တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။
’Healthocide’ ဆိုတဲ့စကားဖြစ်ပြီး’ ကျန်းမာရေးကဏ္ဏကို လုပ်ကြံသတ်ဖြတ်ခြင်း’လို့ဘာသာပြန်ရမယ်ထင်ပါတယ်။
Health (ကျန်းမာရေး)နဲ့ Homicide (သတ်ဖြတ်ခြင်း)ဆိုတဲ့စာကားလုံးနှစ်လုံးကိုပေါင်းစပ်ထားတာပါ။အဓိပ္ပါယ်ကတော့စစ်ပွဲနဲ့ပဠိပက္ခတွေမှာကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အဦတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်တာဖြစ်ပါတယ်။ဆေးရုံးတွေ၊ဆေးခန်းတွေကိုဗုံးကြဲတာ၊လူနာတင်ကားတွေကိုပစ်ခတ်တာ၊ဆရာဝန်၊သူနာပြုနဲ့ကြက်ခြေနီတွေကိုတိုက်ခိုက်တာ၊ဆေးဝါးနဲ့ကျန်းမာရေးဆိုင်ရာအထောက်အပံ့လမ်းကြောင်းတွေကိုပိတ်ဆို့ချေမှုန်းတာ၊ဇီဝလက်နက်တွေသုံးစွဲတာတွေဖြစ်ပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/05/04/156097/

LuduNwayOo
ကျန်းမာရေးကဏ္ဏကိုလုပ်ကြံသတ်ဖြတ်ခြင်း | LuduNwayOo
တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။
👍17❤3🔥3😁1💔1
ဖားကန့်မှာတိုက်ပွဲပြင်းထန်နေ ၊လေကြောင်းရန်သတိပေး
မေ-၄၊၂၀၂၆။ဇော်ရမ်း/People's Spring
ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့မနက်အစောပိုင်းကစတင်ပြီး စစ်တပ်စခန်းတွေကို KIA၊KPDFက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
မေလ ၄ ရက်မနက် ၅နာရီ ၂၀ မိနစ်ကစပြီး မြေ
ပြင်တိုက်ပွဲဖြစ်ပွားခဲ့တာကနေ မနက်၁၀နာရီခန့်အထိ သေနတ်ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ပြီးခဲ့တဲ့သုံးရက်လောက်ကတည်းကစပြီး စစ်ဆိုင်ထားတာ။ ဒီမနက်စပြီး တိုက်ပွဲဖြစ်တာ။ ပြင်းပြင်း
ထန်ထန်ဖြစ်နေပြီး လက်နက်ကြီးတွေလည်း ကျ
နေတယ်" လို့ ဒေသခံတဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လုံးခင်းကျေးရွာအတွင်း ဂေါက်ကွင်းနဲ့ မှောစီဆာအနီးမှာ အများဆုံးတပ်စွဲထားပြီး အဲ့ဒီဝန်းကျင်ကို KIA၊KPDFက ဝိုင်းပိတ်ထားတယ်လို့ သိရပါတယ်။
"စစ်ဆိုင်ထားတဲ့နေရာက ပြည်သူတွေ ရှောင်ကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်တပ်ကကြ ပြည်သူတွေကို ပိတ်ထားတယ်။ တိုက်ပွဲက ပြင်းတယ်။ စစ်တပ်က ဆက်ပိတ်ထားရင် အရပ်သားတွေ ဒုက္ခရောက်နိုင်တယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖားကန့်မှာ ဧပြီလ၂ရက်က စတင်ပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး ကနဦးကာလမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲ ရပ်သွားပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကိုKIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။စစ်ရေးတင်းမာနေတဲ့ကာလအတွင်း KIA၊KPDFက အင်အားများအပြားဖြည့်တင်းပြီး ဒီနေ့မနက်ပိုင်းမှာ တကျော့ပြန်ထိုးစစ်ဆင် တိုက်
ခိုက်တာလို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။
