပြီး စစ်အတွင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တပ်သားတွေ၊
လေယာဉ်မှူးတွေ၊ ရေတပ်ဗိုလ်တွေနဲ့ ပြည်သူတွေကို မေးမြန်းပြီး
သူတို့ရဲ့ခံစားမှုနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို
ပြန်လည်မျှဝေထားတာတွေပါဝင်ပြီး ဒုတိယကမ္ဘာစစ်တစ်ခုလုံးကို
နားလည်ရလွယ်အောင် ရှင်းပြထားတဲ့documentary series တစ်ခုဖြစ်ပါတယ်။
Sinners and Saints (2010)

လောကကြီးမှာ လူတန်းစားနှစ်မျိုးနှစ်စားရှိပါတယ်။အဲ့ဒီနှစ်မျိုးကတော့
အပြစ်သားတွေနဲ့ သူတော်စင်တွေပဲဖြစ်ပါတယ်။သင်ကရောဘယ်လို
လူတန်းစားထဲမှာပါပါသလဲ။ အခုတင်ဆက်ပေးမဲ့ Sinners And Saints ဆိုတဲ့
ဇာတ်ကားထဲမှာလည်း အဲ့ဒီလူတန်းစားနှစ်မျိုးကို အဓိကတွေ့ရမှာဖြစ်ပြီး
အဲ့ဒါကိုပုံဖော်ဖို့အတွက် အကောင်းဆုံးဇာတ်ကောင်တွေဖြစ်တဲ့ ရဲနဲ့လူဆိုးတို့နဲ့
ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရဲနဲ့ လူဆိုးဆိုပေမဲ့ ပျင်းစရာကောင်း
လောက်အောင်လိုက်စုံစမ်းနေတာတွေ လိုက်ဖမ်းနေတာတွေပဲ တွေ့ရမှာမဟုတ်ဘဲ
ဟိုဘက် ဒီဘက်သေနတ်တွေနဲ့အပြန်အလှန်ရှယ်ပစ်တဲ့ အက်ရှင်အကြမ်းကြီးတွေကို
အဓိကထားရိုက်ကူးထားတာပါ။
IMDb မှာ Rating 6.1 အထိရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းကြိုက်တဲ့ သူတွေ
အတွက်တော့ အံကိုက်ပါပဲ။ရှောင်ရိုင်လေဆိုတဲ့ ရဲစုံထောက်ကစစ်ဆင်ရေးတစ်ခုမှာ
တွဲဖက်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တစ်ကိုယ်တည်းလှုပ်ရှားနေသူတစ်ယောက်
ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့မြို့မှာအလောင်းတွေကို ရက်ရက်စက်စက်
မီးရှို့ထားတဲ့...
Malbatt: Misi Bakara (2023) ဇာတ်ကားသစ်
==================

ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။

ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။
Geostorm (2017)

၂၀၁၉ ခုနှစ်မှာ ကမ္ဘာတ၀ှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီး အဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်

ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့ နာဆာ ရဲ့ ဒက်ချ်ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်

ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်ချ်ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်ချ်ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေ၀သ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့သောအခါ
ပြတင်းပေါက်ကျော်လာတဲ့ချစ်သူလေး တတိယကားထွက်ရှိလာပါပြီ….။
လူငယ်ဆန်ဆန် စပိန်အချစ်ကားလေးဖြစ်ပြီး ရှေ့နှစ်ကားမှာလည်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြောင့် အကြိုက်တွေ့ခဲ့ကြပါတယ်…။ဒီတစ်ခေါက်ဇာတ်ကားလေးထဲမှာရော စာရေးဆရာမလေးနဲ့
ဝိုင်ဖိုင်ခိုးသုံးတဲ့သူဌေးသားလေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရဦးမှာပါ။ဒုတိယကားမှာတုန်းက Long Distance Relationshipဖြစ်သွားလို့ပြတ်စဲသွားခဲ့ကြတဲ့ ရာကဲနဲ့အာရိစ်ဟာ ဒီဇာတ်လမ်းအစမှာတော့ကိုယ်စီကိုယ်စီပိုင်ရှင်အသစ်တွေရှိနေကြပါပြီ။ခရစ်စမတ်ကျောင်းပိတ်ရက်ကိုရောက်တော့ အာရိစ်ဟာလက်ရှိရည်းစားအသစ်နဲ့အတူ မွေးရပ်မြေကိုပြန်လာတော့ အရင်လိုပဲရာကဲကိုပြတင်းပေါက်လေးကကျော်ပြီး မြင်တွေ့နေရဆဲပါ။ပိုင်ရှင်ကတော့ ကိုယ်မဟုတ်တော့ဘူးပေါ့…။သို့ပေမဲ့ လူတိုင်းရဲ့ဘဝမှာ မမေ့ပစ်နိုင်တဲ့ ရည်းစားဟောင်းတစ်ယောက်တော့ ရှိကြစမြဲပါ။အခုဆိုရင် ရာကဲရော အာရိစ်ပါ တစ်ယောက်ကိုတစ်ယောက်မမေ့နိုင်ဖြစ်ကာ ပြတင်းပေါက်လေးကနေသာ လှမ်းမျှော်ကြည့်နေရပါတော့တယ်။အချစ်ကြီးချစ်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့အချစ်က ဒီလိုပဲအဆုံးသတ်သွားမှာလား…ဒါမှမဟုတ် ပြတင်းပေါက်လေးကကျော်ပြီး ဇာတ်လမ်းသစ်ကိုတစ်ဖန်ပြန်စကြမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ဗျာ…။လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။
Sir Madam Sarpanch (2023) “ဆိုရှယ်မီဒီယာပါးဝတဲ့ ဂူရူဒေ့ဗ်တို့ရွာ”
IMDb-6.2/10National Film Award ဆုရှင်ကြီး Praveen Morchhale ရေးတဲ့ ရွာလေးတစ်ရွာရဲ့
ဟာသအဖုံဖုံနဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။
ဆုံးသွားတဲ့ဖခင်ရဲ့ ဆန္ဒကြောင့် ဇာတိရွာမှာစာကြည့်တိုက်ဆောက်ပေးဖို့ပြန်လာခဲ့တယ်
ရွာရောက်လို့ ဦးလေးဖြစ်သူ ဂူရူဒေ့ဗ်နာမည်နဲ့လိုက်စုံစမ်းရာကစ ရွာလည်တော့တာပဲ
တစ်ရွာလုံးမှာ ဂူရူဒေ့ဗ်က လက်ညှိုးထိုးမလွဲဖြစ်နေတယ်တဲ့
အဘွားဖြစ်သူကလည်း ဆိုရှယ်မီဒီယာတွေနဲ့ အကျွမ်းတဝင်ရှိပြီး
လက်ဖက်ရည်အစား အမြှုပ်ကော်ဖီတိုက်ပါတဲ့
စာကြည့်တိုက်အတွက် စာအုပ်တွေထားဖို့အတွက်နေရာရှာကြပြန်တော့
သူ့အဖေပိုင်ခဲ့ဖူးတဲ့အိမ်ဟာ ရွာလူကြီးတွေအပိုင်သိမ်းထားရာဖြစ်နေတယ်
ဒီလိုနဲ့ ရွာလူကြီးဆီသွား မြေပြန်တောင်းရာက
၈ တန်းအောင်ရွာလူကြီးနဲ့ MBA ဘွဲ့ရ မြို့သူအန်နာတို့ ထိပ်တိုက်တွေ့လာချိန်မှာ….မြို့နဲ့အလှမ်းဝေးပေမဲ့ ဆိုရှယ်မီဒီယာတွေနဲ့ အလှမ်းမဝေးတဲ့
အတွေးစုံအမျိုးစုံ ရွာဒေသခံတွေကြား ဘယ်လိုဆက်ဖြစ်ကြမလဲ…..
ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားနာမည်ကတော့ Pan’s Labyrinth ဖြစ်ပြီး IMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်ဒါပေမယ့်အဲ့ဒါကပုံပြင်သက်သက်ပဲ မဟုတ်ဘဲ တကယ့်အဖြစ်အပျက်ပါ။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
King of Adventure: Golden Jade Plate ( 2024 )
============================

