လားရှိူးမြို့လယ်တွင်ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီးကားလု
ဩဂုတ်−၂၃၊၂၀၂၅။ဇော်ရမ်း/People's Spring
စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိူးမြို့လယ်တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်ပြီး ကားလုယက်မှုယနေ့(သြဂုတ် ၂၃ရက်) နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့သည်။
လားရှိုးမြို့၊ ရပ်ကွက်(၅)တွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် အိမ်စီးကားမှာလမ်းဘေး၌ ရပ်ထားစဥ်ဆိုင်ကယ်ဖြင့်လာသော အမျိုးသားနှစ်ဦးကရောက်လာပြီး တစ်ဦးကသေနတ်ဖြင့်ခြိမ်းခြောက်ကာ လုယက်သွားခြင်းဖြစ်သည်။ ထိုအမျိုးသားကလုယက်နေချိန်တွင် ကျန်အမျိုးသားကဆိုင်ကယ်ပေါ်မှစောင့်နေခဲ့သည်ကို CCTV မှတ်တမ်းတွင်တွေ့ရသည်။
"လွယ်လွယ်လေးရယ် လုယူသွားတာ။ ဒီဟာက CCTV ရလို့သိတာ။ဖြစ်နေတာခဏခဏ" ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါလုယက်မှုတွင် သေနတ်ပစ်ခတ်သံနှစ်ချက် ကြားရသည်။ လုယက်ခံရသည့်အမျိုးသမီးက ကားနောက်ပြေးလိုက်၍ အော်ဟစ်အကူအညီတောင်းသော်လည်း ဘေးပတ်ဝန်းကျင်း၌ လူများရှိသော်လည်း ကူညီပေးမည်သူမရှိခဲ့ပေ။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတွင် MNDAAနှင့်ပူးပေါင်းတပ်များက ၂၀၂၄ သြဂုတ်လဆန်း၌ ရမခ အပါအဝင်လားရှိုးမြိူ့ကိုသိမ်းယူနိုင်ခဲ့သည်။ သို့သော် တရုတ်က MNDAA ကိုပြင်းထန်စွာဖိ
အားပေးပြီး ကြားဝင်စွက်ဖက်သဖြင့် လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီလတွင် ကျည်တစ်ချက်မဖောက်ရဘဲပြန်လည်ရရှိခဲ့သည်။
လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးနောက် လုယက်မှုများ၊ ခိုးမှုများ၊ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။လေကြောင်းအန္တရာယ်မစိုးရိမ်ရတော့သည်မှလွဲ၍ တရားဥပဒေစိုးမိုးမှုမရှိတော့ကြောင်း လားရှိုးမြို့ခံများက ပြော
သည်။

🤬36❤3😡3😢2😨1
This media is not supported in your browser
VIEW IN TELEGRAM
သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ကားလုယက်နေသည့် CCTVမှတ်တမ်းမြင်ကွင်း။
ရုပ်သံ-Naw Phaw ၊Lasho Media
ရုပ်သံ-Naw Phaw ၊Lasho Media
🤬30😡6😢2😨1
အင်းစိန် မြို့သစ်(ဂ)ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့များတိုက်ခိုက်
ဩဂုတ်-၂၄၊၂၀၂၅။သတိုး/People's Spring
စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီလုပ်ဆောင်ပေးနေသလို လူငယ်များ ပြန်ပေးဆွဲ၍ စစ်မှုထမ်းရန်အတွက် ရောင်းစားနေသော ရန်ကုန်မြို့ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါများကို ပြင်းအားမြင့် လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
"အဲဒီ့ကောင်(အုပ်ချုပ်ရေးမှုးဖိုးဇင်)က တခြားရပ်ကွက်ကကောင် ၊ ကျင်ဟုတ်ရဲ့ တပည့်ရင်း ၊ အမတ်တောင်ဝင်ရွေးဖို့ လုပ်နေတယ်။ အဲဒီ့ကောင်က အတိုလဲကိုင်ထားတယ်။ လူမိုက်တသိုက်ဘေးကရံပြီးလူငယ်တွေကို ဖမ်းတယ်။"ဟု ၎င်းက ပြောသည်။
အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများရှိနေချိန် ဩဂုတ် ၂၃ရက် ည ၁၀ နာရီခန့်တွင် Yangon Armyနှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်း၍ ပြင်းအားမြင့်လက်ပစ်ဗုံးနှစ်လုံးဖြင့်ပစ်မှတ်အား ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
"ထိခိုက်မှုကတော့ရှိတယ်။ အကောင်ရေဘဲတွက်ရမှာ။ "ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