"စစ်တပ်ကလည်း အများကြီးတပ်စွဲထားတယ်။ KIA၊KPDFကလည်း အင်အားများတယ်။ စစ်ရေးက အပြင်းထန်ဆုံးဖြတ်လာဖို့ရှိတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
ဒါအပြင်စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း KIAက ဧပြီလ၂၂ရက်နေ့ကစပြီးယာယီပိတ်ထားပါတယ်။ လုံခြုံရေးအ
ခြေအနေအရ ယာယီပိတ်ထားတာမို့ ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေလိုက်နာကြဖို့ သတိပေးထားပါတယ်။ KIA က ယာယီပိတ်ပြီးတဲ့နောက်ပိုင်းအဲ့ဒီလမ်းပိုင်းကို ဖြတ်တဲ့ အရပ်သား ကား နှစ်စီးကို စစ်တပ်က ပစ်ခတ်လို့ ခရီးသွားအမျိုးသမီး တစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲဆက်ပြင်းထန်နေလို့ လေကြောင်းရန် သတိပြုကြဖို့လည်း KIA၊KPDFက သတိပေးထားပါတယ်။

👍20❤6👏3🔥1😁1
လက်နက်ယူပြီးအလင်းဝင်လာတဲ့ စစ်သားကို CDF KKGက ကျပ်သိန်း ၅၀ ချီးမြှင့်
မေ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့ ခလရ(၅၀)တပ်ရင်းက တပ်သားကောင်းခန့်(ခ)အာဇာနည်ဟာ ဧပြီ ၁၉ရက်မှာ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ ရဲဘော်ဟာ MA 1 လက်နက် ၁လက်နဲ့ ကျည်၊လက်ပစ်ဗုံးအချို့ယူလာလို့ ဆုငွေအဖြစ်ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း အသိပေးထားပါတယ်။ဒါ့အပြင် လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အရင်ကလည်း CDF-KKG ထံ အလင်းဝင်ရောက်မှု ရှိခဲ့ရာ အလင်းဝင်သူတွေထဲမှာ ဗိုလ်ကြီးအဆင့် အရာရှိအချို့လည်း ပါဝင်ပါတယ်။
CDF KKGအနေနဲ့ ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင် စနစ် အမြစ်ပြုတ်ရေးအတွက် ပါဝင်ကြဖို့လည်း ပြီးခဲ့တဲ့ မတ်လမှာ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။ ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးကြီး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ စစ်မှုထမ်းတာဝန်မှာ ပူးပေါင်းကြဖို့ နှိုးဆော်ထားတာပါ။
CDF-KKGဟာ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်မှာလည်းဘုံရည်မှန်းချက်တူတဲ့ အင်အားစုအားလုံးနဲ့ ချိတ်ဆက်လက်တွဲဖို့ အမြဲအဆင်သင့်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေး၅နှစ်တာအတွင်း CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ပြီဖြစ်တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။

❤19👍2👏2😁2🥰1
စစ်တပ်က အင်အား ၆၀၀ခန့်နဲ့ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ တပ်သားနှစ်ဦးဖွင့်ဟ
မေ-၄၊၂၀၂၆။ဖိုးသား/People's Spring
အာဏာသိမ်းစစ်တပ်က အင်အား ၆၀၀ခန့်နဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဧပြီလနောက်ဆုံးပတ်က မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ကနေ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ကနဦးရောက်ရှိခဲ့တာလို့ သိရပါတယ်။