မင်ခေတ်နှောင်းပိုင်းမှာ တော်ဝင်မျိုးနွယ်တွေဟာ သူတို့အာ*ဏာ*ကျ*ဆုံးပြီးလို့ယူဆတဲ့အတွက် ရွှေငွေရတနာတွေကိုစုစည်းပြီးတော့ ဖွက်ထားလိုက်ကြတယ်။ တကယ်လို့မန်ချူးတွေဝင်လာရင်လဲ သူတို့သုံးဖို့ရမယ်။ တကယ်လို့ မင်မင်းဆက်ကြီးပျ*က်သု*န်းသွားတယ်ဆိုရင်လဲ အဲဒီရတနာတွေနဲ့ပြန်လည်ထူထောင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။မန်ချူးခေတ်နှောင်းပိုင်းမှာ အဲဒီရတနာတွေကိုသွားရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဂျ*ပန်*ခေတ်ရောက်လာတဲ့အချိန်မှာ အဲဒီရတနာသိုက်အကြောင်းကို သိသွားတဲ့ဂျပန်တွေက အဲဒီရတနာသိုက်ကိုလုယူနိုင်ဖို့ကြိုးစားလာပါတယ်။
ရတနာသိုက်မြေပုံကို ရွှေချည်ရေးတဲ့ကျောက်စိမ်းပန်းကန်ပြားထဲမှာ ထည့်သွင်းထားတယ်လို့ဒဏ္ဍာရီရှိပေမယ့် ဘယ်ကနေဘယ်လိုအစဖော်မှန်းမသိဖြစ်နေကြတယ်။ တရု*တ်နိုင်ငံကလဲတော်*လှ*န်ရေးအပြီးကာလပြန်လည်ထူထောင်ဖို့လိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ရတနာတွေကို ဂျ*ပန်*လက်မရောက်အောင် အရင်ဦးအောင် ရတနာတွေကိုရှာဖွေတဲ့ စွန့်စားခန်းဖွင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Ostrov (2023)
============

လင်မယားနှစ်ယောက်အပန်း‌ယဖြေခရီးထွက်ရင်း ခင်ပွန်းဖြစ်သူက
ကွာရှင်းပေးဖို့တာင်းဆိုခဲ့ပါတယ်။အဲ့ဒါကြောင့်ဇနီးဖြစ်သူကစိတ်
တိုပြီးချက်ချင်းပြန်ကြဖို့ပြောပါတယ်။ ယောကျာ်းဖြစ်သူကလည်း
လေယာဉ်မရလို့ ရတဲ့ကုန်တင်လေယာဉ်အစုတ်နဲ့ပြန်ဖို့စီစဉ်လိုက်
ရာမှ လေယာဉ်ပျက်ကျပြီးလင်မယားနှစ်ယာက်ကျွန်းတစ်ခုပေါ်
သောင်တင်သွားပါတော့တယ်။
အဲတော့ လူသူမရှိတဲ့ကျွန်းပေါ်မှာရန်ဖြစ်ထားကြတဲ့လင်မယား
နှစ်ယောက်ဘယ်လိုဖြတ်သန်းကြမလဲ၊ နောက်ပြီးတော့ ဘယ်လို
တလွဲတွေလုပ်ကြမလဲ၊ သူတို့နှစ်ယောက်ကြားကသဘောထား
ကွဲလွဲမှုတွေကိုဘယ်လိုပြင်ကြမလဲဆိုတာကိုကြည့်ရှုရမဲ့ comedy
ကားလေးပဲဖြစ်ပါတယ်။
JUNG_E (2022)

၂၂ ရာစုအရောက်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကြီးမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။ ဒီအတွက်လည်း အာကာသဟင်းလင်ပြင်မှာ လူနေအာကာသစခန်းတွေ ဆောက်လုပ်ပြီး အသက်ဆက်ခဲ့ကြရပါတယ်။ တစ်နေ့မှာတော့ ဒီအာကာသစခန်းမှာနေထိုင်ကြတဲ့ လူသားတွေ အချင်းချင်း ကတောက်ကဆဖြစ်ရာကနေ စစ်ပွဲကြီးဆီကိုပါ ဦးတည်လာပါတော့တယ်။

