Myanmar Update News 🇲🇲
36.9K subscribers
76.7K photos
3.55K videos
10 files
12.3K links
Myanmar Update News
Download Telegram
Forwarded from Myanmar Hard Talk
❝ဥပ္ပါတသန္တိစေတီတော်ကြီးရှိ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦးများကို မိုးရာသီမရောက်မီ ရနိုင်သမျှ ပြန်လည်ပြုပြင်သွားရန် နစကဥက္ကဋ္ဌ မှာကြား❞

 đ™ˆđ™ƒđ™đ™‰đ™€đ™’đ™Žă€Šđ˜źđ™‹đ™đ™„đ™‡ď˝žđŸđŸ“ă€‹

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့သော ဥပ္ပါတသန္တိစေတီတော်ကြီးရှိ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦးများကို မိုးရာသီမရောက်မီ ရနိုင်သမျှ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်သည် ဧပြီ ၂၄ ရက်၊ ညနေပိုင်းက အဆိုပါ á€Ľá€•ယပဍတသနယတိစ္တဎတ္ဏ်ကဟဎးရသိ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦးမျာ၏ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အလားတူ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို စေတီတော်ကြီးရှိ သာသနိကအဆောက်အဦးများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများ

Read More... https://telegra.ph/Myanmar-Hard-Talk-04-25-12
အကြမ်းဖက်KNPP+KNDFကယားအကြမ်းဖက်အဖွဲ့တွေ ဘိန်းစိုက်ပြီးစီးပွားရှာနေတာကို ဖော်ပြလိုက်တဲ့ကြာကူလီနေမျိုးဇင်👇

ကြာကူလီ နေမျိုးဇင်ဟာ ကယားပြည်နယ်ဘက်မှာ အကြမ်းဖက်KNPP+KNDF အဖွဲ့တွေနဲ့အတူတူနေတယ်
သူတို့အပြောအရဆိုရင်လွတ်မြောက်နယ်မြေပေါ့ဗျာ

၃-၃-၂၀၂၅ရက်နေ့ကကြာကူလီနေမျိုးဇင်တင်ထားတဲ့ VDဖိုင်မှာဘိန်းခင်းကိုနောက်ခံထားပြီးတင်ထားတာကိုတွေ့ရတယ်

ဒါဟာ လွတ်မြောက်နယ်မြေပြောပြီးအကြမ်းဖက် KNPP+ KNDFအဖွဲ့တွေကဘိန်းစိုက်ပြီး ငွေရှာနေတဲ့သက်သေတွေပါ အလေ့ကျပေါက်နေတဲအပင်တွေမဟုတ်ပါဘူးစနစ်တကျနဲ့ ရေပိုက်တွေနဲ့ကိုစိုက်အပျိုးထားတာပါ

နိုင်ငံတကာကတင်းကြပ်စွာတားမြစ်ထားတဲ့ဘိန်းကိုစိုက်ပျိုးပြီးငွေရှာတာဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တယ်

နေမျိုးဇင်ကဘာသဘောနဲ့ဘိန်းခင်းကြီးကိုနောက်ခံထားပြီးတင်တယ်ဆိုတာမသိပေမယ့် ကျနော်အမြင်အရဆိုရင် KNPP နဲ့KNDFအဖွဲ့တွေဘိန်းစိုက်တာကိုဖော်ပြချင်တယ်လို့ယူဆတယ်

ယခင်ကလည်းဒီလိုမျိုးသတင်း ပေးမှုမျိုးတွေကိုလုပ်ခဲ့တဲ့အတွက်တပ်မတော်ကထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့တာရှိပါတယ်

နစကအနေနဲ့လည်းအကြမ်းဖက်သမားတွေကဒီလိုဘိန်းစိုက်ပျိုးပြီးရတဲ့ငွေနဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတယ်ဆိုတာကိုနိုင်ငံတကာသိအောင်သက်သေ အချက်အ လက်တွေနဲ့ချပြဖို့လိုပါတယ်
Forwarded from FACT CHECK
NUG ကလူကြီးတွေ အဆဲခံနေတာများလာတယ်
အလှူခံငွေတွေ မျှော်လင့်သလောက် မရတော့ နောက်လုပ်စားလို့ ကောင်းအောင်၊
နေအစားချောင်အောင်၊
PDF အနည်းငယ်တွေနဲ့ ခွင်ဖန်နေပြန်ပြီ

