UPDATE - အညွှန်းသီးသန့်
5.74K subscribers
11 links
Download Telegram
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Marvel Cinematic Universe ထဲကတစ်ကားဖြစ်တဲ့ Madame Web (2024) Action, Thriller, Mystery ကားလေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ နယူးယော့ခ်မြိုမှာ ကတ်စီတစ်ယောက် ဆေးဘက်အကူအဖြစ်လုပ်ကိုင်နေရင်း သူ့မှာထူးခြားတဲ့ရောဂါလက္ခဏာတွေပြလာရာမှ ဒါတွေကစွမ်းအားတွေဖြစ်နေမှန်းသိလိုက်ရတယ် ဒါတွေအားလုံးရဲ့အရင်းအမြစ်ဖြစ်တဲ့ သူ့အမေရဲ့ စမ်းသပ်ရှာဖွေမှုတွေနောက်ကိုလိုက်စုံစမ်းကြည့်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ပြီးတော့ ထူးဆန်းတဲ့သူတစ်ယောက်လက်ထဲကနေ ဆယ်ကျော်သက်ကောင်မလေးသုံးယောက်ကို ကယ်တင်ဖိုဖြစ်လာတဲ့အခါ သူလုပ်နိုင်ပါ့မလား သူ့စွမ်းအားတွေရဲ့အလွန်မှာ ဘာတွေရှိနေမလဲဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်လို စောင့်မျှော်ကြည့်ရှုပေးကြပါဦး
Dumb Money (2023)

IMDb - 6.9/10
Genre - Comedy, Drama

ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ်ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ်တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Liveလွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပါ။ တစ်ဖက်မှာလည်း ဂုတ်‌သွေးစုပ်ကုမ္ပဏီပိုင်ရှင်တွေက ရှယ်ယာဈေးတွေပြန်ကျအောင်အကြိတ်အနယ်တွေ ကြိုးစားနေကြပါပြီ။ ပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်း အနိုင်ရသူကတော့ တစ်ယောက်တည်းပဲ ရှိရမှာပါ။ ဒါဆို ဒီရှယ်ယာကစားတဲ့ ပြိုင်ပွဲရဲ့ အဆုံးသတ် အနိုင်ရရှိသူက ဘယ်သူတွေဖြစ်မလဲ။ ခေါင်တွေကျန်ခဲ့မလား တက်စားခံလိုက်ရမလား ဆိုတာကတော့ အဆုံးထိကြည့်မှပဲ သိရပါလိမ့်မယ်။
The Thundermans Return (2024)

Action, Comedy, Crime5.5
IMDB: 5.5/10 votes33

Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့


Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊အပြောင်းလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့
Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီးဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုးအဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်းThundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ်ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကိုThundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင်အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။
ဒိုင်လန်တို့ဟာ​ အခင်းဖြစ်နေရာတွေကို သန့်ရှင်းရေး
လိုက်လုပ်ပေးကြတဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့နာမည်ကို11th hour cleaning လို့ပေးထားပါတယ်သူတို့ပေးထားတဲ့နာမည်အတိုင်းပဲ​ ရှင်းလင်းရေးတွေကို
သန်းခေါင်ယံအချိန်တွေမှာပဲလိုက်လုပ်ရလေ့ရှိပါတယ်တစ်နေ့မှာ​တော့​ ဒိုင်လန်တို့အဖွဲ့ဟာ ကိုယ့်မိသားစုဝင်တွေကိုသတ်ပြီး ကိုယ့်ကိုယ်ကိုပါသတ်သေသွားတဲ့အခင်းဖြစ်အိမ်ကိုသွားရှင်းရဖို့အလုပ်အပ်ခံရပါတော့တယ်.သူတို့အဖွဲ့ဟာ အဲဒီအခင်းဖြစ်နေရာမှာ​အလုပ်လုပ်နေကြရင်းနဲ့အိမ်ထဲမှာထူးဆန်းစွာပိတ်မိသွားကြပြီးပြန်ထွက်လို့မရကြတော့ပါဘူး.ဒိုင်လန်ကတော့သူတို့ပိတ်မိနေတာ အိမ်ရဲ့တည်ဆောက်ပုံမှာအိမ်ကိုအလုံပိတ်ဖြစ်အောင်လုပ်လို့ရတဲ့စနစ်ဆင်ထားတာကြောင့်လို့သူ့အဖွဲ့သားတွေ​ကိုပြောခဲ့ပေမယ့် တကယ့်အမှန်တရားကသက်သက်ရှိနေပါတယ် အဲဒီအမှန်တရားကဘာလဲသူတို့အဖွဲ့ကရောလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ဆက်ကြည့်လိုက်ရအောင်ပါ…
Dungeons & Dragons: Honor Among Thieves (2023)~ IMDb – 7.5/10, RT – 90%, Meta – 72% ~

မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာ သုံးသွားတဲ့ မှော်တိုက်ကွက်တွေကလည်း နာမည်တွေမပြောပေမဲ့ ယခင် ဂိမ်းတွေထဲမှာ အဓိကသုံးကြတဲ့ အကွက်တွေဖြစ်သလို D&D ယူနီဗာ့စ်ကြီးရဲ့ အထင်က‌ရနေရာဖြစ်တဲ့ Neverwinter မြို့ကို နေရာစုံပြထားတဲ့အပြင် Easter Egg မျိုးစုံပါပါတယ်။ D&D ဖန် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြည့်လို့ကောင်း အချိန်ပေးရကျိုးနပ်မှာတော့သေချာပါတယ်။~ ဇာတ်လမ်းအကျဉ်း ~
အက်ဂင်ဆိုတဲ့ လူတစ်ယောက်ဟာ လူတွေကို ကူညီတဲ့ စောင်းသမားအဖွဲ့ကနေ သူခိုးအဖြစ်ကို အကြောင်းတစ်ခုကြောင့် ပြောင်းလဲလာတဲ့လူတစ်ယောက်ပါ။ သူနဲ့အတူ သူ့ရဲ့ သမီး ကီရာ၊ တိုက်ခိုက်ရေးသမား ဟိုဂါ၊ မှော်ဆရာတလွဲကောင် ဆိုင်မွန်၊ လူလိမ် ဖို့ဂျ်တို့လည်း သူခိုးအဖွဲ့မှာပါဝင်ကြပါတယ်။ တစ်ကြိမ်မှာတော့ အက်ဂင်ရဲ့ သေသွားတဲ့ ဇနီးကိုအသက်ပြန်သွင်းနိုင်တဲ့ ကျောက်ပြားတစ်ချပ်ကိုခိုးယူရင်း အဖမ်းခံလိုက်ရပြီး အက်ဂင်နဲ့ဟိုဂါတို့ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကနေ ထွက်ပြေးလာပြီး ကျောက်ပြားနဲ့သမီးကို ပြန်လိုက်ရှာရင်းနဲ့ သေယန်ဆိုတဲ့ စုန်းကဝေတပ်ကြီးနဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ……
Yaaro (2022) သို့ "မဖိတ်ခေါ်ထားသော ဧည့်သည်"
==================================
ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလ်
psychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ်
"ဂျွန်" က ခန့်မှန်းရခက်တဲ့လူ
သူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်း
တစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက်
အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ "ဂျွန်" တစ်ယောက် အိမ်ကြီးထဲမှာ တစ်ကိုယ်တည်းနေရတယ်....
DELILER (2018)


၁၅ရာစု အလယ်ပိုင်းလောက်ထဲက ၁၈၂၉ခုနှစ်လောက် ထိ တည်ရှိနေခဲ့ရှေးခေတ် တူရကီလူမျိုး (Turks)တွေရဲ့ အကြောင်းကို အခြခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။

အော်တိုမန်ဆိုတဲ့ စူလ်တန် လူမျိုးစု အဖွဲ့ဟာ လူသားချင်း စာနာထောက်ထားမှုကို လက်ကိုင်ထားတဲ့ လူမျိုးစုဖြစ်ပါ တယ်။

သူတို့ကျွေးမွေးပညာပေးခဲ့တဲ့ ဗူလတ်ဟာ သူတို့ လက်ကိုင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မတရား ညှင်းပန်းနှိပ်စက်မှုကို ရှေ့တန်းတင်လာတဲ့အခါ ထို သစ္စာဖောက်ကို နှိမ်နှင်းဖို့ မာမက်ဘုရင်ကိုယ်တိုင် ဗူလတ် ရှိရာသို့ စစ်ချီထွက်ရပါတော့တယ်။
တရားမှုနဲ့ မတရားမှုတို့ကြား အားပြိုင်မှုက သမိုင်းနဲ့ချီပြီး ရာဇဝင်တွင်လာခဲ့ပါတော့တယ်
Echo Boomers (2020)

