Khuda Haafiz Chapter 2: Agni Pariksha (2022)
ဇနီးသည်က အဓမ္မကျင့်ခံခဲ့ရလို စိတ်ဒဏ်ရာရနေချိန်မှာ ကုစားပေးဖိုအတွက် ခင်ပွန်းသည် စမီရ်ဟာ သမီးလေးတစ်ယောက် မွေးစားခဲ့ပါတယ်။
သမီးလေးကြောင့် ဇနီးသည်ရဲ့စိတ်အခြေအနေပြန်လည်သက်သာလာတဲ့အချိန်မှာ ကံကြမ္မာဆိုးတစ်ခု ထပ်မံဝင်ရောက်လာပါတော့တယ်။
အသက် ၅ နှစ်သာရှိသေးတဲ့ သမီးလေးနန်ဒီနီကို အာဏာပိုင်အရာရှိရဲ့မြေးဖြစ်သူနဲ့ အပေါင်းအပါတစ်စုက ပြန်ပေးဆွဲပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာကို စမီရ်သိသွားတဲ့အခါမှာ မိသားစုအတွက် ဘယ်လိုတွေ လက်စားချေသွားမလဲ...
အာဏာကို တစ်လွဲသုံးစားလုပ်ပြီး အပြစ်ကနေ လွတ်သွားတဲ့သူတွေကို ဘယ်လိုရှာဖွေပြီး အပြစ်ပေးသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုသွားရမှာ ဖြစ်ပါတယ်။
ကွန်မန်ဒိုမင်းသားရဲ့ကားမလို အတိုက်အခိုက်အပိုင်းကတော့ ပြောစရာမလိုတော့ပါဘူး...

The Requin (2022)
ဒီတစ်ခါတော့ survivalဆန်ဆန်ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ စုံတွဲတစ်တွဲဟာဗီယက်နမ်နိုင်ငံကိုအပန်းဖြေခရီးထွက်လာကြတာကနေဇာတ်အိမ်တည်ထားပါတယ် သူတိုနှစ်ယောက်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ကမ်းခြေကရေပေါ်ဟိုတယ်မှာတည်းကျပြီးဒီအတွက်ကိုပိုက်ဆံအတော်များများကုန်ကျခံထားကြတာပဲဖြစ်ပါတယ်။ ဒီကိုဘာလိုခရီးထွက်လာရလည်းဆိုရင်တော့ Jaeဆိုတဲ့ကောင်မလေးမှာအတိတ်တုန်းကစိတ်ဒဏ်ရာရခဲ့တာကြောင့် ဒါကိုကုစားလိုရလိုရငြားဆိုပြီး ဒီခရီးကိုထွက်လာကြတာပဲဖြစ်ပါတယ် ကံဆိုးချင်တော့ သူတိုနှစ်ယောက်တည်းနေတဲ့ကမ်းခြေဟာ မုန်တိုင်းဒဏ်နဲ့ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ် မုန်တိုင်းရဲ့ဒဏ်ကြောင့် နှစ်ယောက်စလုံးဟာ ပင်လယ်ထဲမှာမျောပါသွားရင်း ကယ်ဆယ့်မယ့်သူကိုရှာဖွေနေရတဲ့ကြားမှာ ငါးမန်းနဲ့ပါထပ်မံရင်ဆိုင်ရပြန်ပါတယ် ဒီလိုနဲ့သူတိုနှစ်ယောက်အတွက် ကယ်ဆယ်မယ့်သူတွေများပေါ်လာမလား ဒါမှမဟုတ် ငါးမန်းနဲ့ရောဘယ်လိုမျိုးနှစ်ပါးသွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှူပေးကြပါဦးနော်

Satan's Slaves 2: Communion (2022)
2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က
ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ
IMDb 7.4 ရထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ
RIni တိုမောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။
တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို တွေးနေကြပေမယ့်
ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ
သူတိုအမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတိုဆီရောက်လာပါတယ်။
မုန်တိုင်းဝင်လို ရေတွေတက် မီးပျက်တဲ့ညမှာပဲ
Rini တိုမောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ
လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။

Aftermath (2024)
******
Mystery, Sci-fi
အမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝ
ရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီး
ဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်း
ထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။
ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့
တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။
သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ
ဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။
အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီး
သတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့
လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင်
နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာက
ဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့
မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီး
အဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ooru Peru Bhairavakona (2024) “ကျတ်ရွာ”
IMDb – 6.5/10အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစား
တလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။
ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။
ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီး
မြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့
ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့
အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။
မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာ
မေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကို
သိလိုက်ရတဲ့အခါ…။အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့
ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့…။