ကပစ(၂၂)ကနေတဆင့် ပေါက်မြို့နယ်တောင် ပိုင်းက သပြေအေးကျေးရွာကို မေလ ၁ရက်က စစစ်ကြောင်း ဝင်ရောက်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)မှာ သပြေအေးကျေးရွာကထွက်လာပြီး စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
"ကျောက်ထုကို ထိုးမယ်လို့ ပြောတယ်။၅၀၀ ကျော်တယ်။၆၀၀ နီးပါးကပ်တယ်။ ၉၉ တပ်မ ပါတယ်။စစ်ကြောင်းဦးဆောင်တာဗျူဟာမှူးလို့ ပြောတယ်။မိုင်းမိတာ သူတို့စက်ထဲမှာ ဟိုနေ့ကပြောသံကြားတာဗျူဟာမှူးထိသွားတယ်။ သုံးယောက်သေတယ်"လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးက ပြောပါတယ်။
အဲဒီတပ်သားနှစ်ဦးက စစ်မှုထမ်းအပတ်စဥ်(၁၉) က ဖြစ်ပြီး ပခုက္ကူခရိုင် အမှတ်(၁၂)တပ်ရင်းဆီ အခုရက်ပိုင်းအတွင်းမှာ ထွက်ပြေးအလင်းဝင် လာတာလို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။
"စစ်ကြောင်းက ဆိပ်ဖြူထဲမရှိတော့ဘူး။ပေါက် ဘက်ကိုအားလုံးရောက်သွားပြီ။အလင်းဝင်တဲ့ နှစ်ယောက်က ထွက်ပြေးလာတာ။ပခုက္ကူတပ်ရင်း ၁၂ ကို"လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကျောက်ထုမြို့အခြေစိုက် အမြောက် တပ်(အမတ-၃၆၈) စစ်ကြောင်းက ကံကြီးကျေးရွာမှာအခြေပြုပြီး ကတုတ်ကျင်းတွေတူးပြီး အခိုင်အမာစခန်းချနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။
"ကံကြီးနားကကျေးရွာတချို့ပါစစ်ဘေးထပ်ရှောင်ကြရတယ်။စစ်ရေးက တင်းမာနေဆဲပဲ"လို့ သူက ပြောပါတယ်။
လူဦးရေ ၅၀၀ခန့်ရှိတဲ့ ကံကြီးရွာဟာ မကွေး - ချင်း - ရခိုင် လမ်းပိုင်းပေါ်မှာရှိပြီး ကျောက်ထုမြို့နဲ့ (၇)မိုင်ဝန်းကျင်၊ မင်းတပ်မြို့နယ်နဲ့ (၁၀)မိုင်နီးပါးပဲကွာဝေးပါတယ်။
"ချင်းတောင်ကို ဦးတည်မယ့်စစ်ရေး စုဖွဲ့ပြင်ဆင်မှု မြင်တယ်။စစ်ကြောင်းကို စောင့်ကြည့်ရမယ်"လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ထီးလင်းမြို့နယ်တောင်ပိုင်း၊ဆော (ကျောက်ထု)နယ်နဲ့ မင်းတပ်မြို့နယ် ကြားနေရာတွေကို စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်။

👍21❤4👎2😁2🖕1
အင်းတော်မြို့နယ်မှာ Starlinkအင်တာနက် အသုံးပြုမှု ယာယီပိတ်
မေ-၄၊၂၀၂၆၊ရှိန်း/ People's Spring
တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာမို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ရုံးလုပ်ငန်းတွေဆောင်ရွက်ရန်မှ လွဲ၍ ကျန်အသုံးပြုမှုများကို မေလ၃ ရက်ကစတင် ပိတ်သိမ်းထားဖို့ အင်းတော်မြို့နယ် ပအဖက ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးအရ Starlink ဝိုင်ဖိုင်တွေကို ယာယီပိတ်ခြင်းဖြစ်ပြီး အသုံးပြုပါက သတိပေးတာ၊သိမ်းဆည်းတာ တွေလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေက အင်းတော်မြို့ကိုပြန်ထိန်းချုပ်ပြီး မေလ ၃ရက်မှာ မော်လူးမြို့နယ်ဘက်ကိုဆက်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