ဇာတ်လမ်းအကျဉ်း
လန့်စ်ဇက်တာလန်ဆိုတဲ့ အနုပညာမေဂျာနဲ့ကျောင်းပြီးထားတဲ့ကောင်လေးဟာ
ဘွဲ့ရပြီးတဲ့နောက်မှာအလုပ်အင်တာဗျူးတွေအများကြီးလျှောက်ခဲ့ပေမယ့်
အလုပ်မရနိုင်ဘဲဒုက္ခရောက်နေတာပါ

အဲ့တာကြောင့်လန့်စ်ဟာ သူ့ရဲ့ဝမ်းကွဲညီအစ်ကို ဂျက်ရှိတဲ့ချီကာဂိုမြို့ကိုအလုပ်ရှာဖို့ထွက်လာပါတယ်
ဂျက်ကသူ့ဆီမှာဝင်ငွေကောင်းတဲ့အလုပ်ရှိကြောင်းသူအရမ်းအဆင်ပြေနေကြောင်းပြောပြီး
လန့်စ်ကိုလည်း အလုပ်သွင်းပေးမယ်လို့ ပြောလိုက်တော့ လန့်စ်တစ်ယောက်အလုပ်ကောင်းရပြီဆိုပြီး
ပျော်နေခဲ့ပေမယ့် လက်တွေ့မှာတော့ဂျက်ပြောတဲ့အလုပ်ဆိုတာ
တရားမဝင်တဲ့ အိမ်တွေကိုဖောက်ထွင်းခိုးယူတဲ့အလုပ်ဖြစ်နေ တာကိုသိလိုက်ရပါတယ်
ဂျက်နဲ့အလုပ်တွဲလုပ်သူလေးယောက်ရှိပြီး ခေါင်းဆောင်ကတော့အဲလစ်ပါ။
နောက်ဆုံးမှာ လန့်စ်လည်းအဲလစ်ရဲ့သိမ်းသွင်းမှုကြောင့်နောက်ဆုံးမှာမှားယွင်းတဲ့လမ်းကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့
Fighter (2024)

အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။
အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့
မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာ
အက်ရှင်အသားပေးတင်ဆက်ထားပါတယ်။
ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
ကြည်တောက်ရှင်းဗားရှင်းလေးနဲ့ခံစားအားပေးကြပါဦး
In the Land of Saints and Sinners (2023) ဇာတ်ကားသစ်
*
အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံြးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ စစ်ပြန်ကြီး ဖင်းဘားဟာ မိန်းမဖြစ်သူသေဆုံးသွားပြီးနောက်ပိုင်း ကြေးစားလူသတ်သမားအလုပ်နဲ့အသက်မွေးပါတယ်။ ဒီလိုနဲ့အသိဝင်လာပြီးအနားယူတော့မဲ့အချိန်မှာမှ IRAဖောက်ခွဲရေးသမား ဝရမ်းပြေးတစ်ယောက်က သူ့ရွာမှာ လာပုန်းနေရင် ကလေးမလေးတစ်ယောက်ကို နှိပ်စက်နေတာတွေလို့ သတ်လိုက်မိပါတယ်။ အဲဒီ IRA ရဲ့ အပေါင်းအပါတွေကို လက်စားချေဖို့ လိုက်ရှာတာကို ပြန်ရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ သူတော်စင်တွေနဲ့အပြစ်သားတွေရဲ့မြေဆိုတာက အများအားဖြင့် ဘာသာရေးကိုင်းရှိုင်းပြီး ညစ်ညမ်းတဲ့အပျော်အပါးတွေပေါတဲ့.. ..
Renegades (2022)

IMDB: 5.5/10

ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်းဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီးနေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင်
ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေးပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက်အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက်ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်…။
Ninja Assassin (2009)

ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို CM Fan တွေဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်ချင်တယ်လို့ ပူဆာထားလို့ တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ

အစကတော့ ဒီ အသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြရင်း မိသွားတဲ့သူတွေကို နှိပ်စက်အပြစ်ပေးတက်ပါတယ်

ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်...ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတယ်

သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင်ပါဘူး
Cities of Last Things (2018)

ဒီတစ်ခါမှာတော့ ၂၀၁၈က ထွက်ရှိထားတဲ့ ထိုင်ဝမ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ

ဒီဇာတ်ကားလေးဟာ တခြားကားတွေနဲ့ မတူဘဲ ကွဲထွက်နေတာကတော့ ဇာတ်ဆောင်ရဲ့ အလှည့်အပြောင်းကို ခေတ်သုံးခေတ် ရိုက်ပြထားခြင်းဖြစ်ပါတယ်

IMDb မှာ 6.2 ထိရရှိထားတဲ့ကားကောင်းလေးဖြစ်တာကြောင့် မလွှတ်တမ်းကြည့်ရှုသင့်ပါတယ်နော်

လူ့လောကမှာ ထူးခြားတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့နေရတဲ့ ကျန်းတုန်းလင်တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်အနည်းငယ်တုန်းက

မတရားခံရတာတွေကို ဘယ်လို လက်စားလိုက်ချေမလဲဆိုတာ Cities of last things ဆိုတဲ့ ဇာတ်ကားလမ်းမှာ ကြည့်ရှုအားပေးကြပါဦးနော်

#Credit
ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတိုရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲထားတာပါ။အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။

တစ်ရက်မှာတော့ သူတိုနှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတိုသဘောနဲ့သူတို ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပိုဆောင်ခဲ့ပါတယ်။
မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖိုအတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို ကြိုးပမ်းပါတော့ တယ်။အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို လုပ် ဆောင်ရင်း တိရစ္ဆာန်အရေးလှုပ် ရှားသူတွေနဲ့ပါ ပေါင်းမိခဲ့ပြီး အုတ်ဂျာကို ကယ်ဆယ်နိုင်ရေး လုပ် ဆောင်ခဲ့ပါတယ်။အုတ်ဂျာအတွက်နဲ့ နယူး ယောက်ကို လိုက်သွားတဲ့ မီဂျာ ဘယ်လိုအခက်အခဲတွေရင်ဆိုင် ရမှာလဲ။ အုတ်ဂျာကိုကော အချိန် မီကယ်တင်နိုင်မှာလား။ သူချစ်တဲ့ အုတ်ဂျာကို မူလနေရပ်ဆီ ပြန် ခေါ်သွားနိုင်မှာလားဆိုတာ ဆက် ကြည့်လိုက်ဦးနော်။ခါတိုင်းကြည့်နေကျ ကိုရီး ယားဇာတ်လမ်းတွေလိုမဟုတ်တဲ့ ဇာတ်အိမ်လေးနဲ့မို ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။ဒီဇာတ်ကားမှာ မီဂျာအဖြစ် အန်းဆိုဟွန်းက အဓိကပါဝင် သရုပ်ဆောင်ထားပြီး တီလ်ဒါဆွင် တန်၊ ပေါလ်ဒါနို၊ ဂျိတ်ဂျီလင်ဟော စတဲ့ကိုရီးယား၊ အမေရိကန်သရုပ်ဆောင်များစွာ ပါဝင်ထား ပါတယ်။
ဇာတ်လမ်းလေးကတော့ ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ “လူကြီးဖြစ်ချင်တယ်” ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်

၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်

ခန္ဓာကိုယ်ကသာ လူကြီးဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့..

ဒါပေမယ့် လူကြီးဘဝဟာ ထင်ထားသလိုမဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာတော့ ကလေးဘဝကိုပဲ ပြန်နေချင်လာတော့တယ်

Tom Hanks သရုပ်ဆောင်ကောင်းတာကတော့ အထူးတလည်ပြောနေစရာမလိုဘူး..အမူအရာတွေတင်မကဘူး..သူ့ရဲ့ အကြည့်တွေ စိတ်ခံစားချက်တွေကပါ Josh ဆိုတာ လူကြီး ခန္ဓာကိုယ်ဖဲရောက်နေတဲ့ ကလေးလေးပဲဆိုတာ ပရိတ်သတ်က အဆုံးထိ ယုံကြည်ထားနိုင်စေခဲ့တယ်
Love You Koak E-Gerng (2020)