-
အဲ့တာကို အောက်တန်းစားမီဒီယာတွေက အကျယ်ချဲ့ပြီး အမျိုးမျိုးဂုဏ်ဖော်ရေးပေးထားတာ
-
မကြားဘူး သူလိုလူလာတယ်ဆိုတာကလည်း ခဏပဲ… တော်လှန်ရေးအဖွဲ့တွေရှိတဲ့ နေရာစုံအောင်တောင်သွားမှာမဟုတ်ဘူး ပြီးရင် သူ့မိသားစုရှိတဲ့ နိုင်ငံခြားကိုပြန်ပြီး PDF တွေဗန်းပြပြီးခွက်ခေါက်မယ် သာသာယာယာဖြတ်သန်းဖို့အတွက် မယုံမရှိနဲ့
-
တော်လှန်ရေးစကတည်းက နိုင်ငံခြားမှာ နေလာတာ ၄ နှစ်ကျော်မှ ပြန်လာပြီး ခွင်လာဖန်နေတာကို သိတဲ့သူက သိတယ်၊ မသိတဲ့ PDF တွေ နီပိတ်တွေ အမှန်သိအောင်လို့ ပြောပြပေးလိုက်မယ်
-
အောက်တန်းစား မီဒီယာတွေက ပေးစာကမ်းစာတွေယူပြီး ဂုဏ်ဖော် ရေးပေးနေတာတွေကို အဟုတ်မှတ်နေရင် ဒုက္ခရောက်လိမ့်မယ်
-
အမြင်မှန်ရတဲ့သူတွေကတော့ စကစဘက် ကိုအလင်းဝင်သွားကြပြီ (မန္တလေးမှာ မိဘထံပြန်အပ် ၃၂ ဦး တောင်)
-
တစ်ချို့တွေကလည်း နုတ်ထွက်ကုန်ကြပြီနော်…

FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ
ထိုင်းနိုင်ငံတွင် လေထီးခုန်သင်တန်းအတွက် လေ့ကျင့်ပျံသန်းနေသည့် ရဲတပ်ဖွဲ့ လေယာဉ်ပျက်ကျရာက လိုက်ပါလာသည့် ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင်ခြောက်ဦးစလုံး သေဆုံးမှု ယနေ့ဖြစ်ပွား

၂၅. ၄. ၂၀၂၅
Translated by Tha Doe

ယနေ့ သောကြာနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ပရာချွုခီရီခန်ပြည်နယ်၊ ဟွာဟင်ခရိုင်၊ ဟွာဟင်လေဆိပ်အနီး ပင်လယ်ပြင်တွင် လေထီးခုန်သင်တန်းအတွက် ပြင်ဆင်သည့်အနေဖြင့် စမ်းသပ်ပျံသန်းနေသည့် ရဲတပ်ဖွဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) က ကြေညာခဲ့သည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲဗိုလ်ချုပ်ကြီး အာချယွန် ခရိတ်သောင်ကလည်း အဆိုပါ ပျက်ကျမှုတွင် လေယာဉ်ပေါ်ပါ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးစလုံး သေဆုံးကြောင်း အတည်ပြုခဲ့သည်။

သေဆုံးသူများမှာ လေယာဥ်မှူးများဖြစ်သော ရဲမှူးကြီး ပရာထန် ခီယက်ခမ်၊ ဒုရဲမှူးကြီး ပန်သက် မနီဝါချီရန်ကူ၊ ဒုရဲမှူး ချာတူယောင် ဝပ်ထနာပရိုင်ဆန်နှင့်အင်ဂျင်နီယာရဲအုပ်ဖြစ်သော...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98788

#လေထီးခုန် #လေ့ကျင့်ပျံသန်း #လေယာဉ်ပျက်ကျ #ရဲမှူးကြီးအပါအဝင် #ခြောက်ဦးသေဆုံး #Thailand #Thai #MT #mtnews
အလင်းဝင်လာသော PDF  ၃၂  ဦးအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