မြို့သစ်(ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖိုးဇင်သည် ရပ်ကွက်ရုံး၌ ပျူစောထီးလူမိုက်များနှင့် လူငယ်များအား ပေါ်တာဆွဲနေသည့် အုပ်ချုပ်ရေးမှူးဖြစ်သည်ဟု အနောက်ပိုင်းခရိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။
"သူ့ရပ်ကွက်ရုံးကအချုပ်ခန်းထဲထည့်တယ်ပြီးရင်စစ်မှုထမ်းလိုတဲ့နေရာတွေကိုပြန်ရောင်းစားတယ်။" ဟု လူငယ်များကို ပေါ်တာဆွဲ၍ ရောင်းစားသည့်အကြောင်းနှင့်ပတ်သက်ပြီး အထက်ပါတာဝန်ရှိသူက ပြောသည်။
Yangon Armyနှင့် အနောက်ပိုင်းခရိုင်ပကဖ တို့သည် ဩဂုတ် ၃ ရက်ကလည်း ရွေးကောက်ပွဲအတွက်ဆောင်ရွက်နေသည့် ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ အစောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် လက်ပစ်ဗုံးသုံးလုံးဖြင့်တိုက်ခိုက်ခဲ့သေးသည်။
ထို့ပြင် တရားမဝင်ရွေးကောက်ပွဲနှင့် ပါဝင်လုပ်ဆောင်နေသူများအား ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဟု ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

❤55👏21👍5😁3🔥2
ဗန်းမော်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
▪️ကချင်နှင့် ရှမ်းမြောက်ကို လေကြောင်းစစ်ဆင်ရေးပိုလုပ်လာနိုင်၍ လူစုလူဝေး မပြုလုပ်ရန် သတိပေး
ဩဂုတ်-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring
တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ဩဂုတ် ၂၄ရက် မနက် ၅နာရီကျော်တွင် တိုက်လေယာဉ် ၂စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
စစ်ကောင်စီက ဩဂုတ် ပထမပတ်မှစ၍ ဗန်းမော် မြို့ကို လေကြောင်း စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး မြေပြင်မှလည်း ထိုးစစ်ဆင်နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် တိုက်ပွဲများရှိနေသည်။
" လေကြောင်းနဲ့ ဖိအားပေးနေတဲ့ သဘောပါ။ စကခ -၂၁ အနီးတဝိုက်တော့ ဒရုန်း ကင်းထောက် ၂၄နာရီ သူတို့ လွှတ်ထားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကိုလည်း လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင်စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ထို့အပြင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီတပ်က ဒေသခံများ ရှိရာနေရာများသို့ ဒရုန်းဖြင့်တိုက်ခိုက်နေ၍ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်း၌ သတင်းဖော်ပြထားသည်။
လက်ရှိတွင် အင်းတော်ကြီးဒေသ မမုံကိုင်နှင့် မိုင်းနောင်ဒေသ၌ စစ်ရေးတင်းမာနေကြောင်း၊ ရှမ်းနီ SNAတပ်က ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးနေ၍ ဒေသခံများ သွားလာရေးခက်ခဲနေကြောင်း ဖော်ပြထားပြီး အင်းတော်ကြီးဒေသခံများသည် မိုးညှင်း၊ မိုးကောင်းနှင့် ဟိုပင်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရ၍ စားဝတ်နေရေး အကူအညီများလိုအပ်လျက်ရှိဟုလည်း အသိပေးသည်။
မိုင်းနောင်နှင့် မမုံကိုင်ဒေသကို စစ်ကောင်စီတပ်နှင့် SNAက ဇူလိုင်လလယ်တွင် ထိုးစစ်ဆင်ခဲ့၍ KIAက ဆုတ်ခွာပေးခဲ့ရာ ၁လအကြာ ဩဂုတ်လလယ်တွင် KIAက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယခု ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီက ကချင်နှင့် ရှမ်းမြောက်ကို လေကြောင်း စစ်ဆင်ရေးအရှိန်မြှင့် လုပ်ဆောင်မည့် သတင်းများရထားဟု စစ်ရေးသတင်းရင်းမြစ်တဦးက ဆိုသည်။
"အချိန်မရွေး လေကြောင်း ထိုးစစ်ဆင်မှုတွေ ပြင်းပြင်းထန်ထန်လုပ်လာနိုင်တဲ့အတွက်ကြောင့် လူစုဝေးတာတို့ အခမ်းအနား လူအများကြီး စုဝေးပြီး ပြုလုပ်တာတွေမပြုလုပ်ဖို့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ဒီမနက်အစောပိုင်း သတင်းပေးပို့ထားတာရှိပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ယမန်နေ့ ဩဂုတ် ၂၃ရက်က ပြောသည်။
