Myanmar Update News 🇲🇲
37.1K subscribers
76.4K photos
3.51K videos
10 files
12.3K links
Myanmar Update News
Download Telegram
ကူညီပေးနိင်မယ့်သူများ ကူညီပေးလိုက်ကြပါအုံး။
ကရင်ပြည်နယ် စစ်သတင်း နဲ့ စ လိုက်ကြရအောင်လား ခင်ဗျာ

         ငပွေးတွေ   မာယာများနေပြီလေ
အခြေအနေတွေကို တင်ပြပါ့မယ်

        ကော့ကရိတ်   ဒါမှမဟုတ်  ကျုံဒိုး   တစ်ခုခုကိုတော့  မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက်  ငပွေးတွေ ဘက်က  ပြင်ဆင်လာနေပါပြီ

         နွားခြံကုန်း ဘက်တွင်လည်း ရန်သူဟာ အင်အား ၃၀၀ ခန့်စုဖွဲ့ထားပါတယ်       ကော့ကရိတ်နှင့် ကျုံဒိုးအကြားက  ၉ တိုင်စခန်းကတော့  ကျသွားခဲ့ပါပြီ   ၅ တိုင်စခန်းကိုတော့ ရန်သူဘက်မှ  အင်အားသုံး  ဆက်လက် တိုက်ပွဲများဖေါ်ဆောင်နေပါတယ်

        ကော့ကရိတ်ကို ယောင်ပြလုပ်ပြီး  ကျုံဒိုး ကိုလည်း  သမ နိုင်တဲ့ အနေအထားပါဘဲ    မနေ့က  ကျုံဒိုး အနီးက  ကမ်းနီ ဘက်မှာ  လေနတ်သားနဲ့ သမပေးထားလို့   ငပွေးတွေ  အတော် အထိနာသွားခဲ့ရပါတယ်

           ကော့ကရိတ် အနီးဝန်းကျင်မှာ  ငပွေးနဲ့ ပဒက် အင်အားတွေက  ပါတ်လည် ဝိုင်းထားသလိုဖြစ်နေပြီး  စုစုပေါင်း  ရန်သူအင်အားက  ထောင်နဲ့ ချီပြီး ရှိနေတာကတော့ အမှန်တရားပါဘဲ

           ငပွေးတွေဘက်က   တောင်ငူ ခွင်ထဲမှာ   ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်လုပ်ဆောင်နေတာ မှန် ပေမဲ့   ရန်သူ့ရဲ့ မာယာကိုလည်း  သတိပြုသင့်ပါတယ်ခင်ဗျာ

       
         ကရင်ပြည်နယ်  စစ်သတင်းများ  ဆက်စောင့်ကြည့်ကြတာပေါ့ ခင်ဗျာ

        
အားလုံးကို  လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅     အေ   ၁၆၁၂၄၀
ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Golden City အဆောက်အဦး ဖယ်ရှားရှင်းလင်း

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေးမြို့၊ လမ်း (၃၀)၊ လမ်း (၇၀)နှင့် (၇၁) လမ်းကြား Golden City အဆောက်အအုံကို ယနေ့ ဧပြီ (၁၆)ရက်က ဖယ်ရှားရှင်းလင်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းမှု ပြုလုပ်ရာသို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ မီးသတ်ဒုညွှန်ချုပ်တို့ လာရောက်ကြည့်ရှုပြီး မြို့တော်စည်ပင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဖယ်ရှားရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးစည်ပင်သာယာရေး ကော်မတီထံက သိရသည်။
မိမိသဘောဖြင့်ပြန်မည့်သူများငွေနှင့်လေယာဉ်လက်မှတ်ပေးမည်ဟုထရမ့်ပ်ဆို