********
၂၅-၄-၂၀၂၅ ရက်နေ့ ယနေ့
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်
လက်နက်ခဲယမ်းများနှင့်အတူ
အလင်းဝင်ရောက်လာသော
PDF (ကျား ၃၀ ဦး+ မ ၂ ဦး)
စုစုပေါင်း ၃၂ ဦးအား
မိဘအုပ်ထိန်းသူများထံ
လွှဲပြောင်းပေးအပ်ခဲ့ပြီး
ထောက်ပံပစ္စည်းများနှင့်
ချီးမြှင့်ငွေများပေးအပ်ခဲ့။

နောက်ထပ်အလင်းဝင်ရောက်လိုသောညီငယ် ညီမငယ်များလည်း နီးစပ်ရာ တပ်စခန်းများနှင့်ဆက်သွယ်ပြီး အလင်ဝင်ရောက်နိုင်ပါတယ်..

နိုင်ငံခြားမှာနေပြီး အာချောင်နေကြသူတွေရဲ့အသုံးချခံမဖြစ်ကြပါစေနဲ့…

ကျန်ရှိနေသူတွေလည်း အမြင်မှန်ရကြပါစေ

မှိုင်းဝေ
NLDအမတ်ဟောင်းတဦးရဲ့ ပန်ကြားလွှာ...

NUG သို့ ပန်ကြားလွှာ...

ကျွန်တော်ဟာ စစ်ကိုင်းတိုင်းဒေသကြီးက NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်၊ NLD ပါတီကြီးမှာနှစ်ပေါင်း(၂၀)ကျော်ပါတီဝင်ဖြစ်ခဲ့တယ်။

ကျွန်တော် NLD ပါတီအတွက် အသက်စွန့်ပြီးလုပ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ NUG အစိုးရအပေါ်ကျွန်တော်အ နေနဲ့ ၁၀၀% ယုံကြည်ခဲ့ပါတယ်တော်လှန်ရေးဆိုတာကြီးကိုလည်းယုံကြည်အားကိုး ထောက်ခံ ခဲ့ပါတယ်။

ဒါပေမဲ့တဖြည်းဖြည်းနဲ့ NUG လုပ်ရပ်တွေကကျွန်တော်တို့ထင်ထားသလိုမဖြစ်ခဲ့ ပဲ ပြည်သူတွေနဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ PDF လူငယ်လေးတွေပဲ ဆုံးရှုံးခဲ့ရတာအတော်ကို များခဲ့တယ်၊ NUG အနေနဲ့ တော်လှန်ရေးလုပ်နေတဲ့ ၄ နှစ်တာကာလတွင်းဘာတစ်ခုမှကိုမလုပ် ပြနိုင်ခဲ့ဘူး အပြစ်မဲ့ပြည်သူနဲ့ ရဟန်းသံဃာတွေ မယ်သီလရှင်တွေ ကလေးပါမကျန် ကိုယ်ဝန် သည်လည်းမလွတ်ဘူး အသက်အရွယ်ကြီးသူတွေကိုလည်းမရှောင် အကြမ်းဖက်ပြီးရက်စက် စွာအသတ်ခံနေရတာပဲအဖတ်တင်တယ်။

NUG တော်လှန်ရေးက တိုင်းရင်းသားသူပုန်တွေအတွက်နယ်မြေတွေရအောင်ကျွန်တော် တို့ PDF လူငယ်လေးတွေကိုစတေးပေးရသလိုဖြစ်နေတယ်၊ အရင် NCGUB ဦးစိန်ဝင်းအစိုးရ လို့ပဲ ဒီအတိုင်းသွားနေရင်တစ်ချိန်မှာ NUG ဆိုတာမြန်မာ့သမိုင်းမှာ အလွန်ကိုအကျည်းတန်စေ တဲ့အဖွဲ့ကြီးတစ်ခုဖြစ်တော့မှာသေချာပါတယ်။

