ပုလဲမြေ
9.29K subscribers
41.4K photos
3.68K videos
14 files
14.7K links
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
Download Telegram
May 4
May 4
Forwarded from Kyaw Swar
May 4
Forwarded from Kyaw Swar
သောင်းကျန်းသူကို ဘယ်လိုအမြစ်ပြတ်ချေမှူန်းကြမလဲ

သောင်းကျန်းသူ အမြစ်ပြတ်ချေမှူန်းရေး
အကြောင်းကို ရေးတဲ့အခါ လုပ်စားတယ်
ဆိုပြီး လာလာမန့်ကြသူတွေ မကြာခဏ
တွေ့ဖူးတယ် ။

တပ်ကို လုပ်စားတယ်ဆိုပြီး စွတ်စွဲတာနဲ့
ပတ်သက်လို့ ကိုရဲမိုး မကွယ်လွန်ခင်ထဲက
ငါတို့ လုပ်စားတယ်ဆိုပြီး ခနဲ့တည့်တည့်
ရွဲ့တည့်တည့် ရေးခဲ့သေးတယ်။

သူတို့ပြောချင်တဲ့ လုပ်စားတယ် ဆိုတဲ့
ဆိုလိုရင်းက စစ်ဖြစ်နေမှ တပ်က
ဘက်ဂျက်ရမယ် ။
စစ်ဖြစ်နေမှ Power ရှိမယ် ၊ စစ်ရှိနေမှ
နိုင်ငံရေး မှာ ပါဝင်ခွင့်ရနေမယ် လို့ ဆိုလို
ချင်တာ  ၊ ဒါ့ကြောင့် အပြတ်မတိုက်ဘူး
လို့ ဆိုတဲ့ သဘော ။

ဒီလို လုပ်စားတယ် ပြောကြတဲ့ အထဲမှာ
တစ်ချိန်က NLD အခု NUG PDF အုပ်စု
လည်း ပါခဲ့တယ် ။ကယ် အခုတော့ သူတို့
လည်း စစ်နဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံပြီးပြီ ။

လုပ်စား သလား မလုပ်စားသလား
ဆိုတာ သူတို့ကိုယ်တိုင်သိခဲ့ကြပြီ
မဟုတ်လား ။

ထားပါတော့  ။

ပြောချင်တာက
သောင်းကျန်းသူ အမြစ်ပြတ်ချေမှူန်းရေး
က ပြောသလောက်မလွယ်သလို တပ်မတော်
တစ်ခုတည်းမှာပဲ  ၊ တည်ဆဲအစိုးရမှာ ပဲ
တာဝန်ရှိတယ် ။သူတို့ပဲ ဖြေရှင်းလို့ ရနိုင်
တယ်လို့ တစ်ထစ်ချ ပြောလို့မရပါဘူး ။

သုတေသန မှတ်တမ်းတွေအရ တော့
ပြည်တွင်းသောင်းကျန်းမှုသက်စိုးရှည်
ရတဲ့ အချက် (၅) ချက် ထောက်ပြထား
ရာမှာ
(၁) အိမ်နီးချင်းနိုင်ငံများရဲ့ အကူအညီရရှိနေခြင်း
(၂)နယ်မြေခံလူထုကိုလွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း
(၃)နယ်မြေခံလူထု၏ အတွေးအခေါ်ဗဟုသုတနည်းပါးခြင်း
(၄)အနောက်အုပ်စုရဲ့ဝါဒမှိုင်းမိနေခြင်း
(၅) လက်နက်ကိုင်ရတာကို အရသာတွေတွေ့
နေခြင်းဆိုတာတွေ့ရတယ် ။

ဒီအချက် (၁) ချက်ခြင်းစီကို စနစ်တကျ
ဖြေရှင်းဆောင်ရွက် နိုင်ဖို့ လိုတယ် ။

ဒီ (၅ ) ချက်ထဲမှာ နံပါတ် တစ် အချက်က
တော့ တော်တော်ခက်ခက်ခဲခဲ ဆောင်ရွက်
ရလိမ့်မယ် ။အိမ်နီးချင်းကောင်းတွေရှိဖို့
လိုတယ် ။ ကိုယ့်အကျိုးစီးပွား
အတွက် အစိုးရ ချင်း တိုက်ရိုက်မဆက်ဆံ
ဘဲ သူပုန်နဲ့လည်း ဆက်ဆံမယ် ဆိုတဲ့
အိမ်နီးချင်းမျိုးနဲ့ ဆိုရင် တော်တော်မလွယ်
ကူပါဘူး ။ 

ဥပမာ UWSA ဝ ဟာ ကမ္ဘာမှာ
တတိယ အကြီးဆုံး သံရိုင်းတွင်းကြီး ရှိလို့
တရုတ် က ဝ ဆီ ကနေ တိုက်ရိုက်ဝယ်
လိုက်တယ် ။  ဝ က ချမ်းသာလာပြီး
စစ်အင်အားတွေတည်ဆောက်ကာ
ပြည်တွင်းစစ် ရဲ့ ရေသောက်မြစ်ကြီး
ဖြစ်လာတယ် ။ စစ်ဘုရင် ဝါဒနဲ့ တစ်ထီး
တစ်နန်း နေခွင့်ရတာ ကို ကျန်သူပုန်
တွေက ဝ မြင်ပြီး  ဝ မော်ဒယ်ကို အားကျ
လာကြတယ် ။

ဒီလိုနဲ့ပဲ အမည်ခံ ဖက်ဒရယ်ပြည်ထောင်စု
ဆီ  ဦးတည်သွားပြီး နိုင်ငံငယ်တွေကို
ပေါင်းစု ထားတဲ့ ကွန်ဖက်ဒရိတ် ဆီကို
ရောက်မှန်းမသိ ရောက်သွားနိုင်တယ် ။