#Credit
Operation Valentine (2024)

ဒီကားဟာ 2019 ခုနှစ် အိန္ဒိယလေကြောင်းစစ်ဆင်ရေးကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။
အိန္ဒိယလေတပ်ရဲ့ လေယာဥ်မှူး အာဂျွန်ဒေ့ဗ်ဟာ အရည်အချင်းရှိပေမဲ့ တစ်ဇွတ်ထိုးလုပ်တတ်တဲ့သူဖြစ်ပြီး အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေကို အသက်စွန့်ပြီး လုပ်တတ်တဲ့သူဖြစ်ပါတယ်
တစ်နေ့တော့ ပါကစ္စတန်ဝေဟင်ကာကွယ်ရေးကို ကျော်ဖြတ်နိုင်မဲ့ ပရောဂျက် ဗဂျရာကို တွဲဖက်လေယာဥ်မှူးနဲ့အတူ စမ်းသပ်ရင်း မတော်တဆမှုကြောင့် တွဲဖက်အသက်ဆုံးသွားတဲ့အခါ အာဂျွန်က လေယာဥ်မောင်းခွင့်ရပ်နားခံခဲ့ရပါတယ်
တစ်နေ့မှာ ပါကစ္စတန်ကနေ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်သား အယောက် ၄၀ သေဆုံးသွားရတဲ့အခါ မျိုးချစ်စိတ်ပြင်းထန်တဲ့ အာဂျွန်ဟာ လက်စားပြန်ချေဖို့အတွက် ကတ်ရှ်မီးယားက ပါကစ္စတန်လျှို့ဝှက်အခြေစိုက်စခန်းကို ဖျက်ဆီးမဲ့စစ်ဆင်ရေးမှာ ပါဝင်လာခဲ့ပြီး အရင်က ရပ်နားခံခဲ့ရတဲ့ ပရောဂျက် ဗဂျရာကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ပါကစ္စတန်ကို ခိုးဝင်ပြီး အခြေစိုက်စခန်းကိုရော ဗုံးကြဲနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားနဲ့ကြည့်ရမှာဖြစ်ပါတယ်...
The Commuter (2018)
-----------------------------------

IMDB (6.5/10)

မိုက်ကယ်မက်ကော်လေဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာနေရတာကြောင့် အလုပ်တက်၊ အလုပ်ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူပါ

တစ်ရက်မှာတော့ ဂျီအန်နာဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာမိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထားပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူတာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်

အကယ်၍ ဖော်ထုတ်နိုင်ခဲ့ရင် ဒေါ်လာတစ်သိန်းရမယ်ဆိုတာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင််မပြေတဲ့ မိုက်ကယ်က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်

အဲဒါနဲ့ ဂျိုဟန်နာပြောတဲ့ သဲလွန်စတွေနဲ့အတူသူ ခိုင်းတာကို ရှာပုံတော်ဖွင့်ခဲ့ပါ တယ်။ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ရှာတွေ့ခဲ့ပေမယ့် တကယ်တမ်း လုပ်ကြည့်တဲ့အခါမှာ လှည့် ကွက်တွေရှိနေတယ်ဆိုတာ ရိပ်မိခဲ့လို့ ရှေ့မဆက်ဖို့ မိုက်ကယ် ဆုံးဖြတ်ခဲ့ပါတယ်
Mission: Chapter 1 (2024)