ဝါရှင်တန်၊ဧပြီ ၁၆

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် ၎င်း၏တင်းမာလှသည့် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကိုအနည်းငယ်လျှော့ချသည့်အနေဖြင့် မိမိသဘောဖြင့် နေရပ်ပြန်မည့်ရွှေ့ပြောင်းနေထိုင်သူများကိုငွေကြေးနှင့်လေယာဉ်လက်မှတ် စီစဉ်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းသမ္မတဖြစ်လာပြီးနောက် ဒေါ်နယ်ထရမ့်ပ်သည် နိုင်ငံတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့နိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ၎င်း၏အစိုးရသည် အဆိုပါကိစ္စကိုအပြည့်အဝအာရုံစိုက်နေသည်ဟုလည်းပွောကွားခဲ့သညျ။

နေရပ်ပြန်ပို့မဲ့သူတွေထဲကတချို့ကိုတော့ ထောက်ပံ့ကြေးနဲ့လေယာဉ်လက်မှတ်စီစဉ်ပေးသွားပါမယ်၊ အမေရိကထဲနေနေတုန်းမှာ နာမည်ပျက်မရှိဘဲကောင်းကောင်းမွန်မွန်နေခဲ့ရင် ဒီထောက်ပံ့မှုကိုရမှာဖြစ်သလို အမေရိကဘက်ကလိုအပ်လာရင်လဲ တတ်နိုင်သမျှမြန်မြန်ပြန်ခေါ်မှာပါ ဟုလည်း၄င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုနေရပ်ပြန်ပို့သူများထဲတွင် နာမည်ကောင်းရှိသူများကို အမေရိက၏လယ်ယာလုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းများအတွက် လိုအပ်လာပါက ပြန်ခေါ်သုံးမည်ဖြစ်ပြီး ယခုတစ်ခါဝင်ရောက်ခြင်းသည် ၎င်းတို့အတွက် တရားဝင်ဖြစ်စေရမည်ဟုလည်းဆိုခဲ့သည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်
Forwarded from Myanmar Hard Talk
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်စတင်လိုက်တဲ့ကုန်သွယ်ရေးစစ်ပွဲကို တရုတ်ကအဆုံးအထိတိုက်မယ်လို့ကြေညာအပြီးမှာ တရုတ်လုပ်ငန်းရှင်တွေက ကြားပွဲစားမလိုဘဲ စက်ရုံမှသည် သုံးစွဲသူထံသို့ (Door to Door)တိုက်ရိုက်ရောင်းချတဲ့စနစ်ကိုအသုံးပြုကာ TikTok မှတဆင့် ကုန်ပစ္စည်းတွေကိုကြော်ညာရောင်းချလာကြတာကိုတွေ့ရပါတယ်။
#mhtnews
ငလျင်ဘေးအလှူ ထိရောက်စွာကူဖို့ သီတဂူဌာနသို့လှုကြစို့
***
စစ်ကိုင်း မန္တလေး တစ်မြို့လုံးတွင် ငလျင်ဒုက္ခသယ်မျိုးစုံရှိ၏

တချို့ဆေးကုဖို့ အခက်အခဲရှိနေကြ၏
တချို့ စားသောက်ဖို့အခက်အခဲရှိနေကြ၏
တချို့ချိုးရေ သုံးရေ သောက်ရေအခက်အခဲရှိနေကြ၏
တချို့နေစရာ အခက်အခဲရှိနေကြ၏
တချို့ထူထောင်ဖို့ အခက်အခဲရှိနေကြ၏

တချို့ ဘုရားတွေပြန်လည်ပြုပြင်ဖို့ အခက်အခဲရှိနေကြ၏

အကြှုနျုပျတို့အဖှဲ့ စစ်ကိုင်းမြို့ကို ငလျင်ဘေးဆင်းကူ၏
တချို့က စားစရာပင်ကူညီနိုင်၏
တခြားအရာတွေ မကူညီနိုင်ခဲ့။