Rob N Roll (2024)
ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့
အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Gordon Lam နဲ့ Richie Jenတို့လို
ဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာ
အရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့
ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်
အဲဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်း
ငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင်
လိုက်ရှာရင်း သူတို့နှစ်ယောက်နဲ့သွားဆုံပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖို့ဖြစ်သွားခဲ့ကြတယ်။
သူတို့ရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့
ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်။တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတို့တွေဟာ ဘယ်လိုဖြစ်လာကြမလဲ…….
ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့်
ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲ
ပေါ့ပေါ့ပါးပါးခံစားလို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Suspicion of the moon 2024
တရုတ်ဇာတ်ကားတွေနဲ့သိပ်မတူတဲ့ ရသတစ်မျိုးဖြစ်စေမယ့်
စင်္ကာပူHorrorကားလေးတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့……
မိန်းမတွေအားအနည်းဆုံးအချိန်ဟာမီးဖွားပြီး မီးနေချိန်လို့ဆိုကြပြီး
မီးတွင်းကာလအချိန်မှအပြင်မထွက်ရ ရေမချိုးရဆိုတဲ့အယူတွေရှိကြပါတယ်။စင်္ကာပူရဲ့တက်သစ်စ ပန်းချီဆရာမလေးတစ်ယောက်ဟာ မီးဖွားခါနီးမှာ
အိမ်ပြောင်းရဖို့ဖြစ်လာတဲ့အတွက် အနုပညာအဖွဲ့အစည်းကို
လှူထားတဲ့အိမ်တစ်လုံးမှာခဏနေခွင့်ရခဲ့ပါတယ်။
တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် မီးနေချိန်မှာစောင့်ရှောက်ဖို့
ကလေးထိန်းတစ်ယောက်ခေါ်ခဲ့ပါတယ်။ ကလေးထိန်းရောက်လာပြီးတဲ့နောက်မှာတော့
ထူးဆန်းတာတွေတစ်ခုပြီတစ်ခုဖြစ်လာခဲ့တယ်။
သူမြင်တဲ့အရာတွေကို သူများတွေကမမြင်ဘူးလို့ဆိုလာတဲ့အခါ …..
သူတကယ်ပဲရူးသွားပြီလား……
မီးဖွားပြီးခါစသွေးနုနုသားနုနုမလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား……
ဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်နေမလဲ……

The Parades (2024)လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား????
ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့
နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော
သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား?
ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie “The Parades” ထွက်ရှိလာခဲ့ပါပြီ။
ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။
ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ
သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့
သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့်
မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။
သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့
ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။

Brick(2005)
****
IMDb 7.2/10 Rotten tomatoes 80%
ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့
အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီက
ဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီ
ပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့
ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့
ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက် သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့
အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခု
လူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာ
ပင်န် နဲ့ တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရော
ဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရော
ဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ
အားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။

Doh (2023) “မုန့်ဆိုင်”မလေးစကားပြော မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဖာအစ်ဇ်က ကွာလမ်လမ်ပူမှာ အလုပ်သွားလုပ်ပေမဲ့
အဖေဖြစ်သူကွယ်လွန်တဲ့အတွက် ဇာတိမြို့လေးဆီပြန်လာရပါတယ်။
မောင်နှမသုံးယောက်တည်းမှာ အကြီးဆုံးဖြစ်နေတဲ့ ဖာအစ်ဇ်က
အဖေဖြစ်သူကိုယ်တိုင် မုန့်လုပ်ပြီးရောင်းတဲ့ မုန့်ဆိုင်လေးကို
လူငှားပြီးထားခဲ့ချင်ပေမဲ့ အမေဖြစ်သူကလက်မခံ။ဒီတော့ အဆင်ပြေတဲ့အထိ သူပဲ ဦးစီးဦးဆောင်လုပ်နေရတာပေါ့။
အဖေဖြစ်သူလုပ်တုန်းကလောက် မုန့်တွေက မကောင်းတဲ့အတွက်
အဝယ်ကျဲလာရတဲ့ကြားက အနီးမှာလည်း မုန့်ဆိုင်အသစ်ဖွင့်ထားတော့
ဖာအစ်ဇ်ရဲ့မုန့်ဆိုင်လေးက ဝယ်သူမရှိသလောက်ဖြစ်လာပါတော့တယ်။ဒီမှာပဲ ဖာအစ်ဇ်တစ်ယောက် အဖေ့လက်ထက်တုန်းကလို ဆိုင်လေး ပြန်ပြီး
ရောင်းကောင်းဖို့အရေးနဲ့အတူ ချစ်ရတဲ့ကောင်မလေးကိုပါ ဘယ်လိုပိုးပန်းမလဲဆိုတာ
ကြည့်ရှုကြပါဦး။