ဒါလေးကတော့ Arun Vijay ရဲ့ ၂၀၂၄ ထွက် အက်ရှင်ကားသစ်ဖြစ်ပါတယ်။
အက်စီးဒင့်ကြောင့် သမီးဖြစ်သူခေါင်းမှာတည်နေတဲ့ သွေးခဲကိုခွဲစိတ်ဖို ရှိသမျှရောင်းချပြီး လန်ဒန်မှာဆေးကုဖိုထွက်လာခဲ့တဲ့ ဂူနာရှက်ကရာဟာ သမီးဖြစ်သူ အမြန်ဆုံးခွဲစိတ်နိုင်ရေးလုံးပန်းရင်းက မမျှော်လင့်ပဲ အကျဥ်းကျခဲ့ရပါတယ်။
တဖက်က အမြန်ဆုံးခွဲစိတ်ဖိုလိုနေတဲ့သမီးအတွက် အဓိကရုဏ်းအခြေအနေတစ်ခုကို အသုံးချပြီး ထောင်ကထွက်ပြေးတဲ့အခါ အနောက်ကထောင်မှုးဖြစ်သူက တောက်လျှောက်လိုက်လာပါတော့တယ်။ တစ်ဖက်မှာလည်း G20 ညီလာခံကို အသုံးချပြီး အိန္ဒိယကို ပစ်မှတ်ထားတိုက်ခိုက်မယ့် ပါကစ္စတန်အကြမ်းဖက်သမား အိုမာ ကာဒရီလည်း လန်ဒန်ကိုရောက်နေခဲ့ပါတယ်။
ဂူနာ..ထောင်မှုး နဲ့ အိုမာတိုကြားက သုံးပွင့်ဆိုင်ပဋိပက္ခ..သမီးလေး ဆာနာရဲ့ ကျန်းမာရေးအခြေအနေ ..နိုင်ငံရဲ့ လုံခြုံရေးကိစ္စ ...ဒါတွေအားလုံးကို ဂူနာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားရမလဲဆိုတာ ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါဦး.....
The Epitaph [2007]

၂၀၀၇ ခုနှစ်က ထွက်ထားတဲ့ ကားပေမယ့် သရုပ်ဆောင်တွေကတော့ နာမည်ကြီးတွေချည်းပါ..
Jin Goo, Kim Tae Woo, Lee Dong Kyu နဲ့ Kim Bo Kyung တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်...
ဇာတ်လမ်းအကျဉ်းက မင်းသားက သူ့ကို စောင့်ရှောက်ပေးထားတဲ့ အန်ဆင်းဆေးရုံအုပ်ရဲ့ သမီးကို တစ်ခါမှတောင် မမြင်ဖူးသေးဘဲ လက်ထပ်ရတော့မှာပါ....
ဒါပေမယ့် အဲ့လက်ထပ်ရမယ့်ကောင်မလေးက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီး ကောက်မလေးအလောင်းက မင်းသား အလုပ်လုပ်နေတဲ့ ဆေးရုံကို ရောက်လာတော့ မင်းသားက ကောင်မလေးအလောင်းနဲ့ပဲပြန်ကြိုက်သွားပါတော့တယ်..
တစ်ဖက်မှာလည်း မဖြေရှင်းနိုင်တဲ့ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး နောက်ဆုံးမှာ အဲ့ဒီကွင်းဆက် လူသတ်မှုတွေ ဖြစ်နေရတဲ့ အကြောင်းရင်းက........
သည်းထိတ်ရင်ဖိုနဲ့ ဘာဆက်ဖြစ်မလဲ ရင်တထိတ်ထိတ် ကြည့်ရမယ့် ကားကောင်းလေးပါ.
Prey (2024) အသစ်စက်စက်
****
ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာ

လူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းလေးပါ...။

ဒီလူအုပ်စုထဲမှာ ခရစ်ယာန်သာသာပြု ဆရာဝန်တစ်ယောက်နဲ့ဇနီးဖြစ်သူ၊

လေယာဥ်မှူးတစ်ယောက်၊ လမ်းပြတစ်ယောက်နဲ့၊ တိုးရစ်

သုံးယောက်ပါပါတယ်...။

အာဖရိကကို ပုံပြင်ကိုယ်စီရှိနဲ့ရောက်ရှိလာသူတွေပေါ့။

သို့ပေမယ့် စစ်သွေးကြွတွေသောင်းကျန်းလာတဲ့အခါ အားလုံးဟာ

အသက်မသေချင်တော့ လေယာဥ်နဲ့ပြေးဖို့ ကြံပါတော့တယ်...။

ကံဆိုးချင်တော့ သူတို့စီးလာတဲ့ လေယာဥ်ဟာ တောရိုင်းတိရိစ္ဆာန်တွေ

ကျက်စားတဲ့‌ အရိုင်းတောလွင်တီးခေါင်တစ်ခုမှာ ပျက်ကျသွားပါလေရော...။

ဒီအဖြစ်ဆိုးကနေ ဘယ်သူတွေရုန်းထွက်သွားနိုင်မလဲ၊

ဘယ်သူ့မှာက လူသိမခံတဲ့ဇာတ်လမ်းတွေရှိဦးမလဲ၊

ဘယ်သူကရော သားကောင်ဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ

ကြည့်ရှုနိုင်ပါပြီဗျာ...။
Bob Marley One Love(2024)

*

20 ရာစုရဲ့ အထင်ရှားဆုံး ရက်ဂေးအဆိုတော် ဘော့မာလီ၊ ကမ္ဘာအနှံ့က တရားမျှတမှု၊ ငြိမ်းချမ်းရေး၊

စည်းလုံးရေး သီချင်းတွေရဲ့ဖခင်ကြီး၊ ကမ္ဘာ့အအောင်မြင်ဆုံး အယ်ဘမ်တွေထဲက

တစ်ခုဖြစ်တဲ့ Exodus ဆိုတဲ့ masterpiece ရဲ့ ဖန်တီးရှင်အကြောင်းကို တင်ဆက်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

King Richard လို ဘိုင်အိုဂရပ်ဖီ ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Reinaldo Marcus Green ရဲ့

လက်ရာဖြစ်ပြီး Marvel Secret Invasion, The OA, Peaky Blinders တို့လို နာမည်ကျော်စီးရီးတွေမှာ

သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kingsley Ben-Adir က ဘော့မာလီအဖြစ် သရုပ်ဆောင်ထားပါတယ်။

သီချင်းကောင်း၊ ဇာတ်လမ်းကောင်း၊ သရုပ်ဆောင်ကောင်းတွေနဲ့မို့ ကြည့်လိုက်ကြပါဦး။

ဇာတ်လမ်းအကျဉ်း

ဘော့မာလီဟာ အစမှာ အာဖရိကလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသိအရမ်းများတဲ့အဆိုတော်ဖြစ်ခဲ့ပါတယ်။

ဂျာမေကာနိုင်ငံဟာ ၁၉၆၂ မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာပါ။

၁၉၇၆ မှာ ဂျမေကာနိုင်ငံဟာ ဆိုရှယ်ဒီမိုကရက် People's National Party နဲ့ ကွန်ဆာဗေးတစ်

Jamaica Labour Party တို့အကြား ပြိုင်ဆိုင်မှုကနေ လက်နက်ကိုင် ပဋိပက္ခတွေအဖြစ်ပြောင်းလဲလာပြီး

ပြည်တွင်းစစ်ကြီးဖြစ်ဖို့ အရမ်းနီးကပ်လာခဲ့ပါတယ်။ အဲဒီတင်းမာမှုတွေကို လျှော့ချချင်လို့

ဘော့မာလီဟာ ဂျမေကာအပြုံးဆိုတဲ့ ရှိုးပွဲကြီးတစ်ခုကို စီစဉ်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်မတူမှုတွေကြောင့်

အိမ်ထဲထိဝင်ပြီး လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပါတယ်။ အသက်ဘေးကလွတ်လာပြီးတော့ ဗြိတိန်ကို

ထွက်ပြေးခဲ့ပြီးနောက်မှာ Exodus အခွေကို ထုတ်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ရက်ဂေးဂီတာ အိုင်ကွန်၊

ရာ့စတာဖာရိုင် ဘာသာရေးအိုင်ကွန်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျမေကာကို

အသက်အန္တရာယ်ရှိတဲ့ကြားထဲက ပြန်လာပြီး အတိုက်အခံ ပါတီခေါင်းဆောင်နှစ်ယောက်ကိုပါ

စင်ပေါ်ခေါ်တင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကူညီခဲ့ပါတယ်။ (ရုပ်ရှင်ထဲမှာ ဒီလိုပြပေမဲ့