ကွတ်အီဂန်ဆိုတဲ့ အီဆန်ဒေသကရွာလေးတစ်ရွာ။
အေးချမ်းသာယာပြီး ရှိတာလေးနဲ့ရောင့်ရဲပြီးပျော်ပျော်နေတတ်တဲ့လူမျိုးတွေရှိတဲ့ရွာတစ်ရွာပေါ့။
အဲ့ဒီရွာက ရိုးသားကြိုးစားဖိုးသခွားလေး "ဖွန်" ဟာ
တစ်ရွာတည်းသူလေး "မမ်" ကိုငယ်စဥ်ကတည်းက​ မေတ္တာသက်ဝင်ခဲ့ပြီး "မမ်" ဘက်ကလည်းပြန်လည်မေတ္တာတုံ့ပြန်မယ့်အရိပ်အယောင်တွေရှိနေပေမယ့်၊ မမ်ရဲ့ အဖေ "ဂျွန်နီ" ကတော့ "မင်းလိုဆင်းရဲသားငမွဲကောင်နဲ့ငါ့သမီးနဲ့တူသလား တန်သလား" ဆိုပြီး ဖွန်ကိုခါးခါးသီးသီးပါပဲ။
ဒါနဲ့ ဖွန်တစ်ယောက် မမ်ကိုတင်တောင်းမယ့်ရည်ရွယ်ချက်နဲ့ ဘန်ကောက်မြို့ကြီးကိုတက်ပြီး အလုပ်လုပ်ပါတော့တယ်။ အချိန်တစ်ခုကြာလို့ ကွတ်အီဂန်ရွာလေးကိုပြန်ရောက်လာတဲ့အခါ ချစ်ရသူရဲ့မင်္ဂလာပွဲနဲ့ တန်းတန်းမတ်မတ်ကြီးတိုးပါတော့တယ်။
ဖွန်တစ်ယောက် မမ်ကိုပြန်ရနိုင်ပါ့မလား။
ယောက္ခမလောင်းကြီးဂျွန်နီဘဝကူးပြီးသရဲဘဝရောက်သွားတဲ့အခါ ဖွန်ကိုဘယ်လိုခြောက်လှန့်မလဲ။
ဖွန်ရယ် ချစ်သူမမ်ရယ် သရဲယောက္ခမကြီးရယ်နဲ့ ရွာသားတွေရဲ့ဂယက်တစ်သိန်းကို ပေါ့ပေါ့ပါးပါးကြည့်ရှုလိုက်ကြပါဦး။
Manta Ray (2018)