Iwájú (2024)
ဒီတခေါက်တင်ဆက်ပေးထားတာကတော့
Disney plus က လတ်လတ်ဆတ်ဆတ်ထုတ်ထားတဲ့
Original animated အပိုင်း ၆ ပိုင်းပါ မီနီစီးရီးလေးပါ
IMDB rating 7.2 တောင် ရရှိထားတဲ့ sci-fic ကားကောင်းလေးပါပဲ
ဇာတ်အိမ်ကိုကတော့ အနာဂတ်ကာလက နိုင်ဂျီးရီးယားနိုင်ငံ
လာဂိုစ့်မြို့လေးမှာ တည်ထားပါတယ်
တိုလာ ဆိုတဲ့ ၁၀ နှစ်အရွယ်ကလေးမလေးနဲ့ သူ့သူငယ်ချင်းဖြစ်သူ
နည်းပညာကျွမ်းကျင်တဲ့ကောင်လေး ခိုလေး တို့ နှစ်ယောက်သားရဲ့
အသီးသီးနေထိုင်ရာပတ်ဝန်းကျင်မှာ ဖုံးကွယ်ထားတဲ့
လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်တွေကို
ရှာဖွေ့စွန့်စားကြတဲ့ ဇာတ်လမ်းတိုလေးဖြစ်ပါတယ်
အပိုင်းတိုတိုလေးနဲ့မို့ အပျင်းပြေ
ကြည့်ဖို့ရာအတွက် ဇာတ်လမ်းကောင်းလေးပါပဲနော်

Tekken (2010)
ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်ကျော်
Tekkenဂိမ်းကို Live actionအဖြစ် ရိုက်ကူးထားတာပါ။
ဂျပန်ဂိမ်းကို အနောက်တိုင်းသရုပ်ဆောင်တွေနဲ့ ပြန်ရိုက်ထားတဲ့Live actionဆိုတော့ ထွေထွေထူးထူးပြောစရာရယ်တော့ မရှိပါဘူး။ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။
တစ်ကမ္ဘာလုံး စစ်ပွဲတွေဖြစ်အပြီးမှာ အစိုးရအဖွဲ့တွေပြိုလဲသွားပြီးကော်ပိုရေးရှင်းဆိုတဲ့အဖွဲ့တွေ ကမ္ဘာ့အနှံ့မှာ သူ့နေရာနဲ့သူ သီးခြားရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းကတော့တက်ခန်မြို့တော်ဆိုတဲ့ အဖွဲ့အစည်းပေါ့။ ဒီကော်ပိုရေးရှင်းတွေကတစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”ဆိုတဲ့ ပြိုင်ပွဲတစ်ခုကိုကျင်းပလေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာတစ်ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့တော်ရဲ့ အပြင်ဘက် အန်ဗေးလ်ဆိုတဲ့မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ကောင်လေးကဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့အမေကိုသေစေခဲ့တဲ့ တက်ခန်ကော်ပိုရေးရှင်းရဲ့ အကြီးပိုင်းခေါင်းဆောင်တွေကို လက်စားချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင်မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်အဆင့်ထိရောက်နိုင်မလဲ၊ဘယ်လိုရန်သူတွေကို ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက်အထိုးအကြိတ်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်

The Soldier of Doomsday 2024
2100 ခုနှစ် ဂြိုဟ်သားအာကာသယာဉ်တစ်စင်းဟာ အကာလျှိဝှက်စွမ်းအင်များနဲ့အတူ ကမ္ဘာမြေ နေရာအနှံပေါ်ကျရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဘာကြောင့်ကျရောက်လာတာလဲဆိုတာကို စစ်ဆေးစုံစမ်းရာမှ အဲဒီလျှိဝှက်စွမ်းအင်တွေဟာ ကမ္ဘာ့ရေအရင်းအမြစ်များကို ခိုးယူနေကြောင်း သိလိုက်ရပါတယ်။
ကမ္ဘာ့ရေအရင်းအမြစ်မပျက်သုဉ်းရေးအတွက် ထူးခြားတဲ့စူပါစွမ်းအင်ရှိသူများအဖွဲ ဖွဲစည်းကာ ဂြိုဟ်သားများရဲ့စွမ်းအင်မဲ့နယ်ပယ်ထဲကို ၀င်ရောက်ဖို ကြိုးစားပါတော့တယ်။
နောက်ဆုံးမှာ ကမ္ဘာ့ရေအရင်းအမြစ်ပျောက်ဆုံးပြီးလူသားတွေ သေကြေပျက်သုဉ်းမှုကနေ ကယ်တင်နိုင်ပါ့မလား ...