အပြင်မှာတော့ ဂျမေကာဟာ ပါတီနှစ်ခု အားပြိုင်မှုတွေ၊ ဂိုဏ်းအကြမ်းဖက်မှုတွေ၊

လူသတ်မှုတွေနဲ့ ၂၀၂၄အထိတောင် မတည်ငြိမ်သေးပါဘူး)
Sentinel (2024)

ဂြိုဟ်သားတွေကမ္ဘာပေါ်ကိုကျူးကျော်လာရင် ဘာတွေဖြစ်လာမလဲလို့ အားလုံးတွေးဖူးကြမှာပါ။ ဒီတော့ ဂြိုဟ်သားတွေကိုစိတ်ဝင်စားတဲ့ ဂြိုဟ်သားကားကြိုက်တဲ့သူတွေအတွက် The Sentinel ဆိုတဲ့ အသစ်စက်စက် အက်ရှင်မူဗီလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေကျူးကျော်လာပြီးနောက်မှာ လူသားတွေဟာ လပေါ်ကိုပြောင်းရွှေ့ခိုလှုံခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလအတော်ကြာပြီးတဲ့နောက်မှာ သူတို့ရဲ့မိခင်ကမ္ဘာကို ပြန်လည်သိမ်းယူဖို့အတွက် လူသား‌တွေဟာအချိန်ခရီးသွားပြီး ဒီဖြစ်ရပ်ကိုပြန်ပြင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း အလွဲအမှားတစ်ခုကြောင့် ကမ္ဘာပေါ်ကို အချိန်မှားရောက်ရှိသွားပြီး ဂြိုဟ်သားတွေ‌ရောက်ရှိလာတဲ့ ဝင်ပေါက်ကိုစောင့်ကြပ်နေတဲ့ Sentinel လို့ခေါ်တဲ့ကင်းစောင့်ကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ အသေးစိတ်စောင့်ကြည့်လိုက်ပါဦးနော်။
Review By falafel
Battle Of Snakes 2023
ဧရာမသတ္တဝါကြီးများရဲ့တိုက်ပွဲ
---------------------------

လင်ဟောက်တုန်းနဲ့ မာဖန်းတိုက ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေးဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်… ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖိုဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့…ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့…
ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ… ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ…
နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ… စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို ကြည့်ရတာ အရှုးမရှိစေမယ့် ကားကောင်းတစ်ခုပါ …
Calamity Jane (2024)ဇာတ်ကားသစ်
*
ရှေးခေတ်ကောင်းဘွိုင်ကားတွေကြည့်လိုက်ရင် Cowboy ဆိုတဲ့အတိုင်း အမျိုးသားတွေကပဲကြမ်းပြနေပြီး အမျိုးသမီးတွေကြမ်းပြတယ်ဆိုတာ ခပ်ရှားရှားပါပဲ။

အဲ့ဒါကြောင့် သာမန်ကောင်းဘွိုင်ကားတွေနဲ့မတူပဲ အမျိုးသမီးတစ်ယောက် ကြမ်းပြတဲ့ကားကိုကြည့်ချင်ရင်တော့အခုတင်ဆက်ပေးမဲ့ Calamity Jane ဆိုတဲ့ ကားက ရှယ်ပဲ

ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားနာမည်ထဲကကလမ်မတီဂျိန်းဆိုတာက ကောင်းဘွိုင်သမိုင်းကြောင်းမှာ တကယ်ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်းအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။သေနတ်ပစ်ရာမှာ ယောက်ျားတွေထက်ပိုကြမ်းသလို လုပ်ခဲ့တဲ့ရာဇဝတ်မှုတွေကြောင့် သူ့နာမည်ကြားရုံနဲ့ကို ရှိန်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။၁၉၅၃ ခုနှစ်တုန်းကလည်း ဒီနာမည်နဲ့ပဲဇာတ်ကားတစ်ကားထွက်ခဲ့ပြီး အခုကတော့ခေတ်သစ်မှာပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ပြောရမှာပါပဲ
Ramabanam 2023
IMDb 5.9/10
Action/Dramaအခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင်
မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ
ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့
ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။
ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။
ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး
ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ
ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက
အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။
မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။
ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။
မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။