တချို့က ဆေးဖိုးသာ ကူညီနိုင်၏
နေဖို့ ကူညီမပေးနိုင်
တချို့ မုန့်ကိုသာဝေနိုင်၏
ချိုးရေ သုံးရေ မကူညီပေးနိုင်

ထိုအရာအားလုံးကို ကူညီပေးနိုင်သည်ကား
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးပင်ဖြစ်၏

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏
အဓိအတိနာယကချုပ်ဖြစ်သော သီတဂူဆရာတော်ဘုရားကြီးသည်

သီတဂူအာယုဒါနဆေးရုံတွင်
ငလျင်ဘေးဒဏ်သင့် သံဃာရော သီလရှင် လူပုဂ္ဂိုလ်များကိုပါ ဆေးကုပေးထား၏
ထမင်းကျွေးထား၏

စာသင်သားသီလရှင်အပါး(၁၀၀)ကျော်နှင့် လူပုဂ္ဂိုလ်များကိုလည်း နေရာပေးကူညီခဲ့၏
အကူညီလိုပါက အချိန်မရွေးလာရောက်နေနိုင်ကြောင်း မိန့်ကြားထား၏

စစ်ကိုင်းတစ်မြို့လုံး ငလျင်လှုပ်တိုက်ပြို မီးပျက်
ရေပိုက်များ ကွဲပြတ်နေချိန်တွင်

လျင်မြန်စွာပြုလုပ်၍
စစ်ကိုင်းတောင် (၃၀)ပေါ်ကနေ
ရေကန်ကြီး (၃၀)ပြုလုပ်ထား၍ စစ်ကိုင်းတမြို့လုံးကို ရေပေးထား၏

ငလျင်ကြောင့် မီးပျက်နေချိန်
မြို့သူမြို့သားတွေ ဒုက္ခမများစေလို၍
အကုန်ကျများစွာဖြင့် မိီးစကျနိုး၍
တစ်မြို့လုံးကို ရေပေးလှူထား၏။

ထို့ကြောင့် စစ်ကိုင်းတမြို့လုံးကို ကူညီရာရောက်ဖို့
သီတဂူဆရာတော်ဘုရားကြီး၏ ငလျင်ဘေးကူညီဌာနသို့ သွားရောက်လှူဒါန်းကြပါစို့။

သီတဂူဆရာတော်ဘုရားကြီး၏
ငလျင်ဘေးကူညီရေး
ငလျင်ဘေးထူထောင်ရေးသို့
ကိုယ်တိုင်သွားရောက်၍ လှူဒါန်းလိုသူများ

စစ်ကိုင်း မန္တလေး ငလျင်ဘေးအတွက်
ထိရောက်စွာ တိုက်ရိုက်လှူလိုသူများ

#အထူးသဖြင့်
#သီတဂူဆရာတော်ဘုရားကြီးကို သွားရောက်
ဖူးမျှော်လိုသူများကို
ကူညီဆောင်းရွက်ပေးပါမည်။

အရှင်နရိန်(မော်လမြိုင်-မစိုးရိမ်)
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၁၉/၂၀၂၅)
=========================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ ၂၀-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အကြံပြုချက်
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုး/ဇလ
သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။
🙏🙏🙏🙏🙏

https://t.me/updatenews2023
မြင်ခဲ့ရသလောက်
=================

              မန္တလေးမြို့ထဲက ငလျင်ဒဏ်ခံရတဲ့ နေရာတော်တော်များများကို လျှောက်ကြည့်ကြပါတယ် ။ နာမည်ကြီး စကိုင်းဗီလာဆိုရင် သူ့ဘေးနားမှာ ပြိုကျနေတာ မမြင်ရသလောက်ပါပဲ ။ အဆောက်အဦး အနိမ့်တွေကြောင့် မပြိုတာလည်း ဖြစ်မယ်ထင်ပါတယ် ။

