Myanmar Update News 🇲🇲
36.9K subscribers
76.6K photos
3.54K videos
10 files
12.3K links
Myanmar Update News
Download Telegram
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းတို့ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိ၍ အစည်းအဝေးခန်းတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျှင်ကြီးကြောင့် တပ်ကုန်းမြို့နယ်အတွင်း ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များကို အားပေး စကားပြောကြားခဲ့ပြီးနောက် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း ၂၉၀၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၈၇နှင့် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူတို့က ပေးအပ်ရာ ငလျင်ဘေးသင့် သေဆုံးသူမိသားစုဝင်များ၏ ကိုယ်စား တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် ရေဘေးကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည့် အိမ်များအစား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ညီနောင်အသင်းများနှင့်အလှူရှင်များ ပူပေါင်း၍ ပြန်လည်တည်ဆောက်ပေးထားသည့် လူနေအိမ် ၂၃လုံးအား ကြည့်ရှု၍ မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းတို့သည် တာဝန်ရှိသူ များနှင့်အတူ ဆင်သေဆည် ရေသောက်စနစ် လက်ယာလက်တန်(၁) ရေပိုရေလွှဲမှ လေးလက်မ ပိုက်နှင့် ဆိုလာ အနိမ့်တင်စနစ်ရေပေးဝေနေသည့် ညောင်တုန်းအိုင်ကွင်းသို့ ရောက်ရှိ၍ ရေအရင်း အမြစ်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က အနိမ့်တင် ဆိုလာဖြင့် ရေပေးဝေမှုအခြေအနေနှင့်ဆင်သေရေသောက်စနစ် လက်ဝဲရေသောက်စနစ်တွင် ရန်ကုန်- မန္တလေးကားလမ်းနှင့်နဝင်းချောင်းကြား ရှစ်လက်မ ရေတွင်းများ တူးဖော်ပြီး စိုက်ပျိုးရေပေးဝေရေး အစီအမံများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်များက လိုအပ်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
လက်ရှိ
ဂယက်ကတော့
မြစ်ကြီးနား
မြစ်ရေ ကိုးပေးလောက်အထိ
အလျင်အမြန်တက်နေတယ်ဆိုတဲ့
သတင်း

အခုလို
နွေရာသီ မကန.ဧရာဝတီ
ရေတိုးတာ
ဒေသခံတွေအတွက် အထူးအဆန်း မဟုတ်ပါဘူး
ရေခဲတောင် ရေပျော်ကြနေမို့ပါ
အခုချိန် မြစ်ထဲဆင်းကြည့် ငါးမိနစ်လောက် မရပ်နိင်ဘူးရယ် ရေခဲပျော်တဲ့အချိန်ဆို
ဒါပေ့မဲ
ကိုးပေးလောက် အလျင်အမြန်တိုးလာတာကတော့
အန္တရာယ်ခေါင်းလောင်း အချက်ပေးသံပါ

ငလျင်ကြောင့်
ဧရာဝတီ ရေကြောင်းပြောင်းတာ မပြောင်းတာအသာထား
မေခ မလိခလိုခေါ်တဲ့ ဧရာဝတီ စတင်ရာ အထက်ပိုင်းမှာ
သစ်များ မြိုးတုနျးလုနီးပါး ခုတ်နေကြတာရယ်
မြစ်ရိုးနဲ့့မြစ်ဖျားဖက်
ရွှေဖောင်တူးကြတာရယ်က
မြစ်ကောပြီ
မွဈရမွေငျ့တကျတ့ဲသဘောပါ
ကျန်တာက
အားလုံး စုခံကြယုံပေါ့

