ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို စစ်တပ် ဗုံးကြဲဖျက်ဆီး
■မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်
စက်တင်ဘာ-၆၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၆ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
"အရှေ့ဖက်တံတားသံဘောင်ကွေးသွားတယ်
။ကားတစီးစာလောက်ပေါက်သွားတယ်။ အ
နောက်ဖက်တံတားခြေရင်းအနည်းငယ်ထိပါတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၄ ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ စင်းခန်းတံတားကို စစ်တပ်ကပြန်
လည်ရယူဖို့၊ ဗန်းမော်မြို့ကိုစင်အင်အားဖြည့်နိုင်ဖို့ ကြည်း၊ရေ၊လေထိုးစစ်ဆင် ကြိုးပမ်းခဲ့ပေမဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ အထိနာတဲ့စစ်တပ်ဟာ မြစ်ကူးတံတားကိုဗုံးကြဲဖျက်ဆီးမှုပထမဆုံးအကြိမ် ပြုလုပ်လာတာလည်းဖြစ်ပါတယ်။
စက်တင်ဘာ ၂ရက်က ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ စင်းခန်းတံတား ကြားရေကြောင်းတိုက်ပွဲမှာ စစ်တပ်က သင်္ဘောတွေ အများအပြားထိခိုက်ပျက်စီးခဲ့ပြီး အလံဖြူထောင်တဲ့သင်္ဘောအချို့က စစ်သုံ့ပန်းတွေနဲ့လက်
နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။
အခုရက်ပိုင်းမှာလည်း စင်းခန်းတံတားအနီးဝန်းကျင်မှာ KIAနဲ့စစ်တပ်ရဲ့ မြေပြင်စစ်
ကြောင်းတွေ တိုက်ပွဲပြင်းထန်နေကြောင်း KIAက အသိပေးထားပါတယ်။
စစ်တပ်က ဒရုန်း၊ လေကြောင်းအပါအဝင် လက်နက်မျိုးစုံနဲ့အပြင်းအထန်ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အပြင်း
အထန်ခုခံလျက်ရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကလတ်တလော စင်းခန်းဒေသ တိုက်ပွဲအခြေအနေအသိပေးချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ကတိုက်ပွဲမှာ စစ်တပ်ရေယာဥ် ၂ စီး အလင်းဝင်ခဲ့ပြီး စစ်သုံ့ပန်းတွေဟာ စင်းခန်းတံတားအောက် ခေတ္တထားပြီး စစ်တပ်က ဗုံးကြဲမှာစိုးလို့ KIA နဲ့ပူးပေါင်းတပ်တွေက ရွေ့ပြောင်းပေးခဲ့ပါတယ် ။
(စင်းခန်းတံတား ဗုံးကြဲခံရပြီးနောက်အပျက်အစီးတွေကို တွေ့ရစဥ်။
ဓါတ်ပုံ-Padang Nesn)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #KIA #KPDF

🤬27❤10👎3🥴2👏1🤣1🖕1