ထို့ကြောင့် လူစုလူဝေး အခမ်းအနား၊ သင်တန်းများ မပြုလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့များဘက်က သတိပေးထားသည်ဟု ဆိုသည်။
စစ်ကောင်စီသည် တအင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မြို့ရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ယခုလအတွင်း ပြည်သူ အစုလိုက်သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
တအာင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်အရ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်နှင့် မိုင်းငေါ့ရှိ အရပ်သားနေထိုင်နေရာများကို စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့၍ ပြီးခဲ့သည့် တလအတွင်း ပြည်သူ ၅၉ဦး သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

👍9👎2
(ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသော စုပေါင်းရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - Banmaw Scout Team)
👍4👏1
ပေါက်မြို့ရောက်နေသည့် စစ်ကောင်စီယာဉ် တန်း ပခုက္ကူဘက်သို့ ပြန်လည်ထွက်ခွာ
ဩဂုတ်-၂၄၊၂၀၂၅။ ထားမြတ်/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ ရောက်ရှိနေသည့် စစ်ကောင်စီ၏ ယာဉ်အစီးရေ ၁၀၀ကျော်ပါ ယာဉ်တန်းသည် ယနေ့ ဩဂုတ် ၂၄ရက်တွင် ပခုက္ကူမြို့ဘက် ပြန်လည်ထွက်ခွာသွားဟု ဒေသသတင်းရင်းမြစ်အချို့က ပြောသည်။
မိုင် ၅၀ပင်မဝေးသည့် ပခုက္ကူနှင့် ပေါက်မြို့ကို သုံးလနီးပါး ကြာလာရောက်ခဲ့ရသည့် စစ်ကောင်စီယာဉ်တန်းသည် ပေါက်မြို့ ကပစ(၂၄) သို့ ဩဂုတ် ၂၀ရက်တွင် ရောက်ရှိလာရာ ယနေ့ ဩဂုတ် ၂၄ရက်တွင် ပခုက္ကူမြို့သို့ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
" ရိက္ခာနဲ့ လူတချို့ လာပို့တယ်လို့ ထင်တယ်။ ခု တပ်ပြောင်း မိသားစုတွေနဲ့ Non CDM တွေ ကားနဲ့အတူလိုက်ပါကြတယ်။ အခုလည်း ပေါက်မြို့ထဲ ပစ္စည်းတွေ ချနေကြတယ်"ဟု ဒေသသတင်းရင်းမြစ်တဦးက ဩဂုတ် ၂၂ရက်တွင် ပြောပြထားသည်။
ဩဂုတ် ၂၂ရက်တွင် ကပစ(၂၄)မှ စစ်ကောင်စီ ၏ ယာဉ် ၅၀ကျော်သည် ပေါက်မြို့တွင် ကုန်ပစ္စည်း ရိက္ခာများချပြီး Non CDM ဝန်ထမ်းနှင့် မိသားစုဝင်များ လိုက်ပါသွားသည့် လှုပ်ရှားမှု အခြေအနေကို ပြောသည်။
စစ်ကောင်စီသည် ပခုက္ကူမှ ပေါက်မြို့သို့ စစ်ယာဉ်တန်းလာရောက်စဉ် လေယာဉ် ၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုများပြုလုပ်ပြီး တရွေ့ရွေ့ တိုးလာသည့် အခြေအနေဖြစ်သည်။
ယာဉ်တန်းသည် ပေါက်မြို့နယ်သို့ ရောက်ရှိစဉ်တွင်လည်း ကျေးရွာအချို့ကို လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များအားကောင်းသည့် ပခုက္ကူ၊ပေါက်နယ်တကြော အပြန်ခရီးတွင်လည်း အလွယ်တကူ ပြန်နိုင်ခြင်းရှိ၊မရှိ စောင့်ကြည့်ရမည်ဟု သတင်းရင်းမြစ်က ပြောသည်။

👍8👎2❤1
(ပေါက်မြို့သို့လာရောက်သည့် စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL)
👍7💩2❤1
ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ PDF ရဲဘော်လေးဦး ကျဆုံး
သြဂုတ်-၂၄၊၂၀၂၅။တာရာ /People's Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ဒေါငံခါးလမ်းခွဲတိုက်ပွဲအတွင်းမှာ ရဲဘော်လေးဦးကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (Deemawso Local PDF)၊ တပ်ရင်း (၂)က မနေ့က ဩဂုတ် ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။
