ပုလဲမြေ
10K subscribers
31.4K photos
2.84K videos
14 files
10.7K links
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
Download Telegram
Forwarded from Ko Thet
သတိထားရမည့် CDM အမည်ခံစစ်ပြေးများ

ထိုင်းနယ်စပ်မှာ ရောက်နေတဲ့ အမည်မဖော်လိုသူ CDM စစ်သားတစ်ယောက်ရဲ့ သတင်းပေးပို့ချက်အရ ဩဂုတ်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်မှာ ဘားအံမှ မော်လမြိုင်ဘက်ကို မောင်းလာတဲ့ ဘုန်းမြင့်ဇော် ခရီးသည်တင် မော်တော်ယာဉ်ကို မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်အနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရှာဖွေခဲ့တယ်လို့ သိရပါတယ်…
အတိအကျ ဓာတ်ပုံနဲ့ သတင်းပေးပို့ထားတာဖြစ်လို့ ခရီးသည်တွေထဲက လက်နက်ကယ်ရီသမားကို အလွယ်တကူဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ထဲက -
ZORAKI M906-T ၁ လက်
Glock ပစ္စတို ၆ လက်
M-4 သေနတ် ၁ လက်
AK-47 သေနတ် ၁ လက်
စုစုပေါင်း ၉ လက် နဲ့ ၅.၅၆ ကျည် ၉၀၀ တောင့်
ကျည်အိမ်မျိုးစုံ ၁၉ ခု
၄၀ မမဗုံးသီး ၂၀ လုံး
တို့ဖမ်းဆီးရမိခဲ့ပါတယ်..
ဖမ်းဆီးရမိ ကယ်ရီသမားရဲ့ စစ်ဆေးချက်အရ ဒီလက်နက်၊ ခဲယမ်းတွေကို ထိုင်းနယ်စပ်မှာ တိမ်းရှောင်နေတဲ့ NLD လွှတ်တော်အမတ်ဟောင်းတစ်ဦးရဲ့ အချိတ်အဆက်နဲ့ ပဲခူး.မြို့ကို ပို့ဆောင်ပေးရမှာဖြစ်ကြောင်း၊ လက်နက်ခဲယမ်း သယ်ဆောင်ခ သိန်း ၂၀ ခန့်ရရှိကြောင်း၊ လက်နက်ပွဲစားလွှတ်တော်အမတ်ရဲ့ လက်နက် အရောင်းအဝယ် လုပ်စားနေတာကို မကျေနပ်တဲ့သူက တိုင်းကြားလို့ အဖမ်းခံရတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်..
မြေပြင်အမှန်ကတော့ ထိုင်းနယ်စပ် က လက်နက်
မှောင်ခိုများနှင့် NUG အဖွဲ့က လက်နက်ဝယ်ယူမှု ဘက်ဂျက် အပိုစာရင်းပြ လိမ်လည်မှု၊ ပြည်တွင်းက လက်နက်ပွဲစားများနဲ့ မြေပြင် PDF တွေရဲ့ ကြားထဲက ငွေကြေးရှုပ်ထွေးမှုများကို CDM စစ်ပြေးအသွင်ယူ စကစသူလျှိုများက ဖော်ကောင်လုပ်မှုတွေကြောင့် အဖမ်းခံရတာဖြစ်နိုင်တယ်လို့ ထင်မိပါတယ်ရှင့်..
#ခင် ညို ချော