I Did It My Way 2024
ဇာတ်လမ်းအကျဉ်း
နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲဟာ ယခင်ကမကြုံခဲ့ဖူးတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပြီး နက်နဲပြီးရှုပ်ထွေးတဲ့ အွန်လိုင်းမှောင်ခိုဈေးကွက်တွေကတစ်ဆင့် မမြင်နိုင်တဲ့စစ်ပွဲတစ်ခုဟာ ဟောင်ကောင်မြိုကြီးမှာ ဖြစ်ပွားလျက်ရှိပါတယ်
တိုင်ဖွန်းသတိပေးချက်သတင်း ထုတ်လွှင့်ခဲ့ပြီးနောက် မှောင်ခိုဝက်ဘ်ဆိုဒ်ပေါ်မှာ ရောင်းချဖို အဆင်သင့်ဖြစ်နေတဲ့ စိတ်ကြွဆေးလေးတန်ဟာ လေပြင်းမုန်တိုင်းရဲ့ အကာအကွယ်နဲ့ ဟောင်ကောင်မြိုထဲကို ဝင်ရောက်လာခဲ့ပေမဲ့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါတယ်
အဖြစ်အပျက်အားလုံးရဲ့ နောက်ကွယ်မှာတော့ ဘယ်သူမှထင်မထားတဲ့ ခပ်အေးအေး ရှေ့နေတစ်ယောက်ဖြစ်တဲ့ Lin Zhe Nan ဆိုသူရှိနေပါတယ်
အွန်လိုင်းမှောင်ခို ဖောက်ကားရောင်းဝယ်မှုကြောင့် အရင်းနှီးဆုံးညီအကိုနဲ့ အချစ်ဆုံးဇနီးသည်ကို တစ်ယောက်ပြီးတစ်ယောက် ဆုံးရှူးလိုက်တဲ့ Lin Zhe Nan ဟာ လုံးဝကို ရူးသွပ်သွားခဲ့ပြီး တစ်လောကလုံးကို ပြန်ပေးဆပ်ခိုင်းဖို သူ့နည်းလမ်းအတိုင်း တုန့်ပြန်ခန်းကို စတင်လိုက်ပါတယ် ...

Five Blind Dates (2024)
ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။
လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။
တစ်နေ့ကျတော့ အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင် ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။
လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီး ဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ… လက်တွဲဖော်ရောရှာတွေ့ပါ့မလား… လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား… ဆိုတာတွေကို ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။

သံသယရှိသူကို ကယ်တင်ခြင်း
拯救嫌疑人 (Last Suspect) 2023 ရုပ်ရှင်
ဇာတ်လမ်းအကျဉ်း
အတော်ဆုံး အမျိုးသမီးရှေ့နေတစ် ယောက်အဖြစ် နာမည်သတင်းကြီးနေတဲ့ Chen Zhi Qi ဆိုသူဟာ တစ်နေ့မှာ အမည်မသိဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပြီး ငါးရက်အတွင်း ကြိုးတိုက်အကျဉ်းသားတစ် ယောက်ကို တရားရုံးမှာ ခုခံကာကွယ်လျှောက်လဲ မပေးနိုင်ပါက သမီးဖြစ်သူရဲ့ အသက်ကို ဆုံးရှူံးရလိမ့်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်
သေဆုံးသွားခဲ့တဲ့ နစ်နာသူ Liang Xin Yuan ရဲ့ မိခင် Lin Shu'e ဟာ တရားခံရှေ့နေ Chen Zhi Qi အပေါ် သံသယတွေ ပြည့်နက်နေခဲ့ပါတယ်
Chen Zhi Qi ဟာလည်း သမီးဖြစ်သူရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်နေတဲ့ ဒီအမှုကို ရှူံးလို့မဖြစ်ပါဘူး ..
အမှုဟာ တူးဖော်လေလေ ပိုမိုနက်ရှိုင်းလာလေလေဖြစ်ပြီး Chen Zhi Qi ဟာ တကယ်တော့ ထိုအမှုသာမက နောက်ကွယ်က ပူးပေါင်းကြံစည်မှုကြီးတစ်ခုအတွက်ပါ ပါဝင်ပတ်သက်နေရမှန်း သိလိုက်ရတဲ့အခါ ...
ဒီအရာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဒုစရိုက်ကောင်ဟာ ဘယ်သူဖြစ်မလဲ?
Chen Zhi Qi ဟာ ဒီအခြေအနေတွေကနေ ရုန်းထွက်နိုင်ပါ့မလား?