NUG အောက်မှာရှိနေတဲ့တော်လှန်ရေးဆိုတဲ့ အဖွဲ့တွေကအင်အားကြီးပြီး ငွေ/လက်နက်အင်အားတောင့်တင်းတဲ့အဖွဲ့က အင်အားနည်း ပြီး ငွေ/လက်နက် အင်အားနည်းတဲ့အဖွဲ့ကိုနိုင်ထက်စီးနင်းလုပ်တယ်၊ ကြီးနိုင်ငယ်ညှင်းပုံစံမျိုးလုပ် နေကြတယ်၊ ပြည်သူ့ကာကွယ်ရေးလို့ပြောပြီး ပြည်သူတွေကိုသတ်တယ်၊ ဓါးပြတိုက်တယ်စတဲ့ အလုပ်တွေကိုလုပ်နေကြတယ်။

တော်လှန်ရေးမဟုတ်တော့ပဲ နိုင်ငံရေးဓါးပြတွေဖြစ်မှန်းမသိ ဖြစ်နေတယ် ဒါကြောင့် NUG အစိုးရအပေါ်ကလူကြီးတွေကလည်း အလှူခံတဲ့အလုပ်တစ်ခုပဲ လုပ်နေကြပြီး၊ ရတဲ့အလှူငွေတွေရဲ့စီးဆင်းမှုစီမံခန့်ခွဲမှုဆိုတာတွေလည်းဘာတစ်ခုမှပြည်သူ တွေမသိရဘူး ။

ဒါတွေအားလုံးကိုချုံကြည့်ရင် NUG အစိုးရရဲ့ရည်မှန်းချက်တွေဟာမဖြစ်နိုင် တော့သလို ဘယ်တော့မှလည်းဖြစ်လာမှမဟုတ်ပါဘူး၊ ဒါတောင် နစကဘက်က ပျော့ပျောင်း နေလို့ နဝတ/နယက အစိုးရလိုဆိုရင် NUG အနေနဲ့ခုလောက်သက်ဆိုးရှည်မှာတောင်မဟုတ် ပါဘူး။

ဒါကြောင့် NUG အစိုးရအနေနဲ့ မအောင်မြင်တဲ့တော်လှန်ရေးကြီးကိုအလှူခံလို့ရယုံ သက်သက်မလုပ်တော့ပဲ နစကကိုအပြတ်တိုက်ရင်တိုက်ပါ၊ မတိုက်နိုင်ဘူးဆိုရင်လည်းအေး ဆေးသာ နစကနဲ့ညှိနှိုင်းပြီး ပြည်သူ့ဘဝတွေ အေးချမ်းတည်ငြိမ်အောင်သာသာလေးပဲနေဖို့ သင့်ပါပြီ NUG အစိုးရကြီးရေ၊တစ်ချိန်က NLD ပါတီကြီးရဲ့အမတ်ဟောင်းဖြစ်ခဲ့လို့ကိုယ့်ကိုယ် ကိုဂုဏ်ယူနေတာ အခုခင်ဗျာတို့ NUG အစိုးရကြီးရဲ့လုပ်ရပ်တွေကြောင့် NLD ပါတီကြီးလည်း သိက္ခာတစ်စက်မှမရှိတော့သလို ကမ္ဘာမှာတောင် အကြမ်းဖက်အဖွဲ့အစည်းပါတီကြီးလို့သတ် မှတ်ခံရတော့မဲ့အနေအထားမှာရှိနေတယ်။

ဒါကြောင့် NUG အစိုးရအဖွဲ့လူကြီးတွေနဲ့ NUG ကို အခုထိထောက်ခံအားပေး(NUG ကိုခုတုံးလုပ်ပြီးအခွင့်အရေးတွေရနေကြတဲ့)နေတဲ့သူတွေအား လုံးလည်းအမြင်မှန်ရကြပါတော့၊ ဘာမှဖြစ်မလာတဲ့ တော်လှန်ရေးကြီးကိုလက်လျှော့ပြီးမြန်မာ ပြည်ကြီးအတွက် တစ်ထောင့်တစ်နေရာကနေပါဝင်နိုင်ဖို့ လုပ်ကြတာအကျိုးရှိမယ်လို့ထင်ပါ တယ်၊ ဒါကြောင့် တစ်ချိန်က NLD ပါတီအမတ်ဟောင်းလည်းဖြစ်ခဲ့တယ် NLD ပါတီကြီးကိုလဲ ချစ်ခဲ့အားပေးခဲ့သလို NUG ကိုလည်း ၁၀၀%ထောက်ခံခဲ့ပေးမဲ့ ၄ နှစ်တာကာလရဲ့ NUG လုပ် ရပ်တွေကိုကြည့်ပြီး စိတ်ကုန်လာပါတယ် ဒါကြောင့် ကိုယ့်မြန်မာပြည်ကြီးအကျိုးအတွက် ပဲ အလုပ်တွေလုပ်ကြဖို့လိုနေပါပြီလို့ပဲပြောချင်ပါတယ်။