              တချို့နေရာတွေမှာ ဘေးနားက တိုက်တွေ ဘာမှ မဖြစ်ပဲ တိုက်တလုံးတည်း ယိုင်ရွဲ့ပြိုကျနေတာလည်း တွေ့ရပါတယ် ။ ဒါမျိုး ပျောက်တိပျောက်ကြား ပြိုကျနေတာ မြို့သစ်ဘက် များပါတယ် ။ ၆၂ လမ်းမကြီး တလျှောက် အတွင်းပိုင်းတွေ မမြင်ရပေမယ့် အပြင်ဖက်ကတော့ ပြိုကျတဲ့ အဆင့် နည်းပါတယ် ။

           နောက် ၈၀ ၊ ၈၁ ၊ ၈၂ ၊ ၈၃ ၊ ၈၄ တကျောမှာတော့ လမ်းရဲ့ ဒေါင့်တိုက်တွေ ပြိုကျနေတာ များပါတယ် ။ ကြားထဲမှာ တလုံးထဲပြိုကျနေတာမျိုးဆိုရင် တိုက်အိုတိုက်ဟောင်းတွေ များပါတယ် ။

            တွေ့ခဲ့ရတာကတော့ ပြိုကျတဲ့တိုက် ၁၀ လုံးဆိုရင် ၇ လုံးက လမ်းဒေါင့်မှာ တည်ထားတဲ့ တိုက်တွေဖြစ်ပါတယ် ။ လဲပြိုကျတဲ့ အကြောင်းရင်း တချက်က တိုက်အမိုးပေါ်က အုတ်ရေကန်ကြီးတွေ ရဲ့ ရေဘောင်ဘင်ခတ်ပြီး ဆွဲလှဲသလို ဖြစ်ရတဲ့ အချက်ကြောင့်လည်း ပါမယ်လို့ တွက်ဆကြပါတယ် ။

          နောက်တချက်က ပြိုလဲမှု အနေအထားအရ လှေကားရှိရာ အခြမ်းဘက်ဆီသို့ ငိုက်ကျလဲပြိုတာတွေလည်း တွေ့ရပါတယ် ။ လှေခါးဝိတ်က ဆွဲလှဲသလား တွေးစရာတွေပါ ။ အပြင်ပန်းက တွေ့ရသလောက် လုံးဝလဲပြိုနေတဲ့ အရေအတွက်က နည်းပါတယ် ။ သူ့ဘေးမှာ  မလဲပြိုပဲ လူနေထိုင်လျှက်ရှိတဲ့ တိုက်တွေ တသီတတန်းကြီးလည်း ရှိနေပါတယ် ။

           အတွင်းပိုင်း အနာအဆာများတော့ မြင်ခွင့်မရလို့ မသိပါဘူး ။ နောက် စစ်ကိုင်းမှာလည်း ဒီလိုပါပဲ ။ စစ်ကိုင်းမြို့ပေါ်မှာ လူ ၂၀၀ ကျော် သေမယ်လို့ ပြောကြပါတယ် ။ ဗလီပြိုတဲ့နား မေးကြည့်တော့ ဗလီ ၃ လုံး နဲ့ အဲဒီ ရပ်ကွက်ထဲက သေခဲ့ရတဲ့ မွတ်ဆလင်ဘာသာဝင်က ၁၇၀ ကျော်တယ်လို့ သိရပါတယ် ။

              ပြန်လာတော့မှ ကျောက်ဆည်ကို ဝင်ကြည့်ပါတယ် ။ ကားလမ်းမတလျှောက် ပြိုကျနေတာ မနည်းလှပါဘူး ။ ဇလုတ်တိုက် ပြိုကျနေတာတော့ မဟုတ်ပါဘူး ဟိုနားတလုံး ဒီနားတလုံးပေါ့ ။

                ကူမဲမှာတော့ အပြိုအပျက် သိပ်ပြီး မမြင်ရပါဘူး ။ အဆောက်အဦးတွေကလည်း အမြင့်သိပ်မရှိလို့ ဖြစ်ပါမယ် ။ ထိခိုက်မှု နည်းပါတယ် ။