ဇာတ်လမ်းအကျဥ်း...
ရိုဟင်ဂျာဒုက္ခသည်ထောင်ချီ ပင်လယ်ထဲမှာရေနစ်မြှုပ်ခဲ့တဲ့ ထိုင်းကမ်းရိုးတန်းရွာလေးအနီးမှာ ထိုင်းဒေသခံ ငါးဖမ်းသမားတစ်ယောက်က သစ်တောနားမှာ ဒဏ်ရာရနေတဲ့လူတစ်ယောက် သတိလစ်လဲလျောင်းနေတာကို ရှာတွေ့ခဲ့ပါတယ်။ ငါးဖမ်းသမား ကယ်တင်ပေးခဲ့တဲ့လူစိမ်းက စကားတစ်လုံးမှမပြောတတ်ပါဘူး။ ဒါပေမဲ့ ငါးဖမ်းသမားက လူစိမ်းကိုထုန်ချိုင်ဆိုတဲ့နာမည်ပေးပြီးတော့ မိတ်ဆွေအဖြစ်သဘောထားရင်း တစ်အိမ်ထဲမှာအတူနေခဲ့ပါတယ်။ အဲ့လိုနေလာရင်းကနေ တစ်ရက်မှာတော့ ငါးဖမ်းသမားက ပင်လယ်ထဲငါးဖမ်းသွားရင်းနဲ့ ပျောက်သွားခဲ့ပါတယ်။ ငါးဖမ်းသမားပျောက်နေတဲ့အချိန်အတွင်း ငါးဖမ်းသမားရဲ့ဇနီးဟောင်းက ပြန်ရောက်လာခဲ့ပါတယ်။
ဒီရုပ်ရှင်ကားလေးကတော့ ထိုင်းတံငါသည်လူငယ်လေးနဲ့ မြန်မာဒုက္ခသည်စခန်းကလူတစ်ယောက်ရဲ့ဆက်ဆံရေးကို အဓိကရိုက်ပြထားတာပါ။ ထိုင်း-မြန်မာနယ်စပ်က ရွာလေးတစ်ရွာမှာရိုက်ထားတဲ့အပြင် ရုပ်ရှင်တစ်ကားလုံးမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည်က စကားတစ်ခွန်းမှမပြောခဲ့ပါဘူး။ တကယ်တော့ ဒီရုပ်ရှင်က မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့နှိပ်စက်မှုကိုကြုံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်းကို ရည်ညွှန်းဖော်ပြထားတာပါ။ လုံးဝကိုအနုပညာဆန်ပြီးတော့ စကားလုံးတွေအများကြီးမသုံးထားဘဲ အတွေးတွေအများကြီးတွေးမိစေတဲ့ ဆုရရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။
Drama/Thriller/Western IMDb – 5.3/10 ဒီဇာတ်လမ်းရဲ့ ပိုစတာကိုမြင်လိုက်တာနဲ့ သွေးသံတရဲရဲနဲ့ ကြောက်ဖို့ကောင်းတဲ့ခံစားချက်ဝင်မိမှာပါ ဒါပေမဲ့ ဒီဇာတ်ကားက သာမန် horror movie တွေလိုမျိုးမဟုတ်ဘဲနဲ့ ပရိတ်သတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ်ရှိန်တဖြည်းဖြည်းတက်သွားပြီး စိတ်ဝင်စားအောင် ဖမ်းစားသွားနိုင်တဲ့ thriller ဆန်ဆန် ဇာတ်ကားကောင်းတစ်ခုပါ။
အကြမ်းဖက်မှုတွေ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းစတိုင် horror ဆန်ဆန်ရိုက်ကူးထားပြီးတော့ ဒီဇာတ်လမ်းကိုတော့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးတဲ့ လှည်းလမ်းကြောင်းဖြစ်တဲ့ Orgeon Trail ကိုအခြေတည်ပြီး ဒါရိုက်တာက နာမည်ပေးခဲ့တာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… အက်ဘီ‌ဂေးလ်တို့မိသားစုလေးယောက် မုန်တိုင်းဒဏ်ကိုဖြတ်ကျော်ပြီး Orgeon Trail ကိုဖြတ်သွားတော့မယ်အချိန်မှာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။
အဲဒါကတော့ အက်ဘီဂေးလ်ရဲ့အဖေက သူ့အစ်ကိုနဲ့ အမဲလိုက်ထွက်နေရင်း ဒဏ်ရာရအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။သူ့အဖေတို့ ဒဏ်ရာရာအမျိုးသမီးကို ကယ်ဆယ်ပေးပြီး သူတို့ယာယီစခန်းအထိ ခေါ်လာခဲ့တဲ့အချိန်မှာတော့ အက်ဘီဂေးလ်တို့ဆီကို ဘယ်လိုဒုက္ခမျိုးတွေယူဆောင်လာမှာလဲ…အက်ဘီဂေးလ်တို့ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ
White Dragon Horse (2022)
======================