NUG ကြောင့်မြန်မာပြည်ကြီးကိုပြည်ပ ကတိုင်းတစ်ပါးသားတွေဝင်ရောက်ချယ်လှယ်လာမှာကိုလည်းမလိုလားပါဘူး။
ဒလ က အများပြည်သူသုံး သောက်သုံးရေ
ကန်ကို ဂရံချပေးတော့ ဂရံရတဲ့လူက မြေဖို့
ပြီး လိုသလိုသုံးမယ်ပေါ့။ အဲဒီသောက်သုံး
ရေကန်က ရေချိုရှားတဲ့ ဒလမြို့မှာအားထား
ကြရတဲ့ ရေအရင်းအမြစ်တွေထဲကတစ်ခုလို့
ဒလမြို့ခံတစ်ဦးကပြောတယ်။
.
နောက်ဆုံး မီဒီယာတစ်ခုက ထချဲတော့ ဂရမ်
ရပြီး မြေဖို့သူထံမှ ဂရမ်ပြန်သိမ်းပြီး၊ ဒါဏ်
ငွေ ချလိုက်တယ်လို့ နောက်ဆက်တွဲကြားရ
ပါတယ်။
.
.
မြေငှားဂရမ်ချပေးတုန်းက '' သောက်ရေကန်
အဖြစ် အသုံးပြုရန်သာ '' လို့များ မှင်နီစာလုံး
ဂရမ်ပေါ်ရိုက်ပေးလိုက်လားတော့မသိပါ။ မြင်
ရတာတော့ တမျိုးဘဲဗျ။

ဂရမ်ချပေးတာ လွယ်သားနော်။ ရေကန်ကြီး
ကိုပါ ချပေးလိုက်တာ။ ပွလာတော့ ပြန်ဖျက်
တယ် တဲ့။ အတွင်းမှာ ဘယ်လိုရှင်းကြလည်း
တော့မသိပါ။
....

ဂရမ်လျှောက်သူကဘဲ သောက်သုံးရေကန်
ကို တခြားမြေအမျိုးအစားအဖြစ် လိမ်လျှောက်
လို့ ပြန်သိမ်းပြီး ဒါဏ်ရိုက်တာလား။ ဂရမ်ချ
ပေးသူက ဘယ်နေရာမှန်းမသိဘဲ ပေးသင့်တယ်
ထင်လို့ မျက်စေ့မှိတ် ပေးလိုက်သလား?
.
ကိုယ်သိတာကတော့ ဂရမ်တစ်ခုချပေးဖို့ ဖြတ်
သန်းရတဲ့ လုပ်ငန်းစဥ်တွေကတော့ အများသား
ဗျ။ အတော်ခက်တာ။
.
ဂရမ်လျှောက်တဲ့လူကဘဲ တော်လွန်းလား၊ ဂရမ်
ချပေးသူတွေဘဲ .... စေတနာသိပ်ပါသွားလား
မသဲကွဲပေမဲ့ ဒီလို မပေးသင့်ဘဲပေးလိုက်တဲ့မြေ
တွေ ကိစ္စကို မျက်နှာလွှဲဖို့တော့မသင့်ဘူး ထင်ပါ
တယ်။
.
အများပြည်သူနှင့် သက်ဆိုင်တဲ့ပစ္စည်း အလွဲ
သုံးစားလုပ်တာလို့ တစ်ယောက်ပြောသံကြား
လို့တောင် '' အမှုမဲ့ အမှတ်မဲ့၊ ဖာသိဖာသာဖြစ်
သွားတာနေမှာပါ လို့တောင် ဖြေသိမ့်ပေးလိုက်
ရသေးတယ် '' 😎
သူ တောထဲလာတယ်ဆိုကါမှ ပဒက်တွေ အလင်းဝင်ကုန်တာ.....