The Unseeable (2006)
------------------------------
IMDB (6.7/10)
ထိုင်းသရဲ ကားတွေကြိုက်နှစ်သက်သူတွေအတွက် 2006ခုနှစ်ကထွက်ရှိခဲ့တဲ့ The Unseeable ဆိုတဲ့ထိုင်းကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် IMDb Rate ကတော့ 6.9 ဖြစ်ပါတယ်
ဇာတ်လမ်းကိုတော့ 1963 ခုနှစ်၀န်းကျင်မှာတည်ထားခြင်းဖြစ်ပါတယ်နီဂျန်ဆိုတဲ့ တောသူလေးတစ်ယောက်ဟာ ခွိုင်ဘူရီဆိုတဲ့တောဘက်ကနေသူ့ယောက်ကျားကိုရှာဖို့အတွက် မြို့ပေါ်ကိုတက်လာတယ်
သူ့မှာလည်းကိုယ်၀န်အရင့်အမာနဲ့ပေါ့..ကံကောင်းချင်တော့မြို့ရောက်တဲ့အခါမှာ ကူညီတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံပြီး အိမ်ကြီးတစ်အိမ်မှာ တည်းခိုခွင့်ရလိုက်ပါတယ်
အဲ့အိမ်ကတော့ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့အိမ်ကြီးပါပဲ..အိမ်ပိုင်ရှင်သခင်မလေးရှိမယ်အခိုင်းအစေလေး ချော့ဘ် ရှိမယ်
ပြီးတော့ အဘွားကြီးတစ်ယောက်ရှိမယ်..နောက်ထပ်အခိုင်းအစေမိန်းမတစ်ဦးရှိမယ်နီဂျန်တစ်ယောက်မထင်မှတ်ပဲအိမ်ကြီးမှာသောင်တင်နေရင်းကလေးလေးပါ မွေးဖွားမိသွားတယ်
အဲ့နောက်မှာတော့အိမ်ကြီးရဲ့အကြောင်းတွေကိုတစ တစ နဲ့ပိုပိုသိလာခဲ့ရပြီးထူးဆန်းတဲ့ဝိဥာဉ်တွေ အကြောင်း ပြီးတော့အမှတ်မထင်

Millennium Actress (2001)
ဘယ်လောက်ထိရောက်ခဲ့ပြီး ဘာကောင်ကြီးဖြစ်ခဲ့ကြတယ်ဆိုတာထက် ဘာအတွက်သွားခဲ့သလဲက ပိုအရေးကြီးတယ်မဟုတ်လား။
ဒီခရီးဟာ ဘယ်တော့မှဆုံးတယ်မရှိတော့ ဘာအတွက်သွားတယ်ဆိုတဲ့ မျှော်လင့်ချက်က အထားအသိုမမှားဖို့ လိုတယ်။
တစ်စုံတစ်ရာအပေါ် ချစ်တဲ့စိတ်သာ မှန်နေပါစေလေ သေအောင်ကြိုးစားပြီး ဘာမှဖြစ်မလာခဲ့တဲ့ အကြောင်းတရားကလည်း ယုံကြည်မျှော်လင့်ခြင်းများကို ဖျက်စီးမပစ်နိုင်ဘူး။
ဘယ်လောက်ထိသွားပြီး ဘာဖြစ်ခဲ့တယ်ဆိုတာတွေထက် တစ်စုံတစ်ရာအတွက်သွားပြီး ဘယ်မှမရောက်ခဲ့ရဘူးဆိုတဲ့ ဇာတ်လမ်းတွေက ပိုခမ်းနားတယ်လို့ ကျွန်တော်တော့ တစ်ထစ်ချယုံတယ်။
ဂျပန်ဝတ္တုကလေးတစ်ပုဒ်ထဲကလို တစ်ချိန်မှာ တောင်ကြောလေးတစ်ခုကနေ အိမ်ကလေးကိုမျှော်ငေးပြီး တစ်စုံတစ်ရာကိုလုပ်ဖို့ဆုံးဖြတ်ရာမှာ
နှလုံးသားနဲ့ဆုံးဖြတ်ရင်း မှန်ကန်ခဲ့တဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ကျေနပ်မိပြီး တစိမ့်စိမ့်အရသာခံနိုင်ဖို့ ဘာအတွက် ဒီခရီးကိုသွားခဲ့တာလဲဆိုတဲ့ အချက်ဟာ အတော်လေးအရေးပါတယ်။