IMDB: 5.9/10

ငယ်ငယ်လေးတုန်းက စွန်းဝူခုန်းရဲ့ အနောက်ဘက်ဆီသို့
ခရီးသွားခြင်းဆိုတဲ့ ဒဏ္ဍာရီလေးကို ကြားဖူးတယ်မလား?
ဒါပေမဲ့ အဲ့ဒီ အနောက်ဘက် အနောက်ပင်လယ်ဆီက
ဒဏ္ဍာရီလေးတစ်ပုဒ်ကိုတော့ သိကြမယ်မထင်ပါဘူး ။အနောက်ပင်လယ်မှာ ရှိတဲ့ နဂါးမျိုးနွယ်စုတွေဟာဆိုရင်
ကောင်းကင်ဘုံ တရားရုံးတော်ကို ခစားတဲ့အနေနဲ့
အနောက်ပင်လယ်ပြင်ကြီးကို စောင့်ကြပ်ကြရပါတယ်။
ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေဟာဆိုရင် နဂါးတွေကို
သူတို့လက်ခုတ်ထဲက ရေလိုသဘောထားပြီး စားသောက်ဖွယ်အနေနဲ့
မက်မွန်ပွဲတော်ရောက်တိုင်း နဂါးတွေကို စားသုံးကြပါတယ် ။
အနောက်ပင်လယ် နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံဖြစ်သူ
အောင်လျဲ့ဟာ ဒီအရာနဲ့ပတ်သတ်ပြီး စိတ်ထဲမှာ လုံးဝကို အခဲမကျေခဲ့ပါဘူး။
အဲဒါကြောင့် နဂါးမျိုးနွယ်စွမ်းအားတွေ ပြန်လည်ဖွဲ့စည်းပြီး
နဂါးအသားစားသုံးတဲ့ ဓလေ့ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
တစ်ချိန်ထဲမှာပဲ အောင်လျဲ့တစ်ယောက် သူနဲ့လက်ဆက်ရန်
စီစဥ်ထားတဲ့ မင်းသမီးလေး ပိပေါ်ထန်နဲ့ တွေ့ဆုံကာ
မြင်မြင်ချင်းချစ်မိသွားပြီး မောက်မာခဲ့တဲ့ နှလုံးသားလေးက
အရည်ပျော်ကျသွားရပါတယ် ။ ဒါပေမဲ့လို့ သူချစ်ရတဲ့
ချစ်သူကို ခေါင်းကိုးလုံး မိစ္ဆာဘုရင်က လုယူသွားခဲ့တဲ့အခါမှာတော့…?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ
❏အချစ်အတွက်နဲ့ ဒီခေါင်းကိုးလုံး မိစ္ဆာကြီးကို ချေမှုန်းနိုင်ပါ့မလား
❏ သတ်ဖြတ်ချင်းခံနေရတဲ့ သူ့ရဲ့မျိုးနွယ်စုတွေကိုရောသူကယ်တင်နိုင်ပါ့မလား
ဆိုတာ စိတ်ဝင်တစားကြည့်ရှုမဲ့ ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်တာမို့ အခုပဲကြည့်ရှုရအောင်လားရှင်

Credit...
Tik Tok (2016)

လူဆိုတာမျိုးက ယုံကြည်ချက်သန်ရာသန်ရာကိုလိုက်တတ်တဲ့သူမျိုးပါ..ဒါပေမယ့် ဘယ်ကိစ္စမဆို ယုံကြည်ချက်အစွန်းရောက်သွားပြီး နာကျင်မှု့တွေပါပေါင်းစပ်လိုက်တဲ့အခါ ရလဒ်မကောင်းတတ်တာကို ဒီကားလေးထဲမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ကိုးတစ်တနဲ့ ကိုးကျစ်ဟွားတို့က ညီအစ်ကို ၂ယောက်ထဲက အစ်ကိုဖြစ်သူ ကိုးကျစ်တ က လောင်းကစားအလုပ်ကို စွဲလမ်းရူးသွပ်သူပါ

ဘယ်လောက်တောင်ရူးသွပ်သလဲဆိုရင် လူကသာစိတ်ကစဉ့်ကလျားဖြစ်သွားတယ်..လောင်းကစားစိတ်ကပျောက်မသွားပါဘူး

သူ့ရဲ့စိတ်ဝေဒနာဟာ တစ်နေ့တစ်ခြားဆိုးရွားလာပါတော့တယ်“ကံဆိုးမသွားရာမိုးလိုက်လို့ရွာ”ဆိုသလိုပဲ ကုမ္ပဏီပျက်စီးပြီးကြွေးတွေပိပြီး လူကလဲ စိတ်ဝေဒနာရသွားလေတော့ ညီဖြစ်သူကလည်း ရွာလည်တော့တာပေါ့

ဒီလိုဒုက္ခတွေကြားထဲကရုန်းထွက်နိုင်အောင်လို့ အစ်ကိုဖြစ်သူ ကိုးကျစ်တက အကြံကြီးကြီးမားမားတစ်ခုအကောင်အထည်ဖော်ခဲ့ပါတယ်

လက်တလုံးခြားလှည့်ကွက်တွေနဲ့ ကိုရီးယားရဲတွေဒုက္ခပေးပါတော့တယ်..နောက်ပိုင်းကော ကိုးကျစ်တနဲ့ ကိုးကျစ်ဟွားတို့ဘာဆက်ဖြစ်ကြမလဲဆိုတာကိုတော့