(၂၁)နှစ်အရွယ်တွေဖြစ်တဲ့ တပ်စုမှူး ခွန်းအောင်သက်၊ တပ်စုမှူး စောနီကဲထူး (ခ) ခွားစီ၊တပ်စိပ်မူး ခွန်းတီးယာနဲ့ (၂၃)နှစ်အရွယ် တပ်သားအောင်လင်းဦးတို့ဟာ သြဂုတ် ၁၈ ရက်က ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
"ရန်သူကျားထိုးတက်တာကို ခံကတုတ်ပစ်ကျင်းထဲကနေ မထွက်ပဲ ရဲဝံ့စွာနဲ့ ကျန်ရဲဘော်တွေ လွတ် မြောက်ဖို့အတွက် လှံစွပ်ထိုးစည်းမျဉ်းအထိ ခုခံကာပစ်ပေးခဲ့ကြတဲ့ ကျနော်တို့ရဲဘော် လေးဦးဟာ အဆုံးမှာ ရန်သူ့လက်ထဲကျရောက်သွားပြီး သုတ် သင်ရှင်းလင်းခံလိုက်ရတာပါ"လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကောင်စီက အင်အား ၃၀၀ကျော်နဲ့ လေယာဥ်၊လက်နက်ကြီး၊ဒရုန်း ၊တင့်ကား တွေနဲ့ ဘက်ပေါင်းစုံက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့အနောက်ခြမ်းက တော်လှန်ရေးအင်အားစုတွေရဲ့ ကာကင်းစခန်းတွေထဲက ပြည်အောင်ရတနာ၊ တိုက်ပြာ၊ စသုံးလုံးရုံးတွေကို လက်လွတ်ထားရတယ်လို့ သိရပါတယ်။
"တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ။အင်အားချင်းမမျှလို့ ယာယီဆုတ်ခွာပေးရတာတော့ စစ်ပွဲရဲ့သဘောသဘာဝပါပဲ။ ပြင်းထန်တဲ့ရန်သူ့ထိုးစစ်ကို ပြင်း ထန်စွာနဲ့ အကောင်းဆုံးတုံ့ပြန် ခုခံနိုင်ခဲ့တဲ့အတွက် ရဲဘော်တို့အားလုံးတာဝန်ကျေခဲ့ကြပါတယ်"လို့ ဒီးမော့ဆို PDF တာဝန်ရှိသူက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ဟာ ကရင်နီပြည်ရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်ပြီး လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးနဲ့ ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းမကြီး နှစ်ခုနဲ့ရှမ်းတောင်ဘက်ကို ချိတ်ဆက်ထားပါတယ်။
ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းဟာလွိုင်ကော်မြို့အတွက် ကာကင်းပုံစံရှိပြီး ဒီနှစ်ကုန်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် လုံခြုံစိတ်ချမယ့်အနေအထားဖြစ်အောင် စစ်ကောင်စီကပြန်ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်လိုတဲ့ သဘောလည်းသက်ရောက်တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တဦးက သုံးသပ်ပါတယ်။
ဒါ့အပြင် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည် ထောင်စု လမ်းပိုင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ပြီး မြေပြင်ချိတ်ဆက်မှုပြတ်တောက်နေတဲ့ မြို့စောင့်တပ်ရင်းတွေကို ပြန်ဆက်ချင်နေတာလို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောထားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့မြိုစောင့်တပ် ရင်းနှစ်ခုဖြစ်တဲ့ ခလရ (၁၀၂)နဲ့ ခမရ(၄၂၇)တပ်ရင်းကလွဲလို့ မြို့နယ်ဧရိယာအများစုကို ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုကထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ကရင်နီတပ်ပေါင်းစုနဲ့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ ဒေသ တွေထဲက လွိုင်ကော်မြို့၊မိုးဗြဲမြို့တွေကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်ကစလို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ထားပါတယ်။
ကရင်နီပြည်နယ်ထဲမှာ မယ်စဲ့နဲ့ ရှားတောမြို့တွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်ထားပြီး ၊ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့နောက်ဆုံးကျန်နေတဲ့ အမှတ်(၁၃၅) ခြေလျင်တပ်ရင်း (ခလရ-၁၃၅) တပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

😢17
(ကျဆုံးရဲဘော်လေးဦး၏ ဈာပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒီးမော့ဆို PDF)
😢15🫡1