The Quite (2005) မြန်မာစာတန်းထိုး Mmsub
ဇာတ်လမ်းအညွန်း
ဒါ့ဆိုတဲ့ဆွံ့အနားမကြားတဲ့ကောင်မလေးတစ်ယောက်ကမိဘတွေဆုံးသွားပြီးတော့မွေးစားမိဘအိမ်ကိုပို့ခံလိုက်တယ် ဒါ့ကအဲ့အိမ်ကအဖေဖြစ်သူနဲ့သမီးဖြစ်သူကြားမှာရှိတဲ့လုံးဝမထင်ထားတဲ့မသတီစရာကောင်းတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကိုသိသွားခဲ့တယ် အဲ့နောက်ဒါ့ဘာဆက်လုပ်မလဲ အဖေဖြစ်သူနဲ့သမီးဖြစ်သူကြားမှာရှိတဲ့လျှို့ဝှက်ကကော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို......ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်

Yu Yu Hakusho Season 1 (2023)
Yusuke Urameshi ဆိုတဲ့ကောင်လေးတစ်ယောက်က
ကလေးတစ်ယောက်ကိုကယ်ရင်း ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးကာ Spiritual world ကို ရောက်ရှိသွားပါတယ်။
အဲမှာ သေမင်း Botan ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိပြီးတော့ သု့ရဲ့လုပ်ရပ်က မထင်မှတ်ထားတာဖြစ်တဲ့အတွက်
သူ့အတွက် နတ်ပြည်ရော ငရဲပြည်မှာပါ နေရာမရှိပါဘူးလို့ ပြောလာပါတယ်။
သူ့ကိုလူပြန်ဝင်စားဖို့အတွက် အမှုရင်ဆိုင်ပြီးမှ ရမယ်ဆိုပြီးပြောပြီး ဝိညာဉ်စုံထောက်အနေနဲ့
Spiritual world ကနေ ယော့ကိုင်းကြီးသုံးကောင် ခိုးယူသွားတဲ့ ပစ္စည်းသုံးခုကို လိုက်လံရှာဖွေခိုင်းပါတော့တယ်။
အဲမှာဘယ်လိုတွေ ဆက်ဖြစ်မလဲ။ ယော့ကိုင်းတွေကိုရော ဘယ်လိုနှိမ်နင်းမလဲ။
ပစ္စည်းတွေပြန်ရှာတွေ့ပြီး လူပြန်ဝင်စားနိုင်ပါ့မလားဆိုတာ Visual Effects အမိုက်စားတွေနဲ့
Live action ချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ရပါကြောင်း..
မတရားတာဆို လက်ပိုက်ကြည့် မနေတတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားကောင်လေးတစ်ဦး....
တစ်နေ့မှာ ကားတိုက်မှုတစ်ခုကနေ ကလေးငယ်လေးတစ်ဦးကို ကယ်တင်ပေးရင်း အဲ့ဒီကျောင်းသားလေးက သေဆုံးသွားခဲ့တယ်။
ဝိညာဉ်ဘဝနဲ့ သူ့ကို သေမင်းမလေးက "မင်းက မထင်မှတ်ထားတဲ့ လုပ်ရပ်ကို လုပ်လိုက်တာမို့ မင်းအတွက် နတ်ပြည်ရော ငရဲမှာပါ နေရာမရှိဘူးလို့" ပြောပြခဲ့တယ်။
ကျောင်းသားလေး ဂရုမစိုက်ပါဘူး၊ သေလည်းသေပစေပေါ့ ဆိုပြီး ဝိညာဉ်ဘဝနဲ့ ဂျစ်ကန်ကန်နေ,နေတုန်း သူ့အတွက် မသေချင်တော့တဲ့ အကြောင်းအရာတွေ ဖြစ်ပေါ်လာတဲ့အခါ.....
အရမ်းကောင်းတဲ့ ဖိုက်တင်ချတဲ့အခန်းတွေနဲ့ ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ မိစ္ဆာတွေလည်းမျိုးစုံပါဝင်တဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် ခမျ။