" မနေ့က ပင့်တင်ရွာဘက်ကနေ အင်အား ၂၀၀လောက် စစ်ကြောင်း ထွက်လာတယ်။ဒရုန်းတွေ ဆက်တိုက်ချပြီး စစ်ကြောင်း တွေဝင် နေတာ။ဒေသခံ တွေကတော့ အကုန်ပြေးနေရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်းတော်မြို့ကို ဧပြီ ၃၀ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် မော်လူးမြို့နယ်ကို ထိုးစစ်ဆင်နေကာ မန္တလေးမြို့ဘက်ကနေလည်း စစ်တပ်က အင်အားတွေ ထပ်ပို့နေတယ်လို့ သိရပါတယ်။

👍21❤5😁3🤣1
ကမ္ဘာကိုလိမ်ဖို့ စစ်အုပ်စုရဲ ဟန်ပြလုပ်ရပ်တွေနောက်ကွယ်မှာ ပြည်သူ့သွေးနဲ့လမ်းခင်းထားဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနပြော
မေ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှာ ပြီးခဲ့တဲ့ ဧပြီ ၃၀ရက်အထိ စစ်အုပ်စုရဲ့ ပြည်သူအပေါ် လေကြောင်း တိုက်ခိုက်တာ အပါအဝင် ရာဇဝတ်မှု ကျူးလွန်မှု အခြေအနေကို အသိပေးရာမှာ အခုလို ဖော်ပြထားတာပါ။
စစ်အုပ်စုဟာ ရွေးကောက်ခံ အစိုးရ၊ ပြည်သူရွေးတဲ့ အစိုးရအသစ်ဆိုပြီး ဟန်ပြနေပေမယ့် တဖက်မှာ ပြည်သူတွေအပေါ် လေကြောင်းကနေ အကြိမ်ပေါင်း ၅၃၉၅ကြိမ် ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၇၄၀အပါအဝင် လူပေါင်း ၅,၆၃၃ ဦး သေဆုံးခဲ့ရဟု ဖော်ပြထားပါတယ်။ဒါ့အပြင် စာသင်ကျောင်းနဲ့ ဆေးရုံပေါင်း ၁,၃၉၂ ခုကိုလည်းစစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာကိုတွေ့ရတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၅၃၉ မှုမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါမချန် သတ်ဖြတ်နေတာ တွေ့ရပြီး စစ်အုပ်စုဟာ ပြည်သူအားလုံးကို ရန်သူလို့ သတ်မှတ်ထားတာ ထင်ရှားနေကြောင်းဖော်ပြထားပါတယ်။
တနိုင်ငံလုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၂၅,၀၀၀ကျော် ရှိနေတာကို မှတ်တမ်းကောက်ယူနိုင်ခဲ့ပြီး စစ်ကိုင်းဒေသကတော့ အခုထိ အဆိုးရွားဆုံး ခံစားနေရဆဲဖြစ်တယ်လို့ အသိပေးပါတယ်။
၅ နှစ်တာ ကာလအတွင်း စစ်အုပ်စုရဲ့ ရက်စက်မှုတွေက ပိုတိုးလာနေကြောင်း ဖော်ပြထားပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူတွေ တရားမျှတမှု ရဖို့အတွက် စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မေလ ၃ရက်မှာ ထုတ်ပြန်တဲ့ ဝန်ကြီးဌာန ဖွဲ့စည်းမှု ၅နှစ်မြောက် နှစ်ပတ်လည်အစီရင်ခံစာမှာ ပြည်သူတွေရဲ့ မျက်ရည်နဲ့ မျှော်လင့်ချက်တွေကို တရားမျှတမှုအဖြစ် ပြောင်းလဲနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြောင်း အသိပေးထားပါတယ်။
စစ်အုပ်စုရဲ့ ရက်စက်တဲ့ ကျူးလွန်မှုပေါင်း နှစ်သောင်းခွဲကျော်ထဲက အဆိုးရွားဆုံးဖြစ်စဉ် ၅၅၀ ကျော်ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ဆီ ပေးပို့တာ၊ အာဂျင်တီးနားနဲ့ ဂျာမနီအပါအဝင် နိုင်ငံ (၆) နိုင်ငံမှာ နိုင်ငံတကာဥပဒေနဲ့ တရားစွဲနိုင်ဖို့ လုပ်ဆောင်တာ စတဲ့ တာဝန်ခံမှုဖော်ဆောင်ရေးတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ခဲ့ကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

👍7😁2❤1🥰1