mmc
Media is too big
VIEW IN TELEGRAM
ကျောက်ဖြူမြို့နယ်အား နှောင့်ယှက်တိုက်ခိုက်နေသည့် AA သူပုန်များ၏ ရိက္ခာဝေစခန်းအား ချေမှုန်းတိုက်ခိုက်ခြင်း။ (ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာအနီး) 💪💪💪
-
တိုက်ပွဲသတင်းစုံ
ထိုင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတောင် KNU ဆီ ပို့မယ့် လက်နက်တွေပါလို့ တရားဝင် ကြေညာထားတယ်။ ၂၀၀၈ ခြေဥ မှာ လက်နက်ကိုင်အားလုံးက တပ်မတော်ရဲ့ အောက်မှာ ရှိရမယ်လို့ ပြဌာန်းထားတယ်။ အပြန်အလှန်အားဖြင့် လက်ရှိလက်နက်ကိုင်ကြတဲ့ တိုင်းရင်းသားတွေကလည်း နိုင်ငံရေး လိုလားချက်ပြည့်ရင် မလွှဲမသွေ လက်နက်ဖြုတ်သိမ်းပြီး လုံခြုံရေး ကဏ္ဍ ပေါင်းစည်းရေးကို သွားရမယ်။ ဒါပေမယ့် ဘယ်လက်နက်ကိုင်မှ ဒီခြေလှမ်းကို မလှမ်းကြဘူး။ ဥပမာ ကျားဖြန့်လိုမျိုး ၊ ဒေသအခြေစိုက် လုပ်ပိုင်ခွင့်ပြုပြီး  ကိုယ်စီ စီးပွားရှာကြမယ်၊ လက်နက်အင်အား ဖြည့်တင်းကြမယ်။ လူအင်အားပြည့်မီအောင် ဗမာလူမျိုးကြီး ဝါဒ အကြောင်းပြပြီး လူမျိုးစုဝါဒ အသက်သွင်းကြမယ်။ ဒီလောက်ပဲ။
------
ဖက်ဒရယ် ရဲ့ သဘောသဘာဝအရ ပြည်နယ်အစိုးရတွေကို အာဏာ ၃ ရပ်အပ်နှင်းပေးနိုင်တယ်ဆိုပေမယ့် ဘယ်ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာ မဆို ပင်မ ခြေဥ Law ကို ကျော်ခွင့်မရှိဘူး။ အိန္ဒိယရဲ့ ခြေဥမှာ ပြည်နယ်အစိုးရအနေနဲ့ ပင်မဥပဒေကို ကျော်လွန်လုပ်ဆောင်လာရင် ပေးထားတဲ့ အာဏာတွေ ရုတ်သိမ်းပြီး သမ္မတ လက်အောက် ပြန်ထည့်ထားလေ့ရှိတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိုးကန့်အရေးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက်ကျော်လွန်ပြီး ပြည်ထောင်စုကို တိုက်ရိုက်ထိခိုက်စေတဲ့ ကျူးကျော်စစ်ပဲ။ နောင်မှာ လိုအပ်ရင် အိန္ဒိယလိုမျိုး ဥပဒေ ပြဋ္ဌာန်းသင့်တယ်။
------
သံယဇာတ ခွဲဝေမှုနဲ့ပတ်သက်ရင် ခုလက်ရှိ အနေအထားအရ UWSA နဲ့ KIA ထိန်းချုပ်နယ်မြေတွေမှာလုပ်နေတဲ့ စီးပွားရေး‌နဲ့ လဝက လို ကဏ္ဍတွေမှာ  ဗဟိုအစိုးရအနေနဲ့ ဆုံးဖြတ်ပါဝင်ခွင့် မရှိတာဟာ ဖက်ဒရယ်အခြေခံ စည်းမျဉ်းတွေကို ကျော်လွန်ချိုးဖောက်တာပဲ။ ပြည်နယ်အစိုးရတွေကို နိုင်ငံတကာအစိုးရနဲ့ သံခင်းတမန်ခင်း တိုက်ရိုက် ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ပေးထားပြီလား မေးခွန်းထုတ်ရတော့မယ်။
-------
တကယ်တော့ ဒီနိုင်ငံက ဘယ် EAO မှ ဒီမိုကရေစီစနစ်မသွားချင်ကြဘူး။ ရွေးကောက်ခံ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်မှာ လက်နက်မရှိတော့ရင် အာဏာဟာ အလကားပဲ။  ဒေသတခုမှာ ကိုယ့်လက်နက်ကိုင်တပ်ဖွဲ့နဲ့ UWSA လိုမျိုးကွန်ဖန်ထရိတ်ဆန်ဆန် နေချင်ရုံထက်မပိုကြဘူး။ နိုင်ငံအတွင်း၌ရှိသော နိုင်ငံသားတွေက ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားခွင့်ရှိတယ်လို့ ခြေဥမှာ ဖော်ပြထားပေမယ့် UWSA ထိန်းချုပ်နယ်မြေတွေတော့ ဒီဥပဒေက အာဏာမသက်ရောက်ဘူး။
--------
နောက်တခုက နိုင်ငံရေး လောဘပဲ။ လက်ဖက်ပဲ ထွက်တဲ့ ပလောင်က စစ်အင်အားအရ ကျူးကျော်သိမ်းပိုက်ပြီး ပြည်နယ်တောင်းတာဟာ ဒီမိုကရေစီအရပြောပြော၊ ဖက်ဒရယ်စနစ်အရဆိုဆို မှားတဲ့ လုပ်ရပ်ပဲ။ ဒါကို နိုင်ငံရေးသမား တွေအားလုံး၊ တပ်မတော်အပါအဝင်  ရှိသမျှ အင်စတင်ကျူးရှင်းတွေ အနေနဲ့ ရှုံ့ချရမယ်။ တားမြစ်ရမယ်။
---------
မဟုတ်ရင် ပင်မဖွဲ့စည်းပုံပါ ဥပဒေပြဌာန်းချက်တွေက သောက်ပေါလုံးလုံး ဖြစ်သွားလိမ့်မယ်။


(နရီမိုး)