             နာမည်ကျော် ပျော်ဘွယ်ကတော့ ကားလမ်း အရှေ့ဘက်ခြမ်းမှာ စျေးပတ်ချာလည် အပြိုအပျက်များစွာ တွေ့ရပါတယ် ။ အားလုံးနီးပါး ဖြိုချပြီးနေပါပြီ ။ ကားလမ်းမ အနောက်ဘက်ခြမ်းကတော့ အပျက်အစီး အနည်းငယ်ပဲ တွေ့ရပါတယ် ။

             ဝမ်းတွင်းမြို့မှာလည်း လမ်းမတလျှောက် အပျက်အဆီး တချို့ မြင်ခဲ့ရပါတယ် ။ ပျဥ်းမနားမြို့ကတော့ အတော်လေး ပျက်ဆီးပါတယ် ။ ရှမ်းကန်ကနေ အရှေ့ဖက် စျေးအနီး ပတ်ချာလည် ပြိုကျနေတာ များစွာ တွေ့ရပါတယ် ။ သူပြိုကျတဲ့ စကေးက မန္တလေးထက် များပါတယ် ။

              မန္တလေးက ဘလော့တခုကို တိုက် ၃ / ၄ လုံး ပြိုကျရင် သူက ဘလော့တခုလုံး နီးပါး ပြိုကျခြင်းဖြစ်ပါတယ် ။ လူထူထပ်ရာ စျေးအနီးမို့ ပျော်ဘွယ်လိုပဲ သူလည်း အထိအခိုက်များပါတယ် ။

              နေပြည်တော်မှာတော့ သပြေကုန်းစျေး အပျက်အဆီး ပဲ မြင်ခဲ့ရပါတယ် ။ ဝန်ထမ်းလိုင်းခန်းများသို့ မသွားတော့ပဲ မာရဝိဇိယ ဘုရားသွားကြပါတယ် ။ အပြင်ဘက် အုတ်တံတိုင်း အနည်းငယ် အက်နေပါတယ် ။ အတွင်းဘက်မှာတော့ ကတ္တရာလမ်း အချို့နေရာတွေမှာ အက်ရာအချို့ တွေ့ရပါတယ် ။

             ဆင်းတုတော်နဲ့ အဆောက်အအုံများ ဘာမှ မဖြစ်ကြပါဘူး ။ နေပြည်တော်ကနေ အမြန်လမ်းတက်ပြီး ပြန်ခဲ့ကြပါတယ် ။ အမြန်လမ်းက မောင်းလို့ရနေပေမယ့် မချောမွေ့သေးပါဘူး ။

              တွေ့ခဲ့ရသလောက်ကတော့ မန္တလေးမြို့ကြီး ဗုံးဗုံးလဲပြီ ဘာညာ ဆိုတာ မဟုတ်ပါဘူးဗျာ ။ ဒီပုံစံလောက်ကတော့ နောက် ၃ နှစ်မကြာပါဘူး ပုံမှန်ဖြစ်သွားမှာပါ ။ မန်းသားတို့ အဲသလောက် မညံ့ပါဘူး ။
ဦးကျားကြီးမီး ဆိုတာ တချိန်တုန်းက မြို့နေရာ အတော်များများကို ပြာချပစ်ခဲ့တာပဲလေ ။ ဒါလည်း အချိန်တန်တော့ ပြန်ထလာတာပါပဲ ။

            စေတီ ဘုရား ကျောင်းကန်တွေ အတွက်လည်း အချိန်တန်ရင် ပြုပြင်မွမ်းမံ ပူဇော်ကြရင်း ပြန်လည်ကောင်းမွန်သွားကြရမှာပါပဲ ။ သားစဥ်မြေးဆက် ဒီလိုပဲ ပြိုကျလိုက် ပြန်တည်ဆောက်လိုက် လုပ်လာခဲ့ကြလို့ ရွှေတိဂုံ တို့ ရွှေမောဓောတို့ တဆင့်ပြီး တဆင့် ကြည်ညိုဖွယ် တိုးလာကြရတာ မျက်မြင်ပဲလေ ။