ဒီဒေသ တွေ
မှာ ဗဟိုအစိုးရ အာဏာမသက်ရောက်
တော့ဘူး ။ပြည်နယ်တွေကို ပေါင်းစု
ထားပြီး အာဏာကြီး(၃)ရပ်  ၊သံယံဇာတ
၊အခွန် တို့ကို ပြည်ထောင်စု အစိုးရ နဲ့
နားလည်မှုရှိရှိ ခွဲဝေ အုပ်ချုပ်တဲ့ စနစ်
ပျောက်သွားတယ် ။

အကယ် ၍သာ အိမ်နီးချင်းနိုင်ငံတွေ
ကသာ ကုန်သွယ်ရေး  ၊သံယံဇာတ
အရောင်းအဝယ်ကစလို့ လူဝင် လူထွက်
တွေကို သူပုန်နဲ့ မဆက်ဆံဘဲ ပြည်ထောင်စု
အစိုးရနဲ့ပဲ တိုက်ရိုက် ဆက်ဆံမယ်
ဆိုရင် သူပုန်လည်း ကြွယ်ဝ လာစရာ
မရှိသလို သူပုန်ကလည်း ပြည်ထောင်စု
အစိုးရ ရဲ့ အချုပ်အခြာအာဏာကို
လေးစားလာလိမ့်မယ်။

အခုဆိုရင် KIA က မြေရှား သတ္တုတွေ
ထုတ်ချင်တိုင်း ထုတ်ရောင်းနေတာမို့
သူလည်း ကြွယ်ဝ လာတာနဲ့အမျှ
ဝ မော်ဒယ်လို ဖြစ်ချင်တဲ့ သဘော
တွေ့ရတယ် ။

ဒါ့ကြောင့် သောင်းကျန်းအမြစ်ပြတ်
ချေမှူန်းရေးမှာ အိမ်နီးချင်းကောင်းတွေ
ရှိဖို့လိုတယ် ။ လှေနံနှစ်ဖက်နင်းမယ့်
အိမ်နီးချင်းနဲ့တော့ အဆင်မပြေနိုင်ဘူး။

နောက်ထပ်  ကျွန်တော်လက်ခံထား
တဲ့ အချက်က အင်အားကောင်းတဲ့ လူ့အဖွဲ့
အစည်းတစ်ခုကို အမျိုးသားစည်းလုံးညီညွတ်
မှု အားကောင်းအောင် တည်ဆောက်
ပစ်လိုက် ၊ ဒီလို စည်းလုံးညီညွတ်မှုက
တဆင့် ခေတ်မီပြီးအင်အားတောင့်တင်း
ခိုင်မာတဲ့ တပ်မတော် တစ်ရပ်ကို တည်
ဆောက်လိုက် ၊

ဒါဆိုရင် အင်အားကြောင့် သောင်းကျန်းသူ
ကို မနှိမ်နင်းခင်ကပင် အနိုင်ရနေပြီးသား
ဖြစ်လိမ့်မယ် ။

ဒီနည်းက ဗုဒ္ဓမြတ်စွာဘုရားခေတ် က
ဝဇီတိုင်းသား တွေလည်း တည်ဆောက်ခဲ့
သလို အနော်ရထာ ဘုရင့်နောင် အလောင်း
မင်းတရား တို့လည်း ဒီနည်းပဲ သုံးခဲ့ကြ
တယ် ။

လက်ရှိ တရုတ်ပြည် ဟာ လည်း
တိုင်းပြည်လူ ဦးရေ ရဲ့ ၉၁% ရှိတဲ့
ဟန်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှု
ကို ယူပြီး ကျန်လူမျိုးနွယ်စု တွေ
အသံမထွက်နိုင်အောင် လုပ်နိုင်ခဲ့တာ
တွေ့ရတယ် ။

အင်အားကြီးမားတဲ့ လူ့အဖွဲ့အစည်း
တစ်ခု စည်းလုံးညီညွတ်မယ် ဆိုရင်
ကျန်လူမျိုးနွယ်စု တွေ က ပုန်ကန်ဖို့
နေနေသာသာ မော်တောင် ကြည့်ဝံ့
မှာ မဟုတ်ဘူး ။

တစ်ခုတော့ ရှိတယ် ။ရေရှည်အောင်
မြင်ချင်ရင်တော့ အင်အားကောင်းတဲ့
လူ့အဖွဲ့အစည်းကို စည်းလုံးညီညွတ်
အောင် လုပ်ဖို့ လိုသလို လူမျိုးနွယ်စု
တွေ ကို ရော လူတစ် ဦးချင်း ၊နိုင်ငံသား
တစ် ဦးချင်းစီ အပေါ်ကိုပါ တရားမျှတမှု
ရှိအောင်တော့ လုပ်ပေးဖို့လိုတယ် ။
လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်
လည်း လုပ်ပေးမှ ရလိမ့်မယ် ။

အောင်နိုင်သူ ( ဇွဲကပင် )

https://youtube.com/@kyawswarkyawswar-jw8ru?si=WA0UGeYNEMh-x7_l

https://t.me/kyawswar49111
May 4
Forwarded from Kyaw Swar
May 4
Forwarded from Kyaw Swar
May 4
Forwarded from Kyaw Swar
May 4
Forwarded from Kyaw Swar
May 4
Forwarded from Kyaw Swar
May 4
Forwarded from Kyaw Swar
Media is too big
VIEW IN TELEGRAM
May 4