            လှေခွင်းတောင် မြင်ကွင်း နဲ့ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကိုတော့ နောက်တပုဒ်ပေါ့ဗျာ ။

        ကိုရွှေမျိုးဝင်း
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိင် ၏ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား
မြန်မာနှစ်သစ်ကူးတွင် အကျဥ်းသား/သူ (၅၀၀၀)ဦးခန့်ကိုလွတ်ငြိမ်းခွင့်ပြု

နစက ဥက္ကဋ္ဌမှ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်ကူးနေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၇ ရက်တွင် အ ကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင်ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ(၄၈၉၃)ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

၎င်းတို့အား မြန်မာနှစ်သစ်အခါသမယ အထိမ်းအ မှတ်၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇ ဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ ပါမည်ဟူသော စည်း ကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ခဲ့ခြင်းဖြစ်သည်။
Forwarded from Myanmar Hard Talk
Media is too big
VIEW IN TELEGRAM
❝နှစ်ဦးဩဝါဒ❞

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ၏ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ နှစ်ဦးဩဝါဒ
။
ဝမ်းနည်းဝမ်းသာမဖြစ်အောင်နေကြပါ အရာရာဟာ သူ့အကြောင်းကြောင့် ဖြစ်ပေါ်လာရတာပါ။
မိုးလေဝသ သတိပေးချက်
=================

“အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညမှ ၁၉-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ရှမ်းတို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ၊ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့‌ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်။

မိုး/ဇလ”
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူပုဂ္ဂိုလ််ဆိုင်ရာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ အပ်နှင်းကြောင်းနှင့် ဘွဲ့တံဆိပ်ရရှိသူများ ကို ယနေ့ ဧပြီ၁၇ရက် အမိန့်ကြော်ငြာစာအမှတ်(၅၉/၂၀၂၅) ဖြင့် ထုတ်ပြန်လိုက် ကြောင်းသိရသည်။
"ဆရာ့ရဲ့ရင်ဘတ်မှာ ဘွဲ့တံဆိပ်
သုံးခုတောင် တပ်ထားတာမြင်ရပါတယ်။

အဲဒါက ဘာအတွက်
ချီးမြှင့်ခံရတာလဲဟင်။"

"အင်း ပြောရမယ်ဆိုရင်တော့
တတိယ တံဆိပ်ကတော့

အရင်က တံဆိပ်နှစ်ခုရပြီးသားသူမို့
ဂုဏ်ပြုပြီး ထပ်ပေးတာပါ။

ဒုတိယ တံဆိပ်ကတော့
ပထမတံဆိပ်ရှိပြီးဖြစ်လို့ပေးတာပဲ။

အဲ.. ပထမ တံဆိပ်ကတော့
ဘာမှမရသေးလို့ ပေးတာပါပဲကွယ်။"

#ဘွဲ့တံဆိပ်များပိုင်ရှင်

Ref : North Korea Joke

- စာတို ငညို
🔴 ငလျင်သတိပေးချက်! 🔴

ပြင်းအား : 3.7
တည်နေရာ : ကျောက်မဲ ဒေသ, ရှမ်းပြည်နယ် ပြည်နယ်, မြန်မာနိုင်ငံ
ကိုဩဒိနိတ် : 22.6110, 96.2700
အနက် : 9.0 ကီလိုမီတာ
ငလျင်လှုပ်ချိန် : 2025-04-17 11:24:55 (ရန်ကုန်အချိန်)
သတိပေးချိန် : 2025-04-17 11:31:59 (ရန်ကုန်အချိန်)
Google Maps : https://www.google.com/maps?q=22.611,96.27

နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=13871